Main menu

Background

Monday, 17 Oct 2011

               ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေမှုကြောင့် ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ရဲ့ ဓနဥစ္စာတွေကို လုံခြုံစိတ်ချရမှုရှိစေဖို့ ရွှေကိုသာ ဝယ်ယူရင်းနှီးမြှုပ်နှံကြမှာ ဖြစ်ရာ ၂၀၁၂ ခုနှစ်မှာလည်း ရွှေက စွမ်းဆောင်မှုအကောင်းဆုံး ကုန်ပစ္စည်းဖြစ်နေ ဦးမယ်လို့ ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်တဲ့ အေဂျင်စီတစ်ခုဖြစ်တဲ့ Morgan Stanley  က ပြောကြားတယ်။                Morgan Stanley  မှကုန်ပစ္စည်းဆိုင်ရာသုတေသနအကြီးအကဲ Hussein Allidina အပါအဝင် သုတေသီတွေက ၂၀၁၂ ခုနှစ်အတွက် ရွှေဈေးနှုန်း ခန့်မှန်း ချက် ၃၅ ရာခိုင်နှုန်းမြှင့်တင်ကာ တစ်အောင်စကို ၂၂၀၀ ဒေါ်လာအထိ ရောက်ရှိ မယ်လို့ အောက်တိုဘာ ၆ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားတယ်။ ရွှေကိုသာ မက ငွေ (သတ္တု)တန်ဖိုးလည်း မြင့်မားလာမယ်လို့ ခန့်မှန်းထားပါတယ်။ Source:Bloomberg.com, ပပ

Monday, 17 Oct 2011

 ယခုအပတ်နယ်စပ်မှ ဓာတ်ဆီအသွင်းပို ဒီဇယ်အသွင်းလျော့                 မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်နယ်စပ်မှသာ ယခုအပတ် အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ကာလအတွင်း ဓာတ်ဆီနဲ့ ဒီဇယ်အသွင်းရှိခဲ့တယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၀ ဒသမ ၀၅၉ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၁၅၇၀၈ ဂါလန် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၅၂၃၆ ဂါလန် အသွင်းပိုခဲ့ပါတယ်။ ကန်ဒေါ်လာ ၀ ဒသမ ၃၇၉ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၉၇၁၄၈ ဂါလန် အသွင်းရှိခဲ့ပြီး ယခင်အပတ်ကထက် ၅၈၄၃၁ ဂါလန် တင်သွင်းမှု လျော့နည်းခဲ့ပါ တယ်။  MIRT (DOBT) ပြည်တွင်း လက်လီအရောင်းဈေး                 ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်                                                                                                                                  အောက်တိုဘာလ ၂၀၁၁                            ဓာတ်ဆီ(ကျပ်)                                      ဒီဇယ်(ကျပ်)ရက်   နေပြည်တော်    ရန်ကုန်      မန္တလေး     နေပြည်တော်     ရန်ကုန်     မန္တလေး၁၀      ၄၁၀၀             ၄၀၀၀       ၄၁၀၀             ၃၂၀၀           ၃၂၀၀      ၃၂၀၀၁၁      ၄၁၀၀             ၄၀၀၀       ၄၁၀၀             ၃၂၀၀           ၃၂၀၀      ၃၂၀၀၁၂      ၄၁၀၀             ၄၀၀၀       ၄၁၀၀             ၃၂၀၀           ၃၂၀၀      ၃၂၀၀၁၃      ၄၁၀၀            ၄၀၀၀        ၄၁၀၀             ၃၂၀၀           ၃၂၀၀      ၃၂၀၀၁၄      ၄၁၀၀            ၄၀၀၀        ၄၁၀၀             ၃၂၀၀           ၃၂၀၀      ၃၂၀၀ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများ မှာ အောက်ပါအတိုင်းဖြစ်ပါသည်                                                                        အောက်တိုဘာလ ၂၀၁၁ရက်    အောက်တိန်း     ဓာတ်ဆီ     ဒီဇယ်     အဆင့်မြင့်ဒီဇယ်၁၀         ၃၇၀၀          ၂၅၀၀        ၃၄၀၀          ၃၆၀၀၁၁         ၃၇၀၀          ၂၅၀၀        ၃၄၀၀          ၃၆၀၀၁၂         ၃၇၀၀          ၂၅၀၀        ၃၄၀၀          ၃၆၀၀၁၃         ၃၇၀၀         ၂၅၀၀         ၃၄၀၀          ၃၆၀၀၁၄         ၃၇၀၀         ၂၅၀၀         ၃၄၀၀           ၃၆၀၀MIRT-DOT

Tuesday, 11 Oct 2011

                ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေးကိုဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်ပါတယ်။ အထူးသဖြင့် ဆန်စပါးတင်ပို့မှုကို ပြန်လည်ဆန်းစစ်လျှင် စစ်ကြိုခေတ်ကာလက ဆန်တန်ချိန် ၃ သန်းအထိတင်ပို့နိုင်ခဲ့ကြောင်းနဲ့ ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့နိုင်သော နိုင်ငံတစ်ခုအဖြစ် ရပ်တည်ခဲ့ကြောင်း သိရှိရပါတယ်။ ယခုအခါမှာ အရှေ့တောင်အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့နဲ့ယှဉ်ပြိုင်တင်ပို့နေရပြီး ဆန်တင်ပို့နိုင်မှုမှာလည်း ၎င်းင်းနိုင်ငံများကို မမီနိုင်သေးကြောင်း တွေ့ရှိရပါတယ်။                      အလားတူ ဆန်ဈေးနှုန်းမှာလည်း ထိုင်းနဲ့ ဗီယက်နမ်က ပိုမိုရရှိနေတာကို တွေ့ရှိရပါတယ်။ ၂၀၀၃ ခုနှစ်မှစပြီး ဆန်စပါးမူဝါဒသစ်နဲ့ ဆောင်ရွက်လျက်ရှိရာ အများဆုံး ဆန်တန်ချိန် ၅ သိန်းမှ ၇ သိန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလက်ရှိ ကြိတ်ခွဲနေတဲ့ ဆန်အမျိုးအစားနဲ့ စပါးသုံးစွဲမှု မှာ ဆန်တစ်တန်ရရှိရန် စပါးတင်း ၁၀၀ သုံးစွဲရတယ်လို့ ယျေဘုယျသတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် စပါးတင်းပေါင်း သိန်း ၇၀၀ ခန့် သုံးစွဲလျက်ရှိပါတယ်။                     ပေါင်းဆန်ကို စစ်ကြိုခေတ်ကတည်းက အိန္ဒိယမှနည်းပညာယူပြီး ဟင်္သာတမြို့မှစပြီး ကြိတ်ခွဲထုတ် လုပ်ခဲ့ရာ မြန်မာပြည်အနှံ့အပြား အတွေ့အကြုံများလည်းရရှိပြီးဖြစ်ပါတယ်။ ကျွန်တော်လည်း ဟင်္သာတ ခရိုင်မှာ တာဝန်ကျစဉ်က ဟင်္သာတမြို့နယ်နဲ့ အင်္ဂပူမြို့နယ်များတွင် လိုအပ်ချက်အရ ပြည်ပတင်ပို့ရန် အနံ့မဲ့ပေါင်းဆန်များ ကြိတ်ခွဲထုတ်လုပ်ခဲ့ဖူးပါတယ်။ အနံ့မဲ့ပေါင်းဆန်ကြိတ်ခွဲရန် ဝယ်ယူရရှိတဲ့ စပါးများ ထဲမှ ဆန်ဖြူကြိတ်ခွဲလျှင် ဆန်ထွက်အောက်တန်းနည်းနိုင်သော ရွှေတဆုပ်၊ ဝတီထွန်း အစရှိတဲ့ စပါး များကို အနံ့မဲ့ပေါင်းဆန်အဖြစ် ကြိတ်ခွဲခဲ့ပါတယ်။                       ဆန်ဖြူကြိတ်ခွဲလျှင် ဆန်ထွက်အောက်တန်း တင်း ၃၀ မကျော်သော စပါးများကို အနံ့မဲ့ပေါင်းဆန် အဖြစ် ကြိတ်ခွဲသောအခါ စပါးတင်း ၁၀၀ လျှင် ဆန်ထွက်အောက်တန်း ၄၂ တင်းမှ ၄၅ တင်းအထိရရှိ ပါတယ်။ ဒါကြောင့် ဆန်တစ်တန်ရရှိရန် သုံးစွဲမှုမှာမှာ စပါးတင်း ၇၀ ထက်မကျော်ကြောင်း တွေ့ရှိရပါ တယ်။ ဒါကြောင့် အထက်ဖော်ပြခဲ့တဲ့ စပါးတင်းသိန်း ၇၀၀ ကို အနံ့မဲ့ပေါင်းဆန်အဖြစ် ပြောင်းလဲကြိတ်ခွဲလျှင် ဆန်တန်ချိန် ၁၀ သိန်း(တစ်သန်း)ရရှိမှာဖြစ်ပါတယ်။ ပေါင်းဆန်ဈေးဟာလည်း ဆန်ဖြူဈေးထက် တစ်တန်ကို ဒေါ်လာ ၅၀ မှ ၇၅ ခန့် ပိုမိုရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က တန် ၇ သိန်းမှ ယခု တန်တစ်သန်း တင်ပို့နိုင်သဖြင့် တန် ၃ သိန်းအတွက် ဝင်ငွေပိုရရှိမှာဖြစ်ပါတယ်။                      ဒါကြောင့် ရှေ့ဘိုးဘွားတွေလမ်းပြခဲ့တဲ့ ပေါင်းဆန်နဲ့ ကမ္ဘာ့ဆန်ဈေးကွက်ကို နေရာယူသကဲ့သို့ ကျွန်တော်တို့လည်း ပေါင်းဆန်ထုတ်လုပ်မှုကို ပြန်လည် ဆန်းသစ်တီထွင်ပြီး ဈေးကွက်ယှဉ်ပြိုင်နေရတဲ့ ထိုင်းနဲ့ ဗီယက်နမ်ကိုကျော်တက်ကာ ထိပ်ဆုံးနေရာကို ပြန်လည်ရရှိအောင် ကြိုးစားကြပါစို့လို့ တိုက် တွန်းရေးသားလိုက်ရပါတယ်။

Monday, 10 Oct 2011

နို့ဆီ/နို့စိမ်း                 ဒီသီတင်းပတ်ဖြစ်တဲ့ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၁ ရက်နေ့ တာကာလအတွင်း နို့ဆီ ၃၂၂ ဒသမ ၅၀ တန်နဲ့ နို့ဆီ ၄၄၅ ဒသမ ၉၁ တန် စုစုပေါင်း ၇၆၈ ဒသမ ၄၁ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခုနစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှု ကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်း ပတ်မှာတော့ OKတံဆိပ်နို့ဆီ ၃၂၂ ဒသမ ၅၀ တန်နဲ့ Dawn တံဆိပ် နို့စိမ်း ၄၄၅ ဒသမ ၉၁ တန် အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်က နို့ဆီ ၁၄၈ ဒသမ ၃၅ တန်နဲ့ နို့စိမ်း ၃၀၉ ဒသမ ၈၃ တန်တင်သွင်းခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့ဆီ/စိမ်း အဝင်ပိုခဲ့တယ်လို့ ဆိုရပါမယ်။                    လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာလရဲ့ နို့ဆီအဝင် စုစုပေါင်းမှာ တန်ချိန် တစ်ထောင့်လေးရာကျော် ရှိခဲ့ပြီး သြဂုတ်လရဲ့ နို့ဆီအဝင်မှာ တန်ချိန် တစ် ထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နို့ဆီအဝင်အားပျော့ ခဲ့ပါတယ်။ နို့စိမ်းက စက်တင်ဘာလမှာ တန်ချိန်စုစုပေါင်း ၉၆၀ ကျော် ဝင်ခဲ့ပြီး သြဂုတ်လမှာ တန်ချိန် ၂၀၀ ကျော်သာ ဝင်ခဲ့တာကြောင့် စက်တင်ဘာလမှာ နို့စိမ်းကသိသိသာသာအဝင်ပိုခဲ့ပါတယ်။ နို့မှုန့်က စင်ကာပူ၊ ဖိလစ်ပိုင်၊ နယူးဇီလန်၊ တရုတ် စတဲ့နိုင်ငံစုံမှ နို့မှုန့်များကို မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလရဲ့ နို့မှုန့်တင်သွင်းမှု စုစုပေါင်းမှာ တန်ချိန် ၃၈၀ ကျော်ရှိခဲ့ပြီး သြဂုတ်လရဲ့ နို့မှုန့်အဝင်က တန်ချိန် စုစုပေါင်း ၄၃၀ ကျော် ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ နို့မှုန့်အဝင် အား လျော့ခဲ့ပါတယ်။MIRT(DOT) ယခုအပတ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းရှိ                     စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း မြန်မာထိုင်း နယ်စပ်ရှိ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၃၈၅၀၀ တန်ဖိုးရှိ နို့ဆီ ၄၂ တန် (၂၂၀၀ တာ )၊ ကန်ဒေါ်လာ ၇၅၉၀၀ တန်ဖိုးရှိ နို့စိမ်း တန် ၈၀ (၄၂၀၀တာ)အသွင်းရှိခဲ့ပ့ါတယ်။ ယခင် အပတ်ကထက် နို့ဆီ ၁၆ တန်နဲ့ နို့စိမ်း ၄၈ တန် ပိုမိုတင်သွင်းခဲ့ပါတယ်။ စက် တင်ဘာလအတွင်း နို့ဆီ ၁၅၈ တန်နဲ့ နို့စိမ်း ၂၇၀ တန် တင်သွင်းထားပြီး ဖြစ် ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၁၀၅ သန်းတန် ဖိုးရှိ နို့မှုန့် ၃၇ တန် အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာ နို့မှုန့် ၆၃ တန်ကျော်တင်သွင်းထားပြီးဖြစ်ပါ တယ်။ MIRT(DOBT)

Monday, 10 Oct 2011

ဒီသီတင်းပတ် ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်တင်သွင်း                     စက်တင်ဘာလနောက်ဆုံးပတ်မှာတော့ ဘိလပ်မြေတန်ချိန် ခုနစ်သောင်းကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၁ သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ တရုတ်နိုင်ငံမှ ဆင်တံဆိပ်နဲ့ အခြား တံဆိပ် ဘိလပ်မြေတန်ချိန် ၂၃၅၇ ဒသမ ၆၇ နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်၊ စိန်တံဆိပ် နဲ့ အခြားတံဆိပ်ဘိလပ်မြေမျိုးစုံ ၇၂၁၂၇ ဒသမ ၀၃ တန် မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် ခုနစ်ထောင်ကျော်သာ တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။                       လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာတစ်လရဲ့ ဘိလပ်မြေတင်သွင်းမှု က တန်ချိန်တစ်သိန်းလေးသောင်းရှိခဲ့ပြီး ၂၀၁၁ သြဂုတ်လရဲ့ ဘိလပ်မြေတင်သွင်းမှု မှာ တန်ချိန် တစ်သိန်းခြောက်သောင်းကျော် ရှိခဲ့တာကြောင့် စက်တင်ဘာလရဲ့ ဘိလပ်မြေတင်သွင်းမှုက သြဂုတ်လအဝင်ထက် တန်ချိန်အနည်းငယ်လျော့နည်းခဲ့ တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ် နယ်စပ်မှ ဘိလပ်မြေ တန် ၂၇၀၀ ကျော် အသွင်းရှိ                        စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၀ ဒသမ ၂၅၃ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၂၇၁၅ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၁၃၄၆ တန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေကတော့ တာချီလိတ်မှ ၁၁၀၁ တန်၊ မြိတ်မှ ၇၃၂ တန်၊ ကန်ပိုက်တီးမှ ၈၃၂ တန်နဲ့ မောင်တောမှ တန် ၅၀ အသွင်းရှိခဲ့ပါတယ်။ စက်တင်ဘာလမှာ နယ်စပ်မှ ဘိလပ်မြေ ၅၁၀၇ တန် တင်သွင်းထားပြီးဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း           ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်  တိုင်းဒေသကြီး/  ပြည်နယ်  အမျိုးအစား                 ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ်  ယခုအပတ် ပြောင်းလဲမှု  ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၄၇၀၀  ၄၇၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)          ၄၆၀၀  ၄၆၀၀   ဘိလပ်မြေ (မောင်းတိန်း)  ၄၆၀၀  ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၈၀၀  ၅၉၀၀   ဘိလပ်မြေ (AAA)      ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြန်မာဆင်) ၄၉၀၀  ၄၈၀၀   ဘိလပ်မြေ(ဆင်မင်း)     ၄၀၀၀  ၄၂၀၀   ဘိလပ်မြေ(ကျားခေါင်း)    ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း) ၄၂၀၀  ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း     ၆၀၀၀  ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၅၀၀၀  ၅၀၀၀   ဘိလပ်မြေ(Lucky)ပါကစ္စတန်  ၅၅၀၀  ၅၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း      ၆၅၀၀  ၆၅၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀  ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(နဂါး)  ၅၃၀၀  ၅၃၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၁၀၀  ၅၃၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး  ၃၆၀၀  ၃၆၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း  ၄၉၅၀  ၅၁၅၀၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း            -   ၅၅၀၀ -  ဘိလပ်မြေ(မြင်းခေါင်း)  ၄၅၀၀  ၄၃၀၀   MIRT (MAPT)   

Monday, 10 Oct 2011

ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာတင်သွင်း                   စက်တင်ဘာနောက်ဆုံးပတ်ဖြစ်တဲ့ ဒီသီတင်းပတ်မှာတော့ ဓာတ်မြေသြဇာ တန်ချိန် ၃၄၃ ဒသမ ၂၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာငါးသောင်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံထုတ် ဓာတ်မြေသြဇာတစ်မျိုးတည်း သာ မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၀၇ တန်ကျော်သာ တင်သွင်းခဲ့ လို့ ဒီတစ်ပတ်မှာ ယခင်တစ်ပတ်ထက် သုံးဆလောက် ပိုတင်သွင်းနိုင်တာ တွေ့ရ ပါတယ်။                     လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် စက်တင်ဘာရဲ့ ဓာတ်မြေသြဇာအဝင် စုစုပေါင်းမှာ တန်ချိန် ၁၇၁၆ သာရှိခဲ့ပြီး သြဂုတ်လရဲ့ ဓာတ်မြေသြဇာအဝင် စုစုပေါင်း မှာ တန်ချိန် ၉၉၉၈ တန်ရှိခဲ့တာကြောင့် စက်တင်ဘာလမှာ ဓာတ်မြေသြဇာတင် သွင်းမှုထက် တော်တော်လေး လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတန် ၁၂၀၀၀ ကျော် အသွင်းရှိ                    စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်ထိ ကာလအတွင်း မူဆယ်၊ ရိဒ်၊ ကော့သောင်း၊ စစ်တွေနဲ့ မောင်တောနယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၁၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၂၆၂ တန်ကျော် တင်သွင်းခဲ့ပါတယ်။ စက်တင်ဘာလအတွင်း နယ်စပ်လမ်းကြောင်းမှ ဓာတ်မြေသြဇာတန် ၉၁၀၀၀ ကျော် တင်သွင်း ထားပြီးဖြစ်ပါတယ်။                   မူဆယ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ ကွန်ပေါင်း၊ Folia (အရည်/အမှုန့်) ၊ နိုက်ကြိတ်ပိုတက်ရှ်၊ စင်ဂဲလ်စူပါဖော့စဖိတ်တို့ ဖြစ်ပါတယ်။ စခန်းများအလိုက် ဓာတ်မြေသြဇာတင်သွင်းမှု တွေကတော့ မူဆယ်မှ ၁၁၇၅၉ တန်၊ ကော့သောင်းမှ ၁၈၃တန်၊ မောင်တောမှ ၁၉၅တန်၊ ရိဒ်မှ ၁၁၈တန်နဲ့ စစ်တွေမှ ၆ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း          ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်  အမျိုးအစား                  ဈေးနှုန်း(ကျပ်/အိတ်)   ယခင်အပတ်  ယခုအပတ်  ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ပိုတက် (ထိုင်း)      ၃၆၅၀၀  ၃၆၅၀၀   ယူရီးယား(နေရွက်လှေ-တရုတ်) ၂၂၀၀၀  ၂၃၂၀၀    တီဆူပါ (သံကွင်း-တရုတ်) ၂၈၀၀၀  ၂၈၀၀၀   ပိုတက် (တရုတ်)  ၂၅၀၀၀ ၂၆၀၀၀  မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)   ၂၁၅၀၀  ၂၁၅၀၀   ယူရီးယား(ပန်းဖူး-တရုတ်)  ၂၂၄၀၀  ၂၂၄၀၀   ကွန်ပေါင်း 15:15:15 (တရုတ်)     ၂၅၅၀၀  ၂၅၅၀၀   အာမို(ဒိုင်းမွန်းစတား)      ၃၆၅၀၀  ၃၆၅၀၀  တောင်ငူ  ယူရီးယား (ရွှေတောင်-တရုတ်) ၂၁၀၀၀  ၂၁၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်)     ၂၁၀၀၀  ၂၁၀၀၀   ယူရီးယား (ယူအေအီး-တရုတ်)  ၁၉၀၀၀  ၁၉၀၀၀   ကုလားအုတ် (တရုတ်)  ၂၃၅၀၀  ၂၃၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၁၇၀၀  ၂၂၀၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)      ၂၃၀၀၀  ၂၃၀၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၇၀၀  ၂၂၀၀၀  တီစူပါ-(တရုတ်) 12%  ၁၀၀၀၀  ၁၀၅၀၀   တီစူပါ-(တရုတ်) 16%  ၁၁၀၀၀  ၁၁၀၀၀   တီစူပါ 15:15:15  (တရုတ်)  ၃၅၅၀၀  ၃၆၀၀၀   တီစူပါ 10:10:5 (တရုတ်)      ၁၅၀၀၀  ၁၆၀၀၀   ပိုတက် (တရုတ်)      ၂၁၀၀၀  ၂၃၅၀၀   ဓာတ်ဆား (တရုတ်)   ၁၇၅၀၀ ၁၈၅၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)     ၂၂၅၀၀  ၂၂၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)     ၂၂၅၀၀  ၂၂၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)      ၂၂၅၀၀  ၂၂၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15     ၃၂၀၀၀  ၃၂၀၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15      ၂၈၅၀၀  ၂၈၅၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8  ၂၈၀၀၀  ၂၇၅၀၀   တီစူပါ (တရုတ်) သံကွင်း 46%  ၂၆၀၀၀  ၂၅၀၀၀   တီစူပါ (တရုတ်) မျှားကမ္ဘာ 16%      ၁၃၅၀၀  ၁၃၅၀၀                                                                                                     MIRT( MAPT) 

Monday, 10 Oct 2011

                                  World Metal Price (US$)  Date Silver/Oz Zinc/TonAluminium/Ton Copper/Ton Platinum/Oz 3-October 30.41 1835.46 2126.66 6731.42 1509.00 4-October 31.09 1900.132185.79 6942.66 1494.00 5-October 29.69 1896.382187.81 7010.53 1433.00 6-October 30.34 1882.94 2174.59 7049.50 1501.00 7-October 32.25 1898.402224.54 7426.72 1525.00

Monday, 10 Oct 2011

                 Energy NYMEX                7-10-2011  Price Change Chagne% Brent Crude Futr (USD/bbl) 105.59 -0.14  -0.13 Gas Oil Fut (ICE) (USD/MT)890.25 16.50 1.89 Gasoline Rbob Fut (Cent/gal)285.63  - 0.48 -0.17 Heating Oil Futr (Cent/gal)3.58 -0.02 -0.47 Natural Gas Futr (USD/MMBtu) 267.60 -1.00 0.37 WTI Crude Future (USD/bbl.) 82.75 0.16 0.19

Monday, 10 Oct 2011

            နယ်စပ်ငွေလဲလှယ်နှုန်း အောက်တိုဘာ ၂၀၁၁  (1US$) ရက်တရုတ်   ထိုင်း ဘင်္ဂလားဒေရှ့် အိန္ဒိယ   (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 3 6 .38 31.29 75.40 49.44 4 6 .38 31.12 75.50 49.26 5 6 .38 31.14 75.50 49.196  6 .38 31.11 75.51 49.10 7 6 .38 30.90 75.55 49.16

Pages