Main menu

Background

Wednesday, 26 Oct 2011

၁၅-၁၀-၂၀၁၁ မှ ၂၁-၁၀-၂၀၁၁ ထိ ဈေးကွက်အတွင်းရှိ နယ်စပ်စခန်းများမှ ဓာတ်ဆီ၊ ဒီဇယ်ဆီ ပျမ်းမျှ ပေါက်ဈေးနှုန်းများ စဉ်နယ်စပ်စခန်း  ရေတွက်ပုံ ဓာတ်ဆီဈေးနှုန်း ဒီဇယ်ဈေးနှုန်း  တရုတ်    (ကျပ်)   (ကျပ်)  ၁။    မူဆယ်  ဂါလန်      4100   4000  ၂။ လွယ်ဂျယ်   ဂါလန်      4050     4050 ၃။ ချင်းရွှေဟော်   ဂါလန်     4000     3500     ထိုင်း      (ကျပ်)    (ကျပ်)  ၁။ ကော့သောင်း    ဂါလန်      3600     3400 ၂။ မြဝတီ    ဂါလန်     3200     3200 ၃။ တာချီလိတ်   ဂါလန်      4100     4200  အိန္ဒိယ        (ကျပ်)   (ကျပ်) ၁။ တမူး   ဂါလန်     4200     4000  ဘင်္ဂလားဒေ့ရှ်     (ကျပ်)   (ကျပ်) ၁။  စစ်တွေ   ဂါလန်     4200     3400 ၂။ မောင်တော   ဂါလန်     5500    4000 

Monday, 24 Oct 2011

                  စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေသြဇာများ ရာသီကုန်လာပြီဖြစ်တဲ့အတွက် ယခုရက်ပိုင်း ဈေးကျလာတယ်လို့ သိရပါတယ်။ မိုးတွင်းကာလ စိုက်ပျိုးရာသီ အရောင်းသွက်တဲ့ ဓါတ်မြေသြဇာမှာ ယခင်တစ်ပတ်ကအထိ အရောင်းသွက် ဈေးမာခဲ့ပေမယ့် ယခုတစ်ပတ်မှာတော့ တရုတ်ဓာတ်မြေသြဇာ အရောင်းသွက်တဲ့ မန္တလေးဈေးကွက်မှာ တစ်အိတ် ကျပ် ၅၀၀ ဝန်းကျင် ဈေးနှုန်းကျဆင်းကြောင်း သိရပါတယ်။ ဈေးကျလာတဲ့ တရုတ်ဓာတ်မြေသြဇာဈေးများကတော့ ယူရီးယား (ရွှေတောင်)တစ်အိတ် ကျပ် ၂၀၄၀၀၊ ယူရီးယား(ပန်းဖူး)တစ်အိတ် ကျပ် ၂၁၁၀၀၊ တီစူပါ GTSP ၄၆ ရာခိုင်နှုန်း တစ်အိတ် ကျပ် ၂၅၆၀၀၊ တီစူပါ GTSP ၁၆ ရာခိုင်နှုန်းက ကျပ် ၁၀၆၀၀ ဈေးရှိပြီး တီစူပါ GTSP ၁၂ ရာခိုင်နှုန်းက ဈေးကွက်မှာ ပစ္စည်းပြတ်နေကြောင်း သိရပါတယ်။ သင်းသင်းမြတ်

Monday, 24 Oct 2011

OK နို့ဆီနဲ့ DAWN နို့စိမ်းများ တင်သွင်း                   ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်တာ ကာလ အတွင်း နို့ဆီ/စိမ်း ၃၈၆ ဒသမ ၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးသိန်းခုနစ်သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းမှ တင်သွင်းခဲ့ပါတယ်။ တင် သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းမှု မရှိခဲ့တဲ့ နို့စိမ်းက ဒီတစ်ပတ်မှ ပြန် လည်တင်သွင်းလာခဲ့တာ ဖြစ်ပါတယ်။ တင်သွင်းခဲ့တဲ့နို့စိမ်းက DAWN တံဆိပ် ဖြစ်ပြီး တန်ချိန်က ၁၃၁ဒသမ ၁၅ တန် ဖြစ်ပါတယ်။ နို့ဆီက ဒီတစ်ပတ်မှာတော့ OK တံဆိပ်နို့ဆီ ၂၅၅ ဒသမ ၆၄ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့ဆီတန်ချိန် ခြောက်ရာကျော်အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ယခင် တစ်ပတ်ထက် နို့ဆီအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။                  နို့မှုန့်က ဒီတစ်ပတ်မှာ သြစတြေးလျ နိုင်ငံမှ ၁၈ တန်ပဲ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်နိုင်ငံစုံမှ တန်ချိန် ခုနစ်ဆယ်ကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ အဝင်လျော့နည်းခဲ့ပါတယ်။ MIRT (DOT)  နယ်စပ်မှယခုအပတ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းပို                      ကော့သောင်းနယ်စပ်မှ အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိ ကာလ အတွင်း ကန်ဒေါ်လာ ၀ ဒသမ ၀၅၆ သန်းတန်ဖိုးရှိ နို့ဆီ တန် ၆၀ ကျော် (၃၁၉၄ တာ)နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၅၈ သန်းတန်ဖိုးရှိ နို့စိမ်း ၆၁ တန်ကျော် (၃၂၃၂ တာ) အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် နို့ဆီ တန် ၄၀ နဲ့ နို့စိမ်း ၆ တန်အသွင်းပိုခဲ့ပါ တယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၀ ဒသမ ၀၂၁ သန်းတန်ဖိုးရှိ နို့မှုန့် ၇ တန် အသွင်းရှိခဲ့ရာ ယခင်အပတ်က ထက် နှစ်တန် အသွင်းပိုမိုခဲ့တာ တွေ့ရ ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                   နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်  နို့ဆီလက်လီဈေး             ကျပ်/တစ်ဘူး                               ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )                ၆၇၀     ၇၀၀ဒွန်း( နို့စိမ်း)                ၆၂၀    ၆၅၀Falcon နို့ဆီ                ၅၃၀     -Falcon နို့စိမ်း              ၄၉၀      -ဝမ်းတီးနို့ဆီ                ၆၅၀   ၆၇၅အိုကေ( နို့ဆီ)             ၆၅၀    ၆၇၅အိုကေ( နို့စိမ်း)           ၆၅၀     ၆၇၅MIRT (DOT)

Monday, 24 Oct 2011

ဘိလပ်မြေတန်ချိန် တစ်သောင်းငါးထောင်ကျော် တင်သွင်း                  ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၉ ရက်မှ ၁၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၁၅၂၁၅တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင် သွင်းခဲ့တာက ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများဖြစ်ပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေ ၃၁၅ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၁၀၅၀၀ တန်နဲ့ အခြားတံဆိပ်ဘိလပ်မြေ ၄၄၀၀ တန် အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ခါတင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေ ထဲမှာ စိန်တံဆိပ်ဘိလပ်မြေက တန်ချိန်အများဆုံး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ၇၄၀၀ သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်မှာ ယခင်တစ်ပတ် ဘိလပ်မြေတင်သွင်းခဲ့တဲ့ တန်ချိန်ထက် ၂ ဆ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ယခုအပတ် ဘိလပ်မြေအသွင်းပိုမို                     အောက်တိုဘာ ၁၂ ရက်မှ ၁၈ရက်ထိကာလအတွင်း မြန်မာ-တရုတ် နယ်စပ် ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ မြိတ်နယ် စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၇၅ သန်းတန်ဖိုးရှိ ဘိလပ် မြေ ၁၇၈၆ တန်ကျော် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ ဘိလပ်မြေ ၈၁၂ တန်သာအသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၉၇၄ တန်တင်သွင်းမှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၈၁၅ တန်၊ တာချီလိတ်မှ ၅၅၆တန်ကျော်နဲ့ မြိတ်မှ ၄၁၅ တန်ခန့် အသွင်းရှိခဲ့တာ ဖြစ်ပါတယ်။ ကန်ပိုက်တီးမှတင်သွင်းတဲ့ ဘိလပ်မြေတွေက Port Land တံဆိပ်၊ တာချီလိတ်မှ တင်သွင်းတဲ့ ဘိလပ်မြေတွေကတော့ ငှက်၊ ကျားနဲ့ TPI တို့ ဖြစ်ကြပါတယ်။MIRT (DOBT)  ပြည်တွင်းဈေးကွက် ဈေးနှုန်း              ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ်  တိုင်းဒေသကြီး/ ပြည်နယ်   အမျိုးအစား           ဈေးနှုန်း(ကျပ်/အိတ်) ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၄၇၀၀ ၄၈၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)  ၄၆၀၀ ၄၇၀၀   ဘိလပ်မြေ (မောင်းတိန်း)  ၄၆၀၀ ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၉၀၀  ၅၈၀၀   ဘိလပ်မြေ (AAA)  ၅၁၀၀  ၅၃၀၀   ဘိလပ်မြေ(မြန်မာဆင်)  ၄၉၀၀  ၄၈၀၀   ဘိလပ်မြေ(ဆင်မင်း)  ၄၁၀၀ ၄၄၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၂၀၀ ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း  ၅၅၀၀ ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း  ၆၀၀၀  ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၅၀၀ ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း  ၆၅၀၀ ၆၇၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀ ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၅၀၀ ၅၅၀၀   ဘိလပ်မြေ(နဂါး)  ၅၃၀၀ ၅၂၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၄၀၀  ၅၃၅၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး  ၃၇၀၀  ၃၅၅၀၀   ဘိလပ်မြေ(စိန်)ထိုင်း  ၅၂၅၀ ၅၂၅၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း  ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၃၀၀  ၄၅၀၀                                                                       MIRT (MAPT) 

Monday, 24 Oct 2011

                   နိုင်ငံတော်အစိုးရမှ တရားဝင် ဖွင့်ဖွင့်လှစ်ခွင့်ပြုထားသည့် သိမ်ဖြူငွေ လဲကောင်တာတွင် အောက်တိုဘာ ၂၁ရက်၌ အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၈၀၀ ဖြင့် ဝယ်ယူ လျက်ရှိပြီး တစ်ဒေါ်လာလျင် ၈၀၇ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်းသိရသည်။ ယခုတစ်ပတ်အတွင်း နိုင်ငံခြားငွေ လဲနှုန်းသည် အောက်တိုဘာ ၁၇ ရက် က ၈၁၀ ကျပ်ရှိခဲ့သော်လည်း ၁၈ ရက် တွင် ကျပ် ၈၀၀ အထိကျဆင်းခဲ့သည်။ ထိုကဲ့သို့ဖြစ်ရခြင်းမှာ အဝယ်ထက် အရောင်းပမာဏက ပိုများနေ၍ ဖြစ် ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။                     အောက်တိုဘာလ ဒုတိယပတ်က အမေရိကန်တစ်ဒေါ်လာလျှင် ၈၃၄ ကျပ်မှ ၈၂၅ ကျပ်အထိ ကျဆင်းသွားခဲ့ ပြီး တတိယပတ် ရောက်သည်အထိ ဆက်လက်ကျဆင်းနေသည်ကို တွေ့ရှိ ရသည်။ သိမ်ဖြူလမ်းရှိ ငွေလဲစင်တာများတွင်လည်း ကောင်တာတစ်ခုလျှင် အရေအတွက် သတ်မှတ်ချက်အတိုင်း သာ ရောင်းချပေးခြင်းတို့ကြောင့် ယခု ကဲ့သို့ ဈေးနှုန်းများ ကျဆင်းလာရခြင်း ဖြစ်ကြောင်း သုံးသပ်လျက်ရှိသည်။                        အောက်တိုဘာ ၁၈ရက်က အဆို ပါ ငွေလဲကောင်တာများရှိ တချို့ကောင် တာများတွင် အများဆုံးဒေါ်လာ ၅၀၀ အထိသာ လဲလှယ်ပေးခြင်း၊ စတင်ဖွင့် လှစ်စဉ်ကကဲ့သို့ မည်သူမဆို လဲလှယ် ခွင့်ရှိခြင်းအစား သတ်မှတ်ထားသည့် စာရွက်စာတမ်းများ တင်ပြနိုင်သူကိုသာ ရောင်းချခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ ဒေါ်လာ၁၀၀၀ နှင့်အထက် ရောင်းချလိုပါက နိုင်ငံခြား သားဖြစ်ပြီး ကိုယ်တိုင်လာရောက် ရောင်းချမှသာ လဲလှယ်ပေးခြင်းစသည့် အခြေအနေတို့ကြောင့် သိမ်ဖြူငွေလဲ စင်တာတွင် လာရောက်ရောင်းချသူ အနည်းငယ်သာရှိသည်ကိုတွေ့ရသည်။                          ပြင်ပဈေးကွက်၌ အောက်တိုဘာ လ ၂၁ ရက်တွင် အမေရိကန် တစ် ဒေါ်လာလျှင် ၇၉၅ ကျပ်ဖြင့် အဝယ်ရှိနေပြီး ရောင်းဈေးမှာ ၈၀၂ ကျပ်ဖြစ် ကြောင်း ဒေါ်လာပွဲစားတစ်ဦး၏ ပြော ပြချက်အရသိရသည်။ "အိုင်အမ်အက်ဖ် ကလာနေပြီလို့ ကြားတယ်။ အိုင်အမ် အက်ဖ်လာရင် ငွေဈေးက ပုံသေသတ် မှတ်တော့မယ်ဆိုတော့ ဒိုင်တွေက သိပ်ပြီးမဝယ်ဘူး။ အဲဒီလို အဝယ်နှေးနေ တယ်ဆိုရင် ငွေဈေးက နည်းနည်းကျမှာ ပဲ" ဟု ဒေါ်လာပွဲစားတစ်ဦးက သုံးသပ်ပြောဆိုခဲ့သည်။                          "Earning ဈေးကလည်း တစ်နေ့ တစ်နေ့ ငြိမ်နေတယ်လို့မရှိဘူး။ နေ့တိုင်း ပြောင်းနေတယ်။အရင်အပတ်က ဆိုရင် ဈေးအတက်အကျက သိပ်မသိသာပေ မယ့် အခုဒီတစ်ပတ်မှာတက်လာတယ်။ ဈေးတက်လာတဲ့ အခါကျတော့ ကုန်သည်တွေအနေနဲ့ ပစ္စည်းကိုဝယ်ဖို့ မှာ မထားရဲဘူး၊ ဈေးနည်းနည်းငြိမ်အောင် ပြန်စောင့်ပြီးမှ ဝယ်ကြတာဆိုတော့ အရောင်းအဝယ်တွေ နှေးကုန်တာပဲ။ နောက်ပြီး သိမ်ဖြူငွေလဲစင်တာမှာက လိုသလောက် ကြိုက်သလောက်လဲလို့ မရတော့ဘူးဆိုတော့ အပြင်မှာ ဈေးက ကောင်းကောင်း ကစားလို့ရတာပေါ့၊ ဒီနေ့(အောက်တိုဘာလ ၂၁ရက်)ဆိုရင် စင်တာမှာက ၈၀၀နဲ့ဝယ်တယ်။ အပြင် မှာက ၇၉၅ကျပ်နဲ့ဝယ်တယ်။ စင်တာမှာ ၈၀၇ကျပ်နဲ့ရောင်းတယ်။ အပြင်မှာက ၈၀၂ကျပ်နဲ့ရောင်းတယ်။ အဲဒီတော့ ငါး ကျပ် ကွာနေပေမယ့် အပြင်မှာက အလုပ်ဖြစ်နေတာပဲ။ ဝယ်တဲ့သူတွေက အပြင်မှာပဲဝယ်ပြီး ရောင်းတဲ့သူတွေက စင်တာမှာသွားရောင်းကြတော့ စင်တာ မှာ ဝယ်တဲ့သူက တော်တော်ကို နည်း သွားတာ။ ဒါမျိုးက မဖြစ်သင့်ဘူးလို့ ထင်တယ်"ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦး က သုံးသပ်ပြောကြားသည်။ KMMO/ MTDA

Monday, 24 Oct 2011

                         စက်တင်ဘာ ၆ ရက်က တစ်အောင်စကို ၁၉၂၃ ဒသမ ၇၀ ဒေါ်လာအထိ ရောက်ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက စက်တင်ဘာ ၂၆ ရက်မှာ ၁၅၃၅ ဒေါ်လာအထိ ထိုးကျသွားပြီး နောက်ပိုင်းယနေ့ အောက်တိုဘာ ၁၉ ရက်အထိ ကာလအတွင်း တစ်အောင်စကို ၁၇၀၀ ဒေါ်လာအောက် နှုန်းထားမှာသာ ပြောင်းလဲဖြစ်ပေါ် အရောင်းအဝယ်ဖြစ်နေပါတယ်။                           ဒါ့အပြင် နိုဝင်ဘာလပထမပတ်မှာ ရွှေတစ်အောင်စကို ၁၅၅၀ ဒေါ်လာ အထိ ထပ်မံကျဆင်းသွားနိုင်တယ်လို့ု ချီကာဂိုအခြေစိုက်  Steel Vine မှ ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ အရာထမ်းတစ်ဦးဖြစ်တဲ့  Spencer Pattonက ခန့်မှန်းထားပါတယ်။ Source:Bloomberg.com၊ ပပ

Monday, 24 Oct 2011

ဓာတ်ဆီအသွင်းပိုပေမယ့် ဒီဇယ်အသွင်းလျော့                    အောက်တိုဘာ ၁၂ ရက်မှ ၁၈ ရက်ထိကာလအတွင်း ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဓာတ်ဆီနဲ့ ဒီဇယ်ဆီ များ အသွင်းရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၉၃ သန်းတန် ဖိုးရှိ ဓာတ်ဆီ ၂၅၀၃၄ ဂါလန်၊ တာချီလိတ်မှ ၁၀၄၇၂ ဂါလန်နဲ့ ကော့သောင်းမှ ၁၄၅၆၂ ဂါလန် တင်သွင်းခဲ့ပါတယ်။ ဒီဇယ်ကိုတော့ ကန်ပိုက်တီးနဲ့ တာချီလိတ်နယ် စပ်စခန်းများမှ ၅၄၆၉၇ ဂါလန်အသွင်းရှိပြီး ကန်ပိုက်တီးမှ ၃၇ ဂါလန်နဲ့ တာချီလိတ် မှ ၅၄၃၆၀ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၉၃၂၆ ဂါလန်ပိုမိုတင်သွင်းပြီး ဒီဇယ်ဆီ ၄၂၄၅၀ ဂါလန် လျော့နည်းတင်သွင်းခဲ့ တယ်လို့ သိရပါတယ်။MIRT (DOBT)  ပြည်တွင်း လက်လီအရောင်းဈေး             ပြည်တွင်းစက်သုံးဆီ လက်လီအရောင်း တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်                                                                                                                အောက်တိုဘာလ ၂၀၁၁                         ဓာတ်ဆီ(ကျပ်)                              ဒီဇယ်(ကျပ်)ရက်  နေပြည်တော်   ရန်ကုန်   မန္တလေး    နေပြည်တော်    ရန်ကုန်    မန္တလေး၁၇     ၄၄၀၀            ၄၄၀၀     ၄၆၀၀          ၃၂၀၀           ၃၂၀၀      ၃၂၀၀၁၈     ၄၄၀၀            ၄၄၀၀     ၄၆၀၀          ၃၂၀၀           ၃၂၀၀      ၃၂၀၀၁၉     ၄၄၀၀            ၄၆၀၀     ၄၇၀၀          ၃၂၀၀           ၃၂၀၀     ၃၂၀၀၂၀     ၄၄၀၀            ၄၆၀၀     ၄၇၀၀          ၃၂၀၀           ၃၂၀၀     ၃၂၀၀၂၁    ၄၄၀၀             ၄၅၀၀     ၄၇၀၀          ၃၂၀၀            ၃၂၀၀    ၃၂၀၀               ရန်ကုန် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ၏ စက်သုံးဆီ အရောင်းဈေးနှုန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်                                                                                               အောက်တိုဘာလ ၂၀၁၁ (ကျပ်)ရက်    အောက်တိန်း     ဓာတ်ဆီ    ဒီဇယ်      အဆင့်မြင့်ဒီဇယ်၁၇         ၃၇၀၀            ၂၅၀၀      ၃၄၀၀           ၃၆၀၀၁၈         ၃၇၀၀           ၂၅၀၀       ၃၄၀၀           ၃၆၀၀၁၉         ၃၇၀၀           ၂၅၀၀       ၃၄၀၀           ၃၆၀၀၂၀         ၃၇၀၀           ၂၅၀၀       ၃၄၀၀           ၃၆၀၀၂၁        ၃၇၀၀            ၂၅၀၀       ၃၄၀၀           ၃၆၀၀MIRT-DOT

Tuesday, 18 Oct 2011

                 ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုရင် မန္တလေးမြို့တွင် မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင် ကထိန်ပွဲတော်ကို စည်စည်ကားကား ကျင်းပတာ နှစ်စဉ်နှစ်တိုင်းဖြစ်ပါတယ်။ ယခုလိုရာသီမှာ ဘုန်းတော်ကြီးကျောင်းများအတွက် လိုအပ်တဲ့ ပစ္စည်းနဲ့ ရဟန်းသံဃာများအသုံးပြုရန်အတွက် စောင်၊ ခြင်ထောင်၊ တဘက်စတဲ့ ပစ္စည်းများကို လှူဖွယ်ပစ္စည်း အဖြစ် လှူဒါန်းကြ ပါတယ်။                ဈေးကွက်မှာဝင်ရောက်နေတဲ့ အိတ်၊ စောင်၊ ခြင်ထောင်၊ တဘက် ကြီး၊ သေးတို့ကို တရုတ်နဲ့ ထိုင်းပစ္စည်းများ ရောင်းဝယ်မှုအားကောင်းနေပါတယ်။ ဈေးနှုန်းဈေးကွက် အနေနဲ့ တစ်ယောက်အိပ်စောင် ၁ ထည်ကို ၈၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်၊ နှစ်ယောက်အိပ် ၁ထည်ကို ၁၂၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ်ထိ အသားထူ၊ အပါးကို မူတည်ရောင်းပါတယ်။ တဘက်မှာ လည်း ချည်သား၊ စီလွန်သားရှိပြီး၊ ချည်သား တဘက်တစ်ထည် ခြုံစောင်အဖြစ်အသုံးပြုတဲ့အကြီး ၄၅၀၀ ကျပ်မှ ၉၀၀၀ကျပ်၊ စီလွန်ထည် ၃၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်ထိရှိပြီး၊ မျက်နှာသုတ် တဘက်များကတော့ တစ်ထည်ကို ၈၀၀ ကျပ်မှ ၃၀၀၀ ကျပ် အစားစားရှိပါတယ်။ တဘက်အသေးကတော့ ၁ ထည်ကို ၂၅၀ ကျပ်မှ ၅၀၀ ကျပ်ထိရှိကြောင်း၊ မန္တလေးမြို့တွင် ယခုလိုရာသီ ချိန်မှာ အရောင်းအဝယ်သွက်ကာ တန်ခူးလရာသီအထိ ရောင်းဝယ်မှုအားကောင်းနေတယ်လို့ သိရပါတယ်။ ယဉ်ယဉ်အေး

Tuesday, 18 Oct 2011

                  ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ကုလားကွဲကျေးရွာအုပ်စု၊ ပြင်ဦးလွင်နှင့် မိုးကုတ်ကားလမ်းရှိ ၄၂ မိုင်တိုင်တွင် မွေးမြူရေးဇုန်သစ် တစ်နေရာ ဖော်ထုတ်မည်ဖြစ်ကြောင်း သိရပါတယ်။                      အသစ်ဖော်ထုတ်မယ့် မွေးမြူရေးဇုန် ဧရိယာမှာ ဧက ၂၅၀၀ အကျယ်အဝန်း ရှိကြောင်းသိရပါတယ်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာအောင်ကြီးက " မွေးမြူရေးဇုန်မှာ အသားစားနွားနဲ့ နို့စားနွား မွေးမြူသင့်တယ်။ မွေးမြူရေး လုပ်ငန်းရှင်တွေအနေနဲ့ မွေးမြူရေးဇုန် မှာ မွေးမြူရေးလုပ်မယ်ဆို လိုအပ်တဲ့ နည်းပညာ၊ မျိုးစပ်ခြင်းများ ကူညီပေး မယ်။ ပြည်တွင်းမှာ နှစ်စဉ် နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်တင်သွင်းနေရတဲ့အတွက် နို့စား နွားဖွံ့ဖြိုးမှ ပြည်ပသွင်းကုန် လျော့နည်း မယ်။ ပြည်ပကို အမဲသား အများဆုံး တင်ပို့နေရတဲ့အတွက် အသားစားနွား များများမွေးမယ်ဆို တရုတ်နဲ့ အရှေ့ အလယ်ပိုင်းဒေသတွေကို အေးခဲအမဲ သား တိုးပြီးတင်ပို့နိုင်မှာဖြစ်တယ်။ ဒါ ကြောင့် မွေးမြူရေးဇုန်သစ် တစ်နေရာ ဖော်ထုတ်ပြီး မွေးမြူရေးလုပ်ငန်း တိုးချဲ့ဆောင်ရွက်သင့်တယ် "လို့ ပြောပါတယ်။ မွေးမြူရေးဇုန်သစ် ဖော်ထုတ်မယ့် နေရာမှာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် နေရာရယူလိုပါက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနများ မှာ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ ဇူးဇူး

Pages