Main menu

Background

Tuesday, 18 Oct 2011

                                World Metal Price (US$) Date   Sliver/Oz Zinc/Ton     Aluminium/Tom Copper/Ton Platinum/Oz  10-October 31.65 1949.92 2203.94 7428.06 1506.00 11-October 32.18 1954.18 2229.92 7472.19 1524.00 12-October 32.50 1947.68 2218.50 7466.59 1545.00 13-October 32.45 1943.42 2216.48 7479.36 1541.00 14-October 31.76 1946.58 2190.05 7512.06 1534.00

Tuesday, 18 Oct 2011

                Energy NYMEX                      14-10-2011  Price Change   Change%  Brent Crude Futr (USD/bbl)       111.06 -0.50   -0.40  Gas Oil Fut (ICE) (USD/MT)      917.50 7.50  0.82 Gasoline Rbob Fut (Cent/gal)  297.48 0.34  0.11  Heating Oil Futr (Cent/gal)  3.53 0.00 0.00 Natural Gas Futr (USD/MMBtu)  276.57 0.82  0.30 WTI Crude Future (USD/bbl.)      84.40 0.17  0.20

Tuesday, 18 Oct 2011

                   နယ်စပ်ငွေလဲလှယ်နှုန်း                             အောက်တိုဘာ ၂၀၁၁ (1US$)        ရက်    တရုတ်         ထိုင်း             ဘင်္ဂလားဒေ့ရှ်  အိန္ဒိယ        (ယွမ်) (ဘတ်)  (တာကာ) (ရူပီး) 10     6.35   30.94    75.60    4 9.09 11    6.36   30.89    75.60    48.93 12    6.36   30.83   75.65    48.95 13    6.39   30.83    75.80    49.18 14     6.38   30.81    75.80   49.11

Tuesday, 18 Oct 2011

    World Gold Price   October 2011 (USD/OZ) Date      NY       Landon       Zurich    10 1624     1648     1650 11 1674    1674    1676 12 1674   1674    1674 13 1672    1671    1671 14 1665   1668    1668              Domestic Gold Price                         Kyats(Thousand) Date Yangon    Mandalay    10-10-2011 717.00 716.80 11-10-2011 722.00 721.80 12-10-2011     -     - 13-10-2011 720.00  719.70 14-10-2011 717.00 717.00 

Tuesday, 18 Oct 2011

    Currency Exchange Rate                          OCTOBER 14, 2011                    Base Currency is United States Dollar - USD Currency Unit Units per  USD     AUD Australia Dollars     0.98   BDT Bangladesh Taka 75.80 CAD Canada Dollars     1.02 CNY China Yuan Renminbi 6.38 EUR Euro  0.73 HKD Hong Kong Dollars 7.78 INR India Rupees  49.11 IDR Indonesia Rupiahs  8850.00   JPY Japan Yen 76.90 MYR Malaysia Ringgits  3.13 PKR Pakistan Rupees 86.52 PHP Philippines Pesos 43.43 RUB Russia Rubles 31.14 SGD Singapore Dollars 1.27 KRW South Korea Won 1156.29 LKR Sri Lanka Rupe  110.21 THB Thailand Baht  30.81 GBP United Kingdom Pounds 0.63 VND Vietnam Dong     2080.00 Source : xe.com

Monday, 17 Oct 2011

                     ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော သီးနှံများမှ ရာသီအလိုက် လှိုင်လှိုင်ပေါ်မှုနဲ့ ဈေးကွက်အခွင့်အလမ်း ဖြစ်ပေါ်လာမှုကြောင့် စီးထွက်ပမာဏနဲ့ ဈေးနှုန်း နိမ့်/မြင့် ဖြစ်ပေါ်ရခြင်း အား စက်တင်ဘာ တတိယပတ်နဲ့ နောက်ဆုံး တစ်ပတ်အား တစေ့ တစောင်း နှိုင်းယှဉ်လေ့လာတင်ပြပါတယ်။                          ရှမ်းပြည်နယ်တောင်ပိုင်းမှ စိုက်ပျိုးထွက်ရှိသော သီးနှံများ အနက်မှ ပြောင်းဖူးစေ့နဲ့ တညင်းသီး သီးနှံတို့ရဲ့ စီးထွက်ပမာဏနဲ့ ဈေးနှုန်းနိမ့်/မြင့်မှုများ လေ့လာကြည့်ပါက စက်တင်ဘာတတိယပတ် တွင် ပြောင်းစေ့ပိဿာ ၁၃၇၀၀၀ မှ နောက်တစ်ပတ်တွင် ပိဿာ ၂၁၅၀၀၀ စီးထွက်၍ ပိဿာ ၇၈၀၀ စီးထွက်မှုပိုကြောင်း တွေ့ရှိရပါ တယ်။ ဈေးနှုန်းမှာ တစ်ပိဿာ ၃၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ပြောင်းသီးနှံများ လှိုင်လှိုင်ပေါ်နေသော်လည်း ဈေးငြိမ်နေခြင်းမှာ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ ဝယ်လိုအားရှိ၍ဖြစ်ပါတယ်။ ပစ္စည်းများရဲ့ အရည်အသွေးကောင်းရန် လိုပါတယ်လို့ ကုန်စည်ဒိုင်များမှ သိရပါ တယ်။ စက်တင်ဘာနောက်ဆုံးတစ်ပတ်တွင် စီးထွက် ပိဿာ ၂၁၅၀၀၀ ရှိ၍ ဒေသရောင်းဝယ်မှုတန်ဖိုး (Volume of Local Trade) မှာ ကျပ်သိန်း ၆၄၅ ခန့်ရှိကြောင်း လေ့လာလို့ရပါတယ်။ တညင်းသီးရဲ့ စက်တင်ဘာတတိယပတ်တွင် စီးထွက်မှုပိဿာ ၃၇၅၀၀ မှ နောက်ဆုံးတစ်ပတ်တွင် ပိဿာ ၁၃၃၀၀၀ စီးထွက်၍ ပိဿာ ၉၅၀၀၀ စီးထွက်မှုပို၍ ပြည်နယ်တွင်း ရပ်စောက်၊ ရွာငံ၊ လွိုင်လင်၊ ကွန်ဟိန်း ဒေသများမှထွက်ရှိကာ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်းတိုင်းဒေသကြီးများသို့ တင်ပို့ကြောင်း သိရှိရပါတယ်။ စိုက် ပျိုးထုတ်လုပ်သူများ၊ ကုန်သည်ပွဲစားများမှာ ကုန်သွယ်မှုငွေပမာဏ များသောကြောင့် အကျိုးအမြတ်များခံစားရမှာ သေချာပါတယ်။ ပြောင်းသည် ရာသီပေါ်သီးနှံဖြစ်၍ တညင်းသီးမှာ နှစ်ရှည်ခံ သီးနှံဖြစ်သဖြင့် ရေတိုရေရှည် အကျိုးရှိရလေအောင် ဝင်ငွေကောင်း သော တညင်းသီးပင် စိုက်ပျိုးသင့်ကြောင်း အကြံပြုလိုပါတယ်။ တညင်းသီးဒေသရောင်းဝယ်မှုတန်ဖိုး (Volume of Local Trade)  မှာ ကျပ် ၄၉၈ သိန်းခန့်ရှိကြောင်း လေ့လာ၍ရပါတယ်။ ပြည်တွင်းပြည်ပ အလျားအနံ ပြေးလွှားရောင်းဝယ်တဲ့အပြင် ပြည်ပ ဈေးကွက်ဝင်ဆံ့တဲ့ ပြောင်းနဲ့ ပြည်တွင်းဈေးကွက်တွင်သာ ကျင်လည် နေသော တညင်းသီးတို့ရဲ့ ဒေသထုတ်လုပ်မှုတန်ဖိုး နှိုင်းယှဉ်၍ကြည့် ပါက စဉ်းစားစရာဖြစ်လာမှာ သေချာပါတယ်။                              စိုက်ပျိုးထုတ်လုပ်သော တောင်သူများ၊ ကုန်သည်ပွဲစားများ အနေဖြင့် ပြည်တွင်းပြည်ပ ဈေးကွက်သတင်းအချက်အလက်များ သီးနှံရဲ့ဒေသဈေးနဲ့ ဈေးကွက်ဈေးနှုန်းများသိဖို့ လိုပါတယ်။ လုပ် ငန်းတစ်ခုရဲ့အားသာချက်၊ အားနည်းချက်များ ထိန်းကျောင်းတည့်မတ် ရာတွင် သတင်းနဲ့စာရင်း အဓိကဖြစ်ပါတယ်။ ဒါကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ လက်ကားကုန်စည်ဒိုင်များ၊ အစုအဖွဲ့များ၊ အသင်းအဖွဲ့ များမှ သတင်းနဲ့စာရင်းအရ ပြောင်းသီးနှံနဲ့ တညင်းသီး သီးနှံအား တစေ့တစောင်း နှိုင်းယှဉ်တင်ပြ အကြံပြုလိုက်ပါတယ်။ ဉာဏ်လင်း၊တောင်ကြီး

Monday, 17 Oct 2011

နို့ဆီတန်ချိန် ခြောက်ရာကျော် တင်သွင်း                     အောက်တိုဘာ ၂ ရက်မှ ၈ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၆၁၉ ဒသမ ၆၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို မှာ ယူတင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာ တော့ DAWN  တံဆိပ် နို့ဆီ ၂၈၈ ဒသမ ၅၃ တန်နဲ့ OK တံဆိပ် နို့ဆီ တန်ချိန် ၃၃၁ ဒသမ ၁၀ တန် အသီးသီးမှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ကလည်း တန်ချိန်ခြောက်ရာကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာလည်း ယခင်သီတင်းပတ်အဝင်ကို အမှီလိုက်ခဲ့ တယ်လို့ဆိုရပါမယ်။ သီတင်းကျွတ်ပွဲတော်အမီ ဖြုန်းအားကောင်းခဲ့လို့ ဒီတစ်ပတ်မှာလည်း အဝင်အား ကောင်း ကောင်းနဲ့ဆက်တိုက်ဝင်လာခဲ့တာ တွေ့ရပါတယ်။                       နို့မှုန့်က ဒီတစ်ပတ်မှာ နယူးဇီလန် နိုင်ငံမှ ၂၅ ဒသမ ၂၀ တန်၊ စင်ကာပူ နိုင်ငံမှ ၃ ဒသမ ၅၉ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၄၈တန်၊ စုစုပေါင်း ၇၆ ဒသမ ၇၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်သိန်းကျော်ဖိုးကို မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် တစ်ရာ့သုံးဆယ်ကျော် တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာတော့ နို့မှုန့်အဝင်အား လျော့ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း၊ နို့မှုန့် အသွင်းလျော့                       မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်း နယ်စပ်မှ အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁၉၅၅၀ တန်ဖိုးရှိ နို့ဆီ ၂၁ တန် (၁၁၀၀ တာ)၊ ကန်ဒေါ်လာ ၅၂၆၅၀ တန်ဖိုးရှိ နို့စိမ်း ၅၅ တန် (၂၉၀၀ တာ)နဲ့ ကန်ဒေါ်လာ ၁၄၂၃၆ တန်ဖိုးရှိ နို့မှုန့် ၅ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် နို့ဆီ တာ ၁၁၀၀၊ နို့စိမ်း ၁၃၀၀ တာနဲ့ နို့မှုန့် ၃၂ တန် အသွင်းလျော့ ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ                        နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ် နို့ဆီလက်လီဈေး         ကျပ်/တစ်ဘူး                           ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )              ၆၇၀      ၇၀၀ဒွန်း( နို့စိမ်း)             ၆၂၀      ၆၅၀Falcon နို့ဆီ             ၅၃၀       -Falcon နို့စိမ်း           ၄၉၀       -ဝမ်းတီးနို့ဆီ              ၆၅၀    ၆၇၅အိုကေ( နို့ဆီ)            ၆၅၀    ၆၇၅အိုကေ( နို့စိမ်း)           ၆၅၀   ၆၇၅ဟက်ပီးကောင်း( နို့ဆီ) ၆၃၀     -MIRT (DOT)

Monday, 17 Oct 2011

ဒီတစ်ပတ် စိန်တံဆိပ် အများဆုံးဝင်                ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်မှ ၈ ရက်တာ ကာလအတွင်း ဘိလပ်မြေ တန်ချိန် ၇၄၀၀၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းကျော်ဖိုးကို ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေတန်ချိန် ၂၄၀၀ နဲ့ စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၅၀၀၀ အသီးသီး မှာ ယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဝင်အားကောင်းကောင်းနဲ့ တန်ချိန် ခုနစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ ယခင် အပတ်အဝင်ရဲ့ ဆယ်ပုံတစ်ပုံသာ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ဒီတစ် ပတ်မှာ ဘိလပ်မြေအဝင်အား တော်တော်လေးလျော့နည်းခဲ့ပါတယ်။    MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ အသွင်းလျော့                 မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ မြန်မာတရုတ်နယ်စပ်ရှိ ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၆၅၀၀၀ တန်ဖိုးရှိ ဘိလပ်မြေ ၈၁၂ တန်ကျော် အောက်တိုဘာလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်မှာ တာချီလိတ်၊ မြိတ်၊ ကန်ပိုက် တီးနဲ့ မောင်တောနယ်စပ်များမှ တန် ၂၇၀၀ ကျော် အသွင်းရှိခဲ့တာမို့ ယခုအပတ်မှာ ၁၈၈၈ တန် လျော့နည်းတင်သွင်းခဲ့ပါတယ်။  MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                   ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်   တိုင်းဒေသကြီး/  ပြည်နယ် အမျိုးအစား                ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ယခုအပတ်    ပြောင်းလဲမှု ရန်ကုန်တိုင်းဒေသကြီး    ဘိလပ်မြေ(ဆင်)ထိုင်း   ၄၇၀၀   ၄၇၀၀  (လက်ကား)  ဘိလပ်မြေ (စိန်)  ၄၆၀၀ ၄၆၀၀   ဘိလပ်မြေ (မောင်းတိန်း)   ၄၆၀၀  ၄၆၀၀  မန္တလေးတိုင်းဒေသကြီး  ဘိလပ်မြေ(ဆင်)ထိုင်း      ၅၉၀၀  ၅၉၀၀   ဘိလပ်မြေ (AAA)     ၅၁၀၀  ၅၁၀၀   ဘိလပ်မြေ(မြန်မာဆင်)  ၄၈၀၀  ၄၉၀၀   ဘိလပ်မြေ(ဆင်မင်း)  ၄၂၀၀ ၄၁၀၀   ဘိလပ်မြေ(ကျားခေါင်း)  ၅၁၀၀ ၅၁၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၂၀၀  ၄၂၀၀  တောင်ငူ  ဘိလပ်မြေ(ကြံ့)ထိုင်း ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(ဆင်)ထိုင်း      ၆၀၀၀ ၆၀၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၅၀၀၀  ၄၅၀၀  တောင်ကြီး  ဘိလပ်မြေ(စိန်)ထိုင်း      ၆၅၀၀ ၆၅၀၀   ဘိလပ်မြေ(ခြင်္သေ့)  ၅၃၀၀  ၅၃၀၀   ဘိလပ်မြေ(ကျားခေါင်း)      ၅၅၀၀  ၅၅၀၀   ဘိလပ်မြေ(နဂါး) ၅၃၀၀  ၅၃၀၀  မော်လမြိုင်  ဘိလပ်မြေ(ဆင်)ထိုင်း  ၅၃၀၀  ၅၄၀၀   ဘိလပ်မြေ(ကြံ့)မြိုင်ကလေး      ၃၆၅၀  ၃၇၀၀   ဘိလပ်မြေ(စိန်)ထိုင်း     ၅၁၅၀   ၅၂၅၀  မကွေးတိုင်းဒေသကြီး  ဘိလပ်မြေ(စိန်)ထိုင်း     ၅၅၀၀   ၅၅၀၀   ဘိလပ်မြေ(မြင်းခေါင်း)  ၄၃၀၀   ၄၃၀၀   MIRT(DOBT) 

Monday, 17 Oct 2011

ပင်လယ်ရေကြောင်းက ဓာတ်မြေသြဇာ ပုံမှန်ဝင်               ဒီသီတင်းပတ်ဖြစ်တဲ့ အောက်တိုဘာ ၂ ရက်မှ ၈ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၅၉၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်းငါးထောင် ကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေမှာ ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၁၂၀၊ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန်ချိန် ၄၀၀ နဲ့ ဘူဂေးရီးယားနိုင်ငံမှ ကွန်ပေါင်း မြေသြဇာ တန်ချိန် ၇၅ တန်အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် သုံးရာ့လေးဆယ်ကျော် တင်သွင်းခဲ့ပြီး ဒီသီတင်းပတ် တန်ချိန် ငါးရာ့ ကိုးဆယ်ကျော်တင်သွင်းခဲ့လို့ ဒီတစ်ပတ်မှာ တန်ချိန် နှစ်ရာ့ငါးဆယ်ကျော်လောက် ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT (DOT) ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာတန် ၉၉၀၀ ကျော် အသွင်းရှိ                          အောက်တိုဘာ ၅ ရက်မှ ၁၁ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၃၄ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၉၉၃၀ တန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၂၆၀၀ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ စခန်း အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများမှာ မူဆယ်မှ ၉၆၅၈ တန်ကျော်၊ ကော့ သောင်းမှ အမိုးနီးယား ၁၇၆ တန်၊ ရိဒ်မှ ယူရီးယား ၈၆တန်နဲ့ စစ်တွေမှ ၁၀ တန် အသီးသီးဖြစ်ပါတယ်။                မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီး ယား၊ ကွန်ပေါင်း (NPK 10:10:5) နိုက်တြိတ်ပိုတက်ရှ်၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ ကွန်ပေါင်း NPK ၁၅ ပတ်လည်တို့ ဖြစ်ကြပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း              ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်   တိုင်းဒေသကြီး/ပြည်နယ်  အမျိုးအစား               ဈေးနှုန်း(ကျပ်/အိတ်)  ယခင်အပတ်  ပြောင်းလဲမှုယခုအပတ်  ရန်ကုန်တိုင်းဒေသကြီး     (မာလာမြိုင်)  ယူရီးယား(နေရွက်လှေ-တရုတ်)  ၂၃၂၀၀  ၂၃၃၀၀    ပိုတက် (ထိုင်း)      ၃၆၅၀၀  ၃၃၀၀၀    တီဆူပါ (သံကွင်း-တရုတ်)  ၂၈၀၀၀ ၂၆၅၀၀    ပိုတက် (တရုတ်)  ၂၆၀၀၀  ၂၂၅၀၀  မန္တလေးတိုင်းဒေသကြီး  ယူရီးယား(တရုတ်-ရွှေတောင်)  ၂၁၅၀၀ ၂၁၀၀၀   ယူရီးယား(ပန်းဖူး-တရုတ်) ၂၂၄၀၀  ၂၁၇၀၀   ကွန်ပေါင်း 15:15:15  (တရုတ်)      ၂၅၅၀၀ ၂၆၀၀၀   အာမို(ဒိုင်းမွန်းစတား)  ၃၆၅၀၀  ၃၇၅၀၀  တောင်ငူ   ယူရီးယား (ရွှေတောင်-တရုတ်)      ၂၁၀၀၀  ၂၂၀၀၀   ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၁၀၀၀  ၂၂၀၀၀   ကုလားအုတ် (တရုတ်)  ၂၃၅၀၀  ၂၃၅၀၀  တောင်ကြီး  ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂၂၀၀၀  ၂၂၀၀၀   ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)      ၂၃၀၀၀ ၂၃၀၀၀   ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)  ၂၂၀၀၀ ၂၂၀၀၀   တီစူပါ-(တရုတ်) 12%  ၁၀၅၀၀ ၁၀၅၀၀   တီစူပါ-(တရုတ်) 16%  ၁၁၀၀၀  ၁၁၀၀   တီစူပါ 15:15:15  (တရုတ်)  ၃၆၀၀၀  ၃၆၀၀၀   တီစူပါ 10:10:5 (တရုတ်) ၁၆၀၀၀  ၁၆၀၀၀   ပိုတက် (တရုတ်)  ၂၃၅၀၀ ၂၃၅၀၀   ဓာတ်ဆား (တရုတ်)      ၁၈၅၀၀  ၁၈၅၀၀  မော်လမြိုင်  ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၀၀၀  ၂၄၀၀၀   ပုလဲ(သေး)(ရွှေပျား 46% တရုတ်)  ၂၂၀၀၀  ၂၄၀၀၀   ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)  ၂၂၀၀၀ ၂၄၀၀၀   ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15  ၃၂၀၀၀  ၃၅၀၀၀   ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15       ၂၈၅၀၀  ၃၁၀၀၀   ကွန်ပေါင်း(မြင်းပျံ)ထိုင်း 16:16:8      ၂၇၅၀၀ ၂၈၀၀၀   တီစူပါ (တရုတ်) သံကွင်း 46%      ၂၅၀၀၀  ၂၆၀၀၀   တီစူပါ (တရုတ်) မျှားကမ္ဘာ 16%  ၁၃၅၀၀  ၁၃၅၀၀                                                                       MIRT (MAPT) 

Monday, 17 Oct 2011

                     အမေရိကန်စီးပွားရေး ပြန်လည်ကောင်းမွန်လာတဲ့ လက္ခဏာတွေရှိလာ တဲ့အပြင် အီးယူဒေသ အစိုးရတွေက ဒေသတွင်း ကြွေးမြီအကျပ်အတည်းကို ထိန်းချုပ်မယ်လို့ ကတိပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေက လောင်စာဝယ်လိုအား မြင့်မားလာဦးမယ်လို့ မျှော်မှန်းကြတယ်။ ဒါကြောင့် အောက် တိုဘာ ၁၀ ရက်က နယူးယောက်မှာ ရေနံစိမ်းဈေးနှုန်းတွေ စတုတ္ထမြောက် နေ့အဖြစ် မြင့်မားလာတယ်။ နယူးယောက် ကုန်စည်ရောင်းဝယ်ရေးမှာ နိုဝင်ဘာလ အရောက်ပို့ရမယ့် ရေနံစိမ်းက တစ်စည်ကို ၉၉ ဆင့် မြင့် မားကာ ၈၃ ဒသမ ၃၇ ဒေါ်လာအထိ မြင့်မားခဲ့ပြီး ဆစ်ဒနီ စံတော်ချိန် ညနေ ၅း၁၉ နာရီမှာ တစ်စည်ကို ၈၃ ဒသမ ၅၃ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ နိုဝင်ဘာလအရောက်ပို့ရမယ့် ဘရန့်အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁၈ ဆင့်မြင့်မားကာ ၁၀၆ ဒသမ ၀၆ ဒေါ်လာနဲ့ လန်ဒန်အခြေ စိုက် ICE Futures Europe Exchange  မှာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရတယ်။                   ရေနံထုတ်လုပ်သူတွေနဲ့ သုံးစွဲသူ တွေအနေနဲ့ လက်ရှိ ရေနံစိမ်းဈေးနှုန်း အပေါ် စိတ်ကျေနပ်မှုရှိနေကြောင်း OPEC  အဖွဲ့မှ အီရန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Mohammad Ali Khatibi  က ပြောကြားထားမှုကို အီရန် ရေနံဝန်ကြီးဌာန Website  မှာ ဖော်ပြထားတယ်လို့ သိရတယ်။ လောလော ဆယ် ကမ္ဘာ့ရေနံဈေးကွက်မှာ ရောင်း လိုအား ပိုလျှံမှုမရှိကြောင်း၊ ဆော်ဒီအာ ရေးဗီးယားနိုင်ငံက မကြာသေးမီလတွေ ကဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ ရေနံ စိမ်းဝယ်လိုအားနဲ့ ကိုက်ညီတဲ့ ထုတ်လုပ်မှုကို ချင့်ချိန်နေဆဲဖြစ်ကြောင်း ဆော်ဒီရေနံဝန်ကြီး Ali Al-Naimi  က အောက်တိုဘာ ၈ ရက်မှာ ပြောကြားခဲ့ ပါတယ်။ Source:Bloomberg.com,  ပပ

Pages