Main menu

Background

Sunday, 24 Apr 2011

  ပဲတီစိမ်း ဈေး အနည်းငယ်အေး               အိန္ဒိယ ပြည်တွင်းအဓိကဈေးကွက်တွေအတွင်း အရောင်းအဝယ်အေးတာကြောင့် ဈေးငြိမ်ရာမှ အနည်းငယ်အေးလာပါတယ်။ ဈေးကွက်များအတွင်း ပဲတီစိမ်းလက်ကျန် အကန့်အသတ်သာရှိပြီး ပဲခွဲစက်များက အဝယ်ပြန်ထွက်လာခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်။ ပြည်တွင်းပဲတီစိမ်းထုတ်လုပ်မှု ပိုမိုပေမဲ့ ပြည်ပပဲတီစိမ်းဈေးထက် လျော့ပြီး အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယအရှေ့ပိုင်း တောင်သူများက မတ်ပဲထက် နွေပဲတီစိမ်းကို စိုက်ဧက ပိုတိုးစိုက်လာကြတဲ့အတွက် မေလကစပြီး ပဲဝင်ရောက်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒေသတွင်း မိုးနှေးကွေးနေခြင်းက သီးနံှရိတ်သိမ်းဖို့အတွက် အလားအလာ ကောင်းနေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း ဈေးများများ မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                  ဒေါ်လာ/တန်  ဈေးကွက်               ၂၁ .၄ .၁၁           ၂ဝ .၄ .၁၁              ၁၉ .၄ .၁၁                    ၁၈ .၄ .၁၁မွန်ဘိုင်း(ကင်ညာ)      ၁ဝ၆၇                  ၁ဝ၆၅                       ၁ဝ၇၄                      ၁ဝ၈၄ဒေလီ                      ၈၃၅-၉၇၁          ၈၃၄-၉၆၇                 ၈၂၈-၉၆၂                    ၈၃၆-၉၇၁အာကိုလာ              ၉၇၁-၁ဝ၈၄           ၉၆၉-၁၁၂၇              ၉၆၂-၁၁၁၉                       -

Sunday, 24 Apr 2011

 ကုလားပဲဈေး အနည်းငယ်လျော့ကျ              အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအားနည်းနေ လို့ ကုလားပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ကုလားပဲအဓိကစိုက်ပိုျးတဲ့နိုင်ငံ အနောက်မြောက်ပိုင်းမှာ ရာသီဥတု ခြောက်သွေ့နေခြင်းက ပဲရိတ်သိမ်းဖို့ အခွင့်အရေး ပိုကောင်းနေပါတယ်။ မဟာရပ်ရှတရာနဲ့ ကာနာတာကာမှ ပဲခွဲစက်များက ဝယ်လိုအား ခိုင်မာနေဆဲဖြစ်ပါတယ်။ ဒေလီဈေးကွက်ကို ရာဂျက်စသန် ကုလားပဲတွေဝင်ရောက်မှု တိုးတက်လာ ပေမဲ့ အရည်အသွေးနိမ့်လို့ မဒ္ဒရာပရာဒေ့ရှ် ကုလားပဲဈေးနဲ့ယှဉ်ရင် ဈေးလျော့တယ်လို့ သိရပါတယ်။ နိုင်ငံတကာအနေနဲ့ သြစတြေးလျနိုင်ငံ ကုလားပဲအဓိက စိုက်ပျိုးရာဒေသမှာ မေလမှ ဇွန်လအတွင်း ရာသီဥတု စိုစွတ်မယ့်ခန့်မှန်းချက်အရ တောင်သူများဟာ ယခင်နှစ်နဲ့ယှဉ်ရင် စိုက်ဧက ပိုလာဖွယ်မရှိဘူးလို့ခန့်မှန်းကြပါတယ်။ အိန္ဒိယကုလားပဲဈေးကတော့ လာမယ့်ရက်အတွင်း များများမကျနိုင်ဘူးလို့ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေ ကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                   ဒေါ်လာ/တန်  ဈေးကွက်          ၂၁ .၄ .၁၁           ၂ဝ .၄ .၁၁           ၁၉ .၄ .၁၁                ၁၈ .၄ .၁၁မွန်ဘိုင်း                 ၅၁၄                  ၅၁၈                    ၅ဝ၉                         ၅၂ဝဒေလီ               ၄၉၇-၅ဝ၂           ၄၉၆-၅ဝ၁             ၄၉၂-၄၉၈                  ၄၉၇-၅ဝ၃ကန်ပါ                  ၅၄၂                  ၅၃၉                      ၅၃၅                        ၅၃၈

Sunday, 24 Apr 2011

လက်ကားဈေးနှုန်းညွှန်းကိန်းမြင့်တက်မှုအပေါ် အခြေခံတဲ့ အိန္ဒိယ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၈ ဒသမ ၂၈ ရာခိုင်နှုန်းရှိခဲ့ရာက ဧပြီလ ၉ ရက်မှာပြီးဆုံးတဲ့သီတင်းပတ်မှာ ၈ ဒသမ ၇၄ ရာခိုင်နှုန်းကို အနည်းငယ်တိုးတက်ခဲ့ပါတယ်။ လောင်စာဆီ ဈေးနှုန်း ကလည်းယခင်သီတင်းပတ်က ၁၂ဒသမ ၉၇ရာခိုင်နှုန်းရှိခဲ့ရာမှ ၁၃ဒသမ ဝ၅ ရာခိုင်နှုန်းကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ အချို့ပဲ လက်ကား ဈေးနှုန်းကတော့ ဝယ်လိုအားနည်းလို့ ဈေးကျနေတယ်လို့ သိရပါတယ်။ မတ်ပဲဈေး ကျဆင်းနေဆဲ                  အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း ယခုသီတင်းပတ်မှာ ပဲခွဲစက် များက ဝယ်လိုအားနည်းတာကြောင့် မတ်ပဲဈေး ကျဆင်းနေပါတယ်။ ဥတ္တရာပရာဒေ့ရှ်အရှေ့ပိုင်း၊ ဘီဟာနဲ့ ချတ်ဟန်းပြည်နယ်တွေမှာ ပဲတီစိမ်း စိုက်ဖို့မြေယာတွေ ပိုမိုဝယ်ယူလာကြတဲ့ သတင်းတွေအရ မေလနဲ့ ဇွန်လ အတွင်း ဈေးကွက်တွေထဲ ဝင်ရောက်လာမယ့် ပဲတွေကို စောင့်ကြည့်နေကြတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံမှာ အထွက်နှုန်းကျဆင်းတဲ့ သတင်း တွေနဲ့ မိုးလေဝသဌာနက မိုးရာသီပုံမှန်မိုးရွာသွန်းမယ်လို့ ခန့်မှန်းထား တဲ့တိုင် စိုက်ဧက သိသိသာသာမပိုတဲ့ သတင်းတွေ ရပေမဲ့ ဈေးကွက်တွေ မှာ တင်သွင်းမတ်ပဲရောင်းချမှု လုံလောက်နေတယ်လို့ သိရပါတယ်။ ယခု နှစ်စပိုင်းက လက်ကျန်နည်းတဲ့အတွက် တင်သွင်းသူတွေက မတ်နဲ့ ဧပြီလ အတွင်း သင်္ဘောတင်ဖို့ စာချုပ်အမြောက်အမြား ချုပ်ဆိုခဲ့တာကြောင့် မတ်ပဲ FAQ ရော  SQ  ပါ လက်ကျန်တွေ များနေတယ်လို့ ဆိုပါတယ်။ MMTC  က ပဲတင်ဒါခေါ်ယူခြင်းက နိုင်ငံတကာဈေးကို အထောက်အပံ့ ဖြစ်နိုင်ပေမဲ့ ပြည်တွင်းဈေးကွက်မှာတော့ ဝယ်လိုအားနည်းလို့ ဈေးလျော့ ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                             ဒေါ်လာ/တန်  ဈေးကွက်           ၂၁ .၄ .၁၁             ၂ဝ .၄ .၁၁             ၁၉ .၄ .၁၁                ၁၈ .၄ .၁၁မွန်ဘိုင်း                   ၉၄၂                     ၉၅၂                     ၉၅၇                        ၉၇၇ဒေလီ                 ၈၉၂-၉၄၈              ၉ဝ၁-၉၅၈             ၈၉၅-၉၅၁                ၈၉၂-၉၆ဝချန်နိုင်း             ၉၆၅-၁၁၄၆           ၉၆၃-၁၁၄၉             ၉၆၂-၁၁၄၁              ၉၇၇-၁၁၆၃

Sunday, 24 Apr 2011

ဒီနှစ် မတ်လမှာ အသွင်းလျော့                 ဧပြီလ ၁ရက်မှ ၇ ရက်တာကာလ အတွင်း နို့ဆီ၊ နို့စိမ်း စုစုပေါင်းတန်ချိန် ၈၂၃ ဒသမ ၉၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇ သိန်းကျော်ဖိုးကို ပင် လယ်ရေကြောင်းလမ်းကနေ မှာယူတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံ ကတော့ မလေးရှားနဲ့ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒွန်းတံဆိပ်၊ အိုကေတံဆိပ်နဲ့ COW BELL တံဆိပ်စတဲ့ တံဆိပ်မျိုးစုံ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ မတ်လရဲ့ နို့ဆီ၊ နို့စိမ်းတင်သွင်း မှုက ကန်ဒေါ်လာ ၂ သန်းနီးပါးဖိုးရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ ကန်ဒေါ်လာ ၁ သန်း နီးပါးရှိခဲ့တာကြောင့် မတ်လမှာ ကန်ဒေါ်လာ ၁ သန်းခန့်လောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လရဲ့ နို့ဆီ၊ နို့စိမ်းတင်သွင်းမှုမှာ ကန်ဒေါ်လာ ၄ သန်းကျော် ရှိခဲ့တာ ကြောင့် ဒီနှစ်မတ်လရဲ့ အဝင်နဲ့ယှဉ်ရင် ကန်ဒေါ်လာ ၂ သန်းကျော်ခန့် လျော့ နည်းပြီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်တင်သွင်းမှုအနေနဲ့ မတ်လ မှာ ကန်ဒေါ်လာ ၁ ဒသမ ၃၁ သန်းဖိုး တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလမှာ ၇ သိန်း ကျော်ဖိုးတင်သွင်းခဲ့တာကြောင့် မတ်လ မှာ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ မတ်လရဲ့ နို့မှုန့်တင်သွင်းမှုမှာ ကန်ဒေါ်လာ ၆ သိန်းနီးပါးရှိခဲ့တာ ကြောင့် ဒီနှစ်မတ်လရဲ့ နို့မှုန့်တင်သွင်းမှု နဲ့ နှိုင်းယှဉ်ရင် လျော့ကျတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်အသွင်းပို               ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၉၅ ဒသမ ၃၆၉ တန် (၅ဝ၃ဝကာတွန်း)နဲ့ နို့စိမ်း ၂၉၃ ဒသမ ၈၈ တန် (၅၅ဝဝ ကာတွန်း) ကန်ဒေါ်လာ ဝ ဒသမ ၁၇၂ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် နို့ဆီ ၃၈၃ဝ ကာတွန်းနဲ့ နို့စိမ်း ၂၁ဝ၁ ကာတွန်း ယခုအပတ်မှာ ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ တရုတ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိဘူးလို့ သိရပါတယ်။ MIRT (DOBT)  ပြည်တွင်းနို့ဆီ လက်လီဈေးများ                      နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်  လက်လီဈေး               ကျပ်/တစ်ဘူး                           ရန်ကုန်    မန္တလေးဒွန်း( နို့ဆီ )               ၈ဝဝ     ၈၁၅ဒွန်း( နို့စိမ်း)              ၇၅ဝ      ၇၆၅Falcon နို့ဆီ              ၆၈ဝ      ၆၉၅Happy Cow              ၆၅ဝ     ၆၆၅မာရီဂိုး(နို့ဆီ)             ၇ဝဝ     ၇၁၅အိုကေနို့ဆီ               ၇၅ဝ     ၇၆၅MIRT (DOT)

Sunday, 24 Apr 2011

မတ်လမှာ ဘိလပ်မြေ ကန်ဒေါ်လာ သန်း ၄ဝ နီးပါး တင်သွင်းခဲ့                 ဧပြီလ ပထမပတ်အတွင်း ဘိလပ်မြေတန်ချိန် ၇ဝဝဝ နီးပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆ သိန်းနီးပါးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၆၇၅ တန်၊ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေ ၆ဝဝ၃ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၅ဝ အသီးသီး မှာယူတင်သွင်းခဲ့ပါတယ်။ မတ်လတစ်လလုံး ဘိလပ်မြေတင်သွင်းခဲ့တဲ့ တန်ဖိုးက ကန်ဒေါ်လာ ၄ဝ သန်းနီးပါး ရှိခဲ့ပြီး ၂ဝ၁၁ ဖေဖော်ဝါရီလရဲ့ ဘိလပ်မြေတင်သွင်းမှုက ကန်ဒေါ်လာ ၂၁ သန်း ရှိခဲ့တာကြောင့် မတ်လမှာ ဘိလပ်မြေတင်သွင်းမှုက ထက်ဝက်ခန့် ပိုမိုတင်သွင်း ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။ အလားတူကာလဖြစ်တဲ့ ၂ဝ၁ဝ မတ်လရဲ့ ဘိလပ်မြေ တင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၁ သန်းရှိခဲ့တာကြောင့် ယခုနှစ်မတ်လမှာ သုံးဆ ကျော် ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု ယခုအပတ်လျော့                  မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း လွယ်ဂျယ်၊ တာချီလိတ်နဲ့ မြိတ်နယ်စပ်စခန်းများမှ ဘိလပ်မြေ ၁၇၇၂ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၂၄ သန်းဖိုးတင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၉၅ တန် လျော့နည်း တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကမောင်တောမှ တန် ၂၈၈ တန် တင်သွင်းမှု ရှိခဲ့ပေမဲ့ ယခုအပတ် မောင်တောမှတင်သွင်းမှုမရှိတဲ့အပြင် မြိတ်နဲ့ တာချီလိတ်စခန်း များရဲ့ ယခုအပတ်တင်သွင်းမှုဟာ ယခင်အပတ်နဲ့နှိုင်းယှဉ်ရင် လျော့ကျခဲ့တယ် လို့ သိရပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/                     အမျိုးအစား                      ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                           ယခင်အပတ် ယခုအပတ်              ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး     ဘိလပ်မြေ(ဆင်)ထိုင်း           ၅၁ဝဝ         ၅ဝ၅ဝ(လက်ကား)                    ဘိလပ်မြေ (စိန်)                 ၄၉၅ဝ         ၄၉ဝဝ                                    ဘိလပ်မြေ (ကျောက်ဆူး)       -                ၄၆၅ဝ                      -မန္တလေးတိုင်းဒေသကြီး    ဘိလပ်မြေ(ဆင်)ထိုင်း          ၆၉ဝဝ           ၆၉ဝဝ                                    ဘိလပ်မြေ (AAA)                ၅၄ဝဝ           ၅၄ဝဝ                                    ဘိလပ်မြေ(မြန်မာဆင်)        ၅၂ဝဝ           ၅၂ဝဝ                                     ဘိလပ်မြေ(စိန်)ထိုင်း          ၆၉ဝဝ           ၇ဝဝဝ                                    ဘိလပ်မြေ(ဆင်မင်း)            ၅ဝဝဝ          ၅ဝဝဝ                                    ဘိလပ်မြေ(ကျားခေါင်း)        ၅၂ဝဝ           ၅၂ဝဝ                                    ဘိလပ်မြေ(မြင်းခေါင်း)         ၅ဝဝဝ          ၅ဝဝဝတောင်ငူ                        ဘိလပ်မြေ(ကြံ့)ထိုင်း            ၆၈ဝဝ          ၆၈ဝဝ                                   ဘိလပ်မြေ(ဆင်)ထိုင်း           ၇၂ဝဝ           ၇၂ဝဝ                                  ဘိလပ်မြေ(မြင်းခေါင်း)           ၅၂ဝဝ          ၅၂ဝဝ                                  ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ           ၆၆ဝဝတောင်ကြီး                   ဘိလပ်မြေ(စိန်)ထိုင်း              ၇၉ဝဝ          ၇၆ဝဝ                                  ဘိလပ်မြေ(ခြင်္သေ့)                  ၆၁ဝဝ          ၆၁ဝဝ                                  ဘိလပ်မြေ(မြို့တော်)               ၆ဝဝဝ           ၆ဝဝဝမော်လမြိုင်                  ဘိလပ်မြေ(ဆင်)ထိုင်း               ၆၂၅ဝ          ၆၂၅ဝ                                  ဘိလပ်မြေ(ကြံ့)မြိုင်ကလေး       ၄၈ဝဝ          ၅၇ဝဝမကွေးတိုင်းဒေသကြီး     ဘိလပ်မြေ(ဆင်)ထိုင်း             ၆၂ဝဝ            ၆၈ဝဝ                                  ဘိလပ်မြေ(မြင်းခေါင်း)             ၆ဝဝဝ            ၆ဝဝဝMIRT (MAPT)

Sunday, 24 Apr 2011

ဗီယက်နမ်ကွန်ပေါင်းမြေသြဇာ အသွင်းများ              ဧပြီလ ၁ ရက်မှ ၇ ရက်ထိတစ်ပတ်အတွင်း ဓာတ်မြေသြဇာတန်ချိန် ၉ဝဝ နီးပါး၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၇သိန်းနီးပါးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေကတော့ အီရန်နိုင်ငံမှ ဓာတ်မြေသြဇာ ၂၄ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၈ဝဝ ကျော် တင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဗီယက်နမ်နိုင်ငံဘက်မှ တင်သွင်းလာတဲ့ ဓာတ်မြေသြဇာများအနက် ကွန်ပေါင်းဓာတ်မြေသြဇာပမာဏများတာ တွေ့ရပါတယ်။ ဓာတ်မြေသြဇာ မတ်လတစ်လလုံး တင်သွင်းမှုအနေနဲ့ ကန်ဒေါ်လာ ၄ သန်းနီးပါးရှိခဲ့ပြီး ဖေဖော်ဝါရီလမှာ ၁ ဒသမ ၇ သန်းခန့်သာရှိခဲ့လို့ မတ်လမှာ နှစ်ဆကျော် ပိုမိုတင်သွင်းလာခဲ့တာ တွေ့ရပါတယ်။ အလားတူ ၂ဝ၁ဝ မတ်လမှာ ကန်ဒေါ်လာ တစ်သန်းနီးပါးသာ တင်သွင်းခဲ့တဲ့အတွက် ယခုနှစ်ကာလတူတင်သွင်း မှုထက် သိသိသာသာမြင့်တက်လာတာကို တွေ့ရှိရပါတယ်။                      MIRT(DOT) ယခုအပတ်နယ်စပ်မှ ဓာတ်မြေသြဇာတင်သွင်းမှုတန် ၁၈ဝဝ ကျော်ပိုမို               မတ်လ ၃ဝ ရက်မှ ဧပြီလ ၅ ရက်ထိကာလအတွင်း မူဆယ်နဲ့ ရိဒ်နယ်စပ် နှစ်ခုမှသာ ကန်ဒေါ်လာ ၂ ဒသမ ၆၂ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၃၂၇၃ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ တာချီလိတ်၊ ရိဒ်နဲ့ တမူးစခန်းများက တင်သွင်းမှုများရှိခဲ့ပြီး ယခုအပတ်မှာ မူဆယ်နဲ့ ရိဒ်စခန်း နှစ်ခုကသာ တင်သွင်းမှုရှိသော်လည်း ၁၈၂၄ တန်ကျော်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ ရိဒ်နယ်စပ်မှ ပိုတက်ရှ်နဲ့ ယူရီးယားတန် ၁၇ဝ ခန့် တင်သွင်းခဲ့ပြီး မူဆယ်နယ်စပ်မှ ယူရီးယား၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း၊ တီစူပါဖော့စဖိတ်၊ နိုတ်တြစ် ဖော့စဖိတ်၊ စင်ဂဲလ်စူပါဖော့စဖိတ်များတင်သွင်းမှု ပမာဏများပြားလျက် ရှိပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်              အမျိုးအစား                                ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                               ယခင်အပတ်    ယခုအပတ်            ပြောင်းလဲမှု(မာလာမြိုင်)                            ယူရီးယား(တရုတ်)နေရွက်လှေ            ၂ဝဝဝဝ     ၂၁၅ဝဝ                                              တီစူပါ မြား(တရုတ်)                          ၂၄၈ဝဝ     ၂၅၃ဝဝ                                              တီစူပါ သံကွင်း(တရုတ်)                     ၂၅ဝဝဝ     ၂၅၃ဝဝ                                               ပိုတက်(တရုတ်)                               ၂၃၅ဝဝ    ၂၂၃ဝဝမန္တလေးတိုင်းဒေသကြီး               ယူရီးယား(တရုတ်-ရွှေတောင်)            ၁၈၅ဝဝ    ၂ဝ၁ဝဝ                                               ယူရီးယား(တရုတ်-ပန်းဖူး)                 ၁၉၁ဝဝ    ၂ဝ၄ဝဝ                                               တီဆူပါ GTSP 46%                         ၂၂၅ဝဝ    ၂၃၁ဝဝ                                               တီဆူပါ GSSP 16%                          ၈၈ဝဝ      ၉၅ဝဝ                                               တီဆူပါ GSSP 12%                           ၈၁ဝဝ     ၈၈ဝဝ                                                ကွန်ပေါင်း 15:15:15 (တရုတ်)         ၂၈ဝဝဝ    ၂၉ဝဝဝ                                                 အာမို (ဒိုင်းမွန်းစတား)                       ၄၁ဝဝဝ  ၄ဝဝဝဝတောင်ငူ                                    ယူရီးယား (ရွှေတောင်-တရုတ်)          ၂၂၃ဝဝ    ၂၂၃ဝဝ                                               ယူရီးယား (ကမ္ဘာလုံး-တရုတ်)             ၂၂၃ဝဝ    ၂၂၃ဝဝ                                               ယူရီးယား (ယူအေအီး-တရုတ်)           ၂၃၅ဝဝ    ၂၃၅ဝဝ                                               ကုလားအုတ် (တရုတ်)                      ၂၂၃ဝဝ    ၂၂၃ဝဝတောင်ကြီး                                ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)      ၂ဝဝဝဝ    ၁၉၅ဝဝ                                               ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)        ၂ဝဝဝဝ      ၁၉၈ဝဝ                                              ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)    ၂ဝဝဝဝ     ၁၉၅ဝဝ                                              တီစူပါ-(တရုတ်) 12%                       ၉ဝဝဝ          ၉၅ဝဝ                                              တီစူပါ-(တရုတ်) 16%                       ၉၅ဝဝ         ၉၈ဝဝ                                              တီစူပါ 15:15:15 (တရုတ်)                ၃၉၅ဝဝ     ၃ဝ၅ဝဝ                                              တီစူပါ 10:10:5(တရုတ်)                    ၁၄ဝဝဝ    ၁၃၅ဝဝ                                              ပိုတက် (တရုတ်)                              ၁၉၅ဝဝ     ၂ဝ၅ဝဝ                                              ဓာတ်ဆား (တရုတ်)                          ၁၃၅ဝဝ     ၁၅ဝဝဝမော်လမြိုင်                              ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)      ၂၂ဝဝဝ       ၂၂ဝဝဝ                                             ပုလဲ(သေး)(ရွှေပျား 46% တရုတ်)      ၂၂ဝဝဝ      ၂၂ဝဝဝ                                             ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)  ၂၂၂ဝဝ     ၂၂၂ဝဝ                                             ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15     ၃၈ဝဝဝ      ၃၈ဝဝဝ                                             ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15  ၃၂ဝဝဝ   ၃၂ဝဝဝ                                             ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8         ၃၁ဝဝဝ    ၃၂ဝဝဝ                                             တီစူပါ (တရုတ်) သံကွင်း 46%            ၂၅၈ဝဝ   ၂၆ဝဝဝ                                             တီစူပါ (တရုတ်) မျှား 46%                 ၂၄၈ဝဝ   ၂၄၈ဝဝ                                             တီစူပါ (တရုတ်) မျှားကမ္ဘာ 16%         ၁၃ဝဝဝ    ၁၃ဝဝဝMIRT (MAPT)

Sunday, 24 Apr 2011

World Metal Price (US$)Date          Silver/Oz        Zinc/Ton           Aluminium/Ton        Copper/Ton            Platinum/Oz19-April        43.22           2360.96            2730.34                  9534.34                1767.0020-April        44.79           2381.79            2716.00                  9700.10                1799.0021-April        45.85           2386.05            2722.94                  9697.18                1803.0022-April        46.62           2387.62            2732.35                  9806.94                1815.00Source:kitco.com

Sunday, 24 Apr 2011

Energy NYMEX 22-4-2011                                                                  Price           Change          Change %Brent Crude Futr (USD/bbl)                      123.990           0.14                0.11Gas Oil Fut (ICE) (USD/MT)                       1017.75          -5.75               -0.56Gasoline Rbob Fut (Cent/gal)                     319.92            -2.22               -0.69Heating Oil Futr (Cent/gal)                          4.41                0.10                  2.37Natural Gas Futr (USD/MMBtu)                   330.86             3.13                 0.96WTI Crude Future (USD/bbl.)                     112.29            0.84                 0.75

Sunday, 24 Apr 2011

နယ်စပ်ငွေလဲလှယ်နှုန်း                           ဧပြီ ၂ဝ၁၁ ((1US$)ရက်      တရုတ်         ထိုင်း           ဘင်္ဂလားဒေ့ရှ်             အိန္ဒိယ            (ယွမ်)         (ဘတ်)            (တာကာ)                (ရူပီး)18       6 .53           30.13              72.95                    44.5919       6.53            30.06              72.95                    44.5120       6 .53           29.94              72.95                    44.3921       6 .52          29.90               72.81                    44.2922       6.51           29.92              72.95                     44.18

Sunday, 24 Apr 2011

World Gold Price               April 2011 (USD/OZ)Date NY London Zurich20         1504          1503         150421         1506          1505         150622         1505          1505         150523         1425          1425         1425Domestic Gold Price                           Kyats(Thousand)Date                Yangon          Mandalay18-4-2011         675.00          673.5019-4-2011          674.00         673.5020-4-2011          675.20         674.5021-4-2011          676.00          675.3022-4-2011          676.50          676.00

Pages