Main menu

Background

Sunday, 24 Apr 2011

Currency Exchange Rate                              April 22, 2011                         Base Currency is               United States Dollar - USD           Currency Unit Units per USDAUD Australia Dollars                  0.93BDT Bangladesh Taka               72.95CAD Canada Dollars                    0.95CNY China Yuan Renminbi          6.51EUR Euro                                   0.69HKD Hong Kong Dollars             7.77INR India Rupees                       44.18IDR Indonesia Rupiahs              8625.00JPY Japan Yen                           81.89MYR Malaysia Ringgits                3.00PKR Pakistan Rupees                 84.27PHP Philippines Pesos                 43.17RUB Russia Rubles                      27.96SGD Singapore Dollars                1.23KRW South Korea Won           1081.64LKR Sri Lanka Rupees                 110.17THB Thailand Baht                        29.92GBP United Kingdom Pounds        0.61VND Vietnam Dong                    20820.00Source : xe.com

Sunday, 24 Apr 2011

တရုတ်နိုင်ငံငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် အတိုးနှုန်း ထပ်မံမြှင့်တင်ပေး                   တရုတ်နိုင်ငံက ၂ဝ၁ဝ အောက်တိုဘာမှစပြီး အတိုးနှုန်းတွေကို မြှင့်တင် ပေးခဲ့ရာမှ အခုဧပြီလမှာလည်း စတုတ္ထ အကြိမ်မြောက် အတိုးနှုန်း ထပ်မံမြှင့် တင်လိုက်ကြောင်း သတင်းရရှိပါတယ်။ တစ်နှစ်စာငွေ ချေးနှုန်း (One-year Lending rate)  ကို သုည ဒသမ ၂၅ ရာခိုင်နှုန်း (25 basic points) မြှင့်တင်ပေးကာ ၆ ဒသမ ၃၁ ရာခိုင် နှုန်း အဖြစ် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ၎င်းအပြင် တစ်နှစ်တာ ဘဏ်အပ်ငွေအပေါ် အတိုးနှုန်း(Deposit Rate) ကိုလည်း သုည ဒသမ ၂၅ ရာခိုင်နှုန်း (25 basic points) တိုးမြှင့်ပေးကာ ၃ဒသမ ၂၅ရာခိုင်နှုန်းအဖြစ် သတ်မှတ်လိုက်ကြောင်း၊ ၎င်းအတိုးနှုန်း မြှင့်တင်ပေးမှုတွေက ဧပြီလ ၆ ရက်နေ့မှ စပြီး သက်ဝင်မှုရှိကြောင်း သိရပါတယ်။ အတိုးနှုန်းမြှင့်တင်မှုအပေါ် ပြည်သူတွေအနေနဲ့ အံ့သြမှုမရှိကြောင်း၊ ကမ္ဘာ့ရေနံစိမ်းဈေး မြင့်မားမှုကြောင့် တရုတ်ပြည်တွင်းမြင့်မားလာတဲ့ ငွေကြေးဖောင်းပွမှုပြဿနာကြောင့် အတိုးနှုန်းမြှင့်တင်ပေးရကြောင်း၊ မတ်လ အတွင်း စားသုံးသူဈေးဆညွှန်းကိန်း (CPI) က ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ယူဆကြောင်း၊ ဖေဖော်ဝါရီလအတွင်းက ၄ ဒသမ ၉ ရာခိုင် နှုန်းတိုးတက်ခဲ့ရာ အစိုးရခန့်မှန်းထားတဲ့ ၄ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားခဲ့ကြောင်း တရုတ်စက်မှုဘဏ်ဘောဂဗေဒ ပညာ ရှင်ချုပ် Lu Zhengwei  က ပြောကြား ခဲ့ပါတယ်။                တရုတ်ဗဟိုဘဏ်အနေနဲ့ ယခုနှစ် အတွင်း အတိုးနှုန်းကို အနည်းဆုံး တစ်ကြိမ် ထပ်မံမြှင့်တင်ပေးဦးမယ် မျှော် လင့်ကြောင်း၊ လာမယ့် နှစ်လ၊ သုံးလ အတွင်း အတိုးနှုန်းကို ထပ်မံမြင့်တင်ပေးမယ် မျှော်လင့်ကြောင်း Lu က က ထပ်မံ ပြောကြားခဲ့ပါတယ်။ Source:the stemdard.com.hk. ပပ

Sunday, 24 Apr 2011

ရွှေ၊ ငွေဈေးကွက် အပြိုင်တက်                 အမေရိကန်အစိုးရရဲ့ အသုံးစရိတ်က ထိန်းမနိုင်သိမ်းမရ မြင့်တက်နေသလို အမေရိကန်ဗဟိုဘဏ်က ဒေါ်လာတန်ဖိုးကျအောင် တမင်လုပ်ဆောင်နေတဲ့ အတွက် ရွှေ၊ ငွေဈေးနှုန်းတွေက ဆက်လက်မြင့်တက်နေပါ တယ်။ လန်ဒန် PM Fix Price  နဲ့ တိုင်းတာတဲ့အခါ ရွှေရဲ့ဈေးနှုန်းက ဧပြီ ၂၃ ရက် ဈေးပိတ်ချိန်မှာ တစ်အောင်စ ကို ၁၅ဝ၄ ဒေါ်လာထိ ဖြစ်ခဲ့ပါတယ်။ လေးရက် အတွင်းမှာ ၂၇ ဒသမ ၂၅ ဒေါ်လာနှုန်းမြင့်တက်ခဲ့တာဖြစ်ပါတယ်။ ရွှေဈေးက ဧပြီလအတွင်းမှာ ၈၆ ဒေါ်လာ မြင့်တက်ခဲ့ပြီး၊ ဇန်နဝါရီလကရှိခဲ့တဲ့ တစ်အောင်စ ၁၃၁၉ ဒေါ်လာနဲ့နှိုင်းယှဉ်ခဲ့ရင် ၁၈၅ ဒေါ်လာထိ မြင့်တက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ေြွကးမြီက ဆက်လက်မြင့်တက်နေသလို ဗဟိုဘဏ် ကလည်း ငွေကြေးကို ရိုက်ထုတ် နေတဲ့အတွက် ကမ္ဘာတစ်ဝန်းရှိ အစိုးရတွေက လည်း ကိုယ်ကျိုးစီးပွားကာကွယ်ဖို့ အရေးယူဆောင်ရွက်နေရပါတယ်။ ဒေါ်လာ တန်ဖိုးဟာ နှစ်စကနေ ပြန်ကြည့်ရင် ၁ဝ ရာခိုင်နှုန်းနီးပါး ကျဆင်းနေတဲ့အတွက် ရွှေနဲ့ ငွေသတ္တုတွေက သီးသန့်ငွေကြေးသဖွယ်ဖြစ်လာရပါတယ်။ ငွေသတ္တုဈေးက ယခုရက်သတ္တ ပတ်အတွင်းမှာ တစ်အောင်စကို ၃ ဒသမ ၆၅ ဒေါ်လာ (၈ ဒသမ ၅၇ ရာခိုင်နှုန်း) မြင့်တက်နေပါတယ်။ လန်ဒန် PM Fix Price  အရ တစ် အောင်စကို ၄၆ ဒသမ ၂၆ ဒေါ်လာနှုန်းထိ ဖြစ်နေပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ လာမယ့်ရက် သတ္တပတ်မှာ ငွေဈေးဟာ စံချိန်တင်မြင့်တက်မယ့်အခြေအနေကို ရောက်ရှိနေပါတယ်။ ဇန်နဝါရီက ရှိခဲ့တဲ့ တစ်အောင်စ ၂၆ ဒသမ ၆၈ ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ၇၃ ရာခိုင်နှုန်းလောက် ထပ်မံ မြင့်တက်နေတာ တွေ့ရပါတယ်။ ှSources:goldandsilverblog.com

Sunday, 24 Apr 2011

ဥရောပ ဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမည်ခန့်မှန်း၍ ယူရိုငွေတန်ဖိုးမြင့်မားလာ                ဂျာမဏီမှာ ပို့ကုန်နဲ့ အင်္ဂလန်ရဲ့ ထုတ်လုပ်သူဈေးနှုန်းတွေ မြင့်မားလာမယ်လို့ ခန့်မှန်းထားတဲ့ စာရင်းဇယားတွေပေါ်ထွက်မလာမီ စတော့ရှယ်ယာတန်ဖိုးတွေ မြင့်မားသွားပါတယ်။ ဒါကြောင့် ဂျပန်ယန်းငွေနဲ့ ကန်ဒေါ်လာတို့က လဲလှယ်ဖက် ငွေကြေးတွေနဲ့ယှဉ်ရင် တန်ဖိုးကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျာမဏီရဲ့ ဖေဖော်ဝါရီလတင်ပို့မှုက ယခင်လတင်ပို့မှုထက် ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ မတ်လအတွင်း အင်္ဂလန်ထုတ်လုပ်သူဈေးနှုန်းမှာလည်း ဖေဖော်ဝါရီလကထက် သုည ဒသမ ၆ ရာခိုင်နှုန်းမြင့်မားခဲ့ကြောင်း၊ 0x158င်း အချက်အလက် တွေက ကမ္ဘာ့စီးပွားရေးဦးမော့လာမှု အရှိန်ကောင်းလာတယ်ဆိုတဲ့ လက္ခဏာများပဲ ဖြစ်ကြောင်း သိရပါတယ်။                ဒါကြောင့် ယန်းငွေက ယူရိုငွေနဲ့ လဲလှယ်ရာမှာ ကျဆင်းသွားခဲ့ပါတယ်။ ဧပြီလ ၇ ရက်က နယူးယောက်မှာ တစ်ယူရိုကို ၁၂၁ ဒသမ ၄၉ ယန်းရှိနေရာမှ ဧပြီလ ၈ ရက် လန်ဒန်စံတော်ချိန် ၆း၄၇ နာရီမှာ တစ်ယူရိုကို ၁၂၂ ဒသမ ၄၅ ယန်းအထိ ယန်းတန်ဖိုး ကျဆင်းသွားခဲ့ပါတယ်။ ၎င်းနှုန်း မတိုင်မီက တစ်ယူရိုကို ၁၂၂ ဒသမ ၆၄ ယန်းအထိ ရောက်ရှိခဲ့ရာ ၂ဝဝ၉ ခုနှစ် မေလ ၅ ရက်နောက်ပိုင်း ယန်းတန်ဖိုးအနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ယခုအပတ်အတွင်း ယန်းတန်ဖိုး ၂ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါတယ်။              ယန်းငွေက ကန်ဒေါ်လာနဲ့ လဲလှယ်ရာမှာလည်း တန်ဖိုး သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်ဒေါ်လာ ကို ၈၅ ဒသမ ၁ဝ ယန်းအထိ ရောက်ရှိခဲ့ပါတယ်။ ကန်ဒေါ်လာအညွှန်းကိန်းကလည်း ၇၅ ဒသမ ၁၈၄ အထိ ကျဆင်း သွားရာ ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနည်းဆုံးဖြစ်သွားပါတယ်။ ယူရိုငွေ တန်ဖိုးက ယန်းငွေနဲ့ လဲလှယ်ရာမှာ ၁၁ လမြောက်အဖြစ် တန်ဖိုးမြင့်လာခြင်းဖြစ်ကြောင်း၊ ဥရောပဗဟိုဘဏ် (ECB) က အတိုးနှုန်းကို ထပ်မံမြှင့်တင်ပေးမယ် ခန့်မှန်းခြင်းကလည်း ယူရိုငွေတန်ဖိုးကို မြင့်မားလာစေကြောင်း သိရပါတယ်။ Source:Bloomberg.com ပပ

Sunday, 24 Apr 2011

မတ်လမှာ ဒီဇယ် တန်ချိန်နှစ်သောင်းကျော် ပိုတင်သွင်း               ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဧပြီလပထမနှင့် ဒုတိယပတ်အတွင်း ဒီဇယ်ပီပါလေးသိန်းလေးထောင်ကျော်၊ တန်ချိန်အားဖြင့် ၅၉၁၇ဝ ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ ဒီဇယ်ဆီအဝင်တန်ချိန် စုစုပေါင်းမှာ တန် ၁ဝ၇၄၄၄ ရှိခဲ့ပြီး မတ်လ ဒီဇယ်ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် ၁၃၄၂၆၅ ရှိခဲ့တဲ့အတွက် တန်ချိန် ၂၆၈၂၁ တန်ပိုမိုတင် သွင်းဖြန့်ဖြူးနိုင်ခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်ဓာတ်ဆီ အသွင်းပို                      ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ ဓာတ်ဆီ ဂါလန် ၁၄ဝဝဝ နဲ့ တာချီလိတ်မှ ဂါလန် ၄၂ဝဝဝ စုစုပေါင်း ၅၆ဝဝဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၁၈၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ဂါလန် ၃၅ဝဝဝ တင်သွင်းမှုပိုမိုခဲ့ပါတယ်။            MIRT(DOBT) နယ်စပ်ဒီဇယ်ဆီက သွင်းလျော့             ကော့သောင်းနယ်စပ်မှ ၁၁၅၅ဝ ဂါလန်နဲ့ တာချီလိတ်မှ ၄၂ဝဝဝ ဂါလန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၂ဝ၇ သန်းဖိုး စုစုပေါင်း ဒီဇယ်ဆီ ၅၃၅၅ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဒီဇယ်ဆီ ၁၃၈၉၈ ဂါလန် ယခုအပတ်မှာ ယခင် အပတ်ကထက် လျော့နည်းတင်သွင်းခဲ့တယ်လို့သိရပါတယ်။               MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                        ဧပြီ ၂ဝ၁၁            ဝယ်ဈေးဓာတ်ဆီ(ကျပ်)     ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်     မန္တလေး       ရန်ကုန်          မန္တလေး၁၈        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၁၉        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၂ဝ        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၂၁        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝ၂၂        ၅၆ဝဝ     ၅ဝဝဝ        ၄၁ဝဝ             ၄၅ဝဝMIRT-DOT

Sunday, 3 Apr 2011

 ပဲစင်းငုံဈေး ဆက်လက်လျော့ကျ              အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်များအတွင်း ယခုတစ်ပတ် မှာလည်း ပဲစင်းငုံဈေး ဆက်လက် လျော့ကျခဲ့ပါတယ်။ ဈေးကွက် များအတွင်း ဝယ်လိုအားနည်းပါးတဲ့အပြင် ဒေသအသီးသီးက ပဲ အသစ် အဆက်မပြတ် ဝင်ရောက်လာတဲ့အတွက် ဈေးဆက်လက် ကျဆင်းခဲ့ပါတယ်။ ယခုလအတွင်း ပြည်ပက တင်သွင်းပဲစင်းငုံ ရောင်းလိုအား တိုးတက်လာဖွယ်ရှိတဲ့အပြင် ပြည်တွင်းမှာ ပဲရရှိနိုင်မှုပေါများ နေခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေသလို မြန်မာနိုင်ငံက လည်း တင်သွင်းမှုလျော့ကျလာခဲ့ပါတယ်။ အကယ်လို့ ဝယ်လိုအား ဆက်လက်နည်းပါးဦးမယ်ဆိုရင် မြန်မာနိုင်ငံက တင်သွင်းပဲစင်းငုံဈေး ထပ်မံကျဆင်းဖွယ်ရှိတယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်း တွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                            ဒေါ်လာ/တန်  ဈေးကွက်                            ၃၁ .၃ .၁၁             ၃ဝ .၃ .၁၁          ၂၈ .၃ .၁၁                ၂၆ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)             ၇၈၉                     ၇၉၃                 ၈ဝ၄                          ၇၇၂ဒေလီ(မြန်မာပဲစင်းငုံ)           ၈၉၄-၈၉၆                ၈၉၆-၈၉၈        ၉ဝ၂-၉ဝ၄                  ၈၉၃-၈၉၅ကိုလ်ကတ္တား                          ၈၁၇                            -                     ၈၂၆                      ၇၈၃

Sunday, 3 Apr 2011

်အချို့ဈေး ကွက်များအတွင်း ပဲတီစိမ်းဈေးမြင့်လာ                  ယခုတစ်ပတ် အိန္ဒိယပြည်တွင်း အခိုျ့ဈေးကွက်မှာ ပဲတီစိမ်းဈေး မြင့်လာပြီး အချို့ဈေးကွက်မှာ ဈေးငြိမ်နေပါတယ်။ အချို့ဈေးကွက်များမှာ ပဲဝင်ရောက်မှု အကန့်အသတ်သာရှိပြီး ဝယ်လိုအားကောင်း မွန်လာခြင်းနဲ့ နိုင်ငံတကာဈေးခိုင်မာနေခြင်းက ဈေးနှုန်းကိုအထောက် အပံ့ဖြစ်စေပါတယ်။ ယခုနှစ် ပြည်တွင်း ပဲထုတ်လုပ်မှုမြင့်တက်တဲ့ အပြင် မြန်မာနိုင်ငံကလည်း ပဲအထွက်ကောင်းမယ့် အလားအလာ ရှိခြင်းကြောင့် ပဲဝင်ရောက်မှု တိုးတက်လာတော့မှာဖြစ်ခြင်းက ဈေးနှုန်းကို ဖိအားဖြစ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ် ဇယား-၃                                                                                                ဒေါ်လာ/တန်  ဈေးကွက်                  ၃၁ .၃ .၁၁            ၃ဝ .၃ .၁၁            ၂၈ .၃ .၁၁                   ၂၆ .၃ .၁၁မွန်ဘိုင်း(ကင်ညာ)        ၁ဝ၅၃             ၁ဝ၅၅-၁ဝ၆၁        ၁ဝ၅၅-၁ဝ၆၁                  ၁ဝ၄၁-၁ဝ၄၆ဘီကနာ                   ၇၁၇-၇၆၁             ၇၁၅-၇၅၉             ၇၃၇-၈ဝ၄                     ၇၁၆-၈ဝ၆ဒေလီ                       ၈၂၉-၉၆၃            ၈ဝ၄-၉၂၇             ၈ဝ၄-၉၂၇                      ၈ဝ၆-၉၂၉

Sunday, 3 Apr 2011

 ကုလားပဲဈေး လျော့ကျနေ              အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များအတွင်း ယခုတစ်ပတ် ကုလားပဲဈေး လျော့ကျနေပါတယ်။ ရာသီဥတု ပူနွေးခြောက်သွေ့ နေတာကြောင့် ရိတ်သိမ်းဖို့ အခြေအနေကောင်းနေတဲ့အတွက် ဈေးကွက်မှာ ပဲဝင်ရောက်မှု တိုးတက်နေပါတယ်။ ရာဂျက်စသန်မှာ ယခုနှစ် ပဲအထွက်ကောင်းဖွယ်ရှိပေမဲ့ နိုင်ငံအလယ်ပိုင်းမှာ အထွက် ကျဆင်းမှာဖြစ်လို့ နိုင်ငံအနောက်မြောက်ပိုင်းက ထုတ်လုပ်မှုပိုမိုခြင်း က တချို့ကို ကာမိစေနိုင်ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ အထွက် ကောင်းပြီး ရိတ်သိမ်းနေပြီဖြစ်လို့ ယခုတစ်ပတ်အတွင်း ဈေးနှုန်းကျ ဆင်းမှုကို ဖိအားဖြစ်စေနိုင်ပေမဲ့ လှောင်လက်များက အနိမ့်ဈေးမှာဝယ်လိုအား ကောင်းနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ နိုင်ပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲ ဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                       ဒေါ်လာ/တန်  ဈေးကွက်           ၃၁ .၃ .၁၁       ၃ဝ .၃ .၁၁         ၂၈ .၃ .၁၁             ၂၆ .၃ .၁၁မွန်ဘိုင်း               ၅၁ဝ                 ၅ဝ၃              ၅ဝ၈-၅၁၄                 ၅၁၅ဒေလီ               ၅၁၅-၅၂၁         ၅၁၄-၅၁၉         ၅၂၅-၅၃ဝ             ၅၃၇-၅၄၃ကန်ပါ                   ၅၄၃                ၅၄၂                  ၅၄၅                   ၅၄၅  

Sunday, 3 Apr 2011

အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ မတ်လ ၁၂ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်က ၁ဝ ဒသမ ဝ၅ ရာခိုင်နှုန်းရှိရာမှ မတ်လ ၁၉ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၉ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ပဲမျိုးစုံဈေးနှုန်းက တစ်ပတ်အတွင်း ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့်လို့ သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ် ခန့်မှန်း ချက်အရ ဂံျုထုတ်လုပ်မှု တန်ချိန် ၈၁ ဒသမ ၄၇ သန်းနဲ့ ပဲမျိုးစုံ တန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်ရှိမယ်လို့ သိရပါတယ်။ မတ်ပဲဈေးအနည်းငယ်ပြန်မာလာ                  တင်သွင်းမတ်ပဲဈေး အနည်းငယ်မြင့်တက်လာတာကြောင့် ယခု တစ်ပတ် အိန္ဒိယပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာရောင်းလက်များ ဈေးမြင့်ရောင်းချတဲ့အတွက် တင်သွင်းဈေး မြင့်လာတယ်လို့ အိန္ဒိယဈေးကွက်မှာ သတင်းများ ထွက်ပေါ်နေပါ တယ်။ ပြည်တွင်းဈေးကွက်များအတွင်း လက်ကျန်အကန့်အသတ် သာရှိခြင်းနဲ့အတူ အဝယ်အချို့ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာအပါအဝင် နိုင်ငံဒေသ တော်တော်များများမှာ အစိုဓာတ်ကောင်းမွန်မှုကြောင့် ဆောင်းပဲ အခြေအန ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး မာနေဦးမယ်လို့ ဈေးကွက်ကသုံးသပ်ကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                         ဒေါ်လာ/တန်  ဈေးကွက်       ၃၁ .၃ .၁၁          ၃ဝ .၃ .၁၁           ၂၈ .၃ .၁၁              ၂၆ .၃ .၁၁မွန်ဘိုင်း            ၉၄၆                  ၉၄၄                     ၉၆ဝ                      ၉၄၆ဒေလီ            ၈၉၆-၉၆၃           ၈၉၃-၉၆ဝ            ၈၉၃-၉၆ဝ                ၈၇၃-၉၆၂ချန်နိုင်း         ၉၆၉-၁၁၄၂         ၉၆၆-၁၁၃၉         ၉၇၇-၁၁၃၉               ၉၆၂-၁၁၁၃

Pages