Main menu

Background

Sunday, 20 Mar 2011

Currency Exchange Rate                         March 18, 2011                   Base Currency is                United States Dollar - USD                 Currency Unit Units per USDAUD Australia Dollars                   1.00BDT Bangladesh Taka                 72.03CAD Canada Dollars                    0.98CNY China Yuan Renminbi          6.57EUR Euro                                    0.71HKD Hong Kong Dollars              7.80INR India Rupees                       45.06IDR Indonesia Rupiahs             8770.00JPY Japan Yen                           81.24MYR Malaysia Ringgits                  3.05PKR Pakistan Rupees                  85.45PHP Philippines Pesos                  43.75RUB Russia Rubles                      28.47SGD Singapore Dollars                1.27KRW South Korea Won             1127.92LKR Sri Lanka Rupees                 110.32THB Thailand Baht                       30.30GBP United Kingdom Pounds         0.62VND Vietnam Dong                    20855.00Source : xe.com

Sunday, 20 Mar 2011

 ဂျပန်နိုင်ငံကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကြောင့် ဒေါ်လာတန်ဖိုးကို အားနည်းစေကာ ရွှေဝယ်လိုအား တိုးတက်စေဦးမည်                   ဂျပန်ငလျင်အပြီး ရင်းနှီးမြှုပ်နံှ သူတွေက ရွှေကို ဝယ်လိုအားပိုလာပြီး ကမ္ဘာ့ရွှေဈေးနှုန်း ဒုတိယမြောက်နေ့ အဖြစ် မြင့်မားလာတယ်။ မတ်လ ၁၄ ရက်နေ့ စင်ကာပူစံတော်ချိန် နေ့ခင်း ၃း၂၇ နာရီက ချက်ချင်းအရောက်ပို့ ရွှေ ဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၁ ရာခိုင်နှုန်းမြင့်မားကာ ၁၄၃၂ ဒသမ ၆၈ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။ ဂျပန်နိုင်ငံရဲ့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေကြောင့် ဒေါ်လာတန်ဖိုးကို အားနည်းစေကာ ရွှေဝယ်လိုအား တိုး တက်စေဦးမှာဖြစ်ပြီး ရွှေဈေးမြင့်မား ဦးမယ်လို့ ခန့်မှန်းကြပါတယ်။ Source:bloomberg.com. ပပ

Sunday, 20 Mar 2011

 ဂျပန်ဗဟိုဘဏ်အနေဖြင့် ယန်းငွေ ၁၅ ထရီလီယံကို ငွေကြေးဈေးကွက်အတွင်း လည်ပတ်စေခြင်းကြောင့် ဂျပန်ယန်းတန်ဖိုး ကျဆင်းသွားခဲ့               ငလျင်ဒဏ်ခံရအပြီး စီးပွားရေးယိမ်းယိုင်မှုမဖြစ်စေဖို့ ဂျပန်ဗဟိုဘဏ်က ဘဏ္ဍာရေးစနစ်အတွက် ငွေအမြောက်အမြား ထည့်ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ဂျပန်ဗဟိုဘဏ်အနေနဲ့ ယန်းငွေ ၁၅ ထရီလီယံ (ကန်ဒေါ်လာ ၁၈၃ ဘီလီယံ)ကို ငွေကြေးဈေးကွက်အတွင်း လည်ပတ်စေခြင်းနဲ့ ဘဏ္ဍာရေးကဏ္ဍကို တည်ငြိမ်အောင် ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။ ဗဟိုဘဏ်က ငွေကြေးဈေးကွက်အတွင်း ရန်ပုံငွေထည့်ဝင်လိုက်ခြင်းကြောင့် ဂျပန်ယန်းငွေက ဒေါ်လာငွေနဲ့လဲလှယ်ရာတွင် တန်ဖိုးကျဆင်းသွားခဲ့ပါတယ်။ ယခင်အပတ်က နယူးယောက်တွင် တစ်ဒေါ်လာကို ၈၁ ဒသမ ၈၄ ယန်းဖြစ်ခဲ့သော် လည်း မတ်လ ၁၄ ရက်နေ့ လန်ဒန်စံတော်ချိန် နံနက် ၆း၄ဝ နာရီတွင် ၈၂ ဒသမ ၁၂ ယန်းအထိ ယန်းတန်ဖိုး ကျဆင်းခဲ့ပါတယ်။               ငလျင်ဒဏ်ကြောင့် ဂျပန်ရဲ့စီးပွားရေးကို နှေးကွေးသွားစေနိုင်ပြီး ဗဟိုဘဏ် အနေနဲ့ ငွေကြေးမူဝါဒကို လျော့ပေးရမလိုဖြစ်ပြီး ရင်းနှီးငွေရရှိရေးအတွက် ငွေ အမြောက်အမြားကို ငွေကြေးဈေးကွက်အတွင်း ချပေးလိုက်ခြင်းက ယန်းငွေ တန်ဖိုးကိုကျဆင်းစေတဲ့ အကြောင်းအရင်းဖြစ်တယ်လို့ တိုကျိုရှိ Grdit Suisse Group AG မှ ငွေကြေးနည်းဗျူဟာချုပ် Koji Fukaya  က ပြောကြားပါတယ်။  Source:bloomberg.com ပပ

Sunday, 20 Mar 2011

 အာရှရေနံဈေးနှုန်း ရက်သတ္တပတ်မြောက်မြင့်တက်လောင်စာဆီ            မတ်လ ၁၁ ရက်က မြေငလျင် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပျက်စီးသွားတဲ့ နျူကလီးယားစွမ်းအင်နေရာမှာ အစား ထိုးဖို့အတွက် ဂျပန်နိုင်ငံမှာ လောင်စာ ဆီအသုံးပြုဖို့ ပိုမိုလိုအပ်နေပါတယ်။ လောင်စာဆီကို ဂျပန်က ဝယ်လိုအား များလာနိုင်တယ်လို့ Credit Agricole  က ပြောပါတယ်။              စင်ကာပူမှာရှိတဲ့ လောင်စာဆီ လက်ကျန်က ရက်သတ္တသုံးပတ်အတွင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေတယ် လို့ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီးဌာနက မတ် ၁၇ ရက်နေ့က ပြောပါတယ်။ လောင်စာဆီနဲ့ ဆာလဖာပါဝင်မှုနဲတဲ့ ရေနံချက်ရာမှာ ြွကင်းကျန်တဲ့ဆီလက် ကျန်က မတ်လ ၁၆ ရက်မှာ ကုန်ဆုံးတဲ့ ရက်သတ္တပတ်အတွင်း ၂ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းပြီး စည် ၁၈ ဒသမ ၅ သန်းသာရှိပါတယ်။ ဓာတ်ဆီဈေး            92-Roxl အမျိုးအစားဓာတ်ဆီ ဈေးက ယခုရက်သတ္တပတ်အတွင်း ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်စည်ကို ၁၁၉ ဒသမ ၈၅ ဒေါ်လာနှုန်းရှိပါတယ်။ ပရီမီယံအမျိုးအစားဓာတ်ဆီက နေ နက်ဖသာပါတဲ့ ဓာတ်ဆီအထိ ဆီ အမျိုးမျိုးရဲ့ ဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၄ဝ ဒေါ်လာကနေ ၁၂ ဒသမ ၅ဝ ဒေါ်လာအထိ ကွာခြားမှုရှိတယ်လို့ ဘလွမ်းဘတ်စစ်တမ်းအရ သိရပါတယ်။ ကားနဲ့ခရီးသွားမယ့်လူဦးရေတိုး တက်လာတဲ့အတွက် ဂျပန်နိုင်ငံရဲ့ဓါတ် ဆီသုံးစွဲမှုဟာ မတ်လမှာ တစ်ရက်စည် ၈ဝဝဝဝ ထပ်ပြီးတိုးတက်လာနိုင်တယ် လို့ Credit Agricole ရဲ့ မတ် ၁၈ ရက် အစီရင်ခံစာအရ သိရပါတယ်။ ဒီဇယ်ဆီ           ဆာလဖာ သုည ဒသမ ၅ ပါတဲ့ ဒီဇယ်ဆီရဲ့ဈေးနှုန်းက ယခုရက်သတ္တ ပတ်အတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်း တက်ပြီး တစ်စည်ကို ၁၃၃ ဒသမ ၅ဝ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ဂျက်လေယာဉ်ဆီက ၃ ဒသမ ၁ ရာခိုင်နှုန်းမြင့် တက်ပြီး တစ်စည်ကို ၁၃၄ ဒသမ ၇၅ ဒေါ်လာနှုန်းဖြစ်ခဲ့ပါတယ်။ ရေနံချက်စက်ရုံသတင်း          မြေငလျင်ကြောင့် မီးလောင်ခံရပြီး ချီဘာရှိရေနံချက်စက်ရုံကို ပိတ်ခဲ့ရပြီး နောက်ပိုင်း ကျဆင်းတဲ့အတွက်ကို ထေမိဖို့အတွက် အဘူဒါဘီက တစ်စိတ် တစ်ပိုင်း ပိုင်ဆိုင်ထားတဲ့ Cosmo Oil  ကုမ္ပဏီက တခြားစက်ရုံတွေရဲ့ ထုတ် လုပ်မှုနှုန်းမြှင့်တင်ဖို့ ကြိုးစားနေပါတယ်။ ယိုကာအိချီစက်ရုံက တစ်ရက်ကို စည် ၅ဝဝဝဝ နဲ့ ဆာကာအိဒဲက တစ်ရက်ကို စည် ၃ဝဝဝဝ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ် ထားတယ်လို့ မတ် ၁၇ ရက်က ထုတ် ပြန်တဲ့ ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော် ပြထားပါတယ်။ Source:bloomberg.com

Sunday, 20 Mar 2011

ဒီဇယ်တန်ချိန် ငါးသောင်းကျော်တင်သွင်းခဲ့           ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ်လ ဒုတိယပတ်အတွင်း ဒီဇယ်ပီပါ သုံးသိန်းခုနစ်သောင်းခုနစ် ထောင်ကျော်၊ တန်ချိန်အားဖြင့် ငါးသောင်းကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ဒီဇယ်ဆီ အဝင်မှာ တန်ချိန် နှစ်သောင်းငါးထောင်ကျော်ရှိခဲ့ပြီး ယခုသီတင်းပတ်ဒီဇယ်ဆီအ ဝင်မှာ တန်ချိန်ငါးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာအဝင် တစ်ဆကျော် လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို ဒီဇယ်တင်သွင်းမှုလျော့             မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၉၁၃ သန်းတန်ဖိုးရှိ ဒီဇယ် ၂၆၆၃၆၈ ဂါလန်ကို ကန်ပိုက်တီးနဲ့ တာချီလိတ် နယ်စပ်များမှ တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၂၉၅၁၄၂ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နဲ့ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၈၅၇၅၄ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၉၆၈ ဂါလန် တင်သွင်းခဲ့ပါတယ်။ယခင်အပတ်က ထက် ဂါလန် ၅၂ဝဝ ကျော် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်        မန္တလေး       ရန်ကုန်       မန္တလေး၁၄        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝ၁၅        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝ၁၆        ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ      ၄၅ဝဝ၁၇        ၄၈ဝဝ       ၄၈ဝဝ            ၄ဝဝဝ      ၄၅ဝဝ၁၈       ၄၈ဝဝ        ၄၈ဝဝ           ၄ဝဝဝ       ၄၅ဝဝMIRT_DOT

Sunday, 13 Mar 2011

အိန္ဒိယနိုင်ငံအတွင်း ဂံျု၊ ပဲမျိုးစုံနဲ့ အာလူးဈေးတွေ ကျဆင်းလာ တာကြောင့် စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ် က ၁ဝ ဒသမ ၃၉ ရာခိုင်နှုန်းရှိခဲ့ရာက ဖေဖော်ဝါရီလ ၂၆ ရက်မှာ ကုန်ဆုံးတဲ့သီတင်းပတ်အတွင်း ၉ ဒသမ ၅၂ ရာခိုင်နှုန်းကို ကျဆင်း ခဲ့တယ်လို့ သိရပါတယ်။ သီတင်းပတ်အတွင်း ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ဂံျုဈေးနှုန်းက ၁ ဒသမ ဝ၇ ရာခိုင်နှုန်း၊ ပဲမိုျးစုံဈေးက ၃ ဒသမ ၉၁ ရာခိုင်နှုန်းနဲ့ အာလူးဈေးက ၉ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးငြိမ်ရာမှ ပြန်ခိုင်မာလာ                    အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခုသီတင်းပတ်အစပိုင်းမှာ မတ်ပဲဈေး ငြိမ်နေရာက သီတင်းပတ်နှောင်းပိုင်းမှာတော့ မြန်မာမတ်ပဲကို အဝယ်တက်လာတာကြောင့် ပြည်တွင်းဒေစီမတ်ပဲဈေးပါ ပြန်လည်ခိုင်မာလာတာဖြစ်ပါတယ်။ ဈေးကွက်အချို့မှာ ဒေစီမတ်ပဲကို ဝယ်လိုအားနည်းလို့ ဈေးအားပျော့ပေမဲ့ မြန်မာမတ်ပဲ ဈေးကောင်း လာတာကြောင့် ဒေစီမတ်ပဲဈေး ပြန်ငြိမ်လာတယ်လို့ သိရပါတယ်။ ၂ဝ၁၁ မတ်လ ၈ ရက်နဲ့ ၉ ရက် တို့မှာ မွန်ဘိုင်းဆိပ်ကမ်းမှာ မတ်ပဲ ကွန်တိန်နာ ၁၃ လုံးဝင်ရောက်နေတာကြောင့် မြန်မာမတ်ပဲ အဆက် မပြတ် ရောင်းအားတက်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း မှာတော့ လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁                                                                                     ဒေါ်လာ/တန်ဈေးကွက်          ၁ဝ .၃ .၁၁            ၉ .၃ .၁၁        ၈ .၃ .၁၁               ၇ .၃ .၁၁မွန်ဘိုင်း               ၉ဝ၃                    ၈၈၈              ၈၈၃                    ၈၈၆ဒေလီ                   ၈၉၈                    ၈၈၈              ၈၈၈                   ၈၈၆ချန်နိုင်း             ၈၉၈-၁ဝ၃၁            ၈ဝ၈-၁ဝ၂၂       ၈၈၈-၁ဝ၃၈      ၈၆၄-၁ဝ၁၉

Sunday, 13 Mar 2011

 ကုလားပဲဈေး ပြန်လည်မြင့်တက်            အိန္ဒိယကုလားပဲ လက်ငင်းဈေးကွက်များမှာ အဓိကဈေးကွက် တွေကို ပဲဝင်ရောက်မှု လျော့ကျလာတာကြောင့် ယခုတစ်ပတ် ကုလားပဲဈေး ပြန်လည်မြင့်တက်လာပါတယ်။ ဒါ့အပြင် လယ်သမား များက ဈေးအနိမ့်နဲ့ ၎င်းတို့လက်ကျန်ပဲများ ရောင်းထုတ်ဖို့ တုံ့ဆိုင်း နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေခဲ့ပါတယ်။ ဃြီနဌ မှာ ကုလားပဲကြိုပွိုင့်ဈေး တက်နေတာကြောင့်လည်း ဈေးကွက် တိုင်းမှာရောင်းချသူများက ဈေးအမြင့်ကို ခေါ်နေကြတယ်လို့ ဆိုပါတယ်။ ဝယ်လိုအားသိပ်မတက်နိုင်လို့ ကာလတိုအတွင်း ကုလားပဲ ဈေးမြင့်တက်မှုကို ထိန်းခုျပ်နိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေ ကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂                                                                                            ဒေါ်လာ/တန်ဈေးကွက်           ၁ဝ .၃ .၁၁            ၉ .၃ .၁၁          ၈ .၃ .၁၁            ၇ .၃ .၁၁မွန်ဘိုင်း                 ၅၃၈                    ၅၃၃                ၅၃၃                   ၅၃၂ဒေလီ                 ၅၅၄-၅၆၅             ၅၅၅-၅၆၁           ၅၅၅               ၅၅၄-၅၅၉ကန်ပါ                    ၅၈၇                     ၅၇၈                ၅၇၇                ၅၇၆

Sunday, 13 Mar 2011

 ပဲစင်းငုံဈေးပြန်မာလာ              အိန္ဒိယပြည်တွင်းပဲစင်းငုံ လက်ငင်းဈေးကွက်တွေမှာ သီတင်းပတ် အစပိုင်းမှာ ဈေးအေးနေခဲ့ရာက သီတင်းပတ်နှောင်းပိုင်းမှာတော့ ပဲအဝင်လျော့လာလို့ ဈေးပြန်မာလာခဲ့ပါတယ်။ မဟာရပ်ရှတရာမှာ ပဲစင်းငုံ အဝင်ကျဆင်းပေမဲ့ ဝယ်လိုအားနည်းနေဆဲမို့ ဈေးအတက် ဘက်ကို လှည့်မလာသေးဘူးလို့သိရပါတယ်။ မတ်လ ၈ ရက်နဲ့ ၉ရက် နေ့တွေက မွန်ဘိုင်းဆိပ်ကမ်းကို ပဲစင်းငုံကွန်တိန်နာ ၆ဝ လုံး ဝန်း ကျင်ရောက်ရှိလာခဲ့တာမို့ ကာလတိုအတွင်း ပဲရရှိနိုင်မှုများပြီး ဈေး ထပ်ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ မဟာရပ်ရှ်တရာအစိုးရက အများပြည်သူဖြန့်ဝေရေးစနစ် (PDS) နဲ့ ဆင်းရဲသားမိသားစုတွေကို ပဲစင်းငုံခွဲခြမ်း ဖြန့်ဝေတဲ့ အစီအစဉ်ကို ရပ်တန့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ပုံမှန်အရောင်းရှိနေတာကြောင့် ပြည်တွင်းဈေးက အကျဘက်ကို ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်  ဇယား-၄                                                                 ဒေါ်လာ/တန်ဈေးကွက်                  ၁ဝ .၃ .၁၁            ၉ .၃ .၁၁              ၈ .၃ .၁၁                ၇ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)       ၇၉၈                    ၇၇၇                 ၇၈၈                        ၇၉၈ဒေလီ(မြန်မာပဲစင်းငုံ)          ၇၈၇                    ၇၈၉                 ၇၈၃                        ၇၉၂ချန်နိုင်း(မြန်မာပဲစင်းငုံ)         ၇၇၆                    ၈၂၂                 ၈၂၂                        ၇၉၈

Sunday, 13 Mar 2011

 ပဲတီစိမ်းဈေး ဆက်လက်ငြိမ်                       အိန္ဒိယအဓိကလက်ငင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေး ရောင်းလိုအားများများမရှိသလို ဝယ်လိုအားလည်း သိပ်မတက်တာကြောင့် လက်ရှိဈေးဝန်းကျင်မှာငြိမ်နေပါတယ်။ မတ်လ ၇ရက်နေ့က မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာနဲ့ ကင်ညာပဲတီစိမ်းကွန်တိန်နာ ၂၆ လုံးဝန်းကျင် ဝင်ရောက်တယ်လို့ သိရပါတယ်။ တမီလ်နာဒူးပြည်နယ်က ပဲအသစ် များ ဝင်ရောက်လာတော့မှာဖြစ်လို့ အရောင်းများပြီး ဈေးလျော့နိုင် တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ဖော်ပြလိုက်ပါတယ်   ဇယား-၃                                                                 ဒေါ်လာ/တန်ဈေးကွက်            ၁ဝ .၃ .၁၁           ၉ .၃ .၁၁          ၈ .၃ .၁၁              ၇ .၃ .၁၁ဒေလီ                     ၁၂၈၆                ၁၂၈၈               ၁၂၈၈                 ၁၂၈၅အင်ဒိုရီ                    ၁၁၅၃               ၁၁၅၅                ၁၁၅၅                 ၁၁၅၂ကန်ပါ                   ၉၃၁-၉၄၂          ၉၃၃-၉၄၄            ၇၉၉-၉၇၇             ၉၂ဝ

Pages