Main menu

Background

Sunday, 3 Apr 2011

 ငွေကြေးသည် ခိုင်မာသော လက်ဆုပ်လက်ကိုင်ပြနိုင်သည့် ပိုင်ဆိုင်မှုကျောထောက်နောက်ခံဖြစ်နိုင်စွမ်းအား နည်းလာခြင်းကြောင့် တရုတ်လူမျိုးများ ရွှေကို အပြေးအလွှား ဝယ်ယူနေကြ                       တရုတ်နိုင်ငံက ကမ္ဘာတွင် ရွှေအများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်သော်လည်း ဝယ်လိုအားက ထုတ်လုပ်မှုထက် ပိုမိုလျက်ရှိပါတယ်။ ၂ဝ၁ဝ ခုနှစ်အတွင်း ပြည်ပမှ ရွှေတန်ချိန် ၂ဝ၉ တန်ကျော် တင်သွင်းခဲ့ရပါတယ်။ ၎င်းပမာဏက ရည်မှန်းထား တာထက် ၅ ဆပိုမိုခဲ့ကြောင်း သိရပါတယ်။                         ကုန်သွယ်မှုနဲ့ ငွေကြေးစစ်ပွဲတွေက ရွှေဈေးကွက်ကို ထူးထူးခြားခြား မြင့်မား စေချိန်တွင် အရှေ့အလယ်ပိုင်းဒေသ မငြိမ်မသက်မှုတွေနဲ့ ဂျပန်ငလျင် နောက်ဆက်တွဲပြဿနာတွေက ရွှေဈေးအတွက် လောင်စာဖြစ်လာပြန်ပါတယ်။ ဒါကြောင့် မတ် ၂၄ ရက်က ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၁၄၄၇ ဒသမ ၈၂ အထိ မှတ်တမ်းတင် မြင့်မားခဲ့ပါတယ်။ လောလောဆယ်မှာလည်း တရုတ်တွင် ရွှေသိုလှောင်ထားရှိမှု လျော့နည်းခြင်း၊ ငွေကြေးက ခိုင်မာတဲ့ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပိုင်ဆိုင်မှုကျောထောက်နောက်ခံ ဖြစ်နိုင်စွမ်းအား နည်းလာခြင်းတို့ကြောင့် တရုတ်လူမိုျးတွေက ရွှေကို အပြေးအလွှား ဝယ်ယူနေကြတယ်လို့ သိရပါတယ်။                          လူဦးရေများလှတဲ့ တရုတ်နဲ့ အိန္ဒိယမှ ရင်းနှီးမြှုပ်နံှသူတွေက ငွေစက္ကူအပေါ် ရင်းနှီးမြှုပ်နံှဖို့ ယုံကြည်မှုမရှိခဲ့ကြသလို အခုအချိန်မှာလည်း ရွှေနဲ့ငွေသတ္တုကိုသာ ရင်းနှီးမြူပ်နံှဖို့ ခိုင်မာတဲ့ပိုင်ဆိုင်မှုအနေနဲ့ ဝယ်လိုအားမြင့်မားကြပါတယ်။ ရင်းနှီးမြှုပ်နံှသူတွေ ရွှေကိုကြိုက်နှစ်သက်ရတဲ့ အကြောင်းအရင်းမှာ ရေရှည် အကြမ်းခံခြင်း၊ လူဦးရေတိုးပွားလာနှုန်းနဲ့အမျှ ရောင်းလိုအားလည်း တိုးပွားလာခြင်း၊ ဝယ်လိုအားများလည်း နှစ်ထောင်ပေါင်းများစွာအတွင်း ကျဆင်းသွားတာမရှိခြင်း၊ မည်သည့်အကျပ်အတည်း၊ အခက်အခဲမှာမဆို တန်ဖိုးခိုင်မာနေတဲ့ အဆုံးစွံအဖို့ အရံအတားအဖြစ် အားထားရခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်ပေါင်း ၅ဝဝဝ ကျော်အတွင်း ယဉ်ကျေးမှု မတူကြတဲ့ နိုင်ငံအသီးသီးက ငွေစက္ကူအခြေခံအနေနဲ့ ရွှေကိုအားထားမှုမှာ တူညီကြခြင်း ဖြစ်ပါတယ်။ Source:theaustralian.com.au,  ပပ

Sunday, 3 Apr 2011

ဒီဇယ်ပီပါ ၁၈ဝဝဝဝ ကျော်တင်သွင်းခဲ့                  ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ် ၂၂ ရက်မှ ၂၈ ရက်တာ ကာလ အတွင်း ဒီဇယ်ဆီပီပါ ၁၈၂၂၇၇ တန်ချိန်အားဖြင့် ၂၄၃ဝ၃တန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန်မှာ ၃၄ဝဝ ကျော်ရှိခဲ့ပြီး ယခုသီတင်းပတ် ဒီဇယ်ဆီအဝင်မှာ တန်ချိန် ၂၄ဝဝ ကျော် ရှိခဲ့တာကြောင့် တန်ချိန် ၁ဝဝဝဝ နီးပါး လျော့နည်းပြီး တင်သွင်းလာခဲ့တာ တွေ့ ရပါတယ်။            MIRT-DOT  သဘာဝဓာတ်ငွေ့ရည် နယ်စပ်မှ တင်သွင်းမှုရှိ               ယခုအပတ်မှာ ကန်ဒေါ်လာ ၅၉၈၅ တန်ဖိုးရှိ သဘာဝဓာတ်ငွေ့ရည် ၁၂ဝ၇ဝ ကီလိုဂရမ် ကော့သောင်းမှ တင်သွင်းမှုရှိခဲ့ပါတယ်။ ကန်ဒေါ်လာ ၆၈၅၈ဝ တန်ဖိုးရှိ ဓာတ်ဆီဂါလန် ၂၁ဝဝဝ နဲ့ ကန်ဒေါ်လာ ၆၆၆၉ဝဝ ကျော်တန်ဖိုးရှိ ဒီဇယ်ဆီ ၁၉၂၅၃၅ ဂါလန်ကိုလည်း တင်သွင်းခဲ့ပါတယ်။ ကန်ပိုက်တီးနယ်စပ်မှ ဒီဇယ်ဆီ ၅၄၆ဝဝ ဂါလန် တင်သွင်းခဲ့တာမို့ နယ်စပ်မှ ယခုအပတ်မှာ ဒီဇယ်ဆီ ၂၄၇၁၃၅ ဂါလန် တင်သွင်းမှုရှိပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ ၆၈၂၄ ဂါလန်နဲ့ ဒီဇယ်ဆီ ၄၇၇၂၈၅ ဂါလန် တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ တာချီလိတ် နယ်စပ်နဲ့ ကန်ပိုက်တီးနယ်စပ်တို့မှ တင်သွင်းမှုရှိပြီး ကော့သောင်းမှ တင်သွင်းမှု မရှိခဲ့ဘူးလို့ သိရပါတယ်။                MIRT-DOBTပြည်တွင်း လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်မတ်                                   ၂ဝ၁၁ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်   ရန်ကုန်     မန္တလေး   ရန်ကုန်   မန္တလေး၂၈     ၅၂ဝဝ     ၅၂ဝဝ     ၄ဝဝဝ      ၄၅ဝဝ၂၉     ၅၂ဝဝ     ၅၂ဝဝ     ၄ဝဝဝ      ၄၅ဝဝ၃ဝ     ၅၂ဝဝ     ၅၂ဝဝ     ၄ဝဝဝ      ၄၅ဝဝ၃၁     ၅၂ဝဝ     ၅၂ဝဝ     ၄ဝဝဝ      ၄၅ဝဝ၁       ၅၂ဝဝ     ၅၂ဝဝ     ၄ဝဝဝ       ၄၅ဝဝMIRT-DOT

Wednesday, 30 Mar 2011

 ပဲစင်းငုံဈေး ဆက်လက်ကျဆင်း              အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲစင်းငုံဈေးက ယခု သီတင်းပတ်မှာလည်း ဆက်လက်ကျဆင်းခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း အထူးသဖြင့် ဥတ္တရာပရာဒေ့ရှိမှာ ပဲရိတ်သိမ်းမှု စတင်နေပြီဖြစ်ပြီး၏ ဧပြီလအတွင်း ဝင်ရောက်မှု တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ကြိတ်ခွဲပြီး ပဲစင်းငုံဝယ်လိုအားနည်းနေပါတယ်။ ပြည်တွင်းလက်ကျန်များနေခြင်းကြောင့် မြန်မာနိုင်ငံက ပဲစင်းငုံတင်သွင်း မှုဟာ မနှစ်ကနဲ့ယှဉ်ရင် နည်းနေတယ်လို့ သိရပါတယ်။ အစိုးရအေဂျင်စီ များကလည်း ပဲအရောင်းတင်ဒါများ ခေါ်ယူနေခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းအလျော့ဘက်မှာရှိဦး မယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြ ထားပါတယ် ဇယား-၄                                                                                             ဒေါ်လာ/တန်  ဈေးကွက်                          ၂၄ .၃ .၁၁         ၂၃ .၃ .၁၁          ၂၂ .၃ .၁၁      ၂၁ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)        ၇၇၆                ၇၇၃-၇၇၉          ၇၇၈-၇၈၄           ၇၈၈ ဒေလီ(မြန်မာပဲစင်းငုံ)         ၈၉၉-၉ဝ၄          ၈၉ဝ-၈၉၄           ၈၈၉-၈၉၄        ၈၈၈-၈၉၂ကိုလ်ကတ္တား                       ၇၈၇                  ၇၇၉                         -               ၈၂၁

Wednesday, 30 Mar 2011

 ပဲတီစိမ်းဈေး ဆက်လက်တည်ငြိမ်                 အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းဈေးက ဆက်လက် တည်ငြိမ်နေပါတယ်။ ပဲတီစိမ်းကို ဝယ်လို အားနည်းပေမဲ့ အခြားပဲ ဝယ်လိုအားကောင်းနေခြင်းက ပဲတီစိမ်းဈေးကို အထောက်အပံ့ဖြစ် စေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲအလုံအလောက် ရနေတာကြောင့် ဈေးများများ ထပ်မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် အတွင်း ပြည်တွင်းပဲ အထွက်မြင့်တက်မယ့် အခြေအနေရှိနေတဲ့အပြင် မြန်မာမှာလည်း အထွက်ပိုမယ့် အလားအလာရှိတယ်လို့ ဈေးကွက် သတင်းအရ သိရပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဥတ္တရာပရာဒေ့ရှ်နဲ့ ဘီဟာတို့မှာ ပဲထွက်ရှိမှုအခြေအနေ ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကောင်းမွန်နေတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာတော့ ဈေးဆက်လက်ခိုင်မာနေတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ် ဇယား-၃                                                                                                ဒေါ်လာ/တန်  ဈေးကွက်             ၂၄ .၃ .၁၁           ၂၃ .၃ .၁၁             ၂၂ .၃ .၁၁                 ၂၁ .၃ .၁၁မွန်ဘိုင်း                    ၉၃၉                   ၉၂၉                  ၉၂၃-၉၃၄                 ၉၂၁-၉၃၂အာဂိုလာ                ၉၄၄-၁ဝ၇၉         ၉၃၄-၁ဝ၆၈         ၉၃၄-၁ဝ၆၇                ၉၃၂-၁ဝ၆၈ဒေလီ                      ၇၈၇-၉၂၂            ၇၇၉-၉၁၂           ၇၇၈-၉၁၂                 ၇၇၇-၉၁ဝ

Wednesday, 30 Mar 2011

 ကုလားပဲဈေး တစ်ပတ်လုံးကျဆင်းရာမှ အနည်းငယ်ပြန်တက်                    လွန်ခဲ့တဲ့ရက်များအတွင်း အိန္ဒိယပြည်မှာ ပဲအသစ် အဝင်များလို့ ဈေးကျဆင်းခဲ့ရာက သီတင်းပတ် နောက်ဆုံးရက်မှာ အနည်းငယ် ပြန်တက်လာပါတယ်။ ဒေလီဈေးကွက်များမှာ ယခင်ရက်တွေထက် ပဲအဝင် ထက်ဝက်ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်မှ ယခုနှစ် အထွက်ကောင်း မယ်လို့ ခန့်မှန်းထားပေမဲ့ အိန္ဒိယအလယ်ပိုင်းမှာတော့ ထုတ်လုပ်မှု ကျဆင်းနိုင်ပါတယ်။ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ရိတ်သိမ်းနေပြီဖြစ်လို့ မကြာခင် အဝင်များလာနိုင်ပါတယ်။ ဒါပေမဲ့ လှောင်လက်များ ဝယ်လိုအားတက်နိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                              ဒေါ်လာ/တန်  ဈေးကွက်            ၂၄ .၃ .၁၁           ၂၃ .၃ .၁၁        ၂၂ .၃ .၁၁             ၂၁ .၃ .၁၁မွန်ဘိုင်း                 ၅၁၇                  ၅၁၂                    ၅၁၁                  ၅၁၁ဒေလီ                ၅၄ဝ-၅၄၅            ၅၂၈-၅၃၄             ၅၃၄-၅၃၉                ၅၄၉ကန်ပါ                 ၅၄၅                   ၅၂၈                    ၅၃၉                      -

Wednesday, 30 Mar 2011

စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ အိန္ဒိယရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုကလည်း ဆယ်ဂဏန်းနဲ့ ပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်၊ အာလူး၊ သစ်သီးနဲ့ အသားငါးဈေးများ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် မတ်လ ၁၂ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင် ဈေးနှုန်းဖောင်းပွမှုဟာ ၁ဝ ဒသမ ဝ၅ ရာခိုင် နှုန်းကို မြင့်တက်ခဲ့ပါတယ်။မတ်ပဲဈေးငြိမ်ရာမှ ပြန်မာလာ              အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ် အစပိုင်းမှာ မတ်ပဲဈေးငြိမ်နေရာက သီတင်းပတ်နှောင်းပိုင်း မှာတော့ ပြန်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ အဝယ်ပြန်တက် လာတဲ့အတွက်လည်း နိုင်ငံတကာဈေး ခိုင်မာနေခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်များအတွင်း ရောင်းချမှု အကန့်အသတ်သာရှိပေမဲ့ လာမယ့်လအတွင်း ပြည်ပကတင်သွင်းမယ့် မတ်ပဲရောင်းချမှု တိုးတက် လာဖွယ်ရှိခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားပေးနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာပရာဒေ့ရှ်အပါအဝင် ဒေသတော်တော်များများမှာ ဆောင်းပဲများ မြေအစိုဓာတ် ကောင်းမွန်မှု ကြောင့် အထွက်ပိုမယ့်အလားအလာရှိတယ် လို့ဆိုပါတယ်။ လာမယ့်ရက် များမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အတက်အဆင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထား ပါတယ် ဇယား-၁                                                                      ဒေါ်လာ/တန်  ဈေးကွက်            ၂၄ .၃ .၁၁           ၂၃ .၃ .၁၁           ၂၂ .၃ .၁၁                  ၂၁ .၃ .၁၁မွန်ဘိုင်း                 ၉ဝဝ                 ၉ဝ၁-၉ဝ၇            ၈၉၅-၉ဝ၁                    ၉ဝ၅ဒေလီ              ၈၆၆-၉၅၅                ၈၅၆-၉၄၅            ၈၅၆-၉၄၅                ၈၅၅-၉၄၃ချန်နိုင်း           ၉၅ဝ-၁၁ဝ၂             ၉၂၃-၁ဝ၇၉           ၉၂၃-၁ဝ၇၈             ၉၂၇-၁ဝ၇၇

Wednesday, 30 Mar 2011

ဒွန်းတံဆိပ် နို့ဆီသာအဝင်ရှိခဲ့                 မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၆၄ဝ၁၁ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံမှ ဒွန်းတံဆိပ် နို့ဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ၃၂၃ တန် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ခြောက်ဆယ်ကျော်လောက် လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာလည်း အဝင်မရှိခဲ့ပါဘူး။ နို့မှုန့်ကတော့ နယူးဇီလန်နဲ့ အင်ဒို နီးရှားနိုင်ငံတို့မှ နို့မှုန့်တန်ချိန် ၈ ဒသမ ၈၆ တန် တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် တစ်ရာ ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ် ပတ်အဝင်နဲ့ယှဉ်ရင် တော်တော်လေး လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရ ပါတယ်။ MIRT(DOT) နို့စိမ်း အဝင်ပို                 ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နို့ဆီ ၂၆ ဒသမ ၅၄ တန် (၁၄ဝဝ ကာတွန်း) ကန်ဒေါ်လာ ၂၂၄ဝဝ နဲ့ နို့စိမ်း ၂၂ ဒသမ ၇၅ တန် (၁၂ဝဝကာတွန်း) ကန် ဒေါ်လာ ၂ဝ၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ ၁ဝ၆ တန်ကျော် (၅၆ဝဝ ကာတွန်း) တင်သွင်း ခဲ့သော်လည်း နို့စိမ်းတင်သွင်းမှု မရှိခဲ့ပါဘူး။ ယခုသီတင်းပတ်မှာ နို့စိမ်းတင် သွင်းမှုပိုမိုခဲ့ပြီး နို့ဆီတင်သွင်းမှု တန် ၈ဝ လျော့နည်းခဲ့ပါတယ်။ ကော့သောင်း ဘက်မှာ နို့ဆီ ၁ကာတွန်း ကျပ် ၂၈ဝဝဝ တစ်ဖက်နိုင်ငံ ပေါက်ဈေး ဘတ် ၅၅ဝ နဲ့ နို့စိမ်း ၁ ကာတွန်း ကော့သောင်းမှာ ၂၈၅ဝဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှာ ဘတ် ၅၈ဝ ဈေးပေါက်လျက်ရှိပါတယ်။ မတ်လ ပထမနှင့် ဒုတိယပတ်များ မှာ တင်သွင်းမှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ တော့ မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂ သန်းတန်ဖိုးရှိ လိပ်ပြာနှစ်ကောင် တံဆိပ် (ဂရမ် ၂ဝx၂၅ ထုတ်) နို့မှုန် ၄ဝဝ ဂရမ်နဲ့ ၅ဝဝ ဂရမ်ထုတ်များ ၇၂ တန်တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ                    နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး               ကျပ်/တစ်ဘူး                          ရန်ကုန် မန္တလေးဒွန်း( နို့ဆီ )               ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း)             ၇၅ဝ ၇၆၅Falcon နို့ဆီ             ၆၈ဝ ၆၉၅Happy Cow            ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ)           ၇၂ဝ ၇၃၅အိုကေနို့ဆီ             ၇ဝဝ ၇၁၅MIRT (DOT)

Wednesday, 30 Mar 2011

ဘိလပ်မြေတန်ချိန် တစ်သိန်းငါးသောင်းကျော်တင်သွင်း                     မတ်လ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၅၉၈၅၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၁၈၁ဝ၃ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများ တင်သွင်းခဲ့တာတွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိလပ်မြေ၊ တန်ချိန် ၆၄ဝ၃၅ ဒသမ ဝ၁ တန်၊ ဆင်တံဆိပ်ဘိလပ်မြေ ၅၉၅၂၁ ဒသမ ၂၅ တန်၊  TPI တံဆိပ် ဘိလပ်မြေ တန်ချိန် ၂ဝဝဝ နဲ့ အခြား တံဆိပ်မျိုးစုံ တန်ချိန် ၃၄၃ဝ၂ ဒသမ ၈၅ တန် အသီးသီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင် သွင်းမှုက တန်ချိန် ကိုးထောင်ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီသီတင်းပတ်မှာ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေတန် ၇ဝဝဝ ကျော်သွင်း                နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်နဲ့ လွယ်ဂျယ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၇၅၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၇ဝ၁ဝ ဒသမ ၅ဝ တန်တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်ကထက် တန်ချိန် ၉ဝဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးစခန်းများမှ ယခင်အပတ်က ထက် ၇ဝ၃ တန် ပိုမိုတင်သွင်းခဲ့သော်လည်း တာချီလိတ်နဲ့ မြိတ် စခန်းများမှ ယခင်သီတင်းပတ်ကထက် တန် ၁၂၅ဝ လျော့နည်းတင်သွင်းခဲ့ပြီး မူဆယ်မှလည်း တင်သွင်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေ တင်သွင်းမှုများကတော့ ကန်ပိုက်တီးမှ ၃၈၄၉ တန်ကျော်၊ တာချီလိတ်မှ ၁၅၇၅ တန်ကျော်၊ မြိတ်မှ တန် ၁ဝ၄ဝ ခန့်နဲ့ လွယ်ဂျယ်မှ ၅၄၆ တန် ဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်းပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/                      အမျိုးအစား                 ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ်                                                        ယခင်အပတ်    ယခုအပတ်            ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး          ဘိလပ်မြေ(ဆင်)ထိုင်း           ၅ဝ၅ဝ          ၅၁ဝဝ(လက်ကား)                     ဘိလပ်မြေ (စိန်)                  ၄၉၅ဝ          ၄၉၅ဝမန္တလေးတိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း             ၆၈ဝဝ        ၆၉ဝဝ                                   ဘိလပ်မြေ (AAA)                  ၅၅ဝဝ        ၅၃ဝဝ                                   ဘိလပ်မြေ(မြန်မာဆင်)             ၅၂ဝဝ       ၅၂ဝဝ                                   ဘိလပ်မြေ(စိန်)ထိုင်း                ၆၈ဝဝ       ၆၉ဝဝ                                   ဘိလပ်မြေ(ဆင်မင်း)                ၅ဝဝဝ      ၄၉ဝဝ                                   ဘိလပ်မြေ(ကျားခေါင်း)              ၅၄ဝဝ       ၅၂ဝဝ                                   ဘိလပ်မြေ(မြင်းခေါင်း)               ၅၄ဝဝ       ၅၂ဝဝတောင်ငူ                         ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆၈ဝဝ       ၆၈ဝဝ                                   ဘိလပ်မြေ(ဆင်)ထိုင်း                ၇၂ဝဝ      ၇၂ဝဝ                                   ဘိလပ်မြေ(မြင်းခေါင်း)               ၅၂ဝဝ       ၅၂ဝဝ                                   ဘိလပ်မြေ(Lucky)ပါကစ္စတန်       ၆၆ဝဝ       ၆၆ဝဝတောင်ကြီး                      ဘိလပ်မြေ(စိန်)ထိုင်း                   ၉၂ဝဝ      ၉၂ဝဝ                                  ဘိလပ်မြေ(ခြင်္သေ့)                      ၆၂ဝဝ      ၆၂ဝဝ                                  ဘိလပ်မြေ(မြို့တော်)                    ၆၂ဝဝ      ၆၂ဝဝမော်လမြိုင်                     ဘိလပ်မြေ(ဆင်)ထိုင်း                    ၅၇၅ဝ     ၆၂၅ဝ                                 ဘိလပ်မြေ(ကြံ့)မြိုင်ကလေး              ၄၄၅ဝ     ၄၆၅ဝမကွေးတိုင်းဒေသကြီး         ဘိလပ်မြေ(ဆင်)ထိုင်း                    ၆၈ဝဝ     ၆၇ဝဝ                                  ဘိလပ်မြေ(ကြံ့)ထိုင်း                     ၆၄ဝဝ      ၆၈ဝဝ                                  ဘိလပ်မြေ(စိန်)ထိုင်း                      ၆၇ဝဝ     ၆၇ဝဝ                                 ဘိလပ်မြေ(မြင်းခေါင်း)                     ၅၈ဝဝ     ၆ဝဝဝ                                 ဘိလပ်မြေ(ဆင်)မြန်မာ                   ၆၅ဝဝ      ၆၆ဝဝMIRT (MAPT)   

Wednesday, 30 Mar 2011

ဒီသီတင်းပတ်မှာ ဓာတ်မြေသြဇာ အများဆုံးတင်သွင်း                 မတ်လ ၁၅ ရက်နေ့မှ ၂၁ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၃၈၄၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၉၉၈၈၅ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေကတော့ တရုတ်နိုင်ငံမှ အမိုးနီးယားဖော့စပိတ် ၆၅ တန်၊ ကွန်ပေါင်း ၂၇ဝ တန်၊ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ ၃၃ဝဝ တန်နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ် ၂ဝ၅ တန် အသီးသီး တင်သွင်းလာတာတွေ့ရပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန် ခြောက်ရာကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ အဝင်လည်း ပိုခဲ့ပါတယ်။ မတ်လအတွင်း ဓာတ်မြေသြဇာ တင်သွင်းမှုတန်ချိန်ကို ကြည့်ရင် ဒီတစ်ပတ်မှာ အများဆုံးတင်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ MIRT(DOT) ဓာတ်မြေသြဇာတင်သွင်းမှုယခင်ကထက် တန် ၄ဝဝဝ ကျော်ပိုမို                 မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်၊ ရိဒ်၊ ကော့သောင်းနဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန် ၁၂၄၉ဝ ကျော်တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၈၃၉၉ တန်ခွဲ တင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ၄ဝ၉ဝ တန် ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ပါတယ်။တာချီလိတ်စခန်းမှ တင်သွင်းမှု လျော့နည်းခဲ့သော်လည်း မူဆယ်၊ ရိဒ်နဲ့ ကော့သောင်းနယ်စပ်စခန်းများမှ တင်သွင်းမှု ပိုမိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများကတော့ မူဆယ်မှ ၁၂ဝ၃၈ ဒသမ ၅ တန်၊ ရိဒ်မှ ၂၆၉ ဒသမ ၇၅ တန်၊ ကော့သောင်းမှ ၁၇၁ တန်နဲ့ တာချီလိတ်မှ ၁၁ တန် အသီးသီးဖြစ်ပါတယ်။ ရိဒ်မှ ပိုတက်ရှ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တာချီလိတ်မှ အမိုးနီးယမ်း နိုက်တြိတ်တို့တင်သွင်းကြပြီး မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းလျက်ရှိတဲ့ ဓာတ်မြေသြဇာများကတော့ ယူရီးယား၊ ကွန်ပေါင်း NPK ၁ဝး၁ဝး၅၊ နိုက်တြစ် ဖော့စဖိတ်၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်းNPK  ၁၅း၅း၅ နဲ့ ၁၃း၅း၇ များဖြစ်တယ်လို့ သိရပါတယ်။ MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ်              အမျိုးအစား                            ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                                                           ယခင်အပတ်     ယခုအပတ်            ပြောင်းလဲမှု(မာလာမြိုင်)                            ယူရီးယား(တရုတ်)နေရွက်လှေ      ၂၂၅ဝဝ        ၂၃၅ဝဝ                                             တီစူပါ မြား(တရုတ်)                      ၂၅ဝဝဝ        ၂၅ဝဝဝ                                             တီစူပါ သံကွင်း(တရုတ်)                ၂၅ဝဝဝ         ၂၅ဝဝဝ                                              ပိုတက်(တရုတ်)                          ၂၃ဝဝဝ          ၂၅ဝဝဝမန္တလေးတိုင်းဒေသကြီး            ယူရီးယား(တရုတ်-ရွှေတောင်)        ၂ဝ၁ဝဝ           ၂ဝ၁ဝဝ                                            ယူရီးယား(တရုတ်-ပန်းဖူး)             ၂ဝ၄ဝဝ            ၂ဝ၄ဝဝ                                            တီဆူပါ GTSP 46%                     ၂၃၁ဝဝ            ၂၃၁ဝဝ                                            တီဆူပါ GSSP 16%                      ၉၅ဝဝ             ၉၅ဝဝ                                            တီဆူပါ GSSP 12%                       ၈၈ဝဝ             ၈၈ဝဝ                                            ကွန်ပေါင်း 15:15:15  (တရုတ်)      ၂၉ဝဝဝ           ၂၉ဝဝဝ                                            အာမို (ဒိုင်းမွန်းစတား)                     ၄ဝဝဝဝ           ၄ဝဝဝဝတောင်ငူ                               ယူရီးယား (ရွှေတောင်-တရုတ်)          ၂၂၃ဝဝ          ၂၂၃ဝဝ                                           ယူရီးယား (ကမ္ဘာလုံး-တရုတ်)           ၂၂၃ဝဝ            ၂၂၃ဝဝ                                           ယူရီးယား (ယူအေအီး-တရုတ်)         ၂၃၅ဝဝ            ၂၃၅ဝဝ                                           ကုလားအုတ် (တရုတ်)                    ၂၂၃ဝဝ            ၂၂၃ဝဝတောင်ကြီး                            ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်)   ၁၉၅ဝဝ             ၁၉၅ဝဝ                                           ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)        ၂ဝ၅ဝဝ           ၂ဝ၅ဝဝ                                          ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်)    ၁၉၅ဝဝ           ၁၉၅ဝဝ                                            တီစူပါ-(တရုတ်) 12%                      ၉၅ဝဝ             ၉၅ဝဝ                                           တီစူပါ-(တရုတ်) 16%                       ၉၈ဝဝ            ၉၅ဝဝ                                           တီစူပါ 15:15:15 (တရုတ်)                ၃၉၅ဝဝ         ၃၉၅ဝဝ                                           တီစူပါ 10:10:5 (တရုတ်)                  ၁၃ဝဝဝ          ၁၃ဝဝဝ                                            ပိုတက် (တရုတ်)                              ၁၉၅ဝဝ        ၂ဝဝဝဝ                                           ဓာတ်ဆား (တရုတ်)                           ၁၅ဝဝဝ        ၁၅ဝဝဝမော်လမြိုင်                             ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)      ၂၃၈ဝဝ         ၂၂ဝဝဝ                                            ပုလဲ(သေး)(ရွှေပျား 46% တရုတ်)      ၂၃၈ဝဝ        ၂၂ဝဝဝ                                            ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)  ၂၃၈ဝဝ       ၂၂၂ဝဝ                                           ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15        ၃၈၅ဝဝ     ၃၈ဝဝဝ                                            ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15   ၃၄၅ဝဝ       ၃၂ဝဝဝ                                            ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8          ၃၂ဝဝဝ       ၃ဝဝဝဝ                                           တီစူပါ (တရုတ်) သံကွင်း 46%              ၂၆၅ဝဝ        ၂၅၈ဝဝ                                            တီစူပါ (တရုတ်) မျှား 46%                    ၂၅၅ဝဝ      ၂၄၈ဝဝ                                            တီစူပါ (တရုတ်) မျှားကမ္ဘာ 16%            ၁၃၅ဝဝ       ၁၃ဝဝဝMIRT (MAPT) 

Pages