Background
ပင်လယ်ရေကြောင်းမှ အဝင်များ မတ် ၂၂ ရက်မှ ၂၈ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၆၁၁ ဒသမ ဝ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၈၈ဝ၂၈ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းနို့ဆီ ၂၂၄ ဒသမ ဝ၅ တန်နဲ့ အိုကေ တံဆိပ် နို့ဆီ ၃၈၇ တန် တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီတင် သွင်းမှုက တန်ချိန် နှစ်ရာကျော်သာရှိခဲ့ တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် ၃ ဆလောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်ကတော့ နယူးဇီလန်နိုင်ငံ ဘက်မှ နို့မှုန့်တန်ချိန် ၁၁၇ ဒသမ ၈၃ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုနဲ့ယှဉ်ရင် ဒီတစ်ပတ်ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။MIRT(DOT) နယ်စပ်မှ နို့ဆီအဝင်လျော့၊နို့စိမ်းအဝင်ပို ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁၉၂ဝဝ တန်ဖိုးရှိ နို့ဆီ ၁၂ဝဝ ကာတွန်း (၂၂ ဒသမ ၇၁၆ တန်)နဲ့ ကန်ဒေါ်လာ ၅၇၇၈၃ တန်ဖိုးရှိ နို့စိမ်း ၃၃၉၉ ကာတွန်း ၉၈၊(၆၄ ဒသမ ၄၅တန်) တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီကာတွန်း ၂ဝဝလျော့ နည်းတင်သွင်းခဲ့ပေမဲ့ နို့စိမ်း ၂၁၉၉ ကာတွန်းတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အတွင်း နို့ဆီနို့စိမ်း တင်သွင်းမှုမှာ ၂၆၂၄၅၃ ကာတွန်း (၄၉၇၆ တန်) ရှိ တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိခဲ့တဲ့အတွက် မတ်လမှ နို့မှုန့် ၇၂ တန်၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၂၇၇၃၆ တန် မူဆယ် နယ်စပ်မှ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ) ၇၂ဝ ၇၃၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
ထိုင်းနိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ ပါကစ္စတန်နိုင်ငံမှပါ ဘိလပ်မြေတင်သွင်း ပြည်တွင်းဈေးကွက်အတွက် မတ် ၂၂ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ၉၉၄၁၇ ဒသမ ၁ဝ ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၈၄၁၆၆၉၃ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ မလေးရှားနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅ဝဝဝ၊ ပါကစ္စတန် နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၈၁ဝ၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေတန်ချိန် ၅၇ဝဝ နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၈၇၉ဝ၇ ဒသမ ၁ဝ တန်အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သိန်း ငါးသောင်းကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေအဝင် တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ခြောက်သောင်းကျော်လောက်လျော့နည်းပြီး တင်သွင်းလာတာတွေ့ ရပါတယ်။ MIRT(DOT) ဒီတစ်ပတ် မူဆယ်က ဘိလပ်မြေ အဝင်ပို မတ် ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း တာချီလိတ်၊ မြိတ်နဲ့ မောင်တော နယ်စပ်များမှ ဘိလပ်မြေ ၂၂၆၆ တန် ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ သန်းဖိုး တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၄၇၄၄ ကျော် လျော့နည်းတင် သွင်းခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ်နဲ့ လွယ်ဂျယ်တို့မှ တင်သွင်းမှုမရှိခဲ့တဲ့အတွက် သိသိသာသာ တင်သွင်းမှုလျော့ကျခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှု တွေကတော့ တာချီလိတ်မှ ၁၅၅၄ တန်ကျော်၊ မြိတ်မှ ၄၂၃ ဒသမ ၆၅ တန်နဲ့ မောင်တောမှ ၂၈၈ ဒသမ ၅ တန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်မှ မတ်လ အတွင်းမှာ ၂၅၂၄၉ တန် တင်သွင်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ နယ်စပ်မှ ဘိလပ်မြေတန်ချိန် ၃၈၃၅ဝဝ ကျော် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရ ပါတယ်။MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ၆၉ဝဝ ဘိလပ်မြေ (AAA ) ၅၃ဝဝ ၅၄ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၉ဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇၂ဝဝ ၇၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ၇၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ၆၁ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝ ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၆၂၅ဝ ၆၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၆၅ဝ ၄၈ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၇ဝဝ ၆၂ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ၆ဝဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၆ဝဝ ၆၆ဝဝMIRT (MAPT)
ထိုင်းနဲ့ ဗီယက်နမ်မှ ဓာတ်မြေသြဇာတင်သွင်း မတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၅၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅၁၆၂ ဖိုးကို ပင်လယ်ရေကြောင်း ကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ထိုင်း နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၅ဝ နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်ဓာတ်မြေသြဇာ တန်ချိန် ၂ဝ၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် သုံးထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တော်တော်လေးလျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT(DOT) နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန် ၁၁၄ဝဝ ကျော်တင်သွင်း မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်တဲ့ မူဆယ်၊ တမူး၊ ရိဒ်နဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၂၇ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၁၄၄၉ ဒသမ ၆၁ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန် ၁ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်မှတန်၁၅ဝဝ နီးပါးတင်သွင်းမှုလျော့နည်းခဲ့ပြီး ယခုအပတ် ကော့သောင်းမှ တင်သွင်းမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ယခင်အပတ်ကတင်သွင်းခဲ့ခြင်းမရှိတဲ့ တမူးနယ်စပ် က ယခုအပတ်မှာ ဓာတ်မြေသြဇာ ၆၇၄ တန်ကျော် တင်သွင်းနိုင်ခဲ့တဲ့အတွက် တန် ၁ဝဝဝ ကျော်လောက်ပဲ လျော့နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဓာတ် မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၅၉၇ ဒသမ ၃၆ တန်၊ တမူးမှ ၆၇၄ ဒသမ ၇၅တန်၊ ရိဒ်မှ ၁၇၂ တန်နဲ့ တာချီလိတ်မှ ၅ ဒသမ ၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ မတ်လတစ်လလုံး နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၄၅၁၁၁ ကျော်တင်သွင်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာတော့ တန်ချိန် ခြောက်သိန်းကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်းနိုက်ထရိတ်၊ ကွန်ပေါင်း၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ နိုက်တြစ်ဖော့စဖိတ်တို့ဖြစ်ပါတယ်။ တမူးနဲ့ ရိဒ်မှ ယူရီးယားနဲ့ ပိုတက်ရှ်အသွင်းရှိပြီး တာချီလိတ်မှ အမိုးနီးယမ်နိုက်ထရိတ် တင်သွင်းတာဖြစ်ပါ တယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ ၂ဝဝဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ ၂၄၈ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၅ဝဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ၁၈၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး ) ၂ဝ၄ဝဝ ၁၉၁ဝဝ တီဆူပါ GTSP 46% ၂၃၁ဝဝ ၂၂၅ဝဝ တီဆူပါ GSSP 16% ၉၅ဝဝ ၈၈ဝဝ တီဆူပါ GSSP 12% ၈၈ဝဝ ၈၁ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ ၂၈ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၄၁ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ၂ဝဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ၂ဝဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅ဝဝ ၂ဝဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉ဝဝဝ တီစူပါ-(တရုတ်) 16% ၉၅ဝဝ ၉၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၉၅ဝဝ ၃၉၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၄ဝဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅ဝဝဝ ၁၃၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၂ဝဝ ၂၂၂ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း15:15:15 ၃၂ဝဝဝ ၃၂ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝဝဝဝ ၃၁ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၅၈ဝဝ ၂၅၈ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၄၈ဝဝ ၂၄၈ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၃ဝဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz28-March 36.85 2369.70 2620.58 9733.25 1728.0029-March 37.00 2364.54 2601.54 9678.59 1739.0030-March 37.37 2398.82 2635.14 9679.94 1747.0031-March 37.73 2752.06 2378.88 9575.55 1777.001-April 37.65 2353.34 2622.59 9557.63 1771.00Source:kitco.com
Energy NYMEX 1-4-2011 Price Change Change %Brent Crude Futr (USD/bbl) 117.25 -0.11 -0.09Gas Oil Fut (ICE) (USD/MT) 990.50 1.25 0.13Gasoline Rbob Fut (Cent/gal) 310.65 -0.60 -0.19Heating Oil Futr (Cent/gal) 4.39 -0.04 0.09Natural Gas Futr (USD/MMBtu) 310.96 0.19 0.06WTI Crude Future (USD/bbl.) 106.95 0.23 0.22
နယ်စပ်ငွေလဲလှယ်နှုန်း မတ်လ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)28 6 .56 30.29 72.80 44.8129 6.56 30.33 72.60 44.7030 6 .56 30.33 72.60 44.7731 6 .55 30.25 72.60 44.651 6.55 30.27 72.65 44.51
World Gold Price March 2011 (USD/OZ)Date NY London Zurich28 1418 1420 142229 1417 1418 141830 1419 1419 142031 1425 1425 14251 1431 1431 1432Domestic Gold Price Kyats(Thousand)Date Yangon Mandalay28-3-2011 663.50 662.5029-3-2011 661.50 661.7030-3-2011 662.00 661.9031-3-2011 663.30 662.501-4-2011 662.40 661.50
Currency Exchange Rate April 1, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.97BDT Bangladesh Taka 72.65CAD Canada Dollars 0.97CNY China Yuan Renminbi 6.55EUR Euro 0.71HKD Hong Kong Dollars 7.78INR India Rupees 44.51IDR Indonesia Rupiahs 8689.00JPY Japan Yen 83.50MYR Malaysia Ringgits 3.03PKR Pakistan Rupees 85.31PHP Philippines Pesos 43.42RUB Russia Rubles 28.36SGD Singapore Dollars 1.26KRW South Korea Won 1099.64LKR Sri Lanka Rupees 110.32THB Thailand Baht 30.27GBP United Kingdom Pounds 0.62VND Vietnam Dong 20900.00Source : xe.com
တရုတ်နိုင်ငံ၏ ၂ဝ၁ဝ ပြည့်နှစ် ရွှေထုတ်လုပ်မှု အခြေအနေ ၂ဝဝ၇ ခုနှစ်မှစတင်၍ ကမ္ဘာပေါ် ၌ ရွှေအများဆုံး ထုတ်လုပ်ခဲ့သော တရုတ်နိုင်ငံသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ၂ဝဝ၉ ခုနှစ်ထက် ၈ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း တန်ချိန် ၃၄ဝဒသမ ၈၈တန်ရှိကြောင်း တရုတ် ရွှေထုတ်လုပ်သူများအသင်းမှ ထုတ်ပြန်ခဲ့သည်။ ရွှေပိုမို ထုတ်လုပ် နိုင်မှုကြောင့် တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုနှင့် ဘဏ္ဍာရေးမတည်ငြိမ်မှု တို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ၂ဝဝ၂ ခုနှစ်၌ ပြည်တွင်းရွှေထုတ်လုပ် သော လုပ်ငန်း ၁၂ဝဝ ရှိရာမှ ၂ဝ၁ဝ ပြည့်နှစ်တွင် လုပ်ငန်း ၇ဝဝ သာ ကျန်ရှိတော့ကြောင်း၊ ထိပ်တန်း ရွှေထုတ် လုပ်သောလုပ်ငန်း ၁ဝ ခုမှ ထုတ်လုပ်မှုသည် စုစုပေါင်း၏ ၄၉ ဒသမ ၁၉ ရာခိုင်နှုန်းရှိကြောင်း၊ တရုတ်ပြည်၌ ရှန်ဒုံ၊ ဟေနန်၊ ဂျန်စီ၊ ယူနန်နှင့် ဖူကျန့် ဒေသများတွင် ရွှေထုတ်လုပ်မှု အများဆုံးဖြစ်ပြီး၊ စုစုပေါင်းထုတ်လုပ်မှု၏ ၅၉ ဒသမ ၈၂ ရာခိုင်နှုန်းရှိကြောင်း၊ ၂ဝ၁ဝ ပြည့်နှစ်ပျမ်းမျှ ကမ္ဘာ့ရွှေဈေးနှုန်းသည် နှစ်အလိုက် ၂၅ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်အောင်စလျှင် အမေ ရိကန်ဒေါ်လာ ၁၂၂၄ ဒသမ ၅၃ ရှိ ကြောင်း သိရသည်။ ဇာစ်မြစ်-ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့။
ရွှေဈေး အမြင့်ရောက်လာပေမယ့် အရောင်းအဝယ် ပြန်လည်ဦးမော့လာ ပြည်တွင်းရွှေဈေးကွက်အနေဖြင့် မတ်လ ပထမပတ်တွင် ၁၅ ပဲရည်ကို ကျပ် ၆၃၃ဝဝဝ နှင့်အခေါက်ရွှေဈေး ၁၆ ပဲရည်ကို ကျပ် ၆၇ဝဝဝဝအထိ ရပ်တည်နေ လျက်ရှိကြောင်း သိရသည်။ ၂ဝ၁၁ မတ်လတွင် ရွှေဈေးများ ပြန်လည်မြင့်တက်လာသကဲ့သို့ အရောင်း အဝယ်အားမှာလည်း ရင်းနှီးမြှုပ်နံှသူများ ရွှေဘက်သို့ ပြန်လှည့်လာသောကြောင့် ပြန်လည်ဦးမော့လာကြောင်း သိရသည်။ ''ရွှေဈေးတွေတက်လာတယ်၊ အဲဒီအတွက် အရောင်းအဝယ်တွေသူ့ဟာနဲ့သူ တဖြည်းဖြည်း တိုးလာပါတယ်၊ ရွှေဈေး တက်လာတာပဲရှိတယ်။ရောင်းတဲ့သူကလည်း ပုံမှန်ရောင်းတယ်။ ဝယ်တဲ့သူကလည်း ပုံမှန်ဝယ်တယ်။ ဘာပြဿနာမှ မရှိပါဘူး''ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ ရွှေဆိုင်တစ်ဆိုင်မှပြောပြသည်။ မင်းချို