Background
လစ်ဗျား အကျပ်အတည်းက ရေနံဈေးနှုန်းကို ကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်နိုင် လစ်ဗျားအကျပ်အတည်းက ရေနံစိမ်းဈေးနှုန်းကို အမေရိကန်ဒေါ်လာ ၂ဝဝ ကျော်ထိ မြင့်တက်စေနိုင်ကြောင်း လေ့လာဆန်းစစ်သူတွေက ပြောကြားလိုက်ပါတယ်။ ၎င်းအခြေအနေတွင် ကမ္ဘာ့ဈေးကွက်မှာရရှိနိုင်တဲ့ ရေနံစိမ်းပမာဏမှာ လွန်စွာလုံလောက်မှုရှိကြောင်း ဆော်ဒီအာရေဗျရေနံဝန်ကြီးက မတ် ၈ ရက်တွင် ပြောကြားလိုက်ပါတယ်။ လစ်ဗျားနိုင်ငံတွင် အကြမ်းဖက်မှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပွားနေ တာကြောင့် နိုင်ငံရဲ့ရေနံထုတ်လုပ်မှုရှည်ကြာစွာ ကျဆင်းနိုင်ကြောင်း၊ လစ်ဗျားနိုင်ငံ အနီးရှိ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေကလည်း အလားတူရေနံထုတ်လုပ်မှု ရှည်ကြာစွာ ကျဆင်းနိုင်ကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားပါတယ်။ လုပ်သားတွေကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးထားပြီး လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းထားတဲ့ ပြည်ပကုမ္ပဏီများကလည်း လုပ်ငန်းပြန်လည်စတင်ဖို့ မဖြစ်နိုင်သေးပါ။ လစ်ဗျားနိုင်ငံရဲ့ နေ့စဉ်ရေနံထုတ်လုပ်မှုစည်သန်းပေါင်း ၁ ဒသမ ၆ သန်းရှိတဲ့ အနက် စည်သန်းပေါင်း ၁ သန်း (နိုင်ငံရဲ့ ရေနံထုတ်လုပ်မှု ၃ ပုံပုံ ၂ ပုံ) လျော့ကျနေ နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency) က ပြောကြားပါတယ်။ အာဖရိကတိုက်ရှိလစ်ဗျားနိုင်ငံက နိုက်ဂျီးရီးယား၊ အယ်လ်ဂျီး ရီးယားနဲ့ အင်ဂိုလာနိုင်ငံတို့ပြီးရင် ကမ္ဘာ့စတုတ္ထအများဆုံး ရေနံတင်ပို့တဲ့နိုင်ငံ ဖြစ်ပါတယ်။ Source:CAN.com,သိန်းမြင့်ဝေ
ဒီဇယ်ပီပါ တစ်သိန်းကိုးသောင်းကျော်ဝင်ခဲ့ ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် မတ်လ ၁ ရက်မှ ၇ ရက်တာ ကာလ အတွင်း ဒီဇယ်ပီပါ တစ်သိန်းကိုးသောင်းကျော်၊ တန်ချိန်အားဖြင့် နှစ်သောင်းငါးထောင်လေးရာရှစ်ဆယ့်သုံးတန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီအဝင်တန်ချိန်မှာ နှစ်သောင်းကျော်သာ ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဒီဇယ်ဆီအဝင်နဲ့ယှဉ်ရင် တန်ချိန်ငါးထောင်ကျော်လောက် ပိုမိုတင် သွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ MIRT-DOT နယ်စပ်မှ ဓာတ်ဆီထက် ဒီဇယ်တင်သွင်းမှုပို မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလအတွင်း ကန်ပိုက်တီး၊ ကော့သောင်းနဲ့ တာချီလိတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၅၆၁၅၁ဝ ဂါလန်နဲ့ ကော့သောင်းမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၈၉ သန်း တန်ဖိုးရှိ ဓာတ်ဆီ ၂၉၇၅ဝ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၁၈၁၉၇၁ တင်သွင်းမှုပိုမိုခဲ့ပြီး ဓာတ်ဆီ ဂါလန် ၃၁၁ဝဝ ကျော် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခင်အပတ်က တာချီလိတ်မှ ဓာတ်ဆီတင်သွင်းမှု ရှိသော် လည်း ယခုအပတ်မှ တင်သွင်းနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၇ ၄ဝဝဝ ၄ဝဝဝ ၃၉ဝဝ ၄၄ဝဝ၈ ၄ဝဝဝ ၄ဝဝဝ ၃၉ဝဝ ၄၄ဝဝ၉ ၄ဝဝဝ ၄ဝဝဝ ၃၉ဝဝ ၄၄ဝဝ၁ဝ ၄ဝဝဝ ၄၈ဝဝ ၃၉ဝဝ ၄၄ဝဝ၁၁ ၄၅ဝဝ ၄၈ဝဝ ၃၉ဝဝ ၄၄ဝဝMIRT-DOT
ပဲစင်းငုံဈေး ဆက်တိုက်ဆင်းလာ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွေမှာ ပဲစင်းငုံဈေးက ဆက်တိုက်ဆိုသလို ကျဆင်းလာပါတယ်။ ပဲအသစ်တွေ အဆက်မပြတ် ဝင်ရောက်နေပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းလာတာ ဖြစ်ပါ တယ်။ ပြည်တွင်းပဲအသစ်တွေ လှိုင်လှိုင်ဝင်နေတဲ့အပြင် မြန်မာပဲစင်းငုံ တွေလည်း ပုံမှန်ဝင်ရောက်နေလို့ ရောင်းအားနဲ့ ဝယ်လိုအားအကြား ကွာဟမှုများပြီး ယခုလို ပဲစင်းငုံဈေးကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံဈေး ကျဆင်းလာတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာလည်း တစ်ပတ်အတွင်း တစ်တန်ကို ဒေါ်လာ ၃ဝခန့် လျော့ ကျလာခဲ့ပါတယ်။ ဒါပေမဲ့ ဝယ်လိုအားတိုးတက်လာတော့မှာဖြစ်လို့ ကာလ တိုအတွင်း ဈေးနှုန်းပြန်လည်ခိုင်မာနိုင်တယ်လို့ ကုန်သည်များက သုံးသပ် ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေး နှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၈ဝ၆ ၈ဝ၉-၈၁၄ ၈၁၉-၈၂၄ ၈၁၈ဒေလီ(မြန်မာပဲစင်းငုံ) ၈ဝ၆ ၈၃၇ ၈၂၄ ၈ဝ၇ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈ဝ၁ ၇၉၈ ၈၃ဝ ၈၁၈
ပဲတီစိမ်းဈေးငြိမ် ပဲတီရွှေဝါဈေးလျော့ အိန္ဒိယပြည်တွင်းလက်ငင်းဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲတီစိမ်း ဈေးငြိမ်ပေမဲ့ ပဲတီရွှေဝါဈေးကတော့ အနည်းငယ်လျော့လာခဲ့ပါတယ်။ ပဲရရှိနိုင်မှု အကန့်အသတ်သာရှိပေမဲ့ ဝယ်လိုအားနည်းတာကြောင့် ဈေး လျော့လာတာဖြစ်ပါတယ်။ ဧပြီလ အစပိုင်းလောက်မှာလည်း တမီလ်နာဒူး ပြည်နယ်က ပဲတီစိမ်းအသစ်တွေ ဝင်လာတော့မှာဖြစ်လို့ ကာလတိုအတွင်း ပဲတီစိမ်းရောင်းလိုအား တက်ဖွယ်ရှိပါတယ်။ ဈေးကွက်မှ ပြောကြားချက် အရ နိုင်ငံတကာဈေးမြင့်တက်မှုကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း ပဲတီစိမ်း ဝယ်လိုအားကျနေတယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေ ကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ) ၁၃၁၂-၁၃၃၅ ၁၃ဝ၈-၁၃၃ဝ ၁၃၂၈ ၁၃၂၆ဒေလီ ၁၂၉ဝ ၁၂၈၅ ၁၂၈၄ ၁၂၈၂အင်ဒိုရီ ၁၁၅၉ ၁၁၅၂ ၁၁၅၁ ၁၁ဝ၅
ကုလားပဲဈေး အနည်းငယ်ပြောင်းလဲ အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ကုလားပဲအသစ်တွေဝင်ရောက် မှု တိုးလာပြီး အရောင်းအဝယ်ဖြစ်မှုနည်းလို့ လက်ရှိဈေးမှာ အပြောင်းအလဲအနည်းငယ်ရှိပေမဲ့ ဈေးများများမကျဆင်းတာတွေ့ရပါတယ်။ မဒ္ဒရာ ပရာဒေ့ရှ်မှာ ရာသီဥတုခြောက်သွေ့လို့ ပဲရိတ်သိမ်းမှုကို အထောက်အကူ ဖြစ်စေပြီး ပဲအသစ်ဝင်ရောက်မှု အရှိန်ရလာနေပြီလို့ သိရပါတယ်။ လှောင်လက်များကလည်း ယခုနှစ်ပဲအထွက်ကောင်းမယ့် အလားအလာအရ ဈေးကျဆင်းမယ့် ခန့်မှန်းချက်နဲ့ မနှစ်က လက်ကျန်ပဲတွေကို ရှင်းထုတ်နေ ကြတယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်မှုတိုးပြီး ဝယ်လိုအားထက် ကျော်လွန်နေလို့ ကာလတိုအတွင်း ဈေးလျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူ လုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း ၅၁၇-၅၂၃ ၄၅၉-၅၂၁ ၅၂ဝ ၅၃ဝဒေလီ ၅၇၁-၅၇၂ ၅၅၄-၅၆ဝ ၅၅၉ ၅၆၉ကန်ပါ ၅၈၃ ၅၇ဝ ၅၇၅ ၅၉ဝ
အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ကြက်သွန်နီ၊ အာလူးနဲ့ ပဲမိုျးစုံ ဈေးကျဆင်းလာတာကြောင့် ဖေဖော်ဝါရီလ ၁၉ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ၁ဝ ဒသမ ၃၉ ရာခိုင်နှုန်းကို ၁ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က ၁၁ ဒသမ ၄၉ ရာခိုင်နှုန်းရှိခဲ့ရာက ကျဆင်းလာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အာလူးဈေးက ၁၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ပဲမိုျးစုံဈေးနှုန်းက ၅ ဒသမ ဝ၂ ရာခိုင်နှုန်းနဲ့ ကြက်သွန်နီဈေးက ၃ဒသမ ၆၄ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး ဆက်လက်ဆင်းလာ ယခင်သီတင်းပတ်က အကျဘက်ဆင်းလာသလို ယခုတစ်ပတ်မှာ လည်း အိန္ဒိယပြည်တွင်း မတ်ပဲဈေးကဆက်လက်ကျဆင်းခဲ့ပါတယ်။ ဈေးကွက်တွေမှာ ဝယ်လိုအားနည်းတာကြောင့် ဈေးကျဆင်းနေတာဖြစ်တယ် လို့သိရပါတယ်။ မြန်မာမတ်ပဲများ အိန္ဒိယဆိပ်ကမ်းကို ပုံမှန်ဝင်ရောက်ခြင်းက ရောင်းအားကို ပိုမိုစေတယ်လို့သိရပါတယ်။ အိန္ဒိယက ဝယ်လိုအား နည်းတာကြောင့် တစ်ပတ်အတွင်း ကမ္ဘာ့မတ်ပဲဈေး တစ်တန်ကို ကန် ဒေါ်လာ ၅ဝ-၇ဝ ခန့် ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အတ္တပရာဒေ့ရှ်က မတ်ပဲဝင်ရောက်မှု အနည်းငယ်နောက်ကျလို့ မတ်ပဲ အသစ် ဝင်ရောက်မယ့် မတ်လလယ်လောက်ထိတော့ ဈေးများများမကျ နိုင်ဘူးလို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား (၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၃ .၃ .၁၁ ၁ .၃ .၁၁ ၂၈ .၂ .၁၁ ၂၆ .၂ .၁၁မွန်ဘိုင်း ၈၈၄ ၈၈၁ ၈၈၅-၈၉၁ ၈၈၄ဒေလီ ၈၉ဝ ၈၈၇ ၈၉၁ ၈၉ဝချန်နိုင်း ၉ဝ၁-၁ဝ၂၃ ၈၉၈-၁ဝ၂ဝ ၉ဝ၇-၁ဝ၄ဝ ၉ဝ၆-၁ဝ၃၉
ဒီတစ်ပတ် နို့ဆီ/နို့စိမ်း အဝင်ရှိခဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက် တာကာလအတွင်း နို့ဆီတန်ချိန် ၁၂၉ နဲ့ နို့စိမ်းတန်ချိန် ၁၁၂ တန် စုစုပေါင်း ၂၄၁တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၅၉၈၁၈ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်တင်သွင်းမှုမရှိခဲ့တဲ့ နို့ဆီ၊ နို့စိမ်းက ဒီသီတင်းပတ်မှသာ ပြန်လည် တင်သွင်းခဲ့တာဖြစ်ပါတယ်။ တင်သွင်းခဲ့ တဲ့နိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ နို့ဆီ နို့စိမ်းတင် သွင်းမှုက စုစုပေါင်းတန်ချိန် ၉၉၉ တန် ရှိခဲ့ပြီး ယခင်လ ဇန်နဝါရီရဲ့ နို့ဆီနို့စိမ်း အဝင်က တန်ချိန် ၁၇၅၄ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နို့ဆီ/စိမ်း အဝင် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်ကတော့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ သြစတြေးလျမှ ၁၇ တန်၊ ဖိလစ်ပိုင်နိုင်ငံမှ ၈ တန်နဲ့ နယူးဇီလန်နိုင်ငံမှာ ၂၅ တန် စုစုပေါင်းတန် ၅ဝ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ နို့စိမ်း၊နို့မှုန့် တင်သွင်းမှုပို ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်မှ နို့စိမ်းနဲ့ နို့မှုန့်တင်သွင်းမှု ယခင်အပတ် က ထက်သိသိသာသာ ပိုမိုတင်သွင်းမှု ရှိခဲ့ပါတယ်။ ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှကန်ဒေါ်လာ ၇၆၃၃၆ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၉၁ တန် (၄၇၇၁ ကာတွန်း)၊ ကန်ဒေါ်လာ ၂၄၃၁ဝဝ တန်ဖိုးရှိ နို့စိမ်း ၂၇၁ မတ်ထရစ်တန် (၁၄၃ဝဝ ကာတွန်း)တို့ တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့စိမ်း ၁၆၈ တန် (၈၉ဝဝ ကာတွန်း) တင်သွင်းခဲ့တဲ့ အတွက် ၁ဝ၃ တန် တင်သွင်းမှုပိုမိုခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှ ယခင်အပတ် က နို့မှုန့်တင်သွင်းမှု မရှိခဲ့သော်လည်း ယခုအပတ်မှာတော့ ကန်ဒေါ်လာ ၁၈၇၆၃၁ တန်ဖိုးရှိ နို့မှုန့် ၆၆ တန် နီးပါး တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT (DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၇၈ဝ ၇၉၅ဒွန်း( နို့စိမ်း) ၇ဝဝ ၇၁၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow ၆၇ဝ ၆၈၅မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
ပင်လယ်ရေကြောင်းမှ ဖေဖော်ဝါရီမှာ တန်ချိန်နှစ်သိန်းကျော် အဝင်ရှိ ဒီလရဲ့ နောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် ငါးသောင်းငါးထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အိန္ဒိယမှ ဘိလပ်မြေ ၇၁ တန်၊ ပါကစ္စတန်မှ ဆင်တံဆိပ်နဲ့ အခြားဘိလပ်မြေ ၆၈ဝ တန်၊ ပိုလန်နိုင်ငံမှ ၄ဝ၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်၊ စိန်တံဆိပ်နဲ့ MOUNTAIN ဘိလပ်မြေ ၅၄၇၃၉ တန်တို့ကို အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် တစ်သောင်းခြောက်ထောင် ကျော်ရှိခဲ့တာမို့ ဒီတစ်ပတ်မှာ ၃ ဆကျော်လောက် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ လချုပ်အနေနဲ့ ကြည့်ရင် ဖေဖော်ဝါရီတစ်လလုံးမှာ ဘိလပ်မြေတန်ချိန် ၂၃၆၈၆၃ တင်သွင်းနိုင်ခဲ့ပြီး ယခင်ဇန်နဝါရီလရဲ့ ဘိလပ်မြေတင်သွင်း မှုမှာ တန်ချိန် ၁၄၂၆၁၅ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီမှာ ဘိလပ်မြေတန်ချိန် ကိုးသောင်းကျော်လောက် ပိုမိုတင်သွင်းဖြန့်ဖြူးနိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေ တန် ၆၂ဝဝ ကျော် တင်သွင်း ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်းမှာ နယ်စပ်စခန်း များမှ ကန်ဒေါ်လာ ဝ ဒသမ ၇၈၅ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၆၂၅၈ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုများကတော့ မူဆယ်မှ ၉၅ တန်၊ ကန်ပိုက်တီးမှ ၄၂၅၆ တန်၊ တာချီလိတ်မှ ၁၈၇၇ တန်၊ စစ်တွေမှ တန် ၃ဝ အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က ၆၃၂ဝ တန်တင်သွင်းခဲ့ပါတာမို့ ယခုအပတ်မှာ ၆၂ တန် တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်အနေနဲ့ တင် သွင်းခဲ့ခြင်းမရှိတာကလည်း လျော့နည်းရတဲ့အကြောင်းထဲက တစ်ချက်ဖြစ်ပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
ထိုင်းမှ အများဆုံးဝင် ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၈ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာ တန်ချိန် ၄၇၉၆ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၅၃၄၄ဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံတွေက ထိုင်းနိုင်ငံမှ ဓာတ်မြေသြဇာ တန်ချိန် ၃၃ဝဝ၊ ဘူဂေးရီးယားနိုင်ငံမှ ဖော့စ်ပရပ် တန်ချိန် ၅ဝဝ၊ ကိုရီးယားနိုင်ငံမှ အမိုးနီးယားဆာလဖိတ် တန်ချိန် ၂၇ဝ နဲ့ တရုတ်နိုင်ငံမှ အမိုးနီးယားဆာလဖိတ် ၇၂၆ တန်တို့ကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာ တင်သွင်းမှုတန်ချိန်မှာ ရှစ်ရာကျော်သာရှိခဲ့တာမို့ ဒီသီတင်းပတ်မှာ ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလချုပ်အနေနဲ့ ဓာတ်မြေသြဇာတင်သွင်းမှုက တန်ချိန်ငါးထောင် ရှစ်ရာကျော်ရှိခဲ့ပြီး ဇန်နဝါရီလရဲ့ ဓာတ်မြေသြဇာအဝင်တန်ချိန်မှာ ခြောက်ထောင့် ကိုးရာကျော် ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ဓာတ်မြေသြဇာတင်သွင်းမှု လျော့ နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာ တန်ချိန် ၁၄ဝဝဝ နီးပါးတင်သွင်း ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိကာလအတွင်း နယ်စပ်စခန်း များမှ ဓာတ်မြေသြဇာ ၁၃၉၉၈ တန်ကျော် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၅၈၃ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုတွေ ကတော့ မူဆယ်မှ တန် ၁၂၉ဝဝ ကျော်၊ ရိဒ်မှ ၇၅၅ တန်ခန့်၊ ကော့သောင်းမှ ၃ဝ၇ တန်ကျော်နဲ့ တာချီလိတ်မှ ၃၃ တန် အသီးသီးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ် ကထက် တန် ၁၁၅ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်းနိုက်တြိတ်၊ ကွန်ပေါင်း (NPK) 12:13:0 ၊ 10:10:5 ၊ 15:5:5 ၊ 13:5:71 Single Super Phosphate နဲ့ တီစူပါဖော့စဖိတ်တို့ ဖြစ်ပါတယ်။ တာချီလိတ်မှ အမိုးနီး ယမ်းနိုတ်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးနဲ့ ရိဒ်တို့မှ ပိုတက်ရှ်တို့ တင်သွင်း ခဲ့ကြတာဖြစ်ပါတယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၂ဝဝ တီစူပါ မြား(တရုတ်) ၂၄၅ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄၅ဝဝ ပိုတက်(တရုတ်) ၂၂၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၇ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂၁၄ဝဝ တီဆူပါGTSP 46% ၂၃၁ဝဝ တီဆူပါGSSP 16% ၉၆ဝဝ တီဆူပါ GSSP 12% ၈၉ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝ၅ဝဝတောင်ငူ ယူရီးယား(ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား(ပုလဲ-ယူအေအီး) ၂၃၅ဝဝ ကုလားအုတ်(တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၂ဝဝဝ တီဆူပါ-(တရုတ်) 12% ၉၈ဝဝ တီဆူပါ-(တရုတ်) 16% ၁၁ဝဝဝ တီဆူပါ15:15:15 (တရုတ်) ၄ဝဝဝဝ တီဆူပါ 10:10:5(တရုတ်) ၁၁ဝဝဝ ပိုတက်(တရုတ်) ၂ဝ၅ဝဝ ဓါတ်ဆား (တရုတ်) ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၇၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz28-February 33.48 2518.43 2554.50 9972.70 1818.001-March 34.16 2520.22 2577.57 9975.62 1807.002-March 34.65 2511.94 2588.99 10041.92 1847.003-March 34.58 2508.80 2588.54 10053.57 1847.004-March 34.44 2517.54 2604.45 10011.01 1825.00Source:kitco.com