Main menu

Background

Sunday, 6 Mar 2011

Energy NYMEX 4-3-2011                                                   Price                Change                Change %Brent Crude Futr (USD/bbl)        115.45             0.66                        0.57Gas Oil Fut (ICE) (USD/MT)           966.25            3.75                       0.39Gasoline Rbob Fut (Cent/gal)        306.50            1.57                        0.51Heating Oil Futr (Cent/gal)             3.76                -0.02                     -0.45Natural Gas Futr (USD/MMBtu)      303.40              0.78                       0.26WTI Crude Future (USD/bbl.)       102.31               0.40                       0.39

Sunday, 6 Mar 2011

နယ်စပ်ငွေလဲလှယ်နှုန်း     မတ်လ ၂ဝ၁၁ (1US$)ရက်      တရုတ်     ထိုင်း        ဘင်္ဂလားဒေ့ရှ်        အိန္ဒိယ             (ယွမ်)    (ဘတ်)          (တာကာ)        (ရူပီး)28      6 .59      30.60          71.15              45.261        6.57       30.55          71.50              45.042        6 .57      30.54          71.25              44.783       6 .57       30.51          71.50              45.014       6.57        30.49          71.70              44.99

Sunday, 6 Mar 2011

Currency Exchange Rate                March 4, 2011                Base Currency is           United States Dollar - USD          Currency Unit Units per USDAUD Australia Dollars              0.99BDT Bangladesh Taka            71.70CAD Canada Dollars               0.97CNY China Yuan Renminbi      6.57EUR Euro                               0.72HKD Hong Kong Dollars        7.79INR India Rupees                  44.99IDR Indonesia Rupiahs       8785.00JPY Japan Yen                      82.34MYR Malaysia Ringgits             3.03PKR Pakistan Rupees             85.47PHP Philippines Pesos             43.30RUB Russia Rubles                28.19SGD Singapore Dollars           1.27KRW South Korea Won      1114.65LKR Sri Lanka Rupees           110.58THB Thailand Baht                  30.49GBP United Kingdom Pounds   0.61VND Vietnam Dong             20860.00Source : xe.com

Sunday, 6 Mar 2011

World Gold Price               March 2011 (USD/OZ)Date    NY        London     Zurich28        1412    1410         14101          1410    1412         14132          1430    1431         14333          1426    1429         14304          1412    1413        1413Domestic Gold Price                           Kyats(Thousand)      Date             Yangon          Mandalay28-2-2011           670.50           669.601-3-2011             668.20           668.002-3-2011             674.00           672.503-3-2011            674.10            673.804-3-2011            671.50           670.70

Sunday, 6 Mar 2011

 တရားမဝင် ရွှေတုံးရောင်းဝယ်မှုကို ဗီယက်နမ်ပိတ်ပင်          အခက်အခဲနဲ့တွေ့ကြုံနေရတဲ့ နိုင်ငံ ရဲ့ ငွေကြေးကိုခိုင်မာအောင် ကြိုးပမ်း တဲ့အနေနဲ့ ရွှေတုံးတွေကို တရားမဝင် ရောင်းဝယ်ဖောက်ကားတာကို ပိတ်ပင်ဖို့ ဗီယက်နမ်က စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ နိုင်ငံတော်မီဒီယာက ဖေဖော်ဝါရီလ ၂၈ ရက်က ပြောပါတယ်။ ရွှေဆိုင်တွေက ရွှေအတုံးလိုက် ရောင်းတာကိုပိတ်ပင်မယ့် ဒီဂရီအမိန့်ကို ထုတ်ပြန်ဖို့ ဗဟိုဘဏ်က ပြင်ဆင်နေ တယ်လို့ ဗီယက်နမ် နယူးစ်အေဂျင်စီ (VNA)က သတင်းကို ဖော်ပြထားပါ တယ်။               ဥပဒေကြမ်းကို ယခုနှစ် ဒုတိယ သုံးလပတ်မှာ အစိုးရကို တင်သွင်းဖို့ ရှိတယ်။ ဒီဥပဒေကြမ်းအရ လက်ဝတ် ရတနာတွေကို ရောင်းချခွင့်ပြုတယ်လို့ ဆိုပါတယ်။ ရွှေတုံးတွေကိုဝယ်ယူဖို့ အခက်အခဲ တွေကိုရောင်းချနိုင်ဖို့ တရားဝင် အဝယ် ဆိုင်တွေကို ဗဟိုဘဏ်က ဖွင့်လှစ်ပေး ရှိနိုင်ပေမယ့် ပြည်သူတွေရဲ့ ရွှေတုံး ပါမယ်။ စီးပွားရေး မရေရာမှုကို အကာအကွယ်ပေးဖို့အတွက် အကာ အကွယ်အနေနဲ့ ဗီယက်နမ်လူမျိုးတွေ က ကိုယ်ပိုင်ငွေကြေးထက် ဒေါ်လာနဲ့ ရွှေတုံးတွေကို စုဆောင်းတတ်ကြပါတယ်။ ရောင်းဝယ်မှုတွေမှာ စွန့်စားမှု တွေမြင့်တက်လာမှာကို ကာကွယ်တဲ့ အနေနဲ့ ဘဏ်တွေနဲ့ တခြားစီးပွားရေး လုပ်ငန်းတွေက ဆောင်ရွက်နေတဲ့ ရွှေရောင်းဝယ်ရေးဆိုင်တို့ကို ပိတ်သိမ်းဖို့ ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီက အမိန့်ထုတ် ပြန်ခဲ့ပါတယ်။              အာဏာပိုင်တွေက ၂ဝဝ၉ ခုနှစ် နှစ်ကုန်ပိုင်းမှစပြီး ဗီယက်နမ်ငွေကြေးကို လေးကြိမ်တန်ဖိုးချခဲ့ပါတယ်။ ဗီယက်နမ် လူမျိုးတွေရဲ့ လက်ဝယ်မှာ ထိန်းသိမ်း ထားတဲ့ရွှေက တန်ချိန်ရာပေါင်းများစွာ ရှိတယ်လို့ VNA  သတင်းမှာ ဖော်ပြထားပါတယ်။ Source : AFP, ဉာဏ်တင်

Sunday, 6 Mar 2011

 အရှေ့အလယ်ပိုင်း မငြိမ်မသက်မှုကြောင့် ရေနံတစ်စည်ကို ဒေါ်လာ ၁၄ဝ ဖြစ်လာနိုင်            အရှေ့အလယ်ပိုင်းဒေသ အကျပ် အတည်းတွေဆက်လက်ဖြစ်ပေါ်နေရင်  ရေနံတစ်စည်ဈေးနှုန်းဟာ ဒေါ်လာ ၁၄ဝ ကနေ ၁၅ဝ အထိ ဖြစ်ပွားနိုင်ပြီး ဥရောပဒေသရှိ နေရာအတော်များများ မှာ တစ်ကျော့ပြန်စီးပွားရေး ဆုတ်ကပ် ဖြစ်နိုင်တယ်လို့ စီးပွားရေးပညာရှင် နိုရီယမ်ရူဘီနီက ပဲရစ်မြို့မှာ ကျင်းပတဲ့ ကွန်ဖရင့်တစ်ခုမှာ ပြောပါတယ်။ နိုရီ ယမ်ရူဘီနီက ချေးငွေဈေးကွက် ပြိုကွဲ မယ်လို့ ပထမဦးဆုံး ဟောကိန်းထုတ် ထားတဲ့ စီးပွားရေးပညာရှင်တစ်ဦးဖြစ် ပါတယ်။           ကုန်ဈေးနှုန်းတွေ တိုးမြင့်တာနဲ့ အစိုးရြွေကးမြီတွေ ပေးဆပ်ဖို့အတွက် တခိုျ့နိုင်ငံတွေမှာ ငွေကြေးတွေ ထုတ် လုပ်နေတဲ့အတွက် ငွေကြေးဖောင်းပွမှု အတွက် စိုးရိမ်စရာ ဖြစ်နေတယ်လို့ ရူဘီနီက ပြောပါတယ်။ ှSource : bloomberg.com ဉာဏ်တင်

Sunday, 6 Mar 2011

မန္တလေးမြို့ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့ ်ရ စက်သုံးဆီဆိုင်များတွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်းအလဲမရှိ                မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကလွဲှပြောင်းခွင့်ရ စက်သုံးဆီဆိုင် ၁၃ ဆိုင်တွင် ဓာတ်ဆီရောင်းချမှု ဈေးအပြောင်း အလဲမရှိဘဲ ရောင်းချလျက် ရှိကြောင်း သိရပါတယ်။                ''မတ်လပိုင်းကစပြီး ဓာတ်ဆီဈေး တက်ရောင်းမယ်လို့ အပြင်မှာ သတင်းထွက်နေတဲ့အတွက် ရင်းနှီးတဲ့သူတွေက မေးလို့ရှင်းရတယ်။ အခု လောလောဆယ် ဈေးအပြောင်းအလဲမရှိဘူး၊ လက်ရှိဈေးနဲ့ပဲ ရောင်း တယ်။ ကျွန်တော့်ဆိုင်မှာ တစ်နေ့ကို ဓာတ်ဆီဂါလန် ၃၂ဝဝ နေ့စဉ် ရောင်းချပေးနေပါတယ်''လို့ မြို့သစ်ရှိ စက်သုံးဆီအရောင်းဆိုင်မန်နေဂျာ တစ်ဦးကပြောပါတယ်။                 မန္တလေးမြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင် ၁၃ ဆိုင်တွင် DENKO ၊ မြတ်မေတ္တာမွန်၊NewDays ၊ SPOIN ၊ Green Luck ၊ ရွှေစင်ရော်၊ ဧရာရွှေဝါ၊ RedPower ၊ နီလာရိုးမ၊ မြဝတီထရေးဒင်း၊ ရွှေတောင်၊ Max Myanmar၊ ကောင်းဇော်ဟိန်း အရောင်းဆိုင်များမှ ဓာတ်ဆီ၊ ဒီဇယ်ဆီများ နေ့စဉ်ရောင်းချ ပေးလျက်ရှိပါတယ်။ ဓာတ်ဆီ တစ်ဂါလန်ကို ကျပ် ၂၅ဝဝ၊ အောက်တိန်းဆီ တစ်ဂါလန်ကို ကျပ် ၄၂ဝဝ၊ ဒီဇယ်ဆီ တစ်ဂါလန်ကို ကျပ် ၄၅ဝဝ ဖြင့် ရောင်းချပေးချက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး 

Sunday, 6 Mar 2011

ဖေဖော်ဝါရီလ ဒီဇယ်ဆီအဝင် တန်ချိန် တစ်သိန်းကျော်ရှိခဲ့                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဖေဖော်ဝါရီလ ၂ဝ ရက်မှ ၂၈ ရက် တာကာလအတွင်း ဒီဇယ်ပီပါ တစ်သိန်းငါးသောင်းခြောက်ထောင်၊ တန်ချိန်အားဖြင့် ၂ဝ၈၁ဝ တန်ကို ပင်လယ်ရေကြောင်းကနေ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်ဆီတင်သွင်းမှုက တန်ချိန် နှစ်သောင်းလေးထောင်ကျော် ရှိခဲ့တာကြောင့် ယခုသီတင်းပတ်ဒီဇယ်ဆီအဝင်နဲ့ယှဉ်ရင် တန်ချိန်လေးထောင်နီးပါး လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။                လချုပ်အနေနဲ့ကြည့်ရင် ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ဒီဇယ်ဆီအဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းလေးသောင်းကျော်ရှိခဲ့ပြီး ဖေဖော်ဝါရီလရဲ့ ဒီဇယ်ဆီအဝင် စုစုပေါင်းမှာ တန်ချိန်တစ်သိန်းခုနစ်ထောင်ကျော်ရှိခဲ့တာကြောင့် ယခုလအတွက် ဒီဇယ် ဆီအဝင်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT-DOT နယ်စပ်မှ ယခုအပတ် ဓာတ်ဆီနဲ့ ဒီဇယ်ဆီတင်သွင်းမှုပို               ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များဖြစ်တဲ့ တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ဝ ဒသမ ၁၅၅ သန်းတန်ဖိုးရှိ ဓာတ်ဆီဂါလန် ၆ဝ၈၈၁ နဲ့ ကန်ဒေါ်လာ ၁ ဒသမ ၂၁၈ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၃၇၉၅၃၉ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ကထက် ဒီဇယ်ဆီ ၁၈၂၂၄၆ ဂါလန်နဲ့ ဓာတ်ဆီဂါလန် ၁ဝ၅၅၆ ပိုမိုတင်သွင်း ခဲ့ပါတယ်။MPPE မှ တင်သွင်းမှုပိုမိုခဲ့ပြီး ပုဂ္ဂလိက ကုမ္ပဏီများ တင်သွင်းမှု လျော့နည်းခဲ့တယ်လို့ တာချီလိတ်နယ်စပ်မှ သတင်းရရှိပါတယ်။ MIRT-DOBT ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက်    ရန်ကုန်     မန္တလေး      ရန်ကုန်     မန္တလေး၂၈      ၄ဝဝဝ       ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၁        ၄ဝဝဝ      ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၂       ၄ဝဝဝ       ၄၅ဝဝ         ၄ဝဝဝ     ၄၈ဝဝ၃       ၄ဝဝဝ       ၄၈ဝဝ        ၄ဝဝဝ      ၅ဝဝဝ၄       ၄ဝဝဝ      ၄၈ဝဝ         ၄ဝဝဝ      ၅ဝဝဝMIRT-DOT

Sunday, 27 Feb 2011

 ပဲစင်းငုံဈေး ဆက်လက်ကျဆင်း                 ယခုသီတင်းပတ် အိန္ဒိယပြည်တွင်း ပဲစင်းငုံလက်ငင်းဈေး ဆက်လက်ကျဆင်းခဲ့ပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှ ပဲအသစ်များက အရည် အသွေးနိမ့်များ ပါဝင်တာကြောင့် ဈေးအနိမ့်နဲ့အမြင့်ကြား ကွာဟမှုများ လာတယ်လို့ သိရပါတယ်။ ကာနာတာကာက ဒေစီပဲစင်းငုံများ အဆက်မပြတ် ဝင်ရောက်ရောင်းချခြင်းက ဝယ်လိုအားနည်းပါးနေတဲ့ ဈေးကွက် အတွင်း ဈေးကျဖို့ ဖိအားဖြစ်စေခဲ့ပါတယ်။ အာကိုလာမှာ ပဲရိတ်သိမ်းမှု ပြီးစီးနေပြီဖြစ်ပြီး ပဲစိုက်ပျိုးတဲ့ ဒေသအားလုံးလိုလိုက ဈေးကွက်တွေကို ဝင်ရောက်နေပြီဖြစ်လို့ ဈေးကျဆင်းနေခြင်းဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ လှောင်လက်တွေအနေနဲ့ လာမယ့်သီတင်းပတ်တွေမှာ ဈေးကွက်တွေထဲ ဝင်လာတော့မှာဖြစ်လို့ ဈေးနှုန်းမြင့်တက်နိုင်တယ်လို့လည်း အချို့ကခန့်မှန်းကြပါတယ်။ လက်ရှိရာသီပဲအထွက်က ၂ဝ ရာခိုင်နှုန်း ဝန်းကျင် လျော့ကျတဲ့အတွက် ကာလတိုအတွင်း ဈေးမြင့်တက်ဖွယ်ရှိတယ် လို့ ဈေးကွက်မှသုံးသပ်ကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ် ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ဖော်ပြထားပါတယ် ဇယား-၄                                                                              ဒေါ်လာ/တန်  ဈေးကွက်                       ၁၇ .၂ .၁၁    ၁၆ .၂ .၁၁       ၁၅ .၂ .၁၁             ၁၄ .၂ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ)         ၇၈၈-၇၉၃       ၇၉၆               ၈ဝ၈                 ၈၂၆-၈၃၁ဒေလီ(မြန်မာပဲစင်းငုံ)                ၇၉၉         ၈ဝ၈                ၈ဝ၈                   ၈၃၁ချန်နိုင်း(မြန်မာပဲစင်းငုံ)              ၈၃၈          ၈၄၁              ၇၉၆-၈ဝ၈              ၈၄၂

Sunday, 27 Feb 2011

 ပဲတီစိမ်းဈေး တည်ငြိမ်                   အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက တည်ငြိမ်သလောက်ရှိနေပါတယ်။ အခိုျ့ဈေးကွက်တွေမှာ လက်ကျန်နည်းလာတာကြောင့် တစ်ပတ်အတွင်း ဂိုျင်ပါဈေးကွက်မှာ ပဲတီစိမ်းဈေး ၂ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့အာကိုလာဈေးကွက်မှာ ၂ ဒသမ ၁၂ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါတယ်။ ချန်နိုင်းဈေးကွက်မှာ ကုန်သည်တွေနဲ့ ပဲခွဲစက် လုပ်ငန်းရှင်တွေ အဝယ်အနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ လွန် ခဲ့တဲ့သီတင်းပတ်များအတွင်း နိုင်ငံတကာ ပဲတီစိမ်းဈေးက တစ်တန်ကို ကန်ဒေါ်လာ ၇၅-၁ဝဝ ခန့် ထပ်မံမြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပဲအထွက်နည်းမယ်လို့ ခန့်မှန်းခြင်းနဲ့တရုတ်နိုင်ငံက အဆက်မပြတ် ဝယ် ယူနေတာကြောင့် နိုင်ငံတကာဈေး မြင့်တက်နေပါတယ်။ ပြည်တွင်းပဲ အသစ်များမှာ အရည်အသွေးနိမ့်များပါဝင်လို့ လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးအတိုင်း အရောင်းအဝယ် ဖြစ်ဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေး တွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ် ဇယား-၃                                                                                      ဒေါ်လာ/တန်  ဈေးကွက်                    ၂၄ .၂ .၁၁        ၂၃ .၂ .၁၁              ၂၂ .၂ .၁၁           ၂၁ .၂ .၁၁ချန်နိုင်း(ပဲတီရွှေဝါ)      ၁၃ဝဝ-၁၃၂၂     ၁၃ဝ၅-၁၃၂၇         ၁၃ဝ၅-၁၃၂၇          ၁၂၈၆ဒေလီ                           ၁၂၇၈              ၁၂၈၃                      ၁၂၈၃                ၁၂၈၆အင်ဒိုရီ                         ၁၁၄၆               ၁၁၉၅                     ၁၁၉၅           ၁၁၇၅-၁၁၉၇

Pages