Background
ဒွန်းနဲ့ အိုကေသာ သွင်းခဲ့ ယခုသီတင်းပတ်ဖြစ်တဲ့ မတ်လ ၁ ရက်မှ ၇ ရက်တာကာလအတွင်း နို့ဆီ တန်ချိန် ၃၅၃ ဒသမ ၆၈ တန် ၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ဝ၉၉၂၈ ဖိုးကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီသီတင်းပတ်မှာ ဒွန်းနို့ဆီ ၇၄ ဒသမ ၁၈ တန်နဲ့ အိုကေနို့ဆီ ၂၇၉ ဒသမ ၅ဝ တန် တင်သွင်းခဲ့တာပါ။ ယခင်သီတင်းပတ် နို့ဆီအဝင်တန်ချိန် မှာ ၁၂၉ တန်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင် နှစ်ဆကျော်လောက် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်အဝင်က ၂ ဒသမ ၈၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၁၄၂၂ ဒသမ ၅ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်းနေကြ နယူးဇီလန် ဘက်မှမဟုတ်ဘဲ စင်ကာပူနိုင်ငံမှ မှာယူ တင်သွင်းခဲ့တာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်းတင်သွင်းမှုလျော့ မတ်လ ၂ ရက်မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကော့သောင်းနယ်စပ်မှ နို့ဆီ ၁၃ ဒသမ ၇၂၇ တန် (၇ဝဝ ကာတွန်း) ကန်ဒေါ်လာ ၁၁၂ဝဝဝ ဖိုးနဲ့ နို့စိမ်း ၃ဝ ဒသမ ၃၃၆ တန် (၁၆ဝဝ ကာတွန်း) ကန်ဒေါ်လာ ၂၇၂ဝဝ ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ယခင်အပတ်က ထက် နို့ဆီ ၇၈ တန်၊ နို့စိမ်း တန် ၂၄ဝ တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။နယ် စပ်မှ ယခုအပတ်မှာ နို့မှုန့် တင်သွင်းမှု မရှိဘူးလို့ သိရပါတယ်။ MIRT (DOBT) ်ပြည်တွင်း နို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေး ဒွန်း( နို့ဆီ ) ၈ဝဝ ၈၁၅ ဒွန်း( နို့စိမ်း) ၇၂ဝ ၇၃၅ Falcon နို့ဆီ ၆၅ဝ ၆၆၅ Happy Cow ၆၇ဝ ၆၈၅ မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅ အိုကေနို့ဆီ ၇ဝဝ ၇၁၅ MIRT (DOT)
ထိုင်းဘက်မှသာမက တရုတ်ဘက်မှပါတင်သွင်း ဒီလရဲ့ ပထမပတ်ဖြစ်တဲ့ မတ် ၇ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် နှစ်သောင်းလေးထောင်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၉၁၄ဝ၄၉ ဖိုး ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅ဝ၁ ဒသမ ၅ တန်၊ ပါကစ္စတန်နိုင်ငံမှ ဘိလပ်မြေ ၈ဝ၉ ဒသမ ၆၅ တန်နဲ့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေနဲ့ ွှTPI တံဆိပ်ဘိလပ်မြေ ၂၂၇ဝဝ တန် အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ငါးသောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တန်ချိန် ထက်ဝက်ကျော်လောက်လျော့နည်းခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာတော့ ပုံမှန်တင်သွင်းနေကြဖြစ်တဲ့ ထိုင်းနိုင်ငံဘက်မှသာမကဘဲ တရုတ်နဲ့ ပါကစ္စတန်ဘက်မှပါ တင်သွင်းလာတာ တွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေ တန် ၈ဝဝဝ ကျော် တင်ပို့ မတ်လ ၂ရက်မှ ၈ရက်ထိကာလအတွင်းမှာ နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၉၇၃ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၈ဝ၆ဝ တန် တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်စခန်းအလိုက် ဘိလပ်မြေတင်သွင်းမှုတွေကတော့ မူဆယ်မှ တန် ၃၄ဝ၊ လွယ်ဂျယ်မှ တန် ၇ဝဝ၊ ကန်ပိုက်တီးမှ ၅၅၄၅ တန်နဲ့ တာချီလိတ်မှာ ၁၄၇၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ၆၂၅၈ တန်တင်သွင်းခဲ့တဲ့အတွက် ယခင် အပတ်ကထက် တန် ၁၇၇၅ တန် နယ်စပ်မှ တင်သွင်းမှုပိုမိုခဲ့တာ ဖြစ်ပါတယ်။ တာချီလိတ်နယ်စပ်မှ ယခင်အပတ်ကထက် တင်သွင်းမှုလျော့နည်းခဲ့ပြီး မူဆယ်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးစခန်းများကတော့ ယခင်အပတ်ကထက် တင်သွင်းမှုပိုမိုခဲ့ ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဘိလပ်မြေတံဆိပ်များမှာ ဆင်၊ ကမ္ဘာလုံးနဲ့ သိန်းငှက်၊ လွယ်ဂျယ်မှ Xi Lin Po ၊ တာချီလိတ်မှ ကျားနဲ့ ငှက်တံဆိပ်များ ဖြစ်ပါတယ်။MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅ဝဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
ဓာတ်မြေသြဇာအဝင်လျော့ ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် မတ်လ ၁ ရက်နေ့မှ ၇ ရက်တာ ကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၃၅၃ ဒသမ ၇၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၄ဝဝ၄၆ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ ကွန်ပေါင်းမြေသြဇာ တန် ၃ဝဝ နဲ့ တရုတ်နိုင်ငံမှ ကွန်ပေါင်းမြေသြဇာနဲ့ အမိုးနီးယမ်းနိုက်တြိတ်တန်ချိန် ၁ဝ၅၃ ဒသမ ၇၈ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် လေးထောင့် ခုနစ်ရာ တင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် အဝင် ၃ ဆလောက် လျော့နည်းခဲ့တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဓာတ်မြေသြဇာလည်း တင်သွင်းမှုလျော့ မတ်လ ၂ ရက်မှ ၈ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ၃ သန်း ကျော်တန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၇၇၂ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ယခင်အပတ် ကထက် တန် ၁၂ဝဝ ကျော်တင်သွင်းမှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၂၄၉၉ တန်၊ တာချီလိတ်မှ ၄၄ တန်၊ ကော့သောင်းမှ တန် ၃ဝ ကျော်၊ တမူးမှ ၇တန်ခွဲနဲ့ ရိဒ်မှ ၁၉၁ တန်ကျော် အသီးသီးဖြစ်ပါတယ်။ တာချီလိတ်မှ တင်သွင်းတဲ့ဓါတ်မြေသြဇာမှာ အမိုးနီးယမ်း နိုက်တြိတ်၊ ကော့သောင်းမှ ကွန်ပေါင်း၊ တမူးနဲ့ ရိဒ်မှ ပိုတက်ရှ်တို့ ဖြစ်ပါတယ်။ မူဆယ်မှ အများဆုံးတင်သွင်းတဲ့ဓါတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်း နိုက်တြိတ်၊ ကွန်ပေါင်း (NPK ၁၂း၁၃းဝ)၊ (၁ဝး၁ဝး၅)၊ တီစူပါဖော့စဖိတ်တို့ ဖြစ်ပါ တယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ တီစူပါ GTSP 46% ၂၃၁ဝဝ တီစူပါ ှGSSP 16% ၉၅ဝဝ တီစူပါGSSP 12% ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ကုလားအုတ်(တရုတ်) ၂၃၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၁၅ဝဝ တီဆူပါ-(တရုတ်) 12% ၁ဝဝဝဝ တီဆူပါ-(တရုတ်) 16% ၁၁ဝဝဝ တီဆူပါ 15:15:15 (တရုတ်) ၃၉ဝဝဝ တီဆူပါ10:10:5 (တရုတ်) ၁၃ဝဝဝ ပိုတက်(တရုတ်) ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၈ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မြား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မြားကမ္ဘာ 16% ၁၃၅ဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz7-March 36.46 2473.63 2586.98 9999.14 1835.008-March 35.69 2361.41 2541.28 9535.00 1808.009-March 35.93 2417.63 2597.28 9702.56 1802.0010-March 36.10 2302.50 2562.56 9458.40 1802.0011-March 35.24 2297.79 2559.65 9388.96 1766.00Source:kitco.com
Energy NYMEX 11-3-2011 Price Change Change %Brent Crude Futr (USD/bbl) 114.09 -1.34 -1.16Gas Oil Fut (ICE) (USD/MT) 958.50 5.25 0.55Gasoline Rbob Fut (Cent/gal) 301.69 -2.80 -0.92Heating Oil Futr (Cent/gal) 3.82 -0.01 -0.16Natural Gas Futr (USD/MMBtu) 299.84 -2.12 -0.70WTI Crude Future (USD/bbl.) 101.36 -1.34 -1.80
နယ်စပ်ငွေလဲလှယ်နှုန်း မတ်လ ၂ဝ၁၁(1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)7 6 .57 30.46 71.70 45.148 6.57 30.36 71.60 45.049 6 .57 30.33 71.65 45.0110 6 .57 30.34 71.75 45.1211 6.58 30.45 71.65 45.23
World Gold Price March 2011 (USD/OZ)Date NY London Zurich7 1433 1434 14348 1427 1425 14269 1422 1423 142510 1426 1427 142711 1411 1412 1412Domestic Gold Price Kyats(Thousand)Date Yangon Mandalay7-3-2011 674.50 673.508-3-2011 673.90 673.209-3-2011 675.50 675.0010-3-2011 677.50 677.0011-3-2011 675.00 675.00
Currency Exchange Rate March 11, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 1.00BDT Bangladesh Taka 71.65CAD Canada Dollars 0.97CNY China Yuan Renminbi 6.58EUR Euro 0.72HKD Hong Kong Dollars 7.79INR India Rupees 45.23IDR Indonesia Rupiahs 8763.00JPY Japan Yen 82.90MYR Malaysia Ringgits 3.04PKR Pakistan Rupees 85.28PHP Philippines Pesos 43.65RUB Russia Rubles 28.67SGD Singapore Dollars 1.27KRW South Korea Won 1127.29LKR Sri Lanka Rupees 110.07THB Thailand Baht 30.45GBP United Kingdom Pounds 0.62VND Vietnam Dong 20765.00Source : xe.com
မတ်လဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၄၄ဝ ဒေါ်လာအထိ မြင့်မားလာ ၂ဝ၁ဝ ခုနှစ်အတွင်း ငွေကြေး ဖောင်းပွမှုနှုန်း မြင့်မားခြင်းနဲ့ ငွေကြေး တန်ဖိုး လျော့ကျခြင်းတို့အပေါ် စိုးရိမ်မှု တွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း ၃ဝ ရာခိုင်နှုန်း မြင့်မားခဲ့ပါတယ်။ ဒီဇင်ဘာလ အတွင်း တစ်အောင်စကို ကန်ဒေါ်လာ ၁၄၃၂ ဒသမ ၅ဝ အထိ စံချိန်တင်မြင့် မားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ၂ဝ၁၁ ဇန်နဝါရီလအတွင်း ၅ ဒသမ ၇ ရာခိုင် နှုန်း ပြန်လည် အားနည်းသွားခဲ့တယ်။ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှု အရှိန်ရလာပြီး အမေရိကန်ဒေါ်လာ တန်ဖိုးအားကောင်းလာတာကြောင့် ရွှေဝယ်လိုအားကျဆင်းကာ ဈေးနှုန်းလည်း ကျဆင်းခဲ့တယ်။ ဒါ့ပြင် အီဂျစ်နိုင်ငံရေး မငြိမ်သက်မှုဖြစ်ပွားချိန်မှစပြီး ပြန်လည် မြင့်မားလာတဲ့ ရွှေဈေးနှုန်းကို တရုတ် နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာ တင်ပြခြင်း၊ အိုမန်နဲ့ လစ်ဗျားအထိ ကူးစက်လာတဲ့ အရှေ့အလယ်ပိုင် ဒေသ နိုင်ငံရေးမငြိမ်သက်မှုများ ဆိုးဝါးလာ ခြင်း၊ အီဂျစ်က ရွှေတင်ပို့မှုကို ဇွန်လ ၃ဝ ရက်အထိ ပိတ်ပင်လိုက်ခြင်းတို့က တွန်းအားပေးခဲ့ပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်မှစပြီး ရွှေဈေး မှာ တစ်အောင်စကို ကန်ဒေါ်လာ ၁၄ဝဝ အထက် ပြန်လည်ရောက်ရှိခဲ့ ရာ မတ် ၂ ရက် နံနက်ပိုင်းက တစ်အောင်စကို ၁၄၄ဝ ဒေါ်လာအထိ မှတ် တမ်းတင် မြင့်တက်ခဲ့ပါတယ်။ နာမည်ကျော် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးတဲ့ Credit Suisse Group AG မှ စီးပွားရေးပညာရှင် Dong Tao က ၂ဝ၁၁ ခုနှစ် ပထမလေးလအတွင်း ရွှေဈေးနှုန်း က တစ်အောင်စကို ကန်ဒေါ်လာ ၁၅ဝဝ အထိ ရောက်ရှိလာမယ်လို့ ဇန်န ဝါရီလအတွင်းက ခန့်မှန်းထားခဲ့ဖူးပါ တယ်။ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ရေးလက္ခဏာတွေ ကောင်းမွန်တိုးတက် မှုရှိလာတဲ့အချိန်တိုင်အောင် ကမ္ဘာ့ရွှေ ဈေးနဲ့ ရေနံဈေး အားကောင်းနေဦး မယ်လို့ Phillip Futures Pte Ltd မှ စင်ကာပူအခြေစိုက် လေ့လာသူ Ong Yi Ling က ပြောကြားထားပါတယ်။ ှSource:Bloomberg.com , morgangold.com , goldline.com, ပပ
ကမ္ဘာ့စိန်ဈေးကွက် ၁၅ ရာခိုင်နှုန်း တိုးတက်ပေမယ့် ပြည်တွင်းစိန်ဈေးကွက် ငြိမ်သက်နေဆ လက်ရှိစိန်လောကတွင် ကမ္ဘာ့စိန်ဈေးကွက်မှာ ၁၅ ရာခိုင်နှုန်းအထိ တိုးတက် သွားခဲ့ကြောင်း စိန်လောကအသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။ ကမ္ဘာ့ရွှေဈေးနှင့် အပြိုင် စိန်ဈေးကွက်မြင့်တက်လာခဲ့သော်လည်း ယင်းကဲ့သို့ဈေးတက်မှုမှာ ပြည်တွင်း သို့ ရိုက်ခတ်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံ၏ စိန်ဈေးကွက်မှာ ဈေးနှုန်းငြိမ်သက် လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ ပြည်တွင်းစိန်ဈေးကွက် အတက်အကျမရှိဘဲ ပုံမှန်ရှိနေရခြင်းမှာ ရောင်းအားဝယ်အားကြောင့်ဖြစ်သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စိန်ဈေးမှာ ဒေါ်လာဈေးပေါ်မူတည်၍ ဒေါ်လာဈေးမြင့်တက်ပါက စိန်ဈေးနှုန်းများ ပါ မြင့်တက်လာကာ လွန်ခဲ့သည့်လများတွင်မူ ကမ္ဘာ့စိန်ဈေးသည်လည်း ပုံမှန်အတိုင်း သာရှိနေခဲ့သည်။ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများသို့ အိန္ဒိယနိုင်ငံမှတစ်ဆင့် စိန်များတင် သွင်း ရောင်းချလျက်ရှိပြီး ၁၅ ရာခိုင်နှုန်းခန့် မြင့်တက်ခြင်းမှာ မသွေးရသေးသော စိန်ရိုင်းဈေးဖြစ်သည်။ မြန်မာပြည်သို့ တင်သွင်းရောင်းချနေသည့် စိန်များမှာလည်း အိန္ဒိယနိုင်ငံမှသာ အများဆုံးဖြစ်သည်ဟု သိရသည်။ ''စိန်ဈေးတွေ ၁၅ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါတယ်။ ဒါပေမယ့် မြန်မာ ပြည်မှာတော့ မတက်ပါဘူး။ လောလောဆယ်ပြောတာပါ။ ဘာကြောင့်လဲဆိုရင် အခုစိန်တွေက အရောင်းအဝယ်အေးနေတယ်။ အဲဒီတော့ ဈေးမတက်ရဲကြသေးဘူး။ တကယ်လို့ အရောင်းအဝယ်လိုက်လာရင်တော့ ဈေးတက်လာမယ့် သဘောရှိ တယ်။ လတ်တလော ဈေးကွက်အတွင်းမှာ အရောင်းအဝယ်ဖြစ်နေတဲ့ စိန်အမျိုး အစားတွေကတော့ အဖြူနဲ့ အပွင့်ကြီးတွေ၊ အဖြူအသန့်တွေ စိတ်ဝင်စားကြတာ များတယ်''ဟု စိန်လောကသားတစ်ဦးကဆိုသည်။ မင်းချို