Background
ပဲတီစိမ်းဈေး တည်ငြိမ်လျက်ရှိ အိန္ဒိယပြည်တွင်း ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာလည်း ဝယ်လိုအားနည်းတာကြောင့် ဆက်လက်တည်ငြိမ်နေပါတယ်။ ဘီကနာဈေးကွက်မှ ပြောကြားချက်အရ ပဲအသစ်ဝင်ရောက်ချိန်ထိ လက်ကျန်က ဝယ်လိုအားကို ဖြည့်ဆည်းနိုင်မယ်လို့ ဆိုပါတယ်။ အကယ်လို့ နိုင်ငံတကာဈေး ထပ်မံကျဆင်းမယ်ဆိုရင် မြန်မာနိုင်ငံက ်ပဲတီစိမ်း တင်ပို့လာနိုင်တာကြောင့် ရောင်းအားပိုများမယ်လို့ ခန့်မှန်း ကြပါတယ်။ ဒေစီပဲတီစိမ်းကို ဝယ်လိုအား ထပ်မံကျဆင်းနိုင်တယ်လို့ ဈေးကွက်က သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၃ .၁၁ ၁၆ .၃ .၁၁ ၁၅ .၃ .၁၁ ၁၄ .၃ .၁၁ဒေလီ ၁၂၈၅ ၁၂၈၄ ၁၂၈၁ ၁၂၈၅အင်ဒိုရီ ၁၁၇၄ ၁၁၅၁ ၁၁၄၉ ၁၁၅၂ကန်ပါ ၉၄၁ ၇၇၅-၉၃ဝ ၇၇၃-၉၂၈ ၉၅၂
လက်ရှိဈေးဝန်းကျင်နဲ့ ကုလားပဲအရောင်းအဝယ်ဖြစ် အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ကုလားပဲအသစ်တွေ ဝင်ရောက်မှုတိုးလာသလို ဟိုလီပွဲတော်အတွက် အဝယ်လည်းရှိတာ ကြောင့် ဈေးကျမသွားဘဲ လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲဝင်ရောက်မှု အိတ် ၅ဝဝဝ ခန့် တိုးတက်နေတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာက ပဲအသစ်ဝင်ရောက်မှုက ဧပြီလမှာ ကျဆင်းတော့မှာဖြစ်ပေမဲ့ ရာဂျက် စသန်က ဧပြီလမှာ စတင်ဝင်ရောက်မှာဖြစ်လို့ ဈေးကွက်အတွင်း ပဲဝင်ရောက်မှု မကျဆင်းနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ပဲအထွက် မြင့်တက်မယ့် ခန့်မှန်းချက်တွေနဲ့ ကာလတိုအတွင်း ဈေးကျဆင်းမယ့် အလားအလာတွေအရ ဝယ်လက်များ အဝယ်ဆိုင်းနေကြတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ဈေးကွက်တွေမှာ လက်ကျန် အလုံအလောက်ရှိနေတာကြောင့် ကာလတိုအတွင်း ကုလားပဲဈေး အား ပျော့နိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ်ဈေးကွက် ၁၇ .၃ .၁၁ ၁၆ .၃ .၁၁ ၁၅ .၃ .၁၁ ၁၄ .၃ .၁၁မွန်ဘိုင်း ၅၂ဝ-၅၂၆ ၅၂ဝ ၅၃ဝ ၅၂ဝဒေလီ ၅၅၉-၅၆၅ ၅၅၃ ၅၅၂ ၅၅၄ကန်ပါ ၅၆၉ ၅၆၉ ၅၇ဝ ၅၇၈
အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း လျော့ကျလျက်ရှိရာ မတ်လ ၅ရက်မှာ ကုန်ဆုံးတဲ့သီတင်းပတ်အတွင်း ပဲမိုျးစုံဈေး ဝ ဒသမ ၄၂ ရာခိုင်နှုန်း၊ အာလူးဈေးက ၁ ဒသမ ၁၈ ရာခိုင်နှုန်း၊ ကြက်သွန်နီ ၁၁ ဒသမ ၃၆ ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့တာကြောင့် စားနပ် ရိက္ခာဈေးနှုန်း ဖောင်းပွမှုကလည်း ယခင်သီတင်းပတ်မှာ ၉ ဒသမ ၅၂ ရာခိုင်နှုန်းရှိခဲရာမှ ယခုသီတင်းပတ်မှာ ၉ ဒသမ ၄၂ ရာခိုင်နှုန်းကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေးပြန်လျော့လာ ယခင်သီတင်းပတ်မှာ အိန္ဒိယပြည်တွင်းမတ်ပဲဈေး ခိုင်မာလာ ခဲ့ပေမဲ့ ယခုသီတင်းပတ်မှာတော့ ပြန်လည်လျော့ကျလာခဲ့ပါတယ်။ အိန္ဒိယဆိပ်ကမ်းများကို မြန်မာမတ်ပဲ ပုံမှန်တင်ပို့နေခြင်းနဲ့ အင်ဒရာ ပရာဒေ့ရှ်ကလည်း ပဲအသစ်စတင်ဝင်ရောက်နေပြီဖြစ်လို့ ရောင်းအား ကိုပိုမိုစေပါတယ်။ ဈေးကွက်အချို့မှာ မြန်မာမတ်ပဲဝယ်လိုအား နည်း ပြီး အခိုျ့ဈေးကွက်တွေမှာတော့ ဒေစီမတ်ပဲကို အဝယ်အနည်း ငယ် ပြန်ထွက်တယ်လို့သိရပါတယ်။ အတ္တရာပရာဒေ့ရှ် က ဆောင်းမတ်ပဲဈေး မြင့်တက်တာကို ကန့်သတ်စေခဲ့ပါတယ်။ ဝယ်လိုအားနည်းတာ ကြောင့် ကာလတိုအတွင်း ဈေးအကျဘက် ဆင်းနိုင်တယ်လို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁) နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၃ .၁၁ ၁၆ .၃ .၁၁ ၁၅ .၃ .၁၁ ၁၄ .၃ .၁၁မွန်ဘိုင်း ၈၈၆ ၈၈၅ ၉ဝ၆-၉၁၁ ၉၃ဝဒေလီ ၈၈၆ ၈၉၁ ၉ဝဝ ၉၁၉-၉၂၅ချန်နိုင်း ၈၉၁-၁ဝ၄၇ ၈၉၆-၁ဝ၂၉ ၉ဝ၆-၁ဝ၄၉ ၉၂၅-၁ဝ၆၃
နို့ဆီနို့စိမ်း ပုံမှန်သာအဝင်ရှိခဲ့ ပင်လယ်ရေကြောင်း လမ်းကနေ မတ်လ ၈ ရက်မှ ၁၄ ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၃၂၃ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃၃၂၃၄ဝ ကို တင်သွင်းခဲ့ပါတယ်။ စင်ကာပူနိုင်ငံက ဖြစ်ပါတယ်။ ဒွန်းတံဆိပ်နို့ဆီသာ တင် သွင်းခဲ့တာ တွေ့ရပြီး နို့စိမ်းကတင်သွင်းခြင်း မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် ကလည်း နို့ဆီအဝင်တန်ချိန် သုံးရာ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်လည်း ပုံမှန်အဝင်ရှိခဲ့တယ်လို့ ဆိုရပါမယ်။ နို့မှုန့်က သြစတြေးလျနိုင်ငံမှ ၆ တန်၊ နယူးဇီလန်နိုင်ငံမှ ၁၂၂ ဒသမ ၄ တန်နဲ့ ဖိလစ်ပိုင်နိုင်ငံမှ ၃ ဒသမ ၈ တန် စုစုပေါင်း နို့မှုန့်တန်ချိန် ၁၃၂ ဒသမ ၂ တန်တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့မှုန့်တင် သွင်းမှုနည်းခဲ့ပြီး ဒီတစ်ပတ်မှာ တော် တော်များများ တင်သွင်းလာခဲ့တာ တွေ့ ရပါတယ်။ MIRT(DOT) နယ်စပ်မှ နို့ဆီအများအပြားသွင်း ယခုအပတ်မှာ ကော့သောင်းနယ် စပ်မှ နို့စိမ်း၊ ၁ဝ၆ ဒသမ ၁၇၆ တန် (၅၆ဝဝကာတွန်း)ကန်ဒေါ်လာ ၈၉၆ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ် က နို့ဆီ ၁၃ ဒသမ ၂၇၂ တန် (၇ဝဝ ကာတွန်း) သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ယခင်အပတ်ကထက် ၈ ဆ ပိုမိုတင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းနဲ့ နို့မှုန့် ယခုအပတ်မှာ နယ်စပ်က တင်သွင်းမှုမရှိခဲ့ပါဘူး။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၅၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ) ၇၂ဝ ၇၃၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
ဘိလပ်မြေတန်ချိန် ကိုးထောင်ကျော်သာတင်သွင်းခဲ့ ဒီသီတင်းပတ်ဖြစ်တဲ့ မတ်လ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း ဘိလပ်မြေတန်ချိန် ကိုးထောင့်နှစ်ရာသုံးဆယ့်ကိုးတန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၈၅၃၄၉ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေတွေကတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၈၆၉၉ တန်နဲ့ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၅၄ဝ အသီးသီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် တန်ချိန် နှစ်သောင်းလေးထောင် ကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တော်တော်လေးလျော့ နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။ MIRT(DOT) နယ်စပ်မှ ဘိလပ်မြေတန် ၇၉ဝဝ ကျော်တင်သွင်းမှုရှိ နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ မြိတ်၊ တာချီလိတ်၊ ကန်ပိုက်တီးနဲ့ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၈၆၅ သန်းတန်ဖိုးရှိ ဘိလပ်မြေ ၇၉၁၂ ဒသမ ၉၆ တန် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေတင်သွင်းနိုင်မှုများမှာ မူဆယ်မှ တန် ၃၅ဝ၊ လွယ်ဂျယ်မှ တန် ၂၇ဝ၊ ကန်ပိုက်တီးမှ ၃၄၂၂ တန်၊ မြိတ်မှ ၁၉၃၂ တန်ကျော်၊ တာချီလိတ်မှ ၁၉၃၈ ဒသမ ၅ တန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅၁ဝဝ ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၅ဝဝဝ ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၉ဝဝ ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၃ဝဝ ၅၅ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅၁ဝဝ ၅ဝဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ၅၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၄ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ၇၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝ ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၅၇၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝ ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၄ဝဝ ၆၄ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ၅၈ဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၅ဝဝ ၆၅ဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝ ၅၈ဝဝMIRT (MAPT)
ဓာတ်မြေသြဇာအဝင်လျော့ မတ်လ ၈ ရက်နေ့မှ ၁၄ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၆၅၂တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈၇၁၉၆ ဖိုးကို ပင်လယ်ရေကြောင်း ကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ဓာတ်မြေသြဇာတွေကတော့ တရုတ်နိုင်ငံ မှ ဓာတ်မြေသြဇာ ၅၂ တန်နဲ့ ထိုင်းနိုင်ငံမှ ကွန်ပေါင်းဓာတ်မြေသြဇာ တန်ချိန် ၆ဝဝ တို့ အသီးသီးတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဓာတ်မြေသြဇာအဝင် တန်ချိန် စုစုပေါင်းမှာ တစ်ထောင့်သုံးရာ့ငါးဆယ်ကျော်ရှိခဲ့တာကြောင့် ဒီသီတင်းပတ် ဓာတ်မြေသြဇာအဝင်တန်ချိန်နဲ့ယှဉ်ရင် တန်ချိန် ထက်ဝက်မျှလျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါတယ်။MIRT (DOT) ယခုအပတ်ဓာတ်မြေသြဇာ တန် ၈၄ဝဝ နီးပါး တင်သွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်တဲ့မူဆယ်၊ မောင်တော၊ ရိဒ်၊ ကော့သောင်း နဲ့ တာချီလိတ်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၃ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၈၃၉၉ ဒသမ ၅ဝ တန် တင်သွင်းခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ တန် ၄၅၇ဝ ကျော် တင်သွင်းမှု လျော့နည်းခြင်းကလွဲပြီး ကျန်စခန်းများက တင်သွင်းမှုမှာ ပိုမိုခဲ့တာတွေ့ရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှုများမှာ မူဆယ်မှ ၇၉၂၃ တန်၊ ရိဒ်မှ ၃၄၈ ဒသမ ၅ဝ တန်၊ ကော့သောင်းမှ ၆၂ ဒသမ ၁ဝ တန်၊ တာချီလိတ်မှ ၄၉ ဒသမ ၅ဝ တန်၊ မောင်တောမှ ၁၆ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းသော ဓါတ်မြေသြဇာများမှ ှCompound Seed ၊ Urea ၊ Nitric Phosphate ၊ Tri Super Phosphate နဲ့ Ammonium Nitrate တို့ ဖြစ်ပါတယ်။ ရိဒ်မှ Potash ၊ ကော့သောင်းမှ Compound ၊ တာချီလိတ်မှ Ammonium Nitrate နဲ့ မောင်တောမှUrea တို့ တင်သွင်းတာဖြစ်ပါတယ်။ တာချီလိတ်နယ်စပ်မှာတော့ ဒေသတွင်းစိုက်ပျိုးတဲ့ လိမ္မော်ခြံများနဲ့ စိုက်ပျိုးရေး လုပ်ငန်း ပိုမိုလုပ်ကိုင်လာခြင်းကြောင့် ဓာတ်မြေသြဇာ တင်သွင်းမှုပိုမိုခဲ့ရတယ်လို့ သိရပါတယ်။MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ ၂၂၅ဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝ ၂၃ဝဝဝမန္တလေးတိုင်း ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ၂ဝ၁ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၄ဝဝ ၂ဝ၄ဝဝ တီဆူပါ GTSP 46% ၂၃၁ဝဝ ၂၃၁ဝဝ တီဆူပါ GSSP 16% ၉၅ဝဝ ၉၅ဝဝ တီဆူပါ GSSP 12% ၈၈ဝဝ ၈၈ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၄ဝဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ ၂၂၃ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ၁၉၅ဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ၂ဝ၅ဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၂၁၅ဝဝ ၁၉၅ဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ ၉၅ဝဝ တီစူပါ-(တရုတ်) 16% ၁၁ဝဝဝ ၉၈ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၉ဝဝဝ ၃၉၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၃ဝဝဝ ပိုတက် (တရုတ်) ၁၉၅ဝဝ ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅၅ဝဝ ၁၅ဝဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၃၈ဝဝ ၂၃၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၃၈ဝဝ ၂၃၈ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၃၈ဝဝ ၂၃၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၂ဝဝဝ ၃၂ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၅ဝဝ ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃၅ဝဝ ၁၃၅ဝဝMIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz14-March 35.91 2319.74 2518.88 9256.35 1745.0015-March 35.21 2322.66 2515.97 9117.47 1724.0016-March 34.41 2340.35 2499.84 9337.44 1687.0017-March 34.04 2306.53 2466.02 9366.78 1671.0018-March 34.80 2349.98 2526.50 9655.30 1715.00Source:kitco.com
Energy NYMEX 18-3-2011 Price Change Change %Brent Crude Futr (USD/bbl) 116.04 1.14 0.99Gas Oil Fut (ICE) (USD/MT) 982.00 4.75 0.49Gasoline Rbob Fut (Cent/gal) 308.30 1.81 0.59Heating Oil Futr (Cent/gal) 4.16 0.00 0.00Natural Gas Futr (USD/MMBtu) 297.84 2.78 0.94WTI Crude Future (USD/bbl.) 102.94 1.52 1.50
နယ်စပ်ငွေလဲလှယ်နှုန်း မတ်လ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)14 6 .57 30.35 71.64 45.1615 6.57 30.49 71.65 45.2616 6 .57 30.41 71.65 45.1517 6 .57 30.36 72.05 45.2518 6.57 30.30 72.03 45.06
World Gold Price March 2011 (USD/OZ)Date NY London Zurich14 1414 1402 141815 1411 1412 141316 1398 1399 139917 1390 1391 139118 1410 1411 1411Domestic Gold Price Kyats(Thousand)Date Yangon Mandalay14-3-2011 674.80 675.7015-3-2011 673.00 671.5016-3-2011 669.00 669.4017-3-2011 665.00 664.7018-3-2011 663.50 663.10