Background
ကုလားပဲဈေး လက်ရှိဈေးဝန်းကျင်မှာ လှုပ်ရှားနေ အိန္ဒိယပြည်တွင်းကုလားပဲလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် ကုလားပဲဈေးက လက်ရှိဈေးဝန်း ကျင်မှာဘဲ အပြောင်းအလဲ ဖြစ်နေပါတယ်။ လာမယ့်ရာသီ ပဲအထွက်ကောင်းမယ့်အလားအလာနဲ့ လက်ရှိဈေး မှာ အဝယ်ဆိုင်းနေတယ်လို့ သိရပါတယ်။ ပဲအဓိကထုတ်လုပ်တဲ့ ရာဂျက် စသန်နဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ ယခင်သီတင်းပတ်က မိုးရွာသွန်းခဲ့တာကြောင့် ပဲပိုထွက်မယ့် အလားအလာဖြစ်စေပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲအသစ် အိတ် ၃ဝဝဝ ခန့် ဝင်လာပြီဖြစ်ပြီး အိတ် ၁၅ဝဝ ခန့်မှာ ကာဘူလီဖြစ်ပြီး ကျန်ပဲမှာ ဒေစီကုလားပဲများဖြစ်တယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာ က ပုံမှန်ဝင်ရောက်နေပြီဖြစ်လို့ ဈေးလျော့ကျနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကိုဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၂ .၁၁ ၂၃ .၂ .၁၁ ၂၂ .၂ .၁၁ ၂၁ .၂ .၁၁မွန်ဘိုင်း ၅၄ဝ ၅၄၈ ၅၃၁ ၅၃၂ ဒေလီ ၅၇၃ ၅၇၅-၅၈၁ ၅၇၅ ၅၇၆-၅၈၂ကန်ပါ ၆ဝဝ ၆ဝ၆ ၅၉၇-၆ဝ၃ ၅၇၆
အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ ယခင်သီတင်းပတ်က ၉ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁၂ရက်မှာပြီးဆုံးခဲ့တဲ့သီတင်းပတ်အတွင်း စားနပ်ရိက္ခာဖောင်းပွမှုဟာ ၁၁ ဒသမ ၄၉ရာခိုင်နှုန်းရှိခဲ့လို့ ယခင်သီတင်းပတ်မှာဖြစ်ပေါ်ခဲ့တဲ့ ၁၁ ဒသမ ဝ၅ ရာခိုင်နှုန်းထက် ပိုလာတာတွေ့ရပါတယ်။ ပဲမျိုးစုံဈေးက ၁ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအတွင်း ကျဆင်းပေမဲ့ အသား၊ နို့နဲ့ အသီးအရွက်ဈေး တွေက ၁၅ ရာခိုင်နှုန်း၊ ၁၇ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းအသီးသီး မြင့် တက်ခဲ့တာကြောင့်လို့ သိရပါတယ်။ မတ်ပဲဈေး အကျဘက်ဆင်းလာ ယခင်သီတင်းပတ်က မတ်ပဲဈေးမာခဲ့ပေမဲ့ ယခုသီတင်းပတ်မှာ တော့ ကုန်သည်တွေနဲ့ ပဲခွဲစက်သမားတွေက အဝယ်မရှိတာကြောင့် ပြည်တွင်းဒေစီမတ်ပဲရော မြန်မာမတ်ပဲပါ အကျဘက်ကို ဆင်းလာခဲ့ပါတယ်။ ဒါပေမဲ့ မတ်ပဲလက်ကျန်အခြေအနေက နည်းနေပြီဖြစ်လို့ ကာလတိုအတွင်းမှာတော့ ဈေးကျဆင်းတာကို ကန့်သတ်နိုင်မယ်လို့ ကုန်သည်တွေ က ခန့်မှန်းကြပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ မိုးရွာသွန်းမှုက လိုအပ်တာ ထက် ပိုခဲ့တဲ့အတွက် ပဲအထွက်လျော့မယ်လို့ ခန့်မှန်းထားပြီး ဈေးကွက် တွေထဲ ပဲဝင်ရောက်မှုဟာလည်း ၁ဝ ရက်-၁၅ ရက်ခန့် နောက်ကျမယ်လို့ ဆိုပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ပုံမှန်အားဖြင့် ပဲတန်ချိန် ၂ ဒသမ ၂၅ သိန်း-၂ ဒသမ ၅ သိန်းခန့်ထွက်ရာမှ ယခုနှစ်မှာတော့ တန်ချိန် ၁ ဒသမ ၈ သန်း-၂ သန်းဝန်းကျင်သာ ထွက်မယ်လို့ ကုန်သည်အသိုင်း အဝန်းကဆိုပါတယ်။ မြန်မာနိုင်ငံက တင်သွင်းထားတဲ့ မတ်ပဲတွေက မတ်လလယ်မှာ ဝင်ရောက်တော့မှာဖြစ်လို့ အဲဒီကာလမှာလည်း ပြည်တွင်း ဈေးထပ်ကျအောင် ဖိအားဖြစ်စေနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေး နှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၂ .၁၁ ၂၃ .၂ .၁၁ ၂၂ .၂ .၁၁ ၂၁ .၂ .၁၁မွန်ဘိုင်း ၈၉၃ ၉ဝ၇ ၉၁၈-၉၂၉ ၉၂၆ဒေလီ ၈၉၈ ၉ဝ၇ ၉၁၈ ၉၂၆ချန်နိုင်း ၉၂ဝ-၁ဝ၄၁ ၉၂၄-၁ဝ၄၅ ၉၂၉-၁ဝ၆၂ ၉၂ဝ-၁ဝ၄၂
နို့မှုန့်သာအဝင်ရှိ ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် နှစ်ရာ့ငါးဆယ်ကျော် တင်သွင်း ခဲ့တဲ့ နို့ဆီက ဖေဖော်ဝါရီလ ဒုတိယ ပတ်မှာ တန်ချိန် တစ်ရာ့လေးဆယ် ကျော်သာ တင်သွင်းခဲ့ပြီး ဒီတစ်ပတ်မှာ တော့ အဝင်မရှိပါဘူး။ နို့စိမ်းကတော့ ဖေဖော်ဝါရီ ပထမအပတ်မှာသာ အဝင် ရှိခဲ့ပြီး ဒီတစ်ပတ်နဲ့ဆိုရင် နှစ်ပတ်ဆက် တိုက် အဝင်မရှိပါဘူး။ နို့မှုန့်ကတော့ သြစတြေးလျနိုင်ငံမှ ရှစ်တန်နဲ့ နယူးဇီလန်နိုင်ငံမှ လေးတန်၊ စုစုပေါင်း တစ်ဆယ့်နှစ်တန် တင်သွင်းခဲ့ ပါတယ်။ ယခင်သီတင်းပတ် နှစ်ဆယ့် လေးတန်တင်သွင်းခဲ့တဲ့အတွက် ဒီတစ် ပတ်မှာ တန်ချိန်ထက်ဝက်လျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT (DOT) နယ်စပ်မှ နို့ဆီ၊ နို့စိမ်း ယခင်အပတ်ထက် ပိုသွင်းနိုင် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက် ထိ ရက်သတ္တပတ်အတွင်းမှာ ကော့သောင်းနယ်စပ်မှ နို့ဆီနဲ့ နို့စိမ်းများ ယခုအပတ်မှာ တင်သွင်းမှုရှိပေမဲ့ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ နို့မှုန့်တင်သွင်းမှုတော့ မရှိခဲ့ပါဘူး။ ယခုအပတ်မှာ ကော့သောင်းမှ နို့ဆီ ၉၈ ဒသမ ၅၉၂ တန် (၅၂ဝဝ ကာတွန်း) ကန်ဒေါ်လာ ၈၃၂ဝဝ ဖိုးနဲ့ နို့စိမ်း ၁၆၉ တန်ခန့်(၈၉ဝဝကာတွန်း) ကန်ဒေါ်လာ ၁၅၁၃ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ယခင် အပတ်ကထက် နို့ဆီ တန် ၄ဝ နဲ့ နို့စိမ်း တန် ၁၂ဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ ပါတယ်လို့ သိရပါတယ်။ MIRT (DOBT) ပြည်တွင်းနို့်ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၅ဝ ၈၆၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၅ဝ ၆၆၅Happy Cow ၆၇ဝ ၆၈၅မာရီဂိုး(နို့ဆီ) ၇ဝဝ ၇၁၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
တစ်ပတ်အတွင်း တန်ချိန် ၁၆ဝဝဝ ကျော် တင်သွင်း ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် တစ်သောင်းခြောက်ထောင်ရှစ်ရာသုံးဆယ်၊ တန်ဖိုးအားဖြင့်ကန်ဒေါ်လာ ၁၄၆၈၅၇ဝ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေ ကတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ် ဘိလပ်မြေ ၃၁၅ တန်နဲ့ စိန်တံဆိပ် ဘိလပ်မြေ ၁၅၅ဝဝ တန်၊ အိန္ဒိယမှ ဘိလပ်မြေတန်ချိန် ၆ဝဝ၊ ပါကစ္စတန်နိုင်ငံမှ ဆင်တံဆိပ်နဲ့ အခြားဘိလပ်မြေ တန်ချိန် ၄၁ဝ နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံမှ ဘိလပ်မြေ ၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် တန်ချိန် နှစ်သောင်းလေးထောင်ကျော် တင်သွင်းခဲ့တဲ့ ဘိလပ်မြေက ဒီတစ်ပတ်မှာတော့ တန်ချိန် ခုနှစ်ထောင်ကျော်လောက်လျော့နည်းပြီး တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ MIRT (DOT) နယ်စပ်မှ ဘိလပ်မြေတင်သွင်းမှု ယခင်အပတ်ကထက်ပို ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၇၇၆ သန်း တန်ဖိုးရှိ ဘိလပ်မြေတန် ၆၃၂ဝ တင်သွင်း နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းနိုင်မှုများကတော့ တာချီလိတ်မှ ၁၈ဝဝ တန်ကျော်၊ ကန်ပိုက်တီးမှ ၃၈၅ဝ တန်၊ လွယ်ဂျယ်မှ ၂၇၁ တန်၊ မူဆယ်မှ ၂၄၂ တန်နဲ့ မောင်တောမှ ၁၅၆ တန်ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ထက် နယ်စပ်မှ ဘိလပ်မြေ ၁၈၃၇ တန်ကျော်တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ပွင့်လင်း ရာသီဖြစ်တဲ့အတွက် ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်လာကြခြင်း၊ ဒေသ တွင်း ဖွံ့ဖြိုးရေး လမ်းတံတားပြုပြင်မှုများရှိတဲ့အတွက် ဘိလပ်မြေတင်သွင်းမှု ပိုမိုခဲ့ ပါတယ်လို့ တာချီလိတ် နယ်စပ်ကုန်သည်အသင်းမှ သိရပါတယ်။ MIRT (DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ (AAA) ၅၂၅ဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ(TPI)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၂ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၅ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆ဝဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇ဝဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၈ဝဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၇၅ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
သြဂဲနစ်မြေသြဇာ တင်သွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ရှစ်ရာနှစ်ဆယ့်ရှစ်တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ ၂၄၄၂၆ဝ ဖိုးကိုတင်သွင်းခဲ့ပါတယ်။ ဘူဂေးရီးယားနိုင်ငံမှ သြဂဲနစ် မြေသြဇာ တန်ချိန် ၅ဝဝ နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်နဲ့ အခြားဓာတ်မြေသြဇာ တန်ချိန် ၃၂၈ တန် အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် အဝင်မရှိခဲ့တဲ့ ဓာတ်မြေသြဇာက ဒီတစ်ပတ်မှာ ပြန်လည်တင်သွင်းလာတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ပထမပတ်မှာ တန်ချိန် နှစ်ရာကျော်သာတင်သွင်းခဲ့တဲ့အတွက် ဒီတစ်ပတ်မှာ အဝင်ပိုခဲ့ပါတယ်။ MIRT (DOT) နယ်စပ်မှ ဓာတ်မြေသြဇာတင်သွင်းမှု တန်ချိန် ၁၂၈ဝဝ ကျော်ရှိ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ဝ၅၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၂၈၃၉ တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေက တော့ မူဆယ်မှ ၁၂ဝ၅၈ တန်၊ ရိဒ်မှ ၆၅၆ တန်ကျော်၊ ကော့သောင်းမှ တန် ၈ဝ၊ တာချီလိတ်မှ ၃၈ တန်ကျော်နဲ့ တမူးမှ ၅ တန်ကျော် အသီးသီးဖြစ်ပါတယ်။ မူဆယ်မှ ယခုအပတ် အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ Urea ၊ Ammonium Nitrate ၊ Compound Seed Fertilizer နဲ့ Nitric Phosphate တို့ဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်) ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ တီစူပါ မြှား(တရုတ်) ၂၄ဝဝဝ တီစူပါ သံကွင်း(တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၈ဝဝ တီစူပါGTSP 46% ၂၃၁ဝဝ တီစူပါ GSSP 16% ၉၈ဝဝ တီစူပါ GSSP 12% ၉၁ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ တောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၃၅ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၃၅ဝဝ ယူရီးယား (ပုလဲ-ယူအေအီး) ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၃၅ဝဝ တောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂၃ဝဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂၃ဝဝဝ တီစူပါ-(တရုတ်) 12% ၁ဝဝဝဝ တီစူပါ-(တရုတ်) 16% ၁၂ဝဝဝ တီစူပါ 15:15:15 (တရုတ်) ၄ဝဝဝဝ တီဆူပါ 10:10:5 (တရုတ်) ၁၆၅ဝဝ ပိုတက်(တရုတ်) ၂၃ဝဝဝ ဓာတ်ဆား (တရုတ်) ၁၆ဝဝဝ မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၄၈ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၄၅ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၄၅ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၇၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၄၅ဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃၃ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၆၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၅၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ MIRT (MAPT)
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz21-February 33.10 2589.22 2561.22 10015.26 1840.0022-February 33.29 2530.98 2538.59 9821.50 1833.0023-February 32.85 2466.24 2497.60 9620.35 1800.0024-February 33.51 2465.34 2512.83 9569.28 1780.0025-February 32.95 2485.28 2539.26 9729.66 1795.00Source:kitco.com
နယ်စပ်ငွေလဲလှယ်နှုန်း ဖေဖော်ဝါရီလ ၂ဝ၁၁ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)21 6 .57 30.55 71.15 47.9622 6.59 30.66 71.15 45.2623 6 .58 30.61 71.15 45.1624 6 .59 30.65 71.15 45.3725 6.58 30.62 71.15 45.17
Energy NYMEX 25-2-2011 Price Change Change %Brent Crude Futr (USD/bbl) 113.35 1.99 1.79Gas Oil Fut (ICE) (USD/MT) 928.25 0.00 0.00Gasoline Rbob Fut (Cent/gal) 290.06 2.33 0.81Heating Oil Futr (Cent/gal) 3.87 -0.00 -0.05Natural Gas Futr (USD/MMBtu) 273.00 1.33 0.49WTI Crude Future (USD/bbl.) 98.37 1.09 1.12
World Gold PriceFebruary 2011 (USD/OZ)Date NY London Zurich21 1393 1393 139222 1396 1398 139823 1396 1397 139724 1405 1407 140725 1404 1406 1406Domestic Gold PriceKyats(Thousand)Date Yangon Mandalay21-2-2011 669.00 668.0022-2-2011 675.00 675.5023-2-2011 671.00 672.0024-2-2011 673.50 672.0025-2-2011 665.00 665.00
အရှေ့အလယ်ပိုင်းဒေသ နှင့် မြောက်အာဖရိက ဒေသအချို့ မငြိမ်သက်မှုများကြောင့် ရွှေ၊ ရေနံ တန်ဖိုးမြင့် ယခင်အပတ်က နေ့စဉ်ရက် ဆက်တောက်လျှောက် ဈေးမြင့်လာ ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက ဖေဖော်ဝါရီ ၂၁ရက်တွင်လည်း ဆက်လက်ဈေးမြင့် ခဲ့ကြောင်း သိရပါတယ်။ အရှေ့အလယ် ပိုင်းဒေသ မငြိမ်သက်ဖြစ်ပွားမှုကြောင့် ရင်းနှီးမြှုပ်နံှသူများကို အဖိုးတန်သတ္တု ကိုဝယ်လိုအား များစေကြောင်း သိရပါတယ်။ ရွှေဈေးနှုန်းက ရက်သတ္တခုနစ် ပတ်အတွင်း အမြင့်ဆုံးနှုန်း ရောက်ခဲ့ သလို ငွေဈေးနှုန်းကလည်း နှစ် ၃ဝ ကျော်ကာလအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ကြောင်း၊ ပလာဒီယမ်မှာလည်း ၁ဝ နှစ်အတွင်း အမြင့်ဆုံးကိုရောက်ခဲ့ ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၂၁ ရက်က ချက်ချင်း အရောက်ပို့ရွှေဈေးနှုန်းက သုည ဒသမ ၅ ရာခိုင်နှုန်းမြင့်မားကာ တစ်အောင်စ ကို ၁၃၉၆ ဒသမ ၃၅ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇန်နဝါရီ ၄ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်လာကြောင်း သိရပါတယ်။ ချက်ချင်းငွေချေရမဲ့ ငွေ(သတ္တု)ဈေးနှုန်းက တစ်အောင်စကို ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်မားကာ ၃၃ ဒသမ ၁၄၂၅ ဒေါ်လာ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၁၉၈ဝ မတ်လနောက်ပိုင်း အမြင့်ဆုံးနှုန်းဖြစ် လာကြောင်းသိရပါတယ်။ ယခုလို အဖိုး တန်သတ္တုများ ဈေးနှုန်းမြင့်မားရတဲ့ အကြောင်းရင်းတစ်ခုမှာ တရုတ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု အစီရင်ခံစာကြောင့် ရွှေလက်ငင်းဝယ်လိုအား အလွန်မြင့်မား နေတာ ဖြစ်ပါတယ်။ရေနံဈေးမြင့်မား ရေနံစိမ်းဈေးနှုန်းက ဖေဖော်ဝါရီ ၁၈ ရက်က တစ်စည်ကို ကန်ဒေါ်လာ ၈၉ ဒသမ ၇၁ ဖြစ်ခဲ့သော်လည်း ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဧပြီလ သင်္ဘောတင် ရေနံစိမ်းဈေးနှုန်းက တစ်စည်ကို ၁ ဒသမ ၉၉ ဒေါ်လာမြင့်တက် ကာ တစ်စည်ကို ၉၁ ဒသမ ၇ဝ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နယူးယောက် ရေနံစိမ်းဈေးနှုန်းက လန်ဒန်မှာ ရောင်းဝယ်နေတဲ့ ဘရန့် ရေနံ ကြိုပွိုင့်ရောင်းဈေးနှုန်းထက် ကျော်လွန်မြင့်တက်ခဲ့ပါတယ်။ ICE Futures Europe တွင် ဧပြီလမှာ ငွေချေရမယ့် ဘရန့်ရေနံဈေးနှုန်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ၁ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်စည်ကို ၁ဝ၃ ဒသမ ၈၆ ဒေါ်လာထိ ဖြစ်ခဲ့ပါတယ်။ ကန်ဒေါ်လာနှင့်ဂျပန်ယန်းတန်ဖိုးလည်းမြင့်မား အရှေ့အလယ်ပိုင်းဒေသတွင် မငြိမ်မသက်ဖြစ်ပွားမှု ပံျ့နံှ့ကာ လုံခြုံစိတ်ချရတဲ့ ပိုင်ဆိုင်မှုများကို ဝယ်လိုအားများ လာမယ်ခန့်မှန်းကြကာ ဂျပန်ယန်းငွေနဲ့ အမေရိကန် ဒေါ်လာတန်ဖိုးတွေက လဲလှယ်ဖက် ငွေကြေးများနဲ့ ယှဉ်ရင် တန်ဖိုးမြင့်မားလာကြောင်း သိရပါ တယ်။ ဒါကြောင့် ယူရိုငွေနဲ့ လဲလှယ်ရာ တွင် ၃ လလောက် တန်ဖိုးကျဆင်းနေ တဲ့ ဂျပန်ယန်းငွေတန်ဖိုး မြင့်မားလာ ကြောင်း သိရပါတယ်။ ယူရိုငွေက အမေရိကန် ဒေါ်လာနဲ့လဲလှယ်ရာတွင် လည်း ၄ ရက်အတွင်း ပထမဆုံးအကြိမ် တန်ဖိုးကျဆင်းသွားကြောင်း သိရပါတယ်။ ဥရောပဒေသရဲ့ အချမ်းသာဆုံး ဂျာမဏီနိုင်ငံရဲ့ အဓိပတိဖြစ်သူ ဝန်ကြီး ချုပ် Augela Merkel ရဲ့ပါတီက ၆၅ နှစ်တာကာလအတွင်း အဆိုးဝါးဆုံးရှုံး နိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့ သတင်း ကြောင့် ယူရိုငွေတန်ဖိုးက အမေရိကန် ဒေါ်လာနဲ့ လဲလှယ်ရာတွင် တန်ဖိုးကျ ဆင်းခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ယူရိုငွေနဲ့ ကန်ဒေါ်လာ လဲလှယ်ရာတွင် တစ်ယူရိုကို ၁ ဒသမ ၃၆၉၃ ဒေါ်လာမှ ၁ ဒသမ ၃၆၇၉ ဒေါ်လာအထိ ယူရိုငွေတန်ဖိုးကျဆင်းခဲ့ ပါတယ်။ ယန်းငွေနဲ့ လဲလှယ်ရာတွင် လည်း တစ်ယူရိုကို ၁၁၃ ဒသမ ၉ဝ ယန်းမှ ၁၁၃ ဒသမ ၇၉ ယန်းအထိ ယူရိုငွေတန်ဖိုး ကျဆင်းခဲ့ပါတယ်။ Source:bloomberg.com, ပပ