Background
World Metal Price (US$)Date Silver/Oz Zinc/Ton Aluminium/Ton Copper/Ton Platinum/Oz21-March 35.76 2332.06 2544.42 9030.78 1730.0022-March 36.02 2330.50 2556.29 9569.95 1740.0023-March 36.26 2403.30 2593.47 9704.58 1734.0024-March 37.25 2286.59 2614.53 9854.88 1751.0025-March 37.56 2415.39 2390.75 9859.81 1746.00Source:kitco.com
Energy NYMEX 25-3-2011 Price Change Change %Brent Crude Futr (USD/bbl) 115.68 -0.04 -0.03Gas Oil Fut (ICE) (USD/MT) 978.50 -2.25 -0.23Gasoline Rbob Fut (Cent/gal) 306.20 0.00 -0.00Heating Oil Futr (Cent/gal) 4.25 0.00 0.02Natural Gas Futr (USD/MMBtu) 305.16 0.68 0.22WTI Crude Future (USD/bbl.) 105.46 -0.14 -0.13
နယ်စပ်ငွေလဲလှယ်နှုန်း မတ်လ ၂ဝ၁၁ (1US$)ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး)21 6 .56 30.28 72.05 45.0522 6.56 30.24 72.05 44.9923 6 .56 30.28 72.55 44.9324 6 .56 30.34 72.60 44.7825 6.56 30.27 72.65 44.65
World Gold Price March 2011 (USD/OZ)Date NY London Zurich21 1425 1426 142522 1427 1426 142823 1425 1425 142824 1435 1435 143625 1432 1433 1434Domestic Gold Price Kyats(Thousand)Date Yangon Mandalay21-3-2011 670.00 670.5022-3-2011 668.00 667.3023-3-2011 668.00 667.6024-3-2011 670.20 669.5025-3-2011 668.50 668.00
Currency Exchange Rate March 23, 2011 Base Currency is United States Dollar - USD Currency Unit Units per USDAUD Australia Dollars 0.98BDT Bangladesh Taka 72.65CAD Canada Dollars 0.97CNY China Yuan Renminbi 6.56EUR Euro 0.70HKD Hong Kong Dollars 7.79INR India Rupees 44.66IDR Indonesia Rupiahs 8708.00JPY Japan Yen 80.99MYR Malaysia Ringgits 3.03PKR Pakistan Rupees 85.20PHP Philippines Pesos 43.32RUB Russia Rubles 28.24SGD Singapore Dollars 1.26KRW South Korea Won 1118.79LKR Sri Lanka Rupees 110.37THB Thailand Baht 30.27GBP United Kingdom Pounds 0.62VND Vietnam Dong 20860.00Source : xe.com
၂ဝ၁၁ ခုနှစ် ကမ္ဘာ့ရေနံစိမ်းဈေးကွက် ပိုမိုအားကောင်းနေ ၂ဝ၁၁ ခုနှစ်တွင် ကမ္ဘာ့ရေနံစိမ်းသုံး စွဲမှုအများဆုံး အမေရိကန်နိုင်ငံရဲ့ စီးပွား ရေး ပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေကြောင့် ဇန်နဝါရီလ ဆန်းမှစ၍ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ ၂ နှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ (၂ဝဝ၈ ခုနှစ် ငွေကြေးအကျပ် အတည်းမတိုင်မီ ဇူလိုင်လက တစ်စည် ကို ၁၄၇ ဒေါ်လာအထိ မြင့်တက်ခဲ့ သော်လည်း ငွေကြေးအကျပ်အတည်း ကာလနောက်ပိုင်း ဒီဇင်ဘာလတွင် ၃၂ ဒေါ်လာအထိ ထိုးကျခဲ့သည်။) ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလအတွင်း တူနီးရှားမှစတင်ခဲ့တဲ့ တော်လှန်ရေးက အီဂျစ်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ ရေနံထုတ်လုပ်တဲ့ အခြား နိုင်ငံတွေကိုပါ ကူးစက်ပံျ့နံှ့သွားခဲ့ပါ တယ်။ ဒါကြောင့် ကမ္ဘာ့ရေနံစိမ်း ရောင်းလိုအားအပေါ် စိုးရိမ်မှုတွေ ရှိလာကာ ရေနံစိမ်းဈေးနှုန်းမှာ တစ်စည် ကို ဒေါ်လာ ၁ဝဝ အထက်ကိုရောက်ရှိ စေခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက် နေ့မှစပြီး ဘရန့်အမျိုးအစားရေနံစိမ်း က တစ်စည်ကို ၁ဝ၁ ဒေါ်လာအထက်နှုန်းနဲ့ ဈေးဖွင့်ရောင်းချသော်လည်း အီဂျစ်သမ္မတ မူဘာရက်နုတ်ထွက်အပြီး အရှေ့အလယ်ပိုင်းဒေသမှ ရေနံတင် သင်္ဘောတွေအတွက် စိုးရိမ်စရာ လျော့ပါးသွားကာ ဖေဖော်ဝါရီလအတွင်း ရက်အနည်းငယ်ဈေးကျသွားခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တစ်စည်ကို ၁၁၃ ဒေါ်လာအထက် ဈေးနှုန်းနဲ့ ရောင်းချခဲ့ပြီးနောက်ပိုင်း ဆက်တိုက်ဈေးမြင့်ခဲ့ရာ မတ်လအတွင်း ဘရန့်အမျိုးအစား ရေနံစိမ်းတစ်စည်ကို ၁၁၇ဒသမ ၁၉ဒေါ်လာအထိကို လည်းကောင်း၊ Light Sweet အမျိုးအစား ရေနံမှာ တစ်စည်ကို ၁ဝ၆ ဒသမ ၃၂ ဒေါ်လာအထိလည်းကောင်း ဈေးမြင့်ခဲ့ ပါတယ်။ ၂၉ လအတွင်း အမြင့်ဆုံး နှုန်းဖြစ်ပါတယ်။ ယီမင်၊ ဘာရိန်း၊ ဆီးရီးယား၊ အိုမန် နဲ့ လစ်ဗျားနိုင်ငံအထိ ကူးစက်လာတဲ့ နိုင်ငံရေး မငြိမ်သက်မှုက ရေနံစိမ်း ဈေးနှုန်းကို ပိုမိုမြင့်မားစေခဲ့ပါတယ်။ အကြောင်းမှာ လစ်ဗျားက OPEC အဖွဲ့ဝင် ၁၂ နိုင်ငံတွင် နဝမမြောက် ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။ ဇန်နဝါရီလအတွင်း ပျမ်းမျှ တစ်နေ့ကို စည်ပေါင်း ၁ဒသမ ၆သန်း ထုတ်လုပ်ခဲ့ပါတယ်။ သို့သော် ဖေဖော်ဝါရီလအတွင်းစတင်ခဲ့တဲ့ နိုင်ငံရေးမငြိမ်သက်မှုကြောင့် တစ်နေ့ကို စည်ပေါင်း ၁ သန်းကျော် ထုတ်လုပ်မှုလျော့ကျကာ စည်ပေါင်း ၈ သိန်းခွဲသာ ထုတ်လုပ်နိုင်တော့တယ်။ နောက်ပိုင်း တဖြည်းဖြည်း လျော့ကျသွားရာ မတ်လတွင် တစ်ရက် ကို စည်ပေါင်း ၄ သိန်းအောက် ပမာဏ သာ ထုတ်လုပ်နိုင်တော့တယ်လို့ လစ်ဗျား အမျိုးသားရေနံကုမ္ပဏီဥက္ကဋ္ဌ က မတ်လ ၁၉ ရက်နေ့တွင် ပြောကြား ခဲ့ပါတယ်။ ယခုအခါ နိုင်ငံတကာ မဟာမိတ် တပ်များမှ လစ်ဗျားနိုင်ငံကို ဝင်ရောက် တိုက်ခိုက်နေပြီဖြစ်ကာ ရေနံတင်ပို့ မှုဆိုင်ရာ ပစ္စည်းပစ္စယအဆောက်အအုံ တွေ ပျက်စီးသွားတဲ့အတွက် ရေနံ တင်ပို့မှု လများစွာ ပြတ်တောက်နေဦးမယ် လို့ နိုင်ငံတကာစွမ်းအင် အေဂျင်စီက ပြောကြားထားပါတယ်။ မဟာမိတ်တပ် တွေနဲ့ လစ်ဗျားစစ်ပွဲပိုမိုပြင်းထန် လာရာ မတ်လ ၂၃ ရက်နေ့တွင်လည်း ရေနံစိမ်းဈေးနှုန်းများ ဆက်လက် အား ကောင်းနေပါတယ်။ မေလအရောက် ပို့ရမဲ့ Light Sweet အမျိုးအစား ရေနံစိမ်းကို တစ်စည်ကို ၁ဝ၅ ဒသမ ၃၈ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ မေလ အရောက်ပို့ရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းမှာ တစ်စည်ကို ၁၁၆ ဒသမ ၃ဝ ဒေါ်လာနဲ့ လန်ဒန်ICE Futures Europe Exchange တွင် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ Source:Bloomberg.com,PP
ဗီယက်နမ်တွင် ရွှေ ကုန်သွယ်ခွင့ ်၊ အရောင်းအဝယ်ပြုခွင့ ်ကို အစိုးရမှ ကန့်သတ်မည် ဗီယက်နမ်တွင် ပြည်သူတွေအနေနဲ့ ရွှေပိုင်ဆိုင်ခွင့်ရှိသော်လည်း ကုန်သွယ် ခွင့်၊ အရောင်းအဝယ်ပြုခွင့်ကိုမူ အစိုးရမှ အသိအမှတ်ပြုလုပ်ကိုင်ခွင့်ပေးထားတဲ့ ကုန်သည်တွေကသာ ဆောင်ရွက်ခွင့်ရှိ ကြောင်း မတ်လ ၁၇ ရက်က ကျင်း ပတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ မူဝါဒများအတွက် အမျိုးသားအကြံ ပေး ကောင်စီနဲ့ တွေ့ဆုံကျင်းပတဲ့ အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် ငုရင်ဆင်တန်းက ပြောကြားခဲ့ပါတယ်။၎င်းအစည်းအဝေးအရ ရွှေပိုင်ဆိုင်ခွင့်နဲ့ ရောင်းဝယ်ခွင့်ဆိုင်ရာ ဥပဒေများအရ * လက်ရှိရွှေဆိုင်များသည် ရွှေလက်ဝတ်ရတနာတွေကို ရောင်းဝယ်ခွင့် ရှိသည်။ * ပြည်သူအနေဖြင့် ရွှေချောင်း/တုံးကို အစိုးရခွင့်ပြုအရောင်းဆိုင် (outlet) များတွင်သာဝယ်ယူခွင့်ရှိ သည်။* ပြည်သူအနေဖြင့် ရွှေကို ပိုင်ဆိုင်ခွင့်/သိုလှောင်ခွင့်အပြည့်အဝရှိသည်* ရွှေကို ငွေပေးချေရန် ရည်ရွယ်ချက်ဖြင့် သုံးစွဲခြင်းအား တားမြစ်သည်။ သို့သော် ၎င်းအချက်အလက်တွေကို တရားဝင် ကြေညာထားတာ မရှိသေး ကြောင်း၊ လူအများအနေနဲ့ ရွှေပိုင်ဆိုင်ခွင့်နဲ့ ကုန်သွယ်ခွင့်နှစ်ခုလုံးကို ပိတ်ပင် လိုက်တယ်လို့ လွဲမှားယုံကြည်ကာ လန့်သွားနိုင်ကြောင်း အမျိုးသား အကြံပေး ကော်စီအဖွဲ့ဝင်Dr.Tran Hong Ngan က ပြောကြားပါတယ်။ Source:English.vietnamnet.vn.com, ပပ
ဂျပန်ငလျင်နောက်ဆက်တွဲ ပြဿနာများကြောင့် ရွှေအပါအဝင် ငွေ ၊ ပလာဒီယမ်နှင့် ပလက်တီနမ်သတ္တုများ ဈေးကျသွား မတ်လ ၇ ရက်နေ့က တစ်အောင်စကို ၁၄၄၄ ဒသမ ၉၅ ဒေါ်လာအထိ စံချိန်တင်မြင့်မားခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းက မတ်လ ၁၅ ရက်နေ့တွင် တစ်အောင်စကို ၁၃၈၁ ဒသမ ၂၂ ဒေါ်လာအထိ ကျဆင်းသွားခဲ့ရာ တစ်လတာအတွင်း အနိမ့်ဆုံး နှုန်း ဖြစ်သွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းပထဝီနိုင်ငံရေး တင်းမာမှုများနဲ့ ဂျပန်ရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံများ ရေဒီယိုသတ္တိြွကမှုအခြေအနေ ပိုမိုတိုးမြင့်လာတဲ့ သတင်း တွေကြောင့် အာရှစတော့ရှယ်ယာဈေးနှုန်းများ ကျဆင်းခဲ့ရပါတယ်။ ဒါကြောင့် ရင်းနှီးမြူပ်နံှသူတွေက ဆုံးရှုံးသွားတဲ့ စတော့ရှယ်ယာတွေနဲ့ အခြားကုန်ပစ္စည်းတွေ တန်ဖိုးကိုကာမိစေဖို့ အဖိုးတန်သတ္တုများကို ရောင်းချလိမ့်မယ်ခန့်မှန်းကြပြီး ရွှေ အပါအဝင် ငွေ ၊ ပလာဒီယမ်နဲ့ ပလက်တီနမ် သတ္တုတန်ဖိုးတွေ ကျဆင်းသွား တယ်လို့ သိရပါတယ်။ ဒါကြောင့် စင်ကာပူတွင် မတ်လ ၇ ရက်နေ့ နံနက် ၁၁း၅၆ နာရီက ချက်ချင်း အရောက်ပို့ ၁၃၉၁ ဒသမ ၇၅ ဒေါ်လာနဲ့ ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ယခင်အပတ်က ၃၁ နှစ်အတွင်း အမြင့်ဆုံးနှုန်းဖြစ်တဲ့ တစ်အောင်စကို ၃၆ ဒသမ ၇၅၂၅ ဒေါ်လာကို ရောက်ခဲ့တဲ့ငွေကလည်း ၃၃ ဒသမ ၉၄ ဒေါ်လာအထိ ကျဆင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလက ၁ဝ နှစ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့တဲ့ ပလာဒီယမ်ကလည်း ၂ဝ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ပလာဒီယမ်နဲ့ ပလက်တီနမ်ဝယ်လိုအားမှာ ကမ္ဘာ့ဝယ်လိုအားရဲ့ ၁၅ ရာခိုင်နှုန်းရှိ ကြောင်း ၊ စက်မှုလုပ်ငန်းများတွင် ငွေ ၊ ပလာဒီယမ်နဲ့ ပလက်တီနမ်ကို ရွှေထက် အသုံးပြုမှု ပိုများကြောင်း ၊ ငလျင်ဒဏ်ကြောင့် ဂျပန်ကားစက်ရုံများ ပိတ်လိုက်ခြင်း က ၎င်းသတ္တုတွေကို ဈေးကျစေခြင်း အကြောင်းရင်းဖြစ်ကြောင်း သိရပါတယ်။ Source:Businessweek.com, ပပ
နယ်စပ်မှ ဒီဇယ် တင်သွင်းမှု ဂါလန် ၇ သိန်းကျော် တာချီလိတ်၊ ကော့သောင်းနဲ့ ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၅၃ သန်းကျော်တန်ဖိုးရှိ ဒီဇယ်ဆီဂါလန် ၇၂၄၄၂ဝ နဲ့ တာချီ လိတ်နဲ့ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၆၂ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၂၇၈၂၅ ဂါလန်ခန့် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီဂါလန် ၇ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့သော် လည်း ဒီဇယ်ဆီမှာမူ ဂါလန် ၄၅၈ဝဝဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သတင်းရ ရှိပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- မတ် ၂ဝ၁၁ ဝယ်ဈေးဓာတ်ဆီ(ကျပ်) ဝယ်ဈေးဒီဇယ်(ကျပ်)ရက် ရန်ကုန် မန္တလေး ရန်ကုန် မန္တလေး၂၁ ၄၅ဝဝ ၄၈ဝဝ ၄ဝဝဝ ၄၅ဝဝ၂၂ ၄၄ဝဝ ၄၈ဝဝ ၄ဝဝဝ ၄၅ဝဝ၂၃ ၄၇ဝဝ ၄၈ဝဝ ၄ဝဝဝ ၄၅ဝဝ၂၄ ၄၇ဝဝ ၄၈ဝဝ ၄ဝဝဝ ၄၅ဝဝ၂၅ ၄၈ဝဝ ၅၂ဝဝ ၄ဝဝဝ ၄၅ဝဝMIRT-DOT
ပဲစင်းငုံဈေး အကျဘက်ပြန်ဆင်းလာ အိန္ဒိယ ပြည်တွင်းဈေးကွက်တွေမှာ ယခင်သီတင်းပတ်က ပဲစင်းငုံဈေးခိုင်မာရာမှ ယခုတစ်ပတ်မှာတော့ အကျဘက်ပြန်ဆင်း လာတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ရက်များတွင်း ဝယ်လိုအား ထိုင်း တာကြောင့် ပြည်တွင်းဈေး သိသိသာသာကျဆင်းခဲ့ပေမဲ့ နိုင်ငံတကာ ဈေးမှာ အမြင့်မှာပဲရှိနေကြောင်း သိရပါတယ်။ အိန္ဒိယပဲတင်သွင်းသူ များကတော့ လက်ရှိအမြင့်ဈေးနဲ့ ဝယ်ယူစုံစမ်းမှုနည်းတယ်လို့ သိရပါတယ်။ ဈေးကွက်တွေကို ပုံမှန်ဝင်ရောက်မှုရှိနေတာကြောင့် ကာလ တိုအတွင်း ပဲစင်းငုံဈေး အလျော့နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ဖော်ပြထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၁၇ .၃ .၁၁ ၁၆ .၃ .၁၁ ၁၅ .၃ .၁၁ ၁၄ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၈၆ ၇၉၁-၇၉၇ ၇၉၅-၈ဝ၁ ၈၁၉ဒေလီ(မြန်မာပဲစင်းငုံ) ၇၈၆ ၇၈၆ ၇၉၅ ၈၁၄ချန်နိုင်း(မြန်မာပဲစင်းငုံ) ၈၄၂ ၇၇၅ ၈၃ဝ ၇၉၇