Main menu

Background

Wednesday, 22 Sep 2010

 လက်ကျန်နည်းလာပေမဲ့ ပုံမှန်အရောင်းအဝယ်ရှိတဲ့ ရှမ်းချင်း       ဒီတစ်ပတ်ဈေးကွက်ထဲမှာ ချင်းစိုတွေ နည်းနေပါပြီ။ ဟိုပုံးမြို့နယ်ကထွက်တဲ့ ချင်းတွေကလည်း လှောင်လက်တွေမှာ ပိဿာချိန် ထောင်ဂဏန်းလောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။ အောင်ပန်းနယ် တစ်ဝိုက်မှာ မတ်လကစိုက်ခဲ့တဲ့ ချင်းစိုတွေက အောက်တိုဘာလမှာ ဈေးကွက်ကိုစပြီး ဝင်လာမှာ ဖြစ်ပါတယ်။ စပေါ်စမှာ အနုတွေသာ ဈေးကွက်ကိုဝင်လာမှာဖြစ်လို့ တာရှည်အထားမခံနိုင်သေးပါဘူး။ နိုဝင်ဘာလလောက်မှသာ အရင့်တွေဝင်လာ မှာဖြစ်ပါတယ်။ ဟိုပုံးနယ်မှာတော့ ဧပြီလမှ စပြီးစိုက်တာကြောင့် ဈေးကွက်ကို အဝင်နောက်ကျမှာဖြစ်ပါတယ်။ ဒီနှစ်က ချင်းအထွက်နည်းမယ်လို့ ဒေသခံတွေက ခန့်မှန်းကြ ပါတယ်။စပြီးစိုက်တဲ့ မတ်၊ ဧပြီလမှာ အပူချိန်ပြင်းတာကြောင့် ချင်းအစိုမြေကြီးထဲမှာ ပုပ်သွားတယ်လို့ ချင်းစိုက် တောင်သူတွေထံက သိရပါတယ်။ အရင်က ချင်းပိဿာချိန်၁ဝဝဝ စိုက်ရင် ဥမက ပိဿာ ၈ဝဝ လောက်ပြန်ထွက် ပေမဲ့ ဒီနှစ်တော့ ၃ဝဝပိဿာလောက်သာထွက်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းစိုဈေးကတောင်ကြီး ဈေးကွက်မှာ တစ်ပိဿာ ၈၅ဝ ကျပ်၊ ၉ဝဝ ကျပ်ရှိပြီး ချင်းခြောက်ဈေးကတော့ ၂၅၅ဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ချင်းစိုဈေးက တစ်ပိဿာ ၉ဝဝ ကျပ်၊ ၉၅ဝ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၂၃ဝဝကျပ်ဈေးရှိပါတယ်။ စစ်တွေဝယ်လက်တွေ ဝယ်ယူနေတာကြောင့် တစ်ပတ်အတွင်းချင်းပိဿာချိန် ၁ ဒသမ ၁ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ဧဧခိုင်

Wednesday, 22 Sep 2010

 ရေလွှမ်းမိုးမှုကြောင့် ကြံသီးနံှများ ပျက်စီးခဲ့တဲ့ ပါကစ္စတန်မှသကြားတန်ချိန် တစ်သန်းဝယ်ယူဖွယ်ရှိ     အာရှမှာတတိယမြောက် သကြားအများဆုံးသုံးစွဲတဲ့ ပါကစ္စတန်နိုင်ငံဟာ ဆိုးဝါးပြင်းထန်တဲ့ ရေလွှမ်းမိုးမှုကြောင့် နိုင်ငံကြံ စိုက်ပျိုးမှုရဲ့ ၁၅ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရတဲ့အတွက် လာမယ့်နှစ်မှာသကြားတန်ချိန် တစ်သန်းခန့်အထိ တင်သွင်းရဖွယ်ရှိတယ်လို့ ပါကစ္စတန်စိုက်ပိုျးရေးဖိုရမ် ဥက္ကဌ အီဘရာဟင်မူဂါးလ် မှပြောကြားပါတယ်။ ကြံသီးနံှများထွက်ရှိမှု နည်းပါးသွားတာကြောင့် ၂ဝ၁၁ ခုနှစ်မှာ သကြားတန်ချိန် ၃ ဒသမ ၅ သန်းထုတ်လုပ်ဖို့ ရည်မှန်းရာမှ တန်ချိန် ၃ သန်းခန့်သာထုတ်လုပ်နိုင်တော့မယ်လို့လည်း၎င်းက ပြောကြားပါတယ်။ ဒါကြောင့် လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ သန့်စင်ပြီးသကြား (သို့မဟုတ်) သကြားကြမ်းတန်ချိန်တစ်သန်း တင်သွင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ပါကစ္စတန်နိုင်ငံဟာ တစ်နှစ်ကို သကြားတန်ချိန် ၄ သန်းခန့် စားသုံးမှုရှိပြီးဈေးနှုန်းမြင့်တက်နေတဲ့ ပြည်တွင်းဈေးကျဆင်းအောင်နဲ့ ပြည်တွင်းဖြန့်ဖြူးမှု အလုံအလောက်ဖြစ်ရေး တင်သွင်းဖို့ လိုအပ်နေခြင်း ဖြစ်ပါတယ်။ ပြည်တွင်း သကြားဈေးအနေနဲ့ လွန်ခဲ့တဲ့ တစ်လအတွင်း ၃၈ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ကီလို ကိုရူပီး ၉ဝ(ကန်ဒေါ်လာ ၁ ဒသမ ဝ၅) ထိဖြစ်ခဲ့တယ်လို့ ကရာချိရှိ လက်လီ ရောင်းချသူများအသင်း အထွေထွေအတွင်းရေးမှူး Farid Qureshi မှ ပြောကြားပါတယ်။ယမုံနာ၊Sources: bloomberg.net

Wednesday, 22 Sep 2010

 အရောင်းအဝယ်ပိုသွက်လာတဲ့ စစ်ကိုင်းတိုင်းကဂံျု   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုတလင်၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦးမြို့နယ်များက ဂံျုများ၊ မုံရွာမြို့သို့ဝင်ရောက်လာပါတယ်။ မုံရွာမြို့က တစ်ဆင့်တိုင်းဒေသကြီးပြင်ပကို စီးထွက်မှုအများဆုံးသီးနံှက ဂံျုဖြစ်ပါတယ်။ မုံရွာမှ မန္တလေးသို့ ၂ဝ၁ဝ ခု သြဂုတ်လမှာ တစ်တင်းခွဲဝင်ဂံျုအိတ် ၁၄၂၂၃ အိတ်စီးထွက်ခဲ့ပြီး၊ စက်တင်ဘာ ၉ ရက်နေ့ထိ ၂၈၂၇ အိတ် စီးထွက်ခဲ့ပါတယ်။ ဂံျုဖြူသန့်တစ်ပိဿာအနိမ့်အမြင့်ဈေးများမှာ ၂ဝ၁ဝ ခု သြဂုတ်လအတွင်း ၅၈၅ကျပ်-၇၈ဝကျပ်၊ စက်တင်ဘာပထမပတ်အတွင်း ၆၉ဝ ကျပ်- ၇၇၅ ကျပ်၊ ဂုံျအထွက် တိုးတစ်ပိဿာဈေးမှာ သြဂုတ်လအတွင်း ၅၂၅ ကျပ်-၆၇၅ ကျပ်၊ စက်တင်ဘာ ပထမပတ်အတွင်း ၆၄ဝ ကျပ်-၆၇၅ ကျပ် ဈေးအသီးသီးနဲ့ အရောင်း အဝယ် ပြုလုပ်ကြပါတယ်။ မုံရွာစက်မှုဇုန်ရှိ ဂုံျစက် ၂ဝလုံးမှ နေ့စဉ်သုံးစွဲမှုရှိသလိုတိုင်းဒေသကြီးပြင်ပစားသောက်ကုန် လုပ်ငန်းရှင်များက မုံရွာမြို့သို့လာရောက်ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်တင်း ၁၅ဝဝ ကျော်အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။                                                                                                         သန်းသန်းတင် 

Wednesday, 22 Sep 2010

 ပြောင်းကြိတ်ဖတ် (အကျစ်) တင်ပို့မှု       မူဆယ် (၁ဝ၅) မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပြောင်းဖူးစေ့ကြိတ်ဖတ်များကို အမှုန့်နဲ့ အကျစ်ခွဲပြီး တိရစ္ဆာန်အစားအစာထုတ်လုပ်ရာမှာ အသုံးပြုဖို့အတွက် တင်ပို့ခဲ့ရာ စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်အတွင်း ပြောင်းကြိတ်ဖတ်(အကျစ်) တန် ၇ဝ ကို တန်ဖိုးကျပ် ၈ သန်းကျော်ဖိုးကို တင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်ပေါက်ဈေးက တစ်တန်ကို ၈၈ဝဝဝ ကျပ်နဲ့ တစ်ဖက်ရွှေလီဈေးကတော့ ယွမ်၈၆ဝ ရှိတယ်လို့ သတင်းရရှိပါတယ်။                                                                                                                                    မော်မော်အောင်(MIRT)  

Wednesday, 22 Sep 2010

 နှစ်ဟောင်းလက်ကျန်နည်းလို့ နယ်စပ်မှ ပြောင်းတင်ပို့မှု လျော့ကျလာ     စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မူဆယ်၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၆၃၆ ဒသမ ၂တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝ ဒသမ ၃၇၈ သန်းနှင့် လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပြောင်းဖူးစေ့ တန် ၁၄ဝ၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဝဒသမ ဝ၃ဝ၈ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်မှာ မူဆယ်နဲ့ လွယ်ဂျယ်နယ်စပ်စခန်းများမှ ပြောင်းဖူးစေ့ ၄ဝ၄၂ ဒသမ ၃တန် တင်ပို့ခဲ့တဲ့အတွက်ယခုအပတ် မှာ တန်ချိန် ၂၄ဝဝ ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။ ပြောင်းဖူးစေ့မှာယခင်နှစ် ဟောင်းလက်ကျန်နည်းပါးလာတဲ့အတွက် တင်ပို့မှုလျော့ကျခဲ့ရတာလို့သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ မြေပြင်ပြောင်းပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်-                                   မိမိဘက်(ကျပ်/တန်)                                           တစ်ဘက်နိုင်ငံ(ယွမ်/တန်)                          ယခု          ယခင်        ပြောင်းလဲမှု     %          ယခု        ယခင်        ပြောင်းလဲမှု        %ပြောင်းဖူးစေ့   ၂၂၉၁၃၂    ၂၄၄၁၂၂       ၁၄၉၉ဝ        ၆ .၅       ၁၉၇ဝ        ၁၉၂ဝ             ၅ဝ                ၃

Wednesday, 22 Sep 2010

 ဒီအပတ် စင်္ကာပူကိုပဲ ပြောင်းပို့တာရှိ   စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၆၉ တန်၊ တန်ဖိုးအား ဖြင့် ဝ ဒသမ ဝ၁၈ သန်းတင်ပို့ခဲ့ပါတယ်။ပြီးခဲ့တဲ့ သြဂုတ်လတစ်လလုံးမှာ ၉၂ တန်သာ တင်ပို့မှုရှိခဲ့ပြီ ယခု စက်တင်ဘာလမှာ ပြန်လည် တင်ပို့နိုင်တာဖြစ်ပါတယ်။ တင်ပို့မှုကတော့ စင်ကာပူ တစ်နိုင်ငံတည်းသို့သာဖြစ်ကြောင်း သတင်းရရှိပါတယ်။                                                                                                                                                               KZW

Wednesday, 22 Sep 2010

 ဘရစ်ချ်စတုန်းကုမ္ပဏီမှ ကမ္ဘာ့ဝယ်လိုအား ပြည့်မီအောင် ထုတ်လုပ်မည်      ဘရစ်ချ်စတုန်း ကုမ္ပဏီဟာ ကမ္ဘာ့ဈေးကွက် တိုးတက်လာမှုကို တုံ့ပြန်နိုင်ဖို့ အတွက် ထိုင်းနိုင်ငံမှာရှိတဲ့ တာယာ ထုတ်လုပ်ရေးတွေရဲ့ ထုတ်လုပ်မှုစွမ်းအားကို တိုးခဲျ့ဖို့ ဆောင်ရွက်နေကြောင်းသိရပါတယ်။ ခရီးသည်တင်ကားတွေနဲ့ စီးပွားရေး လုပ်ငန်းသုံးကားတွေရဲ့ တာယာဝယ်လိုအား တိုးလာတာကြောင့် ဂျပန်တာယာ ထုတ်လုပ်ရေးဟာနွန်းခက်စက်ရုံရဲ့ စွမ်းအားကို မြင့်တင်ဖို့လိုအပ်ကြောင်း သိရှိခဲ့ပါတယ်။၎င်းစက်ရုံက ထိုင်းဈေးကွက်အတွက်ထုတ်လုပ်ပြီး အာရှနိုင်ငံများ၊မြောက်အမေရိကား နဲ့ ဥရောပကိုတင်ပို့ကြောင်းလဲ သိရပါတယ်။ ကုမ္ပဏီကခရီးသည်တင်ကားနဲ့ ထရပ်ကားတာယာတွေကို ၂ဝ၁၄ ခုနှစ် အကုန်မှာနေ့စဉ်ထုတ်လုပ်မှုကို (၁၃၅ဝဝ ) လုံးမှ(၅ဝဝဝဝ)လုံးအထိ ထုတ်လုပ်ဖို့ စီမံကိန်း ရေးဆွဲထားကြောင်း သိရပါတယ်။၂ဝဝ၈ ခုနှစ်ကစတင်စီမံကိန်းအကောင်အထည်ဖော်လည်ပတ်ခဲ့တဲ့ စက်ရုံဟာနေ့စဉ်ထုတ်လုပ်မှုတစ်နေ့ တာယာ၆ဝဝဝ ထုတ်လုပ်နေပြီး ၂ဝ၁၁ မှာစီမံကိန်း ကာလပြီးဆုံးမှာ ဖြစ်ကြောင်းသိရပါတယ်။ ဈေးကွက်တွေ ပြောင်းလဲပေမယ့် ရင်းနှီး မြုပ်နံှမှုရဲ့ တုံ့ပြန်မှုရလဒ်ဟာ ကောင်းမွန်နေပြီး ထုတ်လုပ်မှုကိုတိုးခဲျ့ပြီး ကမ္ဘာတစ်ဝန်းလုံးရဲ့ ဝယ်လိုအား ပြည့်မီအောင် ကမ္ဘာ့အဆင့်မီတာယာများထုတ်လုပ်သွားမယ်လို့ဘရစ်ချ်စတုန်းကုမ္ပဏီက ပြောကြားကြောင်း သတင်းရရှိပါတယ်။      Source : Etyres united      kingdom, KZW

Wednesday, 22 Sep 2010

 ကမ္ဘာ့ရော်ဘာသုံးစွဲမှုတန်ချိန် ၂၃ ဒသမ ၁ သန်း ရောက်ရှိ    ကမ္ဘာ့ရော်ဘာသုံးစွဲမှုဟာ ၂ဝ၁ဝ ဇွန်လမှာတန်ချိန် ၂၃ ဒသမ ၁ သန်းကိုရောက်ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ် အလားတူကာလထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်းပိုမိုခဲ့ပြီး ယခုနှစ်ပထမနှစ်ဝက်အတွင်းကောက်ယူတဲ့ စစ်တမ်းများ အရ မော်တော်ကားနဲ့ တာယာလုပ်ငန်းတွေရဲ့ ဝယ်လိုအားလည်းကာမိတယ်လို့သိရပါတယ်။ တိုးတက်မှု ကိန်းဂဏန်းတွေရှိ နေပေမဲ့ မနှစ်က ကမ္ဘာ့ဝယ်လိုအား မပြည့်မီတဲ့ ေြွကးကျန်တွေလဲဖြည့်တင်းပေး ဖို့ရှိနေသေးကြောင်း သိရပါတယ်။ ရော်ဘာတုထုတ်လုပ်မှုက ၂ဝဝ၉ခုနှစ်က၁၃ဒသမ၃ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သုံးစွဲမှုကိုလုံလောက်ကာမိကြောင်းသိ ရပါတယ်။ ကမ္ဘာ့ သဘာဝ ရော်ဘာရောင်းလိုအားကတော့ ၂ဝ၁ဝ ဒုတိယလေးလပတ်မှာ ၄ ဒသမ ၉ ရာခိုင်နှုန်းကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းကို ကျဆင်းခဲ့ကြောင်သိရပါတယ်။ ကမ္ဘာ့ရော်ဘာဝယ်လိုအားက ၂ဝ၁ဝ မှာတန်ချိန် ၂၃ ဒသမ ၉ သန်းနဲ့ ၂ဝ၁၁ မှာ တန်ချိန် ၂၅ ဒသမ ၅သန်း ကို ရောက်ရှိမယ်လို့ခန့်မှန်းပြီး သဘာဝရော်ဘာဝယ်လိုအားက လွန်ခဲ့တဲ့နှစ်က တန်ချိန် ၁၃ ဒသမ ၃ သန်းထက်တန် ဝ ဒသမ ၁၁ သန်းခန့်ပိုမိုလာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ်မှုက ၂ဝ၁ဝ ပြည့်နှစ်မှာ၆ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ဝ ဒသမ ၂၅သန်းကို ရောက်ရှိနိုင်ကာ ၂ဝ၁၁ ခုနှစ်မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၁ သန်းကို ရောက်ရှိနိုင်ကြောင်း နိုင်ငံတကာ ရော်ဘာလေ့လာရေးအုပ်စုက ခန့်မှန်းလျက်ရှိပါတယ်။Source : Int's Rubber Study Group ,KZW 

Wednesday, 22 Sep 2010

တရုတ်စက်မှုထုတ်ကုန် တိုးတက်လို့ ရော်ဘာဝယ်လို့အား ကောင်းနိုင်      ကမ္ဘာတွင် ရော်ဘာအများဆုံးသုံးစွဲတဲ့ တရုတ်နိုင်ငံရဲ့ စက်မှုထွက်ကုန်ထုတ်လုပ်မှုတိုးတက်နှုန်းက ခန့်မှန်း ထားတာထက် ပိုမိုလျင်မြန်တာကြောင့် ရော်ဘာဝယ်လိုအားလည်း တိုးတက်လာမယ် မျှော်လင့်ချက်များနဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က ရော်ဘောဈေးတက်ခဲ့ကြောင်း သတင်းရရှိပါတယ်။တိုကျိုကြိုပွိင့့််ရောင်းဝယ်ရေးတွင် ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ် ကို သုည ဒသမ ၉ ရာခိုင်နှုန်းဈေး တက်သွားပြီးတစ်တန်ကို ကန်ဒေါ်လာ ၃၅၁၃ နဲ့ခုျပ်ဆိုခဲ့ပါတယ်။ ရေနံ ံစိမ်းဈေးနှုန်းမြင့်တက်သွားမှုကြောင့်လည်း သဘာဝရော်ဘာဈေးနှုန်းကိုမြင့်တက်သွားစေခဲ့ခြင်းဖြစ်ပါတယ်။တရုတ် နိုင်ငံရဲ့ စက်မှုထုတ်ကုန်က ယခင်နှစ်အလားတူကာလနဲ့နှိုင်းယှဉ်ရာ သြဂုတ်လတွင် ၁၃ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း၊ လက်လီအရောင်းကလည်း ဇူလိုင်လတွင် ၁၇ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ရာမှာ သြဂုတ်လတွင် ၁၈ဒသမ ၄ ရာခိုင်နှုန်းတက်သွားခဲ့ကြောင်းနဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကြောင့် ရော်ဘာ ဈေးကွက်အလားအလာကောင်းကြောင်း ဲှဃ ဃသမစ မှ သုတေသီကပြောကြားခဲ့ပြီး အမေရိကန်ပြည် ထောင်စုလက်ကား ဈေးကွက်မှာလည်း ဇူလိုင်လတွင် ကုမ္ပဏီများမှ ကုန်သိုလှောင်ထားဖို့ဝယ်ယူမှုကြောင့် ရော်ဘာ အရောင်းတက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ှSource:bloomberg.com,အေးမွန်မွန်လှိုင်

Wednesday, 22 Sep 2010

 ယခုတစ်ပတ် မူဆယ်နယ်စပ် အပို့ကျ      စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း မြန်မာတရုတ်နယ်စပ်ရှိ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ RSS (၃) ၇၈၁ ဒသမ ၈ဝဝ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဒသမ ၃၅၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာအဆင့်စုံ ၁၆ဝ၅ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် တန်ချိန် ၈ဝဝ ကျော်ယခုအပတ်မှာလျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်ပါက မိမိဘက်ဈေးကျနေပြီး တစ်ဘက်နိုင်ငံဈေး တည်ငြိမ်နေတဲ့အတွက်အရောင်းအဝယ်အေးလျက်ရှိတယ်လို့ မူဆယ် ကုန်စည်ဒိုင်မှ သတင်း ရရှိပါတယ်။ ယခုအပတ်မှာ ရော်ဘာတင်ပို့မှုများမှာမူဆယ်မှာ RSS (၃) ၅၄၁ ဒသမ ၈ တန် နဲ့ ချင်းရွှေဟော်မှ တန် ၂၄ဝ အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခုအပတ်နဲ့ယခင်အပတ် ရော်ဘာပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် -                      မိမိဘက်(ကျပ်/တန်)                                               တစ်ဘက်နိုင်ငံ(ယွမ်/တန်)                 ယခု         ယခင်         ပြောင်းလဲမှု           %            ယခု        ယခင်        ပြောင်းလဲမှု         %ှRSS(၃)   ၃ဝ၄၈၁၁၃    ၃ဝ၆၉၇၁၃       ၂၁၆ဝဝ       ဝ .၇        ၂ဝဝဝဝ     ၂ဝဝဝဝ                              -RSS(၅)   ၂၉၂၇၆၁ဝ   ၂၉၄၇၆၁၃        ၂ဝဝဝ၃       ဝ .၇       ၁၈၅ဝဝ      ၁၈၅ဝဝ                              -

Pages