Background
မိုးကုတ်တွင်းထွက်နှင့် ကျောက်ဆန်းများကိုစိန်နှင့်တွဲ၍ ဝတ်ဆင်သူများလာ မန္တလေးမြို့ ကျောက်မျက်ရတနာဈေးကွက်မှာ မိုးကုတ် တွင်းထွက်ကျောက်များနဲ့ ရောင်စုံကျောက်ဆန်းများကို စိန်နဲ့ပြုလုပ်ထားတဲ့ ကပ်ထည်များ အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။' ဒီလထဲမှာ ဘက္ကဒီးအစ် မတိုင်ခင်က တော်တော်ရောင်းရတယ်။ မိုးကုတ်တွင်းထွက် ကျောက်နဲ့ စိန်ကပ်ထည်လေးတွေ၊ ရောင်စုံကျောက်ဆန်းလေးနဲ့စိန်ကပ်ထည်လေးတွေ အဝတ်များလာတယ်။ နဝရတ်ကိုးပါးလုပ်ဖို့ အနီ၊အပြာ ကျောက်ကောင်းတာလည်း ဝယ်တယ်။ ခရမ်းဆွဲကျောက်နဲ့ ပုလဲပါအဝယ်ရှိတယ်။ ကပ်ထည်တွေ ဝယ်သွားကြတာများတယ်။ နားကပ်တစ်ရံကို ၂ သိန်း၊ ၃ သိန်းတန်လေးတွေဝယ်ကြတယ်။ ၁ဝ သိန်းကျော်၊ သိန်း ၂ဝကျော်တန်လည်း ဝယ်ကြတယ်' လို့ Mandalay Gems Center မှ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ကျောက်မျက်ရတနာ ဈေးကွက်ရဲ့စိန်နဲ့ကျောက်မျက်ရတနာ ဈေးနှုန်းမှာယခုလတွင် ဈေးနှုန်း အတက်အကျမရှိဘဲ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးပုံမှန်ဈေးဖြင့် ရောင်းချလျက် ရှိကြောင်းသိရပါတယ်။ တွင်းထွက် ကျောက်များတွင် ခရမ်းဆွဲ၊ ကျောက်စိမ်း၊ နီလာ၊ပတ္တမြား၊ စလင်းညိုနဲ့ ဂေါ်မိတ်ကျောက် များ လူကြိုက်များပြီး ကျောက်ဆန်းတွင် Blue Topaz နှင့် ရွှေတွင်းဝါကျောက်များကို ဝတ်ဆင်သူများ လာကြောင်းသိရပါတယ်။ ဇူးဇူး
အမေရိကန်နှင့် တရုတ်နိုင်ငံများ၏လောင်စာဝယ်လိုအား မြင့်မားမည် မျှော်မှန်းကြ၍ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ ဒုတိယမြောက်နေ့အဖြစ်မြင့်မားလာ ကမ္ဘာ့ရေနံသုံးစွဲမှုအများဆုံး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ လောင်စာဝယ်လိုအားမြင့်မားမယ်မျှော်မှန်းကြပြီး နယူးယောက်တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများဒုတိယမြောက်နေ့အဖြစ် မြင့်မားလာပါတယ်။ သြဂုတ်လအတွင်း က အမေရိကန်ရဲ့လက်လီအရောင်းနှုန်းများ ဒုတိယမြောက်လအဖြစ် ထပ်မံမြင့်မားခဲ့ဖွယ်ရှိတယ်ဆိုတဲ့ခန့်မှန်းချက် ကရေနံစိမ်းဈေးနှုန်းကို ထပ်မံမြင့်မားစေပါတယ်။တရုတ်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှုမြင့်မားလာခြင်းနဲ့ ကနေဒါမှရေနံကို အမေရိကန်ပြည်ထောင်စုအလယ် တကြောရှိ ရေနံချက်စက်ရုံများကိုပို့ပေးတဲ့ ပိုက်လိုင်းကိုပိတ်လိုက်ခြင်းတို့ကလည်း ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေအောင် အထောက်အပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ဒါကြောင့် အောက်တိုဘာလတင်ပို့မဲ့ ရေနံစိမ်းက တစ်စည်ကို ၈၈ ဆင့်(၁ ဒသမ ၂ ရာခိုင်နှုန်း) မြင့်မားကာ ၇၇ ဒသမ ၃၃ ဒေါ်လာနဲ့ နယူးယောက် ကုန်စည် ရောင်းဝယ်ရေးတွင် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောက်တိုဘာလတွင် ငွေချေရမဲ့ ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်ကို ၆ဝ ဆင့် (သုညဒသမ ၈ ရာခိုင်နှုန်း) မြင့်မားကာ ၇၈ ဒသမ ၇၆ ဒေါ်လာနဲ့ လန်ဒန် ICEကFutures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့ပါ တယ်။ှSource:bloomberg.com, ပပ
အိန္ဒိယမိုးရာသီ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁ သန်း မြင့်တက်နိုင် ယခုနှစ်မိုးရာသီမှာ ပဲမိုျးစုံစိုက်ဧရိယာ ပိုမိုတာကြောင့် မိုးပဲထွက်ရှိမှုဟာလည်း ယခင်နှစ်ထက် တန်ချိန် ၁ သန်းခန့်ပိုပြီး၊ တန်ချိန် ၅ ဒသမ ၃ သန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ စိုက်ပျိုးရေး အတွင်းဝန် ပီကေဘာဇူက ပြောကြားပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂ဝဝ၈-ဝ၉ ခုနှစ် မိုးပဲတန်ချိန် ၄ ဒသမ ၆၉ သန်းထွက် ရှိခဲ့ရာမှ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၄ ဒသမ ၃ သန်း ကိုကျဆင်းခဲ့ပါတယ်။တစ်နှစ် ပတ်လုံးထွက်ရှိမှုမှာတော့ ၂ဝဝ၈-ဝ၉ မှာတန်ချိန် ၁၄ ဒသမ ၅၇သန်း ထွက်ရှိခဲ့ပြီး၊ ၂ဝဝ၉-၁ဝ မှာ တန်ချိန် ၁၄ ဒသမ ၅၉ သန်းထွက်ရှိခဲ့ပါတယ်။ယခုနှစ် မိုးရာသီပဲမိုျးစုံစိုက်ပိုျးမှုအနေနဲ့ ဟက်တာ ၁၁ဝ ဒသမ ဝ၈သိန်း ရှိတာကြောင့် ယခင်နှစ် စိုက်ပိုျးဟက်တာ ၉ဝ ဒသမ ၅၇ သိန်းထက် ပိုမိုခဲ့ပါတယ်။ အဓိကတော့ အင်ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်၊ ကာနာ တာကာ၊ မဒ္ဒရာပရာဒေ့ရှ်၊ မဟာရပ်ရှတရာ၊ သြရိသ၊ ရာဂျက်စသန်နဲ့ အတ္တရာပရာဒေ့ရှ်တို့ကလယ်သမားတွေ ပိုမိုစိုက်ပိုျးလာကြလို့ဖြစ်ပါတယ်။ပဲမျိုးစုံထုတ်လုပ်မှု တိုးတက်လာတာနဲ့အမျှ ပဲဈေးနှုန်းဟာလည်းအကျဘက်ကို ဆင်းနေပြီဖြစ်ပြီး၊ နောက်ထပ်လည်းကျဆင်းနိုင်တယ်လို့လည်း ၎င်းက ထပ်လောင်း ပြောကြားပါတယ်။ယမင်းခင်၊ှSource: PTI
ကျပ်သန်း ၄ဝဝ နီးပါးရတဲ့ပရဆေးပို့ကုန် မူဆယ် (၁ဝ၅) မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ စက်တင်ဘာလ၈ ရက်မှ ၁၅ ရက်တာ ကာလအတွင်းတရုတ်ပြည်သို့ ပရဆေးကုန်ကြမ်းတန်ချိန် ၃ဝ၄ ဒသမ ၁၁တန်၊ တန်ဖိုးအားဖြင့်ကျပ်သန်း ၄ဝဝ နီးပါးဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန်၉၅ တန်ကျော်သာ တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်တင်ပို့မှုမှာ ၃ဆကျော်ရှိပါတယ်။ တင်ပို့ခဲ့တဲ့ ပရဆေးအမယ်တွေကတော့ ဒရင်ကောက်မြစ်၊ မာလာဥ၊ မာလာဥခေါင်း၊ ချဉ်ပေါင်ဖာလာ၊ ကြောင်ပန်းစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ကွမ်းစားဂမုန်း၊ရွေးရွက်၊ အုံတုံခေါက်၊ ရှားစေး၊ တောင်လုံးကျော်၊မျောက်ဥခြောက်၊ဖန်ခါးသီးခြောက်၊တောဂျင်း၊ ကျောက်ဂျင်းနဲ့ တောဂျူးမြစ်တို့ဖြစ်ပါတယ်။ မန္တလေးကုန်စည်ဒိုင် ပေါက်ဈေးများနဲ့ တစ်ဖက်နိုင်ငံ ပေါက်ဈေးများကို ဖော်ပြပေးလိုက်ပါတယ် -ပစ္စည်းအမည် မိမိဘက် တစ်ဘက်နိုင်ငံ (ကျပ်/တန်) (ယွမ်/တန်)ဒရင်ကောက်မြစ် ၂၁၄၅ဝဝ ၁၄၄၉မာလာဥ ၂ဝ၉၃၉ဝဝ ၁၄၅ဝဝမာလာဥခေါင်း ၇၄၇၉၄ဝ ၆ဝဝဝချဉ်ပေါင်ဖာလာ(အခွံပါ) ၂၉၈ဝ၃၆ဝ ၂ဝ၆ဝဝချဉ်ပေါင်ဖာလာ(အခွံမပါ) ၃၄ဝဝဝဝဝ ၂၃၅ဝဝကြောင်ပန်းစေ့ ၈၁၄၆၅ဝ ၅၆ဝဝမိကျောင်းကွမ်းဖတ်စေ့ ၂၆၇၉၅၈ဝ ၁၉ဝဝဝကွမ်းစားဂမုန်း ၉၄၆၇၃ဝ ၆၅ဝဝရွေးရွက် ၄၄၁ဝ၄၅ ၃ဝဝဝအုံတုံခေါက် ၁၅၈၄ဝဝ ၁ဝ၆၃ရှားစေး ၈၂၄၈၇ဝ ၅ဝဝဝတောင်လုံးကျော် ၂၅ဝ၈ဝဝ ၁၇၂၂မျောက်ဥခြောက် ၄၈၄၆ဝဝ ၂၈၅ဝဖန်ခါးသီးခြောက် ၂၆၂၂၅ဝ ၁၈၅ဝတောဂျင်း ၃ဝဝဝဝဝ ၂၁၂၇တောဂူျးမြစ် ၅၅၆ဝ၂ဝ ၃၈၁၇ကျောက်ဂျင်း ၆၉၂၁၉၆ ၄ဝ၅၄မော်မော်အောင် (MIRT)
အမြောက်အမြားထွက်ရှိမယ့် မျှော်လင့်ချက်များကြောင့် အိန္ဒိယနနွင်းဈေးကျဆင်း အိန္ဒိယနိုင်ငံမှာ ယခုနှစ်နနွင်း အမြောက် အမြားထွက်ရှိမယ့် မျှော်လင့်ချက်များကြောင့် လွန်ခဲ့တဲ့ သီတင်းပတ် များအတွင်း နနွင်းဈေးကျဆင်းခဲ့ပါတယ်။ ကာလတို အလားအလာအနေနဲ့ဆောင်းရာသီဝယ်လိုအား လက်ကျန်နည်း ခြင်းတို့ကြောင့်နနွင်းဈေးတည်ငြိမ်ဖွယ်ရှိပြီး ကာလရှည်အတွက်တော့ အထွက်နှုန်း မြင့်တက်မယ့် အလားအလာရှိလို့ ဈေးလျော့ကျ နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။အီရော့ဈေးကွက်ကို နနွင်းဝင်ရောက်မှုဟာ လွန်ခဲ့တဲ့ သီတင်းပတ်က အိတ်၅ဝဝဝ ဝင်ရောက်ရာမှ ၃ဝဝဝ ကိုကျဆင်းခဲ့သလို နီဇမ်မာဘတ်ဈေးကွက်ကို လည်းအိတ် ၅ဝဝ ဝင်ရောက်ရာမှ ၃ဝဝ ကို လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်နီဇမ်မာဘတ် လက်ငင်းဈေးကွက်မှာ စက်တင်ဘာလ ၁၅ ရက်နေ့က တစ်တန်ကိုရူပီး ၁၃၆၃၈ဝ (ကန်ဒေါ်လာ ၂၉၅ဝ) ရှိလို့ အဲဒီဈေးထက်တော့ နောက်ထပ်မကျဆင်းနိုင် သေးဘူးလို့ ဆိုပါတယ်။ လာမယ့် သီတင်းပတ်တွေမှာ ပြည်ပတင်ပို့မှုတိုးတက်ဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ု Kotak Commodity Services ရဲ့ အစီရင်ခံ တင်ပြချက်အရ ယခင်နှစ်စိုက်ဟက်တာ ၁ ဒသမ ၈ဝ သိန်းထက်ပိုပြီး ယခုနှစ်မှာ နနွင်းစိုက်ဟက်တာ ၂ဒသမ ဝ၆ သိန်းရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယခုနှစ်အတွင်း စိုက်ဧရိယာဟာ၁၅ဝ ရာခိုင်နှုန်းကျော်ထိ ထူးထူးခြားခြားမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။အင်ဒရာပရာဒေ့ရှ်ရဲ့ နနွင်းစိုက်ပျိုးမှုဟာ တစ်နိုင်ငံလုံးရဲ့ ၃၁ ရာခိုင်နှုန်းနီးပါးရှိရာ ယခင်နှစ်က ဟက်တာ ဝ ဒသမ ၅ဝသိန်းရှိခဲ့ရာမှ ၂၈ ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ပြီး ဟက်တာ ဝ ဒသမ ၆၄ သိန်းထိ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။တမီနီဒူးမှာလည်း ၉ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ဝ ဒသမ ၄၃ သိန်းထိ တိုးတက် စိုက်ပိုျးဖွယ်ရှိတယ်လို့ ဆိုပါတယ်။ Angel Commodities ရဲ့ နောက်ထပ်အစီရင်ခံစာတစ်စောင်မှာတော့ နနွင်း ထုတ်လုပ်မှုဟာ ယခင်နှစ်က တစ်အိတ်ကို၇ဝ-၇၅ ကီလိုပါတဲ့ အိတ် ၄၈ သိန်း ရှိရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၆၅-၆၇ သိန်းထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လှောင်လက်တွေရဲ့ လက်ထဲမှာ လက်ကျန် အိတ် ၁၅ သိန်းခန့် ရှိမယ်လို့ ဆိုပါတယ်။ယမင်းခင်၊Sources: Business standard
ရှမ်းနနွင်း ပုံမှန်အရောင်းအဝယ်ဖြစ် ယခုလောလောဆယ်မှာတော့ ရှမ်းနနွင်းတွေက ကြိုက်ရောင်းကြိုက်ဝယ်နဲ့သာ အရောင်းအဝယ် ဖြစ်နေပါတယ်။ အောင်ပန်းဈေးကွက်မှာ အဝင်မရှိသလောက်ဖြစ်နေတာကြောင့် လှောင်လက်တွေကသာ လက်ကျန်တွေကို ထုတ်ရောင်းနေပါတယ်။ ရန်ကုန်ဝယ်လက်တွေကလည်း အောင်ပန်း ဈေးကွက်မှာလက်ကျန် နည်းလာလို့ ပစ္စည်း အရည်အသွေးကို ရွေးချယ်ဝယ်လိုတာကြောင့်ပင်လောင်းဖက်ကို ဆင်းဝယ်ကြပါတယ်။ ပစ္စည်းပေါ်မူတည်ပြီး တစ်ပိဿာ ၃ဝဝဝကျပ်ဈေးနဲ့ ဝယ်ယူတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ဈေးအနည်းငယ်ကျလာပြီး တစ်ပိဿာ ၂၉ဝဝ ကျပ်ဈေးသာရှိပါတော့တယ်။ နနွင်းခါးကတော့ အရင်အပတ်ကဈေးအတိုင်းဖြစ်ပြီး တစ်ပိဿာ ၁၄ဝဝ ကျပ်၊ ၁၅ဝဝကျပ်ဈေး၊ နနွင်းခေါင်းကလည်း တစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။တောင်ကြီးဈေးကွက်မှာတော့ ဟိုပုံးကထွက်တဲ့ နနွင်းလက်ကျန်တွေကို တစ်ပိဿာ၃၃ဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြပါတယ်။ လက်ကျန်နည်းပြီး ပုံမှန်အရောင်းအဝယ် ဖြစ်နေတာကြောင့် တစ်ပတ်အတွင်းနနွင်းပိဿာချိန် ၇၃၅ဝဝ ပိဿာစီးဆင်းသွားတယ်လို့ ဒေသခံကုန်သည်တွေထံမှ သိရပါတယ်။ဧဧခိုင်
နယ်စပ်က နည်းနည်းနဲ့ မှန်မှန်သွားနေတဲ့ နနွင်းတက်ပစ္စည်းအမည် မိမိဘက် တစ်ဘက်နိုင်ငံ စက်တင်ဘာလ ၈ရက်မှ ၁၄ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှနနွင်း တက် ၃ တန၊် တန်ဖိုး အား ဖြင့် ကန် ဒေါ်လာ၄၈ဝဝ ဖိုး တင် ပို့ နို င် ခဲ့ ပ ါတယ။်ယခင်အပတ်ကလည်း ၃ တန်သာ တင်ပို့နိုင်ခဲ့ပြီးဈေးလည်း ပြောင်းလဲမှု မရှိဘူးလို့သိရပါတယ်။ မိမိဘက်မှာ နနွင်းတက် တစ်တန်လျှင် ၁၄ဝ၇၆ဝဝ ကျပ်ရှိပြီးတစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၂၃၇ဝဝ တာကာ ဈေးပေါက်လျက် ရှိတယ်လို့ သိရပါတယ်။ ကျောက်ဆည်၊ တောင်ကြီးနဲ့ ကျောက်တော်ဒေသထွက် နနွင်းစိုများကို တစ်ဘက်နိုင်ငံသို့ တင်ပို့နေတယ်လို့ သိရပါတယ်။တင်တင်ထွန်း(MIRT )
ထိုင်းနဲ့ မလေးရှားကိုပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေနနွင်းတန်ချိန် ၄၂ ဒသမ၆၃ကိုတင်ပို့ခဲ့ပါတယ်။ကုန်သွယ်ဖက်နိုင်ငံ တွေကတော့ ထိုင်းနိုင်ငံကို ၁၉ တန်နဲ့မလေးရှားကို ၂၃ ဒသမ ၆၃ တန် တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို (FOB) တန်ဖိုးကန်ဒေါ်လာ တစ်ထောင့်လေးရာဝန်းကျင်နဲ့ စုစုပေါင်းပို့ ကုန်ဝင်ငွေ ၅၉၃၈၇ဒသမ ၃ ဒေါ်လာရရှိခဲ့ပါတယ်။ ယခင်အပတ်က ၁၄ ဒသမ ၉၈ တန် တင်ပို့နိုင်ခဲ့ပြီးယခုအပတ် ၄၂ ဒသမ ၆၃ တင်ပို့နိုင်ခဲ့တဲ့အတွက် တန်ချိန် ၂၇ ဒသမ ၆၅ တန်ပိုမိုစုဆောင်းတင် ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
မြင်းခြံခရိုင်မှာ မိုးကြက်သွန်နီစိုက်ပျိုးနေကြပြီ မန္တလေးတိုင်းဒေသကြီးအနေနဲ့ မိုးကြက်သွန်အများဆုံးစိုက်ပိုျးတဲ့မြင်းခြံခရိုင်မှာ ယခုလမိုးကြက်သွန် စတင ်စိုက်ပျိုးနေပြီလို့သိရပါတယ်။ ကြက်သွန်နီ ဈေးမကောင်းလို့ ယခုနှစ်ကြက်သွန်နီအစိုက်နည်းနိုင်တယ်လို့ ခန့်မှန်း ကြသော်လည်းမြင်းခြံခရိုင်ရှိတောင်သူများအနေနဲ့ နှစ်စဉ်စိုက်ရိုးစိုက်စဉ်ဖြစ်တဲ့ ကြက်သွန်နီ ကိုတော့ ယခုနှစ်မှာလည်း ဆက်လက်စိုက်ပျိုးကြမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိ မြင်းခြံခရိုင်တွင် စိုက်ဧက ၁ဝဝဝ ကျော်စိုက်ပျိုးနိုင်ပြီဖြစ်ပြီး၊ ယခင်နှစ်ကာလတူစိုက်ဧကရဲ့သုံးပုံတစ်ပုံသာ စိုက်ပျိုးနိုင်သေးသော်လည်း တော်သလင်း လလယ်ခန့်မှာတော့အများဆုံး စိုက်ပျိုးကြမယ်လို့သိရပါတယ်။ ၎င်းအချိန်မှာ တောင်သူများ တစ်ချိန်တည်း စိုက်ပျိုး သွားမှာဖြစ်လို့ ယခင်နှစ်စိုက် ဧကဝန်းကျင်စိုက်ပျိုးနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ကြက်သွန်နီ ပွဲစားတစ်ဦး ရဲ့ပြောကြား ချက်အရ သိရပါတယ်။ သင်းသင်းမြတ်
ရှမ်းကြက်သွန်ဖြူဈေးခပ်အေးအေး ရှမ်းကြက်သွန်ဖြူဈေးက ဒီတစ်ပတ်မှာဈေးငြိမ်နေပါတယ်။ ဒီတစ်ပတ်တောင်ကြီးဈေးကွက်မှာ သီးနံှဈေးတွေ အကုန်အေးနေတယ်လို့ သိရပါတယ်။မိုးအဆက်မပြတ်ရွာနေတာကြောင့် ခရီးသွားလာရေး ခက်ခဲတာရယ်၊ လှောင်လက်တွေကလည်း ထုတ်ရောင်းလာတာရယ်ကြောင့် ဈေးငြိမ်နေတာလို့ ကုန်သည်တွေထံက သိရပါတယ်။ ကြက်သွန်ဖြူ ဝယ်လှောင်ထားတဲ့ လှောင်လက်တွေကလည်းသနပ်ဖက်ပေါ်ချိန် ပြောင်းအသစ်ပေါ်ချိန်မှာ အဲဒီပစ္စည်းတွေကို ဝယ်လှောင်ချင်တာကြောင့် ငွေပေါ်အောင်ပြန်ပြီး ထုတ်ရောင်းနေကြပါတယ်။ နှစ်တိုင်းမှာလည်းဒီအချိန်ဟာ ကြက်သွန်ဖြူဈေးကျနေကြလို့လည်း သိရပါတယ်။ အခုအချိန်မှာဈေးကျပြီး သီတင်းကျွတ်လပြည့်ကျော်ရင် ပြန်တက်တာကလည်း ထုံးစံလိုပါပဲ။လောလောဆယ်ဈေးကွက်ထဲမှာ ပခုက္ကူူစ၊ လားရှိုးစတွေလည်း ရှိနေသေးတာကြောင့် ဈေးငြိမ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ တောင်ကြီးဈေးကွက်မှာကြက်သွန်ဖြူ လတ်ခြား တစ်ပိဿာ ၂၄၅ဝ ကျပ်၊ ထူး(၁) ၂၅၅ဝ ကျပ်၊ ထူး (၂)၂၆၅ဝ ကျပ်၊ ထူး (၃) ၂၇၅ဝ ကျပ်၊ ထူး (၄) ၂၈၅ဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းဈေး ကွက်မှာတော့ လတ်ခြား ၂၆ဝဝ ကျပ်၊ ထူး (၁) ၂၈ဝဝ ကျပ်၊ ထူး (၂)၃ဝဝဝ ကျပ်၊ ထူး (၃) ၃၂ဝဝ ကျပ်၊ ထူး (၄) ၃၃ဝဝ ကျပ် ဈေးရှိပါတယ်။ဧဧခိုင်
