Main menu

Background

Monday, 27 Sep 2010

ပြည်တွင်းဘိလပ်မြေဈေးကွက် အခြေအနေ    ပြည်တွင်း ဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်\တိုင်းဒေသကြီး/ပြည်နယ်       အမျိုးအစား                         ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး               ဘိလပ်မြေ(ဆင်)ထိုင်း               ၅၁ဝဝ(လက်ကား)                            ဘိလပ်မြေ TPI                        ၅ဝဝဝ                                            ဘိလပ်မြေ (စိန်)                       ၅ဝဝဝမန္တလေးတိုင်းဒေသကြီး              ဘိလပ်မြေ(စိန်)ထိုင်း                  ၆၃ဝဝ                                            ဘိလပ်မြေ(ဆင်)ထိုင်း                 ၆၄ဝဝ                                            ဘိလပ်မြေ (AAA)                      ၆၂ဝဝ                                            ဘိလပ်မြေ(မြန်မာဆင်)                 ၆၁ဝဝ                                            ဘိလပ်မြေ (TPI) ထိုင်း                 ၆၃ဝဝ                                            ဘိလပ်မြေ(ဆင်မင်း)                     ၅၇ဝဝတောင်ငူ                                 ဘိလပ်မြေ(ကြံ့)ထိုင်း                     ၆၂ဝဝ                                            ဘိလပ်မြေ(ဆင်)ထိုင်း                   ၇ဝဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)                   ၅၃ဝဝတောင်ကြီး                              ဘိလပ်မြေ(စိန်)ထိုင်း                     ၆၇ဝဝ                                             ဘိလပ်မြေ(ခြင်္သေ့)                       ၅၆ဝဝမော်လမြိုင်                               ဘိလပ်မြေ(ဆင်)ထိုင်း                   ၆၁ဝဝ                                             ဘိလပ်မြေ(ကြံ့)မြိုင်ကလေး            ၅၄ဝဝ                                             ဘိလပ်မြေ(စိန်)ထိုင်း                     ၅၉ဝဝ                                            ဘိလပ်မြေ(မြင်းခေါင်း)                    ၄၃ဝဝမကွေးတိုင်းဒေကြီး                   ဘိလပ်မြေ(ဆင်)ထိုင်း                     ၆၄ဝဝ                                           ဘိလပ်မြေ(မြင်းခေါင်း)                     ၅ဝဝဝ                                           ဘိလပ်မြေ(စိန်)ထိုင်း                       ၆၂ဝဝMIRT (MAPT)

Monday, 27 Sep 2010

ဒီတစ်ပတ် နယ်စပ်က ဓာတ်မြေသြဇာ တန် ၂၄ဝဝဝကျော် တင်သွင်း      စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှဓာတ်မြေသြဇာ ၂၄၂၇၇တန်ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄ ဒသမ ၇၉၉သန်းဖိုးတင်သွင်းခဲ့ပါတယ်။ နယ်စပ်စခန်းအလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုများ ကတော့ မူဆယ်မှ ၂၄ဝ၃၁ တန်၊ တာချီလိတ်မှ ၂၆ တန်၊ ရိဒ်မှ ၅၁ တန်ကျော်နဲ့မောင်တောမှ ၁၆၈ တန်ကျော် အသီးသီး တင်သွင်းခဲ့တာဖြစ်ပါတယ်။ မူဆယ်နယ်စပ်မှတင်သွင်းတဲ့ ဓာတ်မြေသြဇာအချို့ရဲ့ ဈေးနှုန်းများ ကိုဖော်ပြပေး လိုက်ပါတယ်နယ်စပ်               အမျိုးအစား                       တစ်ဖက်နိုင်ငံဈေး(ဒေါ်လာ/တန်)မူဆယ်        Single Super Phosphate                     ၁၂၀                 Compound Seed (Npk)                      ၁၃ဝ                     Potassium Nitrate                          ၂ဝ၇့                      Urea Fertilizer                             ၂၂ဝၤ                      Foliar Fertilizer                            ၂၂၅                      Nitric Phosphate                          ၂၅ဝွှ                   Triple Super Phosphate                   ၂၆ဝယခင်အပတ်က နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၁၉၄၂၁ တန် တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၄၈၅၆ တန် ယခုအပတ်မှာ တင်သွင်းမှုပိုမိုခဲ့ပါတယ်။MIRT(DOBT)

Monday, 27 Sep 2010

 ပင်လယ်ရေကြောင်းက ထိုင်းဓာတ်မြေသြဇာဝင်     ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလ ၁၃ ရက်မှ ၁၉ ရက်တာကာလအတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၆ဝဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ၁၈၉ဝဝ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က မြေသြဇာ ၂၆၄ တန် အဝင်ရှိခဲ့ပြီးဒီတစ်ပတ် ၆ဝဝ တန်တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၃၃၆ တန်ပိုမိုတင်သွင်းလာတာတွေ့ရပါတယ်။ ဒီတစ်ပတ်အဝင် ကုန်သွယ်ဘက် နိုင်ငံကတော့ ထိုင်းနိုင်ငံဘက်မှတင်သွင်းလာတာဖြစ်ပြီး ယခင်သွင်းနေကျ ဗီယက်နမ်၊ တရုတ်၊ ဘူဂေးရီးယား နိုင်ငံများ ဘက်ကမဝင်ဘဲ ထိုင်းနိုင်ငံကပဲ တစ်တန်ကို အက်ဖ်အိုဘီ ၃၁၅ ဒေါ်လာနှုန်းနဲ့တင်သွင်းလာတာ တွေ့ရပါတယ်။MIRT(DOT)

Monday, 27 Sep 2010

လက်လီအရောင်းအဝယ်ဈေး  ပြည်တွင်းဒေသများရဲ့ လက်လီအဝယ်ဈေးကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ်                                                                                           စက်တင်ဘာ၂ဝ၁ဝ           ဝယ်ဈေးဓာတ်ဆီ(ကျပ်)        ဝယ်ဈေးဒီဇယ်(ကျပ်)ရက်        ရန်ကုန်      မန္တလေး            ရန်ကုန်     မန္တလေး၂ဝ          ၂၆ဝဝ       ၂၆ဝဝ              ၂၇ဝဝ       ၂၈ဝဝ၂၁          ၂၆ဝဝ       ၂၆ဝဝ               ၂၇ဝဝ      ၂၈ဝဝ၂၂         ၂၆ဝဝ       ၂၆ဝဝ               ၂၇ဝဝ       ၂၈ဝဝ၂၃         ၂၆ဝဝ      ၂၆ဝဝ                ၂၇ဝဝ       ၂၈ဝဝ၂၄         ၂၆ဝဝ      ၂၆ဝဝ                ၂၇ဝဝ       ၂၈ဝဝMIRT-DOT

Monday, 27 Sep 2010

ဒီဇယ်အဝင်တန်ချိန် တစ်သောင်းကိုးထောင်ကျော်ဝင်    ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် စက်တင်ဘာ ၁၃ရက်မှ၁၉ ရက်အတွင်း ဒီဇယ်ပီပါ တစ်သိန်းလေးသောင်းကျော်၊ တန်ချိန်အားဖြင့် ၁၉၄၂၈ တန်ကိုပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်အပတ်က ဒီဇယ်အဝင်တန်ချိန် နှစ်သောင်းခုနှစ်ထောင်ကျော်တင်သွင်းခဲ့တာမို့ ဒီအပတ်အဝင်နှင့်ယှဉ်ရင် တန်ချိန် ၈ဝဝဝ ကျော်လျော့ပြီး တင်သွင်းလာတာ တွေ့ရပါတယ်။MIRT-DOT

Thursday, 23 Sep 2010

 ပဲစင်းငုံဈေး အနည်းငယ်လျော့      အိန္ဒိယလက်ငင်းဈေးကွက်တွေမှာ ပဲခွဲစက်များက အဝယ်ရှိနေတာကြောင့် အခြားပဲဈေးတွေ ကျပေမဲ့ ပဲစင်းငုံဈေးက အနည်းငယ်သာ လျော့ခဲ့တာတွေ့ရပါတယ်။ ပဲစင်းငုံစိုက်ပျိုးမှု ကယခင်နှစ်ထက် သိသိသာသာပိုလို့ အထွက်မြင့်တက် မယ်လို့ခန့်မှန်းတဲ့အပြင် လာမယ့်ရက်တွေမှာ အခြားမိုးပဲများက ဈေးကွက်တွေကို အရှိန်အဟုန်နဲ့ ဝင်ရောက်တော့မှာဖြစ်လို့ ဈေးကျဆင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့စာရင်းအရ အင်ဒရာပရာဒေ့ရှ်မှာ ပဲစင်းငုံစိုက်ဟက်တာ ၆ ဒသမ ၃၂ သိန်းရှိပြီး ယခင်နှစ်ကာလတူ ဟက်တာ၄ ဒသမ ၃၉ သိန်းရှိလို့ ဟက်တာ ၂ သိန်းနီးပါးပိုမိုတာ တွေ့ရပါတယ်။ လက်ရှိရာသီဥတုက ပဲစင်းငုံအထွက်ကောင်းဖို့ အခြေအနေရှိနေပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်။ဇယား-၄                                                                                            ဒေါ်လာ/တန် ဈေးကွက်                      ၁၆ .၉ .၁ဝ           ၁၅ .၉ .၁ဝ            ၁၄ .၉ .၁ဝ               ၁၃ .၉ .၁ဝမွန်ဘိုင်း (မြန်မာပဲစင်းငုံ)     ၇၆၇-၇၇၂            ၇၆၆-၇၇၁                 ၇၈၂                     ၇၇၇ဒေလီ (မြန်မာပဲစင်းငုံ)         ၇၈၂                    ၇၇၆                    ၇၈၇                      ၈၂၁ချန်နိုင်း( မြန်မာပဲစင်းငုံ)        ၇၇၂                    ၇၆၆                    ၇၆၆                      ၇၆၇ Source: agriwatch.com , MIRT (Yangon)

Thursday, 23 Sep 2010

ကုလားပဲလက်ရှိဈေးဝန်းကျင်မှာ ပြောင်းလဲမှုဖြစ်    ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ဈေးဝန်းကျင်မှာဘဲ အပြောင်းအလဲဖြစ်နေပါတယ်။ အခြားမိုးပဲတွေ ဈေးကွက်ထဲဝင်လာပြီဖြစ်လို့ကုလားပဲ လှောင်လက်များ ထုတ်ရောင်းမှု တွေရှိတာကြောင့် အချို့ရက်တွေမှာ ဈေးလျော့ကျမှုတွေရှိသလို အချို့ရက်တွေမှာ အဝယ်ရှိလို့ ဈေးပြန်မာလာတာတွေ့ရပါတယ်။ ဒါပေမဲ့ လက်ရှိမိုးရွာသွန်းမှုက ပျမ်းမျှမိုးရေချိန်ထက် ပိုမိုနေလို့ ဆောင်းရာသီစိုက်ပျိုးချိန်မှာအစိုဓာတ်ကောင်းကောင်းရရှိမယ့် မျှော်မှန်းချက်များက ဈေးနှုန်းကျဖို့ဖိအားဖြစ်စေပါတယ်။ လာမယ့်ရက်တွေမှာ အခြား မိုးပဲအသစ်တွေဈေးကွက်ထဲ အရှိန်အဟုန်နဲ့ ဝင်လာမှာဖြစ်လို့ ကုလားပဲဈေး ဆက်လက်လျော့ကျနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                               ဒေါ်လာ/တန်ဈေးကွက်     ၁၆ .၉ .၁ဝ       ၁၅ .၉ .၁ဝ       ၁၄ .၉ .၁ဝ       ၁၃ .၉ .၁ဝမွန်ဘိုင်း       ၄၈၂-၄၈၃         ၄၈ဝ              ၄၈ဝ-၄၈၁        ၄၈ဝ-၄၈၆ဒေလီ             ၄၈၁            ၄၈ဝ                ၄၈၁             ၄၈ဝ-၄၈၆ကန်ပါ         ၄၈၆-၄၈၇         ၄၈၇                ၄၈၈               ၄၈၉

Thursday, 23 Sep 2010

    စားနပ်ရိက္ခာဈေးနှုန်းများအပေါ်အခြေခံတဲ့ ဈေးနှုန်းဖောင်းပွမှုဟာ စက်တင်ဘာလ ၄ ရက်နေ့မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၁၅ ဒသမ ၁ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဟင်းသီးဟင်းရွက်၊ မတ်ပဲနဲ့ ဟင်းခတ်အမွှေးအကြိုင်ဈေးက ၁ ရာခိုင်နှုန်းစီမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲစင်းငုံက ၅ ရာခိုင်နှုန်း၊ ပြောင်း၊ ဘာလီနဲ့ ပဲတီစိမ်းကတော့ ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့တယ်လို့သိရပါတယ်။မတ်ပဲဈေးပြန်လည်ဆင်းလာ      ယခင်သီတင်းပတ်များမှာ အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း မတ်ပဲဈေး ဆက်လက်မြင့်တက်ခဲ့ပေမဲ့ ယခု တစ်ပတ်မှာတော့ ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ်တို့က ပဲအသစ် ဝင်ရောက်မှုတွေ တိုးတက်လာလို့ ရောင်းအားများနေချိန်မှာ ဝယ်လိုအား နည်းနေတဲ့အတွက် ဈေးလျော့ကျ လာတာဖြစ်ပါတယ်။ မတ်ပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်များကြောင့် ကာလတိုအတွင်းမှာ ဈေးထပ်မံ ကျဆင်း နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကိုဇယား(၁)နဲ့ ဖော်ပြထားပါတယ်- ဇယား-၁                                                                      ဒေါ်လာ/တန် ဈေးကွက်     ၁၆ .၉ .၁ဝ        ၁၅ .၉ .၁ဝ       ၁၄ .၉ .၁ဝ        ၁၃ .၉ .၁ဝမွန်ဘိုင်း        ၁ဝ၉၁              ၁၁၂၁            ၁၁၂၇                ၁၁၃၄ဒေလီ           ၁၁ဝ၁             ၁၁၁၁             ၁၁၃၂                ၁၁၈၈ချန်နိုင်း     ၁ဝ၃၇-၁၂၅၃     ၁ဝ၆၈-၁၂၆၂     ၁ဝ၈၄-၁၂၇၂        ၁၁ဝ၇-၁၃ဝ၆

Wednesday, 22 Sep 2010

 ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်နေပြီ        ဟောင်ကောင်ဈေးကွက်မှာ စက်တင်ဘာ ၁၇ ရက်နေ့က ရွှေတစ်အောင်စကို ကန်ဒေါ်လာ ၁၂၈ဝ အထက်မှာ မှတ်တမ်း တင် ဈေးဖွင့်ခဲ့ပါပြီ။ မွန်းလွဲပိုင်းအရောင်းအဝယ်ကနေ ဈေးမြင့်လာတာဖြစ်ပြီး ဒီသီတင်းပတ် ထဲမှာ ဆင့်ကာ ဆင့်ကာ မြင့်လာတာဖြစ်ပါတယ်။ ဥရောပတိုက်ရဲ့ စီးပွားရေးတိုးတက်မှုတွေအပေါ်မှာ စိုးရိမ်ပူပန်မှု၊ သံသယဖြစ်မှု၊ အမေရိကန် စီးပွားရေးတိုးတက်မှု တုံ့နှေးနေခြင်းများက ရွှေဈေးတက်ဖို့ အကြောင်းဖန်လာတာ ဖြစ်တယ်လို့ သုံးသပ် သူများက ပြောဆိုကြပါတယ်။     သုတေသီများကတော့ ဒီနှစ်မကုန်မီ ရွှေဈေးက ၁၃ဝဝ ဒေါ်လာကို ချဉ်းကပ်မယ်လို့ မှန်းခဲ့သလို လက်ရှိရွှေဈေး အဆင့်မှာ ရင်းနှီးမြှုပ်နံှသူများက အမြတ်ငွေရဖို့စွန့်စားစရာအဆင့်ပဲလို့ ပြောခဲ့ပါတယ်။ ရွှေဈေး ၁၃ဝဝ ကို ချဉ်းကပ်သလို ငွေသတ္တုဈေးကလည်း နှစ် ၃ဝ နီးပါးကာလတွင်း မြင့်တက်ကာ နယူးယောက်ဈေးကွက်မှာ၂ဝ ဒသမ ၉၅ ဒေါ်လာသို့ ရောက်ရှိခဲ့ ပါတယ်။ ငွေဈေးနည်းတူ ပလက်တီနမ်၊ပလေဒီယမ်ဈေးတွေလည်း မှတ်တမ်းတင်ဖွယ်မြင့်တက်ခဲ့ပါတယ်။ ကမ္ဘာ့ ငွေကြေးလဲလှယ်မှုဈေးကွက်အတွင်း အဓိကငွေကြေးတစ်ခုဖြစ်တဲ့ ဂျပန်ယန်းငွေကြေးကပြီးခဲ့တဲ့ ရက်အတွင်း စံချိန် တင်တန်ဖိုး မြင့်တက်ခဲ့တဲ့အတွက်လည်း သတ္တုဒြပ်စင်များရင်းနှီးမြုပ်နံှမှုအပေါ် ပိုမိုအာရုံရောက်လာခြင်းဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ Source : commodityonline WWN

Wednesday, 22 Sep 2010

 မိုးကုတ်တွင်းထွက်နှင့် ကျောက်ဆန်းများကိုစိန်နှင့်တွဲ၍ ဝတ်ဆင်သူများလာ         မန္တလေးမြို့ ကျောက်မျက်ရတနာဈေးကွက်မှာ မိုးကုတ် တွင်းထွက်ကျောက်များနဲ့ ရောင်စုံကျောက်ဆန်းများကို စိန်နဲ့ပြုလုပ်ထားတဲ့ ကပ်ထည်များ အရောင်းသွက်လျက်ရှိကြောင်းသိရပါတယ်။'      ဒီလထဲမှာ ဘက္ကဒီးအစ် မတိုင်ခင်က တော်တော်ရောင်းရတယ်။ မိုးကုတ်တွင်းထွက် ကျောက်နဲ့ စိန်ကပ်ထည်လေးတွေ၊ ရောင်စုံကျောက်ဆန်းလေးနဲ့စိန်ကပ်ထည်လေးတွေ အဝတ်များလာတယ်။ နဝရတ်ကိုးပါးလုပ်ဖို့ အနီ၊အပြာ ကျောက်ကောင်းတာလည်း ဝယ်တယ်။ ခရမ်းဆွဲကျောက်နဲ့ ပုလဲပါအဝယ်ရှိတယ်။ ကပ်ထည်တွေ ဝယ်သွားကြတာများတယ်။ နားကပ်တစ်ရံကို ၂ သိန်း၊ ၃ သိန်းတန်လေးတွေဝယ်ကြတယ်။ ၁ဝ သိန်းကျော်၊ သိန်း ၂ဝကျော်တန်လည်း ဝယ်ကြတယ်' လို့ Mandalay Gems Center မှ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ကျောက်မျက်ရတနာ ဈေးကွက်ရဲ့စိန်နဲ့ကျောက်မျက်ရတနာ ဈေးနှုန်းမှာယခုလတွင် ဈေးနှုန်း အတက်အကျမရှိဘဲ ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီးပုံမှန်ဈေးဖြင့် ရောင်းချလျက် ရှိကြောင်းသိရပါတယ်။ တွင်းထွက် ကျောက်များတွင် ခရမ်းဆွဲ၊ ကျောက်စိမ်း၊ နီလာ၊ပတ္တမြား၊ စလင်းညိုနဲ့ ဂေါ်မိတ်ကျောက် များ လူကြိုက်များပြီး ကျောက်ဆန်းတွင်  Blue Topaz နှင့် ရွှေတွင်းဝါကျောက်များကို ဝတ်ဆင်သူများ လာကြောင်းသိရပါတယ်။                                                                                                             ဇူးဇူး 

Pages