ဇူလိုင် ၂၄ရက်မှ ၃၀ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဒီဇယ်၊  ဓာတ်ဆီ တင်သွင်းမှုရပ်နားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စက်ဆီ၊ ချောဆီများသာ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ လချုပ်အေ န နဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်းဒီဇယ်၊ ဓာတ်ဆီ တင်သွင်းမှုမှာ တန်ချိန် ၂၅၉၃ တန်ကျော်ရှိခဲ့ပြီး ဇူလိုင်လမှာ တန်ချိန်၈၈၀ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာဒီဇယ်၊ဓာတ်ဆီတန်ချိန် ၁၇၁၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ် လို့ သိရပါတယ်။ နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်းမှ ကန်ဒေါ်လာ ၅၅၀၆၂၅ တန်ဖိုးရှိ ဒီဇယ် တန်ချိန် ၁၁၁၀ တင်သွင်းခဲ့သလို မြဝတီစခန်းမှ ကန်ဒေါ်လာ ၁၁၅၇၈ တန်ဖိုးရှိ ဒီဇယ

အမေရိကန်  အလုပ်သမားဈေး ကွက်အခြေအနေက  ယခင်စစ်တမ်း များမှာ ဖော်ပြခဲ့တဲ့ အခြေအနေထက် ပိုမို ခိုင်မာမှု ရှိ/မရှိ   သိရှိနိုင်ဖို့အတွက် ထုတ်ပြန်တော့မယ့်   အမေရိကန်ပြည် ထောင်စုရဲ့အလုပ် အကိုင် ကိန်းဂဏန်း တွေကို ရင်းနှီးမြှုပ်နှံသူတွေက စောင့် ကြည့်နေတဲ့အတွက် ဇူလိုင် ၈ ရက်က အာရှဈေးကွက်ရှိ အဓိကငွေကြေးများနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး ကျဆင်း ခဲ့ပါတယ်။ ဒါပေမယ်    ရက်သတ္တပတ် အလိုက် နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ မြင့်တက်နိုင်မယ့်  အလားအလာတွေရှိ နေပါတယ်။ယခု   ရက်သတ္တပတ်အတွင်းမှာ လူမည်းနှစ်ဦးကို    အမေရိကန်ပြည် ထောင်စုရဲတပ်ဖွဲ့က 

ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်းပတ်အတွင်း  ပင်လယ်ရေကြောင်းလမ်းမှကန်ဒေါ်လာ ၁၈၇၄၉၃၇၄ တန်ဖိုးရှိ ဒီဇယ်၅၁၅ ဒသမ ၂၂၈ တန်နဲ့ ကန်ဒေါ်လာ ၁၆၅၁၆၄၆၆ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၆ ဒသမ ၂၄၂ တန်၊ စုစုပေါင်းဓာတ်ဆီ၊ ဒီဇယ် ၈၆၁ ဒသမ၄၇၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ၉၂ယ ၉၅ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ တန်ချိန်၁၆၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် ၃၄၀ ကျော်ပိုမိုတင်သွင်းခဲ့သလို ယခင်သီတင်းပတ်  ဓာတ်ဆီအဝင်မှာ တန်ချိန် ၄၀ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၃၀၀ ကျော် ပိုမို တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒ

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်တွင် တောင်သူလယ်သမားများ  မိုးစပါး အချိန်မီ  စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မိုးစပါးစိုက်စရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ဇွန် ၁၄ ရက် အထိ သာယာဝတီမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၁၆၂၆ ဦး၏ မိုးစပါးစိုက်ဧက ၁၁၉၁၃ အတွက် ငွေကျပ်   ၁၇၈၆၉၅၀၀၀၀   ကို လည်း ကောင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၃၀၉၇ ဦး၏ မိုးစပါးစိုက်ဧက ၂၀၃၅၆ အတွက် ငွေကျပ် ၃၀၅၃၄၀၀၀၀၀ ကို လည်း ကေ

         ယခုတစ်ပတ်အတွင်း  MTSH၏ အစုရှယ်ယာဈေးများသည် ကျပ်ငါး ထောင်ကျဆင်းသွားခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။ယခုတစ်ပတ်တွင် FMI ရှယ်ယာ ဈေးများမှာ အတက်အကျနည်းခဲ့သော် လည်း MTSH ၏ ရှယ်ယာဈေးများမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ဇွန် ၁၆ရက် က ကျပ် ၄၉၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ရုံးဖွင့်ရက်၏နောက်ဆုံးရက်ဖြစ် သည့် သောကြာနေ့တွင် ကျပ် ၅၀၀၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။ သို့သော် တစ်ပတ် အတွင်း ခြုံငုံကြည့်ပါက ကျပ် ၅၀၀၀ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

      ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ရှစ်သိန်းကျော်အထိမြင့် တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး မြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ ဈေး မြင့်တက်လာရခြင်းမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများမတိုး၍ဖြစ် ကြောင်း၊ ရွှေဈေးတက်မတက်မှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းပေါ်တွင် မူတည်နေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့  သည်။ "ကမ္ဘာ့ရွှေဈေး မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ ပါတယ်။ ကမ္ဘာ့ရွှေဈေးက အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းပေါ်မှာမူတည်ပါ တယ်။ ဗဟိုဘဏ်ရဲ့အတိုးနှုန်းမတိုးတော့ဘူးဆိုရင် ရွှေဈေ

          ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း မငြိမ်မ သက်ဖြစ်နေပြီး နေ့စဉ် အတက်အကျများ ရှိနေကြောင်း၊  ဈေးမငြိမ်သက်မှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဈေးအတက်အကျများရှိနေသကဲ့သို့ ယခုတစ်ပတ်တွင်လည်း ဈေး အတက်အကျများ ရှိနေခဲ့သည်။

        ပြည်ကြက်သွန်နီဈေးကွက်တွင် ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံမြို့နယ်များမှ ဆောင်းစိုက်ကြက် သွန်နီများ ဝင်ရောက်မှု  နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။   ပွဲရုံများသို့ တစ် ပတ် အတွင်း ပိဿာ ၃၀ ဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိပြီး  ဈေး နှုန်းမှာလည်း တစ်ပိဿာကို (ကြီး) ကျပ်၆၀၀၊ (လတ်) ကျပ် ၅၈၀၊ (သေး) ကျပ် ၅၀၀ နှင့် လက်လီဈေးအသေးများ တွင် (ရှယ်သန့်) ကျပ် ၈၀၀၊ (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ တို့နှင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်မှာ ဒေသတွင်း  ပုံမှန်ဝယ်လက်များဖြင့် နေ့စဉ်အိတ် ၂၅၀ ခန့် ပုံမှန်ရောင်းဝယ်မ

        ရှမ်းနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းတွေထဲမှာ အရည် အသွေးကောင်းတဲ့ ဆင်တောင်နနွင်းက ဒီနှစ်မှာပိုပြီး အရောင်းသွက်နေပါတယ်။ ရမည်းသင်းဝယ်လက်တွေက ဆင်တောင်နနွင်းကို ထွက်တဲ့ဒေ သမှာ အထိုင်ချပြီး ဝယ်ယူနေပါတယ်။ ခြံထဲကဖော်ပြီးတာနဲ့ အစိုအတိုင်းချက်ချင်းဝယ်ယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပိဿာချိန် ငါးသောင်းခန့် ဝယ်ယူသွားတယ်လို့ လည်း ဈေးကွက်မှ သိရှိရပါတယ်။ အစိုအတိုင်း  အရောင်း အဝယ်ဖြစ်တာကြောင့် ပြုတ်ခြောက်အဖြစ်ပြုလုပ်လို့ မရတော့ဘဲ ဈေးကွက်မှာလည်း ဆင်တောင်နနွင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ရိုးရိုးစတွေဖြစ်တဲ့ တောင်ပို့လစတွေကိုလည်း ဈေးပတ်သမားတွေနဲ့ ဒေသ

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊  ကုန်သွယ်မှုပညာပေးရေး ဌာန၊  ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း အမှတ်စဉ်(၈)ကို ဇွန် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါသင်တန်း ကျောင်းတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။