Main menu

Background

Tuesday, 5 Jul 2016

ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်းပတ်အတွင်း  ပင်လယ်ရေကြောင်းလမ်းမှကန်ဒေါ်လာ ၁၈၇၄၉၃၇၄ တန်ဖိုးရှိ ဒီဇယ်၅၁၅ ဒသမ ၂၂၈ တန်နဲ့ ကန်ဒေါ်လာ ၁၆၅၁၆၄၆၆ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၆ ဒသမ ၂၄၂ တန်၊ စုစုပေါင်းဓာတ်ဆီ၊ ဒီဇယ် ၈၆၁ ဒသမ၄၇၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ၉၂ယ ၉၅ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ တန်ချိန်၁၆၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် ၃၄၀ ကျော်ပိုမိုတင်သွင်းခဲ့သလို ယခင်သီတင်းပတ်  ဓာတ်ဆီအဝင်မှာ တန်ချိန် ၄၀ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၃၀၀ ကျော် ပိုမို တင်သွင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒ

Tuesday, 21 Jun 2016

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်တွင် တောင်သူလယ်သမားများ  မိုးစပါး အချိန်မီ  စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မိုးစပါးစိုက်စရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိရာ ဇွန် ၁၄ ရက် အထိ သာယာဝတီမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၁၆၂၆ ဦး၏ မိုးစပါးစိုက်ဧက ၁၁၉၁၃ အတွက် ငွေကျပ်   ၁၇၈၆၉၅၀၀၀၀   ကို လည်း ကောင်း၊ မင်းလှမြို့နယ်တွင် ကျေးရွာ အုပ်စု ၂၄ အုပ်စုမှ တောင်သူ ၃၀၉၇ ဦး၏ မိုးစပါးစိုက်ဧက ၂၀၃၅၆ အတွက် ငွေကျပ် ၃၀၅၃၄၀၀၀၀၀ ကို လည်း ကောင်း၊ မိုးညိုမြို့နယ် ကျေးရွာအုပ်စု ၁၁ အုပ်စုမှ တောင်သူ ၁၁၀၈

Tuesday, 21 Jun 2016

         ယခုတစ်ပတ်အတွင်း  MTSH၏ အစုရှယ်ယာဈေးများသည် ကျပ်ငါး ထောင်ကျဆင်းသွားခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။ယခုတစ်ပတ်တွင် FMI ရှယ်ယာ ဈေးများမှာ အတက်အကျနည်းခဲ့သော် လည်း MTSH ၏ ရှယ်ယာဈေးများမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ဇွန် ၁၆ရက် က ကျပ် ၄၉၀၀၀ အထိ ကျဆင်းသွားခဲ့ပြီး ရုံးဖွင့်ရက်၏နောက်ဆုံးရက်ဖြစ် သည့် သောကြာနေ့တွင် ကျပ် ၅၀၀၀၀ သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြ စ်ကြောင်း သိရသည်။ သို့သော် တစ်ပတ် အတွင်း ခြုံငုံကြည့်ပါက ကျပ် ၅၀၀၀ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။

Tuesday, 21 Jun 2016

      ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ရှစ်သိန်းကျော်အထိမြင့် တက်ခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး မြင့် တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးမြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ရွှေ ဈေး မြင့်တက်လာရခြင်းမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းများမတိုး၍ဖြစ် ကြောင်း၊ ရွှေဈေးတက်မတက်မှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းပေါ်တွင် မူတည်နေကြောင်း ရွှေကုန်သည်တစ်ဦးက ပြောကြားခဲ့  သည်။ "ကမ္ဘာ့ရွှေဈေး မြင့်တက်လာလို့ ပြည်တွင်းရွှေဈေးလည်း မြင့်တက်လာခဲ့ ပါတယ်။ ကမ္ဘာ့ရွှေဈေးက အမေရိကန်ဗဟိုဘဏ်ရဲ့အတိုးနှုန်းပေါ်မှာမူတည်ပါ တယ်။ ဗဟိုဘဏ်ရဲ့အတိုးနှုန်းမတိုးတော့ဘူးဆိုရင် ရွှေဈေးက မြင့် တက်လာနိုင်

Tuesday, 21 Jun 2016

          ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် ကျဆင်းခဲ့ရာမှ ပြန်လည် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းငွေလဲဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်အတွင်း မငြိမ်မ သက်ဖြစ်နေပြီး နေ့စဉ် အတက်အကျများ ရှိနေကြောင်း၊  ဈေးမငြိမ်သက်မှုကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်များ အေးစက်နေကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ဈေးအတက်အကျများရှိနေသကဲ့သို့ ယခုတစ်ပတ်တွင်လည်း ဈေး အတက်အကျများ ရှိနေခဲ့သည်။

Tuesday, 21 Jun 2016

        ပြည်ကြက်သွန်နီဈေးကွက်တွင် ရေနံချောင်း၊ ဆိပ်ဖြူ၊ တောင်တွင်း၊ အောင်လံမြို့နယ်များမှ ဆောင်းစိုက်ကြက် သွန်နီများ ဝင်ရောက်မှု  နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ဖြစ်နေကြောင်း သိရပါတယ်။   ပွဲရုံများသို့ တစ် ပတ် အတွင်း ပိဿာ ၃၀ ဝင် အိတ် ၁၅၀၀ ခန့် အဝင်ရှိပြီး  ဈေး နှုန်းမှာလည်း တစ်ပိဿာကို (ကြီး) ကျပ်၆၀၀၊ (လတ်) ကျပ် ၅၈၀၊ (သေး) ကျပ် ၅၀၀ နှင့် လက်လီဈေးအသေးများ တွင် (ရှယ်သန့်) ကျပ် ၈၀၀၊ (ကြီး) ကျပ် ၇၅၀၊ (လတ်) ကျပ် ၇၀၀၊ (သေး) ကျပ် ၆၀၀ တို့နှင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။ အရောင်းအဝယ်မှာ ဒေသတွင်း  ပုံမှန်ဝယ်လက်များဖြင့် နေ့စဉ်အိတ် ၂၅၀ ခန့် ပုံမှန်ရောင်းဝယ်မှုရှိနေပါတယ်။

Tuesday, 21 Jun 2016

        ရှမ်းနနွင်းကတော့ အရောင်းအဝယ်ဖြစ်နေပါတယ်။ နနွင်းတွေထဲမှာ အရည် အသွေးကောင်းတဲ့ ဆင်တောင်နနွင်းက ဒီနှစ်မှာပိုပြီး အရောင်းသွက်နေပါတယ်။ ရမည်းသင်းဝယ်လက်တွေက ဆင်တောင်နနွင်းကို ထွက်တဲ့ဒေ သမှာ အထိုင်ချပြီး ဝယ်ယူနေပါတယ်။ ခြံထဲကဖော်ပြီးတာနဲ့ အစိုအတိုင်းချက်ချင်းဝယ်ယူသွားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပိဿာချိန် ငါးသောင်းခန့် ဝယ်ယူသွားတယ်လို့ လည်း ဈေးကွက်မှ သိရှိရပါတယ်။ အစိုအတိုင်း  အရောင်း အဝယ်ဖြစ်တာကြောင့် ပြုတ်ခြောက်အဖြစ်ပြုလုပ်လို့ မရတော့ဘဲ ဈေးကွက်မှာလည်း ဆင်တောင်နနွင်းက အဝင်မရှိသလောက်ဖြစ်နေပါတယ်။ ရိုးရိုးစတွေဖြစ်တဲ့ တောင်ပို့လစတွေကိုလည်း ဈေးပတ်သမားတွေနဲ့ ဒေသ တွင်းက ဝယ်ယူကြလို့ တစ်ပတ်အတွင

Monday, 20 Jun 2016

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊  ကုန်သွယ်မှုပညာပေးရေး ဌာန၊  ကုန်သွယ်မှုသင်တန်းကျောင်း(ရန်ကုန်)တွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်း အမှတ်စဉ်(၈)ကို ဇွန် ၁၅ ရက်က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ သင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါသင်တန်း ကျောင်းတည်ရှိရာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ရာ ကုန်သွယ်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင် ထွန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

Monday, 20 Jun 2016

        ပြည်ပဲဈေးကွက်မှာ  မေလလယ်တွင်  ပြည်ပဝယ်လက်ပဲများဖြစ်တဲ့မတ်ပဲနှင့်ပဲစင်းငုံသီးနံှနှစ်မျိုးစလုံး  ဈေးမြင့်တက်လာခဲ့ပါတယ်။ ပဲအဝင်မရှိပေမယ့် လက်ကျန်ပဲများ တစ်ခါတစ်ရံ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ပြည်ပဝယ်လိုအားပေါ်မူတည်၍ ရန်ကုန်ဝယ်လက်က ရောင်းဝယ်ခဲ့ ကြလို့ပဲဈေးမှာ ယခင်တစ်ပတ်ထက် တစ်တင်းကျပ် နှစ်ထောင်ကျော် ရရှိခဲ့တာကြောင့် ယခုဇွန်လလယ်ဈေးမှာ တစ်တင်း ကျပ် ၄၉၃၀၀ ရရှိခဲ့ပါတယ်။ ယခင်နှစ် ဇွန်လလယ်က ပဲစင်းငုံဈေးမှာတစ်တင်း ကျပ် ၄၁၅၀၀ သာရရှိလို့ ယခုနှစ်မှာဈေးပိုရလာပြီး  ဝယ်လိုအားလည်း ကောင်းနေခဲ့တယ်လို့ သိရပါတယ်။

 

(ခင်ဆွေဝင်း-ပြည်)

Monday, 20 Jun 2016

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း မိုးစပါးပြီး လျှင် ဆောင်းသီးနှံအဖြစ် အဓိကထားစိုက်ပျိုးသော မတ်ပဲ သီးနှံသည် နှစ်စဉ်စိုက်ဧက တစ်သိန်းကျော်စိုက်ပျိုးကြပြီး အခြားပဲများကိုတော့ စိုက်ဧက အနည်းငယ်သာ စိုက်ပျိုး ကြပါတယ်။ ဈေးကွက်အတွင်းမှာဆိုရင်လည်း မတ်ပဲဟာ ၂၀၁၅ နှစ်ကုန် ပိုင်းလောက်မှလွဲ၍ ကျန်နှစ်များမှာတော့ တစ်နှစ်တာလုံး  အရောင်းအဝယ်ဖြစ်တဲ့ပဲ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် ပဲလက်ကျန်မရှိတော့အောင်ဖြစ် ခဲ့ရခြင်းမှာ ပဲဈေးနှုန်း များ စံချိန်တင်မြင့်တက်ခဲ့တဲ့အတွက် လက်ဝယ်ရှိသမျှ ထုတ်ရောင်းချခဲ့သလို မျိုးပဲများလည်း ဝယ်ယူချိန်ဖြစ်ခဲ့လို့ အရောင်းအဝယ်ဖြစ်မှုများခဲ့တယ်လို့ သိရပါတယ်။

Pages