Main menu

Background

Tuesday, 20 Jun 2023

မြန်မာနိုင်ငံတော်  ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ လက်ရှိ  ပြည်တွင်းငွေ ကြေးဈေးကွက်အတွင်း  ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်   အရောင်းအဝယ် အေးနေကြောင်း သိရသည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tuesday, 20 Jun 2023

ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်း တရိပ်ရိပ် မြင့်တက်လျက်ရှိရာ အခေါက်‌ ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဇွန် ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇွန် ၈ ရက်တွင် ၁၉၄၇ ဒေါ်လာ၊ ၉ ရက်တွင် ၁၉၆၃ ဒေါ်လာ၊ ၁၀ ရက်တွင် ၁၉၆၁ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၉၆၀ ဒေါ်လာ၊  ၁၃ ရက်တွင် ၁၉၆၂ ဒေါ်လာ၊  ၁၄ ရက်တွင် ၁၉၄၈ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၉၅၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။

Monday, 5 Jun 2023

ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် မေ  ၂၉ ရက်တွင် Liechtenstein  ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း  ၁၂၀ နိုင်ငံအနက် ကနေဒါနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့်  ဈေးနှုန်းမြင့်တက်မှု  အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး တူရကီနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မက်ဆီဒိုးနီးယားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် နော်ဝေနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၀ ရှိကြောင်း တွေ့ရှိရသည်။

,
Tuesday, 23 May 2023

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်အတွင်းသို့ ဝါး/ဝါးကပ်များ နေရာအနှံ့အပြားမှ ဝင်ရောက် လျက်ရှိရာ ရခိုင်ရိုးမလမ်းပေါ်ရှိ ညောင်ချိုးဒေသ မှထွက်ရှိသော  ခရင်ဝါးမှာ  အခေါင်းပွသော ကြောင့်  ထရံရက်လုပ်ရာတွင် အသုံးပြုသည်။ ခရင်ဝါးကို ရခိုင်ပြည်နယ်တွင် အများဆုံး တွေ့ ရှိရသည်။ ရခိုင်လူမျိုး အများစုအနေဖြင့် ခရင်း ဝါးကို အလုံးလိုက်သော်လည်းကောင်း၊ ငြမ်းဆင် ရာတွင်လည်းကောင်း အသုံးပြုကြသည်။ ပြည် ခရိုင်အတွင်းရှိ  ဝါး၊ ဝါးကပ်ဆိုင်များအနေဖြင့် ခရင်ဝါးကို ထရံရက်လုပ်ရာတွင် အသုံးပြုသည်။  ခရင်ဝါးသည် အအေးပိုင်းဒေသတွင်သာ ပေါက်ရောက်ပြီး မျိုးစေ့မှာ မက်မန်းသီးအရွယ် ခန့်ရှိကာ စ၍အပင်ပေါက်ခါစ နှစ်နှစ်အကြာတွင်

Tuesday, 23 May 2023

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်   မိုးရာသီ အတွက် ကနဦးအနေဖြင့် ဓာတ်မြေသြဇာ တန်ချိန် ၁ ဒသမ ၂ သန်းခန့်နှင့်    ပိုးသတ်ဆေး တန်ချိန် ၃၈၀ဝ၀ ကျော် ခွင့်ပြုထောက်ခံပေးရန်  ယူရီးယား ဓာတ်မြေသြဇာ ဖြန့်ဖြူးရောင်းချရေး   ဦးဆောင် ကော်မတီသို့ တင်ပြထားကြောင်း    မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နှင့်  စိုက်ပျိုးရေးလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Tuesday, 23 May 2023

မကွေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများသည် စားဖိုဆောင်သီးနှံမျိုးစုံကို ဧကထောင် ပေါင်းများစွာ စိုက်ပျိုး လျက်ရှိသည်။ ထို့ပြင် ထန်း၊ မန်ကျည်း၊ တမာနှင့် ဆီးကဲ့သို့သော သီးနှံပင်များသည် သဘာဝအလျောက်  အလေ့ကျပေါက် ရောက် ပြန့်ပွားခြင်းကြောင့်လည်းကောင်း၊ လူတို့စိုက်ပျိုးခြင်းကြောင့်လည်းကောင်း တိုင်းဒေသကြီးအတွင်း  နေရာအနှံ့ အပြားတွင် ဖြစ်ထွန်းလျက်ရှိသည်။ တိုင်းဒေသကြီးအတွင်း၌ ပခုက္ကူခရိုင်နှင့် မကွေးခရိုင်တို့သည် ဆီးသီးပင်များကို စိုက် ပျိုးလျက်ရှိရာ စိုက်ဧကအများဆုံးဖြစ်ကြောင်း သိရှိရသည်။

Tuesday, 23 May 2023

မော်လမြိုင်မြို့၌    မေလတတိယပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်   ပုံမှန်ရှိ နေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ်   ပုံမှန်ဖြစ်နေသော ဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ် ၁၂၀ဝ၀၊ ဆင်(ထိုင်း)   ကျပ် ၁၆၅၀ဝ၊  ကြံ့တံဆိပ် (အပြာ)ကျပ်   ၁၁၂၀ဝ ဖြင့်  အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေးဈေးနှုန်းမှာ အရောင်းအဝယ် အေးနေပြီး ဈေး နှုန်းအနည်းငယ်  မြင့်တက်လာကြောင်း   သိရှိရ သည်။  အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ကွန် ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50Kg ပါတစ်အိတ် ကျပ် ၁၂၄၀ဝ၀၊ ကွန်ပေါင်း ၂၀း ၁၂း၁၂ 50Kg  ပါ  တစ်အိတ်မှာ

Pages