Background
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာတွင် တစ်ပိုင်တစ်နိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း ရုံးပတီသီးကို စိုက်ပျိုးကြ ကြောင်း၊ ရုံးပတီသီးကို စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးကြပြီး စိုက်ပျိုးချိန် တစ်လကျော်လျှင် အသီးများ စတင်ခူးဆွတ်ရသည်။ ရုံးပတီသီးကို စားသုံးသူပြည်သူများအတွက် အကောင်းဆုံးအချိန်သည် ပန်းပွင့် ပွင့်ပြီး (၅ /၆)
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် တည်ဆောက်လျက်ရှိသော မြန်မာ့ပထမဆုံး ထောပတ်သီး သန့်စင် ထုပ်ပိုးသည့် စက်ရုံကို လာမည့် ထောပတ်သီးရာသီတွင် စတင်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်းမှ သိရသည်။
လက်ရှိတွင် အဆိုပါစက်ရုံကို တည်ဆောက်ထားပြီးဖြစ်ကာ စက်ပစ္စည်းများ တပ်ဆင်ရန်သာ ကျန်ရှိပြီး အဆိုပါ စက်ပစ္စည်းများ တပ်ဆင်နိုင်ရန်အတွက် သိန်း ၈၀ဝ၀ ကျော်ခန့် ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း တန်ချိန် ၆၀ဝ၀ဝကို ပုသိမ်ဆိပ်ကမ်းမှတစ်ဆင့် ထိုင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့ နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ယင်းသို့ သင်္ဘောဖြင့် တိုက်ရိုက်တင်ပို့နိုင်ခြင်းကြောင့် ကုန်တင်တွဲကား ငှားရမ်းရခက်သည့် အခက်အခဲများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကုန်သွယ်ရေး လမ်းကြောင်း အချိန်ကြန့်ကြာမှုအပြင် တန်ဆာခ စရိတ်များလည်း လျော့ကျ သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက ဇွန် ၁၄ ရက်တွင် ပြောသည်။
ပြည်ဈေးကွက်တွင် ယခင်နှစ်က မိုးစပါး ၄၆ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၁၅၀ဝ၀ဝ ဈေးရှိပြီး ယခုနှစ်တွင် ကျပ် ၁၈၀ဝ၀ဝ၀ ဈေးရှိသည်။ နွေစပါးတင်း ၁၀ဝ လျှင် ယခင်နှစ်က ကျပ် ၆၉၀ဝ၀ဝ ဈေးရှိခဲ့ပြီး ယခုနှစ် နွေစပါးပေါ်ချိန်တွင် ကျပ် ၁၄၇၀ဝ၀ဝ ရှိသည်။ ဆန်ဈေးနှုန်းအနေဖြင့် ဧည့်မထ (အဟောင်း) တစ်အိတ်လျှင် ယခင်နှစ်က ကျပ် ၃၉၅၀ဝ ရှိခဲ့ပြီး ယခုနှစ်မှာတော့ ကျပ် ၆၅၀ဝ၀ - ၆၂၀ဝ၀ ရှိခဲ့ပြီး ဧည့်မထအသစ်မှာ ယခင်နှစ်ပေါ်ချိန်က ကျပ် ၂၅၀ဝ၀ ဈေး ရှိပြီး ယခုနှစ်တွင် ကျပ် ၅၅၀ဝ၀ ဈေး ရှိသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ လက်ရှိ ပြည်တွင်းငွေ ကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် အရောင်းအဝယ် အေးနေကြောင်း သိရသည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ရွှေဈေးနှုန်း တရိပ်ရိပ် မြင့်တက်လျက်ရှိရာ အခေါက် ရွှေတစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်အထိ ရောက်ရှိလာကြောင်း ဈေးကွက် အတွင်းမှ သိရသည်။ ဇွန် ၁၄ ရက် နံနက်ပိုင်းမှစတင်ကာ ရန်ကုန်မြို့ရှိ ရွှေဆိုင်များ၌ အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၃၁ သိန်းကျော်ဖြင့် အရောင်းအဝယ်ပြုလုပ်နေ ခြင်းဖြစ်သည်။
တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ဇွန် ၈ ရက်တွင် ၁၉၄၇ ဒေါ်လာ၊ ၉ ရက်တွင် ၁၉၆၃ ဒေါ်လာ၊ ၁၀ ရက်တွင် ၁၉၆၁ ဒေါ်လာ၊ ၁၂ ရက်တွင် ၁၉၆၀ ဒေါ်လာ၊ ၁၃ ရက်တွင် ၁၉၆၂ ဒေါ်လာ၊ ၁၄ ရက်တွင် ၁၉၄၈ ဒေါ်လာ၊ ၁၅ ရက်တွင် ၁၉၅၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့လောင်စာဆီ ဈေးကွက်အခြေအနေအား လေ့လာကြည့် ရာတွင် ဓာတ်ဆီဈေးနှုန်းသည် မေ ၂၉ ရက်တွင် Liechtenstein ၌ ဖော်ပြထားရှိသည့် ဈေးနှုန်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ နိုင်ငံအနက် ကနေဒါနိုင်ငံသည် ယခုတစ်ပတ်တွင် ၃ ဒသမ ၅၀ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ခဲ့ပြီး တူရကီနိုင်ငံတွင် ၃ ဒသမ ၂၀ ရာခိုင်နှုန်း၊ မက်ဆီဒိုးနီးယားနိုင်ငံတွင် ၂ ဒသမ ၅၀ ရာခိုင်နှုန်းနှင့် နော်ဝေနိုင်ငံတွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း ဖြင့် ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး ဈေးနှုန်းမြင့်တက်ခဲ့သည့် နိုင်ငံပေါင်း ၂၀ ရှိကြောင်း တွေ့ရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းသို့ ဝါး/ဝါးကပ်များ နေရာအနှံ့အပြားမှ ဝင်ရောက် လျက်ရှိရာ ရခိုင်ရိုးမလမ်းပေါ်ရှိ ညောင်ချိုးဒေသ မှထွက်ရှိသော ခရင်ဝါးမှာ အခေါင်းပွသော ကြောင့် ထရံရက်လုပ်ရာတွင် အသုံးပြုသည်။ ခရင်ဝါးကို ရခိုင်ပြည်နယ်တွင် အများဆုံး တွေ့ ရှိရသည်။ ရခိုင်လူမျိုး အများစုအနေဖြင့် ခရင်း ဝါးကို အလုံးလိုက်သော်လည်းကောင်း၊ ငြမ်းဆင် ရာတွင်လည်းကောင်း အသုံးပြုကြသည်။ ပြည် ခရိုင်အတွင်းရှိ ဝါး၊ ဝါးကပ်ဆိုင်များအနေဖြင့် ခရင်ဝါးကို ထရံရက်လုပ်ရာတွင် အသုံးပြုသည်။ ခရင်ဝါးသည် အအေးပိုင်းဒေသတွင်သာ ပေါက်ရောက်ပြီး မျိုးစေ့မှာ မက်မန်းသီးအရွယ် ခန့်ရှိကာ စ၍အပင်ပေါက်ခါစ နှစ်နှစ်အကြာတွင်