Background
Energy NYMEX Energy NYMEX 24-2-2012 Price Change Change% Brent Crude Futr (USD/bbl) 124.00 0.38 0.31 Gas Oil Fut (ICE) (USD/MT) 1033.00 3.00 0.29 Gasoline Rbob Fut (Cent/gal) 329.15 -0.34 -0.10 Heating Oil Futr (Cent/gal) 2.61 -0.013 -0.05 Natural Gas Futr (USD/MMBtu) 311.77 0.41 0.13 WTI Crude Future (USD/bbl.) 108.49 0.66 0.61
နယ်စပ်ငွေလဲလှယ်နှုန်း ဖေဖော်ဝါရီ၂၀၁၂ (1US$) ရက် တရုတ် ထိုင်း ဘင်္ဂလားဒေ့ရှ် အိန္ဒိယ (ယွမ်) (ဘတ်) (တာကာ) (ရူပီး) 20 6.30 30.75 82.07 49.14 21 6.30 30.72 82.07 49.89 22 6.30 30.57 82.10 49.24 23 6.30 30.31 81.90 49.14 24 6.30 30.33 81.65 49.06
World Gold Price February 2012 (USD/OZ) Date NY LandonZurich 20 1730 1731 1731 21 1738 1740 1740 22 1756 1753 1754 23 1769 1770 1770 24 1775 1774 1774 Domestic Gold Price Kyats(Thousand) Date Yangon Mandalay 20-2-2012 741.50 740.50 21-2-2012742.00 742.20 22-2-2012 748.00 748.50 23-2-2012 754.50 754.30 24-2-2012 758.50 758.50
Currency Exchange Rate FEBRUARY 24, 2012 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 0.93 BDT Bangladesh Taka 81.65 CAD Canada Dollars 1.00 CNY China Yuan Renminbi 6.30 EUR Euro 0.75 HKD Hong Kong Dollars 7.75 INR India Rupees 49.06 IDR Indonesia Rupiahs 9040.00 JPY Japan Yen 80.29 MYR Malaysia Ringgits 3.01 PKR Pakistan Rupees 90.83 PHP Philippines Pesos 42.67 RUB Russia Rubles 29.55 SGD Singapore Dollars 1.25 KRW South Korea Won 1124.44 LKR Sri Lanka Rupe 119.46 THB Thailand Baht 30.33 GBP United Kingdom Pounds 0.64 VND Vietnam Dong 20770.00 Source : xe.com
အီးယူဒေသ အစိုးရများအနေနဲ့ ဒေသတွင်း ကြွေးမြီပြဿနာကို အပြီး သတ်ဖြေရှင်းနိုင်မှု မရှိသေးခြင်း၊ အမေ ရိကန်နဲ့ အစ္စရေးက အီရန်နိုင်ငံအပေါ် ပြစ်တင်ဝေဖန်မှုများလာခြင်းနဲ့ အမေ ရိကန်နိုင်ငံမှာ ကြွေးမြီများလာခြင်းတို့ ကြောင့် ရွှေ၊ ငွေအပါအဝင် သတ္တုတွေ နဲ့ ရေနံစိမ်းဈေးနှုန်းတွေ မြင့်မားလာ တယ်။
ဒီတစ်ပတ်အတွင်းမှာတော့ အမေ ရိကန်ဒေါ်လာဈေးကွက်ဟာ ငြိမ်သက် နေခဲ့တာကိုတွေ့ရပါတယ်။ သိမ်ဖြူငွေ လဲစင်တာတွင် အမေရိကန်ဒေါ်လာ ဈေးသည် တစ်ပတ်အတွင်း အပြောင်း အလဲမရှိခဲ့ဘဲ ငြိမ်သက်နေခဲ့သည်။ထို့ပြင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ်၏ ငွေလဲစင်တာများတွင် ဖော်ပြ ထားသည့် ငွေဈေးနှုန်းမှာလည်း အ ပြောင်းအလဲမရှိခဲ့ဘဲ ငြိမ်သက်နေသည် ကိုတွေ့ရသည်။
ယခုတစ်ပတ် နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ အသွင်းပိုတရုတ်နယ်စပ်ရှိ ကန်ပိုက်တီး၊ ထိုင်းနယ်စပ်ရှိ တာချီလိတ်နဲ့ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၇၉၁ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၈၈၃၃၄ ဂါလန် အသွင်းရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်သွင်းမှုတွေက တော့ တာချီလိတ်မှ ၁၀၉၀၆၉ ဂါလန်၊ ကန်ပိုက်တီးမှ ၆၆၁၅၀ ဂါလန်နှင့် ကော့ သောင်းနယ်စပ်မှ ၁၃၁၂၅ ဂါလန် အသီးသီးကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက် အတွင်းတင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၉၁၄၈၂ ဂါလန် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။
ဇန်နဝါရီလအတွင်း ဂျပန်နိုင်ငံရဲ့ ကုန်သွယ်ရေးလိုငွေပြမှုမှာ ယန်း ၁ ဒသမ ၄၈ ထရီလီယံရှိလာကာ ၃၃ နှစ်အတွင်း လိုငွေပြမှု အများဆုံးဖြစ်ခဲ့ကြောင်း အစိုးရမှထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။ပို့ကုန်တင်ပို့မှုမှရရှိတဲ့ ဝင်ငွေမှာ ယခင်နှစ်ကထက် ၉ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၁ ထရီ လီယံခန့်သာရှိခဲ့ပြီး လေးလဆက်တိုက်ကျဆင်းလာခြင်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်လာလကုန်၌ ဟောင်ကောင်ဒေသ၏ နိုင်ငံခြား အရန်ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၂၈၃ ဒသမ ၅ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၂၂၀၀ ဘီလီယံကျော်ရှိ၍ လွန်ခဲ့သော နိုဝင်ဘာလထက် အမေရိကန် ဒေါ်လာ ၁ ဘီလီယံ သို့မဟုတ် ဟောင်ကောင်ဒေါ်လာ ၈ ဒသမ ၁ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ဟောင်ကောင်ငွေကြေး အာဏာပိုင်မှ ထုတ်ပြန်ခဲ့သည်။
ဝန်းသိုမြို့နယ် ဆည်ကြီး၊ မကျီးကုန်း၊ ဇီးဖြူပင်၊ လက်ပံကြီးတော၊ သရက် အိုက်၊ စိန်လည်၊ သပြေသာ ကျေးရွာများမှာ နှစ်စဉ်သစ္စာပန်းရောင်စုံ၊ ဂန္ဓာမာပန်း မျိုးစုံအား ပန်းစိုက်တောင်သူပေါင်း ၅၀၀ ကျော်မှ ပန်းစိုက်ဧက ၂၀၀ ကျော်စိုက်ပျိုး ကြပါတယ်။ ဝန်းသိုမြို့နယ်ဟာ ရေခံမြေခံကောင်းမွန်ပြီး ရာသီဥတုသာယာကာ ဒေါင်းမြူးချောင်း တစ်ဖက်တစ်ချက်ရှိ နုန်းတင်မြေများမှာ စိုက်ပျိုးကြပြီး ၎င်းချောင်း ရေမှ ရေစက်တင်စိုက်ပျိုးကြရာ ကောင်းမွန်စွာ ဖြစ်ထွန်းလျက်ရှိပါတယ်။