Background
Currency Exchange Rate MARCH 9, 2012 Base Currency is United States Dollar - USD Currency Unit Units per USD AUD Australia Dollars 0.94 BDT Bangladesh Taka 81.67 CAD Canada Dollars 0.99 CNY China Yuan Renminbi 6.31 EUR Euro 0.75 HKD Hong Kong Dollars 7.76 INR India Rupees 49.92 IDR Indonesia Rupiahs 9125.00 JPY Japan Yen 81.81 MYR Malaysia Ringgits 3.00 PKR Pakistan Rupees 90.84 PHP Philippines Pesos 42.55 RUB Russia Rubles 29.36 SGD Singapore Dollars 1.25 KRW South Korea Won 1117.22 LKR Sri Lanka Rupe 121.25 THB Thailand Baht 30.52 GBP United Kingdom Pounds 0.63 VND Vietnam Dong 2010.00 Source : xe.com
OK နို့စိမ်းသာအ ဝင်ရှိခဲ့ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ် ၃ရက်တာကာလ အတွင်း နို့စိမ်း ၂၀၂ ဒသမ ၂၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်သိန်း ရှစ်သောင်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။ဒီတစ်ပတ်မှာ OK နို့စိမ်း တစ်မျိုးသာ တင်သွင်းခဲ့တာ တွေ့ရပါ တယ်။ နို့ဆီကဒီတစ်ပတ်မှာ တင်သွင်းမှု မရှိခဲ့ပါဘူး။
စီးပွားရေး ထွန်းသစ်စနိုင်ငံတွေမှ ဗဟိုဘဏ်တွေက အရန်သိုလှောင်ထား ရှိတဲ့ နိုင်ငံခြားငွေများ (ကန်ဒေါ်လာ နဲ့ ယူရိုငွေများ) တန်ဖိုး ကျဆင်းနေမှု ကြောင့် ဆုံးရှုံးသွားမှုကို ကာကွယ်ဖို့ ရွှေချောင်းတွေ ဝယ်ယူသိုလှောင်လျက် ရှိရာ ကာဇက်စတန်နိုင်ငံ ဗဟိုဘဏ်က လည်း ၂၀၁၂ ခုနှစ် ပထမ ၃ လပတ် အတွင်း အောင်စပေါင်း ၆၉၀၀၀ ရှိ ရွှေချောင်းတွေကို ကန်ဒေါ်လာ ၁၂၂ သန်း ကုန်ကျခံပြီး ဝယ်ယူသွားမယ်လို့ သိရတယ်။
ချင်းရွှေဟော်နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှု ထူးထူးခြားခြားရှိလာမတ်လပထမပတ်အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်မှ ကန်ဒေါ်လာ ၈၀၀၀ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၁၀ ဂါလန် တင်သွင်းမှုကို ထူးထူးခြားခြား တွေ့ရှိရပါတယ်။ ကျန်နယ်စပ်စခန်းများမှ ဓာတ်ဆီတင်သွင်းမှု ယခုအပတ်မှာ မရှိပါဘူး။ ဒီဇယ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၂၃၁၂၉ ဂါလန်နဲ့ ကော့သောင်းနယ်စပ်မှ ကန် ဒေါ်လာ သုည ဒသမ ၀၂၆ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၁၃၁၂၅ ဂါလန်၊ ကန်ပိုက်တီး နယ်စပ်စခန်းမှ ကန်ဒေါ်လာ ၀ ဒသမ ၂၃၀ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၅၇၇၅၀ ဂါလန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဂါလန် ၈၁၆၀၀ ကျော် တင်သွင်း မှု လျော့နည်းခဲ့ပါတယ်။ နယ်စပ်မှ ဖေဖော်ဝါရီလထိ ၁၁ လတာကာလမှာ ဓာတ်ဆီ ၁၁၅၆၇၇၅ ဂါလန်နဲ့ ဒီဇယ်ဆီ ၈၇၉၅၈၀၄ ဂါလန် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။ MIRT (DOBT)
ဥရောပ ဗဟိုဘဏ်(ECB)ရဲ့ ရေရှည် ဘဏ္ဍာ ငွေ ပြန်လည် ထောက်ပံ့ရေး လုပ်ငန်း (LTRO) အရ ဒုတိယအကြိမ် ပေးမဲ့ အစီအစဉ်အတွက် ဘဏ် ၈၀၀ အတွက် ယူရိုဘီလီယံ ၅၀၀ ကျော်ကို ဖေဖော်ဝါရီ ၂၉ ရက်က ဗဟိုဘဏ်ကခွဲေ၀ လျာ ထားပေးပါတယ်။ ပထမဆုံး တင်ဒါအဖြစ် ခွဲေ၀ ပေးနိုင်ဖို့ အတွက် ECB က ဒေသတွင်းရှိဘဏ္ဍာ ရေး အဖွဲ့အစည်းများထံသို့ ယူရိုတစ်ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ)ကို ထုတ်ပေး ခဲ့ပါတယ်။ ချေးငွေပမာဏမှာ စောစောပိုင်းက ခန့်မှန်းထားတာထက် အနည်းငယ် ပိုမိုခဲ့ပါတယ်။
ဆွီဒင်ဘက်ထရီထုတ်လုပ်ရေးလုပ်ငန်း myFc က ရေနဲ့ လည်ပတ်နိုင်မဲ့ အားသွင်းစက်တွေ ထုတ်နိုင်တော့မယ် လို့ပြောပါတယ်။ တခြား ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီဒူရာဆဲလ်ကလည်း ဖုန်းတွေ အားပေးနိုင်မဲ့စွမ်းအင် "ဖျာ" (Mat) ကိုထုတ်လုပ်နိုင်ပြီလို့ဆိုပါတယ်။ ကာလီဖိုးနီးယား အခြေစိုက် XPAL Power ကလည်း ၁၅ နှစ်လောက် အားသွင်းထားနိုင်တဲ့ ဖုန်းကို ထုတ်နိုင်ပြီလို့ ပြောပါတယ်။
၂၀၁၅ ခုနှစ်မှာ အာဆီယံစီးပွားရေး အသိုက် အဝန်း (AEC) ဖွဲ့စည်းပြီးတာနဲ့ တစ်ပြိုင်နက် အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင် ငံအား စြင်္ကံအချင်းချင်းကုန်သွယ်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ဖို့ ပြင်ဆင်ရန် ထိုင်းနိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ မှ ဦးစီးအဖွဲ့ဝင်များက ထိုင်းနိုင်ငံအား အကြံပြုထား ကြောင်း ထိုင်းသတင်း အေဂျင်စီက ဖော်ပြထား ပါတယ်။
ဒီတစ်ပတ်မာရီဂိုးနို့ဆီတစ်မျိုးသာဝင်ဒီသီတင်းပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း နို့ဆီ ၁၅၉ ဒသမ ၈၇ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ တစ်သိန်းခုနစ် သောင်းကျော်ဖိုးကိုပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါ တယ်။ ဒီတစ်ပတ်မှာ မာရီဂိုးနို့ဆီတစ် မျိုးတည်းသာ မှာယူတင်သွင်းခဲ့တာ တွေ့ရပါတယ်။ နို့စိမ်းက တင်သွင်းမှု မရှိခဲ့ပါဘူး။ ယခင်သီတင်းပတ် နို့ဆီ တင်သွင်းမှုက တန်ချိန် နှစ်ရာ့ခြောက် ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင်သွင်းမှုနဲ့ယှဉ်ကြည့်ရင် တန်ချိန် တစ် ရာကျော်လောက် လျော့နည်းပြီး တင် သွင်းတာခဲ့တာ တွေ့ရပါတယ်။
ပါကစ္စတန်ရဲ့ ဆန်ကုန်သွယ်မှုမှာ အီရန်နဲ့ ဖလှယ်ချင်းဖလှယ်တဲ့ စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပစ္စည်းဖလှယ်တဲ့ ကုန်သွယ်မှုသစ်အရ လာ မယ့်လမှာ အီရန်နဲ့စာချုပ်ချုပ်ဆိုနိုင်တယ်လို့ သိရပါတယ်။ ပါကစ္စတန်က တင်ပို့မယ့် ဆန်တန်ချိန် ၂ သိန်းနဲ့ ဂျုံတန်ချိန် ၁ သန်းအတွက် အီရန်ရဲ့ သံတ္တုရိုင်းနဲ့ ဓာတ်မြေ သြဇာကို လက်ခံရယူသွားမယ်လို့ သိရပါတယ်။
ယခုအပတ်နယ်စပ်မှ ဓာတ်ဆီရော ဒီဇယ်ပါ အသွင်းလျော့ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၈ ရက်ကာလအတွင်း ထိုင်းနယ်စပ်နဲ့ တရုတ်နယ် စပ်စခန်းများမှာ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်း တန်ဖိုးရှိ ဒီဇယ်ဆီ ၁၁၇၈၆၉ ဂါလန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၁၈၆ သန်းတန်ဖိုးရှိ ဓာတ်ဆီ ၇၁၃၂၂ ဂါလန် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ၇၀၄၇၅ ဂါလန်နဲ့ ဓာတ်ဆီ ၂၈၄၇၀ ဂါလန် လျော့နည်းတင်သွင်းခဲ့ပါတယ်။ MIRT (DOBT)