Background
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း လွိုင်ကော်မြို့နယ် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၄၃၀ဝ ကျပ်၊ ရွှေရင်အေး တစ်ပြည် ၂၉၅၀ ကျပ်၊ ဇီယာတစ်ပြည် ၂၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ စားသုံးဆီအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် ၅၈၀ဝ ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် ၁၂၀ဝ၀ ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် ၁၃၀ဝ၀ ကျပ်တို့ဖြင့် လည်းကောင်း၊ စားဖိုဆောင်သီးနှံအနေဖြင့် ကြက်သွန်နီလက်လီတစ်ပိဿာလျှင် ၄၀ဝ၀ ကျပ်မှ ၄၅၀ဝ ကျပ်အထိ ဖြစ်သည်။
ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်တက်နေသည့်အတွက် ပြည်တွင်းရွှေဈေး လိုက်ပါမြင့်တက်နေပြီး အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၇ သိန်းနီးပါးသို့ ရောက်ရှိ လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၃၃ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန် လျှင် အမေရိကန်ဒေါ်လာ ၄၅၇ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့် မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၀ ဒေါ်လာ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ဒေါ်လာ ဖြင့် လ
မကွေးမြို့ ကန်သာဈေး၌ ရောင်းချလျက်ရှိသော ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ အာလူး၊ မုန်လာဥနီ၊ မုန်ညင်းသီးနှံများမှာ ရှမ်းပြည်နယ် (အောင်ပန်းမြို့) မှ ဝင်ရောက်လျက်ရှိပြီး ရွှေဖရုံသီး၊ ရုံးပတီသီး၊ ပဲသီး၊ သံပရာသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်များမှာ မကွေးမြို့နယ် ချောင်းဖြူကျေးရွာ၊ မြင်းကင်းကျေးရွာ၊ မကျီးကန်ကျေးရွာများမှဖြစ်ကြောင်း သိရှိရသည်။