Main menu

Background

Friday, 8 Jul 2016

ဇွန် ၁၈ ရက်မှ ၂၄ ရက်တာ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၅၇၉၆၇ တန်ဖိုးရှိတဲ့ နနွင်းတက် (ရှမ်းစ) ၇၄ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ယခင်တ စ်ပတ်ကလည်း ၇၁ တန်ခွဲ တင်ပို့ခဲ့တာ ကြောင့် မူဆယ်ကနေ တရုတ်ပြည်ကို နနွင်းတက်တွေ ပုံမှန်တင်ပို့နေ တယ်လို့ ဆိုရ ပါမယ်။ မူဆယ်ကုန်စည်ဒိုင်မှာ နနွင်းတက်တစ်တန်ကို မိမိဘက်ပေါက် ဈေး(ငွေလဲ နှုန်းအရ)ဇွန် ၁၇ ရက်က ၉၁၇၁၉၀ ကျပ် ရှိခဲ့ပြီး  ဇွန် ၂၄ ရက်မှာတော့ ၉၁၉၅၆၀ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။

Friday, 8 Jul 2016

အောင်လံဈေးကွက်မှာ ယခုတစ်ပတ် ပဲစင်းငုံနီဈေး ယခင် တစ်ပတ်အတိုင်း ဆက်လက်ရှိနေပြီး တစ်ပိသာ1၄၅၀ ကျပ်   ( တစ်တန်ကို ၁၅၀၀၃၅၅ ကျပ် ) နဲ့ ပြည်ပအတွက် ရန်ကုန်ဝယ် လက်တွေက အဝယ်ရှိခဲ့ပေမယ့်  အရောင်း အဝယ်ဖြစ်မှုအနေနဲ့ တစ်နေ့ကို အိတ် ၁၅၀ မှ  ၂၀၀ ခန့်သာ အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ နှမ်းမျိုးစုံကတော့ ယခင်တစ်ပတ်ထက် ဈေးအနည်း ငယ်ကျခဲ့ပြီး နှမ်းနီတစ်ပိသာ ၁၉၁၀ ကျပ်၊ နှမ်းနက် တစ်ပိသာ ၂၀၀၀ ကျပ်၊ သိပ္ပံနှမ်း တစ်ပိသာ ၃၃၃၅ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပြီး တစ် နေ့ကို နှမ်းမျိုးစုံ  အိတ် ၃၀၀ မှ ၄၅၀ ကြား   အရောင်းအဝယ်ဖြစ် ကြောင်း သိရပါတယ်။

Thursday, 7 Jul 2016

မြန်မာနိုင်ငံဒေသအနှံအပြားတွင် ကူဘိုတာအမှတ်တံဆိပ်ဖြင့် လယ်ထွန် စက်များ၊ ရေစုပ်စက်များစသည့် လယ် ယာလုပ်ငန်းသုံးပစ္စည်း ကိရိယာများကို ရောင်းချလျက်ရှိသည့် ှ Siam Kubota Corporation Co., Ltd.  သည် မြန်မာ နိုင်ငံတွင် ကျင်းပမည့် ကလေးများနေ့ နှင့်အပြည်ပြည်ဆိုင ်ရာ ကလေးများနေ့  ကိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံ အတွင်းရှိ ဆင်းရဲနွမ်းပါးသောကလေးငယ် များအား ကျောင်းသုံးစာရေးကိရိယာ

Thursday, 7 Jul 2016

ပြည်ပွဲရုံမှာ   ဇွန်လဆန်းမှစ၍ မန်ကျည်းမှည့်တွေ အဝင်နည်းလာပြီး ဈေးအနည်းငယ် တက်လာတာ တွေ့ ရပါတယ်။  လှောင်မန်ကျည်းမှည့်တွေ   အရောင်းအဝယ်အေးပြီး ဈေးငြိမ်နေခဲ့ ရာမှ    ဇွန်နောက်ဆုံးပတ် အတွင်း မန်ကျည်းမှည့်   လက်ကျန်အပေါ်တွင် ဈေးအနည်းငယ်  ထပ်မံမြင့်တက်လာ ခဲ့ပါတယ်။  နယ်သို့ တင်ပို့မှုမရှိတော့ဘဲ   ဒေသတွင်း  ပုံမှန်အရောင်းအဝယ်ဖြစ် နေပါတယ်။ စားသုံးမှုနည်းပေမယ့် ပရဆေးဖော်စပ်ခြင်း၊ အိမ်တွင်းယိုလုပ် ငန်းတို့မှ   သုံးစွဲမှုရှိသဖြင့် အရောင်း အဝယ်  ပုံမှန်ရှိနေကြောင်းလည်း သိရ ပါတယ်။ ယခုဇွန်  နောက်ဆုံးပတ်မှာ မန်ကျည်းမှည့် တစ်ပိသာ(ပွဲရုံဈေး)   ကျပ် ၁၈၀၀ဖြစ်ပြီး ဒေသတွင်း လက်လီ ဈေးကတော့ ကျပ် ၂၀၀၀နဲ့ ကျပ် ၂၂၀၀ ဈ

Thursday, 7 Jul 2016

မုံရွာကုန်စည်ဒိုင်  ဇွန်လလကုန်ပတ် ပဲမျိုးစုံဈေး ကွက်မှာ ပြည်ပဝယ်လိုအားရှိတဲ့ ငုံနီ၊ စိမ်းကြီးနဲ့ မတ်ပဲတို့ ဆက်လက်ဈေးမာနေသလို   လုပ်ငန်းသုံးဝယ်လိုအား အနည်းငယ်သွက်လာလို့ ကုလားပဲဈေး  တက်လာတာ တွေ့ရ ပါ တယ်။  မိုးရာသီဖြစ်ပေမယ့် မိုးရွာသွန်းမှုနည်းပြီး ရာသီ ပွင့်လင်းနေတာကြောင့် ကြာဆန်စက်သမားတွေ လုပ်ငန်းသွက်ကာ ပဲအဝယ်လိုက်ခဲ့သလို ခွဲစက်၊ အမှုန့် ကြိတ်စက်နဲ့  ပဲကြော်ဖိုလုပ်ငန်းသမားတွေ ဝယ်လိုအား ကောင်း တာကြောင့် အခုလို ကုလားပဲဈေးမြင့်လာတာဖြစ် တယ်လို့   ဒိုင်ရပ်ကွက်က ဆိုပါတယ်။ ယခုတစ်ပတ် အတွင်းမှာ ထိုင်ဝမ်နဲ့ ၉၂၉ တစ်တင်းကျပ် ၃၈၀၀၀နဲ့  V2တစ်တင်း ကျပ် ၄၀၈၀၀ အထိ အမြင့်ဈေးဖြစ်ပေါ်ခဲ့ ကာ တစ်ရက် ကုလားပဲမျိုးစ

Thursday, 7 Jul 2016

ပြည်ပသို့ တင်ပို့နေတဲ့ မတ်ပဲ၊ပဲစင်းငုံနဲ့ ပဲတီစိမ်းဈေးနှုန်းများ ဈေးငြိမ်နေရာမှ ယခုတစ်ပတ်မှာ ဈေးအတက်အကျပြန်လည်လှုပ်ခတ်လာနေပါတယ်။အိန္ဒိယဈေးကွက်မှ အဝယ်လိုက်တဲ့ အတွက် မတ်ပဲနဲ့ ပဲစင်းငုံဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်နေတာဖြစ်ပါတယ်။ပဲတီစိမ်းဈေးကတော့ ရာသီစခါစဈေး ထက် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲနဲ့ ပဲစင်းငုံ ရာသီပေါ်စဈေးဖွင့်ချိန်ကထက်ရော မနှစ်က ကာလတူထက်ပါ ဈေးမြင့်နေပါတယ်။

Wednesday, 6 Jul 2016

အရေးကြီးတဲ့    ဆေးဝါးများရဲ့ ဈေးနှုန်းတွေကို  ထိန်းချုပ်လိုက်တဲ့ လုပ်ရပ်ကြောင့်   မျှော်လင့်မထားတဲ့ အခက်အခဲများကို ကြုံတွေ့ခဲ့ရကြောင်း အသည်းဆေး၊  ကင်ဆာဆေး၊ ခွေးရူး ရောဂါ ကာကွယ်ဆေးနဲ့ မြွေဆိပ်ဖြေ ဆေး အပါအဝင် ဆေးဝါးအများအပြား နဲ့ နောက်ဆုံးIV Saline    ဓာတ်ဆားရည် အထိ  ဖြန့်ဖြူးမှုကျဆင်းခြင်း သို့မဟုတ် ဆေးရုံများနဲ့ ဆေးဆိုင်တွေမှာ   ဆေး များပြတ်လပ်ခဲ့ကြောင်းတိုင်းမ်အော့ အိန္ဒိယသတင်းမှာ    ဖော်ပြပါတယ်။

Tuesday, 5 Jul 2016

ရောင်းလိုအားနဲ့ ဝယ်လိုအား အခြေအနေများ အား နည်းခြင်းနဲ့ ရင်းဂစ်တန်ဖိုးပိုမိုမြင့်တက်မှုတို့ကြောင့် ဇွန် ၂၉ ရက်မှာ မလေးရှား စားအုန်းဆီဈေးတွေက ခုနစ်လအတွင်း အနိမ့်ဆုံးနှုန်းကို ကျရောက်ခ

Tuesday, 5 Jul 2016

ပြည်ဈေးကွက်သို့ ကြက်သွန်ဖြူအိတ်တွေ အဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်အေးနေပါတယ်။ အရောင်းအဝယ် အေး ပေမယ့်လည်း ဝင်လာတဲ့ ကြက်သွန်ဖြူဈေးကတော့ ယခုတစ်ပတ်မှာ တစ်ပိသာကို ကျပ် ၁၀၀ မှ ၂၀၀ အထိ ဈေးထပ်မံမြင့် တက်နေပါတယ်။(ပွဲရုံဈေး) ကြူကုတ်တစ်ပိသာလျှင် ကျပ် ၃၄၀၀၊ လက်လီတစ်ပိဿသာကျပ် ၃၈၀၀ မှ ၄၀၀၀ အထိရောင်းချပြီး၊ (ရှမ်းစ) ပွဲရုံဈေး ကျပ် ၃၇၀၀ နှင့် လက်လီကျပ် ၄၀၀၀ တို့ရှိပါတယ်။ တရုတ်ပြည်ဘက်မှဝင်ရောက်လာတဲ့ ကြက်သွန်ဖြူ (ကြူကုတ်စ) တွေက အဝင်အနည်းအများကြောင့် မဟုတ်ဘဲ တရုတ်ငွေကြေး(ယွမ်) ဈေးတက်နေတာကြောင့် ဈေးနှုန်းတွေမြင့်နေတာဖြစ် ကြောင်းလည်း သိရပါတယ်။   

Tuesday, 5 Jul 2016

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း နနွင်း၄၃၈ ဒသမ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေရှ့် သို့ ၁၁၂ တန်၊ ဘယ်လ်ဂျီယံသို့ ၁၆၈ တန်၊အိန္ဒိယသို့ တန်ချိန် ၅၀၊  မလေးရှားသို့ ၆၈ ဒသမ၇၅ တန်နဲ့ စင်ကာပူသို့ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဘယ်လ်ဂျီယံကို အများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့တန်ချိန်မှာ တန်၉၀ ကျော် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ၃၄၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန် ဒေါ်လာ ၃၄၀၉၆၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါ တယ်။           

Pages