Main menu

Background

Tuesday, 5 Jul 2016

ဇွန် ၁၉ ရက်မှ ၂၅ ရက်သီတင်းပတ်အတွင်း နနွင်း၄၃၈ ဒသမ ၇၅ တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် ဘင်္ဂလားဒေရှ့် သို့ ၁၁၂ တန်၊ ဘယ်လ်ဂျီယံသို့ ၁၆၈ တန်၊အိန္ဒိယသို့ တန်ချိန် ၅၀၊  မလေးရှားသို့ ၆၈ ဒသမ၇၅ တန်နဲ့ စင်ကာပူသို့ တန်ချိန် ၄၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ် ပတ် ဘယ်လ်ဂျီယံကို အများဆုံးတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် နနွင်းတင်ပို့တန်ချိန်မှာ တန်၉၀ ကျော် သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင်တန်ချိန် ၃၄၀ ကျော်တင်ပို့မှုပိုခဲ့တယ်လို့ သိရပါတယ်။ နနွင်းတင်ပို့မှုမှ ကန် ဒေါ်လာ ၃၄၀၉၆၀ ဝင်ငွေရရှိခဲ့တယ်လို့သိရပါ တယ်။           

Tuesday, 5 Jul 2016

အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေစဖော်ပြီး ဈေးကွက်သို့ နည်းနည်း ချင်းဝင်ရောက်လျက်ရှိတယ်လို့ သိရှိရပါတယ်။  ယခင်နှစ်တွေက ချင်းဥမဖော်ရင် ချင်းဟောင်းတွေက ဈေးကွက်မှာ  မရှိတော့ပါဘူး။ဒီနှစ်မှာတော့ အရောင်း အဝယ်က အေးတာကြောင့် ချင်းဥမ(အသစ်) တွေဝင်နေပေမယ့် ချင်းဟောင်းကလည်း ပစ္စည်း မပြတ်သေးဘူးလို့ သိရှိရပါတယ်။ ဒီနှစ်မှာတော့ Export  ကလည်းမရှိတာကြောင့် မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဒီနှစ်မှာတော့ အရောင်းအဝယ် အတော်လေးပါးတယ်လို့လည်း သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန်တစ်သောင်းခွဲ၊ နှစ်သောင်းခန့် နည်းနည်းချင်း ရောင်းနေရပြီး မကွေး၊ ပြည်၊မန္တလေး ဘက်ကဆွဲတယ်လို့ သိရှိရပါတယ်။ ချင်း ပေါက်ဈေးကတော့ တစ်ပိဿာချင်း(ဥမ)  ၃၂၅ ကျပ်

Tuesday, 5 Jul 2016

ဟင်္သာတခရိုင်အနေဖြင့် မတ်ပဲကို ၂၀၁၅-၁၆ ခုနှစ် တွင် စိုက်ဧကပေါင်း ၄ ဒသမ ၁ သိန်းကျော်ရှိပြီး၊ ပျမ်းမျှအထွက်နှုန်းဖြင့် တွက်ချက်ကြည့်ပါက တင်း ၄၆ ဒသမ ၈ သိန်းခန့် မက်ထရစ်တန်အားဖြင့်၁ ဒသမ ၅ သိန်းထွက် ရှိနိုင်ပါ တယ်။ဟင်္သာတမတ်ပဲဈေးကွက်မှာ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ လအတွင်းက တစ်တင်းကို အနိမ့်ဈေးကျပ် ၄၅၃၂၀ မှ အမြင့်ဆုံး ဈေးအဖြစ် ကျပ် ၅၂၈၀၀ ရရှိခဲ့ပါတယ်။ မတ်လအတွင်းမှာတော့ ဈေးပြန်လည်ကျဆင်း

Monday, 4 Jul 2016

ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။   မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ  ရွှေလှံ၊ မြေစွန်း တော် ၊ ရွာသစ်ကျေးရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။

Monday, 4 Jul 2016

ကျေးလက်ဒေသများတွင် ဝါးဖြင့် ပြုလုပ်သော လက်မှုပစ္စည်းများကို ရှေးယခင် ကာလမှ ယနေ့အချိန်အထိ စွဲမြဲစွာ အသုံးပြု လျက်ရှိကြသည်။   မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်အတွင်းရှိ  ရွှေလှံ၊ မြေစွန်း တော် ၊ ရွာသစ်ကျေးရွာနှင့် ပေါက်တောကြီး ကျေးရွာတို့သည် ဝါးဖြင့်ရက်လုပ်၍ ကြိမ်ဖြင့် ကွပ်သော ဆန်ကော၊ ဆန်ခါ၊ ဖျာ၊ တောင်း၊ ရေအိုးဖုံး၊ ထမင်းစားပွဲအုပ်ဆောင်း စသည် တို့ပြုလုပ်ရာတွင်နာမည်ကြီးလှ သည်။

Monday, 4 Jul 2016

ယခုတစ်ပတ်အတွင်း အစုရှယ် ယာဈေးနှုန်းများသည် ကျဆင်းခဲ့ပြီးမှ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။Brexit  ဂယက်ကြောင့် ပြည်တွင်း  စတော့ရှယ်ယာဈေးများ  လိုက်ပါကျ ဆင်းခဲ့သော်လည်း ဈေးကျဆင်းမှုကြောင့် အဝယ်ပြန်လိုက်လာခဲ့သဖြင့် ဈေးပြန် လည် မြင့်တက်လာရခြင်းဖြစ်သည်ဟု ဆိုသည်။''စတော့ဈေးကွက်ကတော့ ဒီလို ပါပဲ။ အတက်အကျက  အမြဲလိုလိုရှိ တတ်ပါတယ်။ အတက်အကျ မမြန်ဖို့ နဲ့ မများဖို့ပဲလိုပါတယ်။ ဒီတစ်ပတ်ထဲမှာ လည်း  ဈေးကျသွားတယ်ဆိုတာက ကမ္ဘာ့စတော့ဈေးကွက်မှာ ဈေးကျဆင်း မယ်ဆိုတဲ့သတင်းကြောင့် ဒီမှာလည်း ဈေးလိုက်ပါကျဆင်းရတာပါ။ ဒါပေ မယ့်လည်း ဈေးကျသွားတဲ့တွက် ပြန် ပြီး အဝယ်လိုက်လာတော့  သူ့ရဲ့မူလ ဈေးကို ပြန်ရောက်သွားပါတယ်''ဟု စတော့

Monday, 4 Jul 2016

မုံရွာကုန်စည်ဒိုင် ဇွန်လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြည်ပ ဝယ်လက်အဝယ်ပါးခဲ့လို့  မြေပဲဆန်နဲ့ နှမ်းမျိုးစုံ  ဈေးအေးကာ အရောင်း အဝယ်ပါ ပါးခဲ့တယ်လို့ သိရပါတယ်။မြေပဲဆန်ဈေးကွက် မှာ  ယခုတစ်ပတ် အတွင်း မြေပဲဆန်(နီ) တစ် ပိသာ အမြင့်ဆုံး ကျပ် ၂၈၅၀ နဲ့ မြေပဲဆန်(ဖြူ) တစ်ပိဿာကျပ် ၂၇၅၀၊ ဆီဆန်တစ်ပိဿာ  ကျပ် ၂၃၀၀ အသီးသီး ဈေးတန့်နေပြီး တစ်ရက်မြေပဲ (လုံးဆန်) အရောင်းအဝယ်မှာ  အိတ် ၃၀၀ ခန့် သာ ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာလည်း   နှမ်းနက်တစ်မျိုးသာ တစ်တင်းကျပ် ၅၀၀၀၀ နဲ့ ဈေးဆက်လက်မာခဲ့ပြီး နှမ်းညို(အသစ်) တစ်တင်းကျပ် ၂၄၀၀၀ နဲ့ နှမ်းဖြူတစ်တင်း  ကျပ် ၃၀၀၀၀ အထိ ဈေးပြန်အေး

Monday, 4 Jul 2016

ပဲခူးတိုင်းဒေသကြီး၊   ပြည်ပဲမျိုးစုံဈေးကွက်မှာ ဇွန် လကုန်ပတ်အတွင်း မတ်ပဲ၊ ကုလားပဲ၊ ပဲပုပ်၊ ပဲကြီးသီးနှံ များ ဈေးငြိမ်နေပြီး ပဲစင်းငုံဈေးအနည်းငယ်ပြန်မြင့်လာ ခဲ့ပါတယ်။ မတ်ပဲ၊ ကုလားပဲ၊ ပဲကြီးသီးနှံများမှာ နေ့စဉ်  အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပေမယ့်  ပဲစင်းငုံသီးနှံမှာ လက်ကျန်ပဲ သာရှိခဲ့လို့ ရက်ခြားစုပြီး ဝယ်ယူနေကြရတာကိုတွေ့ရပါတယ်။ ကျန်ပဲအချို့ကတော့ လက်လီသာအဝယ်ရှိခဲ့ကြပါတယ်။ မတ်ပဲသီးနှံမှာ နေ့စဉ်၀ င်ရောက် ခဲ့သော်လည်း အိတ် ၂၀၀ ခန့်သာ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်းမြို့နယ် များမှ ဝင်ရောက်လျက်ရှိသလို လက်ကျန်ပဲများလည်းရှိတဲ့ အတွက် ရန်ကုန်ဝယ်လက်  ဝယ်လိုအားရှိ သလောက်သာ အရောင်းအဝယ်ြ ဖစ် ခဲ့ကြ

Monday, 4 Jul 2016

ပုသိမ်မြို့ ဆန်စပါးဈေးကွက်တွင် ယခင်နှစ်မိုးစပါး ဧရာဝတီပေါ်ဆန်း ၁၀၅ ပေါင်၊ တင်း ၁၀၀ ကို ပေါ်စက ကျပ်     ၈၄၀၀၀၀ ၊ ကျပ် ၈၅၀၀၀၀ ဈေးနှုန်းရှိပြီး၊     ယခု ကျပ် ၁၀၀၀၀၀၀ ပတ်ဝန်းကျင်ဈေးနှုန်းဖြင့်    ဆန်တစ်အိတ် လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု  ၃၄၀၀၀ ကျပ်သို့ မြင့်တက်သွားပြီး၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀၀ ကို စပါးပေါ်ချိန် ကျပ် ၇၄၀၀၀၀ ၊ ကျပ်၇၅၀၀၀၀ ဈေးတွင် ဆန် တစ်အိတ်လျှင် ကျပ် ၃၁၀၀၀၊ ကျပ် ၃၂၀၀၀ ဈေးမှ ယခု ပေါ်ဆန်းရင်စပါးဈေးမှာ   ကျပ် ၉၂၀၀၀၀ သို့ ဈေးမြင့်သွားပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၃၀၀၀ ဈေးနှုန်းဖြစ်သွားကြောင်း၊ ပေါ်ဆန်းရင်စပါးဈေးမှာ  ယခုလက်ရှိအချိန်ဈေးကွက်တွင် အရောင်းအဝယ် နည်းပါး ၍  

Thursday, 30 Jun 2016

           ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) သို့ အဇာဘိုင်ဂျန် ဝင်ရောက် နိုင်ရေးလုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးကို ထပ်မံကျင်းပဖို့ အဇာဘိုင် ဂျန်နိုင်ငံက ပြင်ဆင်လျက်ရှိကြောင်း အဇာဘိုင်ဂျန်သတင်းစဉ်မှာ ဖော်ပြပါတယ်။ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဇူလိုင် ၁၉ ရက်မှ ၂၃ ရက်အတွင်း ဂျနီဗာမြို့မှာ ကျင်းပမှာဖြစ်ကြောင်း အဇာဘိုင်ဂျန်  ဒုတိယဝန်ကြီး မာမွတ် မမ်မာဂူလီယက်က ပြောပါတယ်။ လုပ်ငန်းအဖွဲ့ရဲ့ အစည်းအဝေးအပြင် ဂျနီဗာမြို့မှာ လယ်ယာလုပ်ငန်းဆိုင်ရာ ပြည်တွင်းထောက်ပံ့မှုအတွက် နိုင်ငံစုံ စေ့စပ်ညှိနှိုင်းမှုများနဲ့ ကုန်စည်နဲ့ဝန် ဆောင်မှုဆိုင်ရာ နှစ်နိုင်ငံအပြန်အလှန် စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်သွား မှာဖြစ်ကြောင်း 

Pages