Main menu

Background

Wednesday, 10 Aug 2016

     ဇူလိုင် ၂၄ ရက်မှ၃၀ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၄၈၄၇၇၁၉ တန်ဖိုးရှိ ဘိလပ်မြေ ၅၃၂၉၂ ဒသမ ၈၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄၆၈ တန်၊ ယူနိုက်တက် ကင်းဒမ်းမှ ၂ဒသမ၈၇၅ တန်နဲ့ ထိုင်းနိုင်ငံမှ ၅၂၈၂၂ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စိန်၊ ဆင်နဲ့ဂျန်ဘို၊ အင်စီးဘိလပ်မြေတို့ ဝင်လာခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ် ဘိလပ်မြေအဝင်မှာ ၇၂၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၄၆၀၀၀ ကျော် ပိုမိုတင်သွင်းခဲ့ပါတယ်။

Wednesday, 10 Aug 2016

       ယခုတစ်ပတ်တွင် သီလဝါရှယ် ယာဈေးနှုန်းများ ဆက်လက်ကျဆင်း လာခဲ့ပြီး  စတင်ဖွင့်လှစ်ခဲ့စဉ်က သတ် မှတ်ခဲ့သည့်  အနိမ့်ဆုံးနှုန်းထားသို့ ရောက်ရှိခဲ့ကြောင်း YSX ၏ထုတ်ပြန်ချက်များအရ သိရသည်။ အလားတူ FMI ရှယ်ယာဈေးနှုန်း များသည်လည်း သတ်မှတ်ထားသည့် အနိမ့်ဆုံးဈေးနှုန်းအောက်သို့ လဆန်း ပိုင်းက ရောက်ရှိခဲ့ပြီး ဈေးကွက်ပိတ်ချိန် တွင်မူ မူလသတ်မှတ်ထားသည့်ဈေးနှုန်း သို့ ပြန်လည်ရောက်ရှိခဲ့သည်။

Wednesday, 10 Aug 2016

       ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးဈေးအဖြစ် ကျပ် ရှစ်သိန်းခွဲအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း ၁၃၆၁ ဒေါ်လာအထိ ရောက်ရှိခဲ့ရာ စံချိန်တင်ရောက်ရှိခဲ့သည့်ဈေးဖြစ်ခဲ့သည်။ ပြည်တွ င်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် လိုက်ပါ မြင့်တက်ခဲ့ရသော်လည်း ပြည်တွင်းရွှေဈေးကွက်တွင်မူ အရောင်းအဝယ်များမှာ အလွန်ပင် နည်းပါးလျက်ရှိသည်ဟုဆိုသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ပြည် တွင်းရွှေဈေးသည် ကျပ် ၈၄၀၀၀၀ သာရှိခဲ့သော်လည်း ယခုတစ်ပတ်တွင် ကျပ် ရှစ်သိန်းခွဲအထိ မြင့်တက်ခဲ့သည်။

Wednesday, 10 Aug 2016

      ယခုကာလမှာ မြန်မာနိုင်ငံအထက်ပိုင်း  ဒေသအချို့မှာ မိုးများ၍ ရေလွှမ်း မိုးမှုများ ဖြစ်ပေါ်လျက်ရှိနေပါတယ်။ ပြည်ဈေးကွက်ရဲ့ စားသုံးသူများကတော့ ဈေး တက် တော့မယ်လို့ခန့်မှန်းပြီး ကြိုတင်ဝယ်ယူမှုများ ရှိနေကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရဲ့ ကြက်သွန်နီ ဈေးနှုန်းမှာ ယခင်ဈေးအနိမ့်ဖြင့် ဝယ်ယူသိုလှောင် ထားရှိမှုများကြောင့် ယခုတစ်ပတ်အတွင်း ပုံမှန်ဈေးဖြင့်သာ ရောင်းချလျက်ရှိနေ သေးကြောင်း သိရှိရပါတယ်။ ဝင်ရောက်မှုအနေနဲ့ ယခုတစ်ပတ်မှာ တစ်နေ့ကို ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်သာ ဝင်ရောက်ခဲ့တာကြောင့် ဝင်ရောက်မှု သိသိသာသာ နည်း သွားပါတယ်။

Wednesday, 10 Aug 2016

     ပြည်ပဲဈေးကွက်အတွင်း ပြည်ပဝယ်လိုအားရှိသော မတ်ပဲနှင့်ပဲစင်းငုံ သီးနှံအနက် မတ်ပဲသီးနှံက သြဂုတ်လဆန်းအတွင်း ဈေးထပ်မံလျော့နည်းကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ဇွန်လကုန်မှာ တစ်တင်း  ကျပ်ငါးသောင်းကျော် ရရှိခဲ့သော်လည်း သြဂုတ်လဆန်းရက်မှာတော့ ကျပ် ငါးသောင်းအောက်လျော့နည်းကျဆင်းခဲ့လို့ တစ်တင်းကျပ် ၄၈၅၀၀ သာရရှိခဲ့တဲ့အတွက် ရန်ကုန်ဝယ်လက်ဝယ်လိုအား ရှိသော်လည်း ထုတ်ရောင်းချသူနည်းခဲ့လို့ အရောင်းအဝယ် အနည်းငယ်အေးခဲ့တယ် လို့ သိရပါ တယ်။ ပဲဝင်ရောက်မှုလည်း သိပ်မရှိခဲ့ဘဲ လက်ကျန်ပဲအချို့နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင်နှစ်က သြဂုတ်လဆန်း ရက်မှာ တစ်တင်း ကျပ် ၄၁၀၀၀ သာရရှိပြီး လလယ်မှစ၍ ပဲဈေး များ ပြန်လည်မြင့်တက်ခဲ့လို့

Wednesday, 10 Aug 2016

       သြဂုတ်လ ပထမပတ်အတွင်း ပြည်ပဲဈေးကွက်သို့ ပဲတီစိမ်း သစ်များ စတင် ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။  ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ကံမမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အိတ် ၃၀၀ ကျော်အထိ ဝင်ရောက်ခဲ့ပါ တယ်။ ပဲဈေးမှာ တစ်တင်း  ကျပ် ၂၅၅၀၀ ဖြင့်သာ ဈေးစဖွင့်ခဲ့ပြီး မန္တလေးဝယ်လက် ကတော့ နေ့စဉ်ဝယ်ယူနေတယ်လို့ သိရပါတယ်။

Wednesday, 10 Aug 2016

       ဇူလိုင်နောက်ဆုံးပတ်မှာ ကုန်သွယ် ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၃၇၁ သန်းတန်ဖိုးရှိ ဆန် ၁၃၃၃၁ တန်ကို တင်ပို့ ခဲ့ရာ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၃၅၅၈ တန်၊ ဧည့်မထ ဆန် တန် ၁၀၀၀၊ ချင်း ရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန် ဆန် တန် ၁၅၃၀ နဲ့ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန် ၇၂၄၃ တန် တင်ပို့ခဲ့ပါတယ်။ ဇူလိုင်တစ်လလုံးမှာတော့ အမေ ရိကန်ဒေါ်လာ  ၁၈ ဒသမ ၅၂၁ သန်း တန်ဖိုးရှိ ဆန် ၅၁၉၆၄ တန် တင်ပို့ခဲ့ပြီး အနီးစပ်ဆုံး ဇွန်လတင်ပို့မှုထက် ၆၅၄၈ တန် လျော့နည်းခဲ့ပါတယ်။ ဇူလိုင်လ အတွင်း ဆန် ကွဲတင်ပို့မှုမှာ  အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၈၂ သန်း၊  တန်ချိန် ၃၉၄၅ တန်ရှိပြီး   ဇွန်လတင်ပို့မှုထ က် ၇၅၁၈

Monday, 8 Aug 2016

      ယခုနှစ် ဒုတိယ  သုံးလပတ်မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်ပြီး ခုနစ်နှစ်အတွင်း  အလုပ်မှ  ထုတ်ပယ်မှု အမြင့်ဆုံးကို  ရောက်ရှိလာတဲ့အတွက် စင်ကာပူ လုပ်သားဈေးကွက်မှာ အကျပ် အတည်းဖြစ်မယ့် လက္ခဏာတွေ မြင့် တက်လာခဲ့ကြောင်း စထရိတ်တိုင်းမ် သတင်းမှာ ဖော်ပြပါတယ်/ စင်ကာပူ နိုင်ငံရဲ့ ပြည်ပဝယ်လို အားကလည်း နှေးကွေးနိမ့်ကျနေဆဲ ဖြစ်ပြီး ဖော်ပြပါ ပြည်ပဝယ်လိုအားကိုပဲ စင်ကာပူစီးပွားရေးက မှီခိုနေရတဲ့ အ တွက်  လက်ရှိ အခြေအနေအတိုင်း ယခုနှစ်ကုန်ထိ   ဆက်လက်တည်ရှိနေ လိမ့်မယ်လို့   စီးပွားရေးကျွမ်းကျင်သူ တွေက ခန့်မှန်းပါတယ်။ စင်ကာပူ နိုင်ငံသားနဲ့ အမြဲတမ်း နေထိုင်ခွင့်ရသူ တွေရဲ့ အလုပ်လက်မဲ့နှုန်းက ဇွန်မှာ ၃ရာခိုင် နှုန်းရ

Monday, 8 Aug 2016

    နိုင်ငံခြားငွေမတည်ငွေများ အလုံးအရင်းနဲ့ စီးထွက်သွားပါက ကောင်းစွာ ထိန်းသိမ်းထားရှိနိုင်ဖို့အတွက် လာမယ့်နှစ်ကစပြီး အရန်ငွေကြေးများကို ပိုမိုထား ရှိဖို့ ပြဋ္ဌာန်းမယ်လို့ ဇူလိုင် ၂၅ ရက်က တောင်ကိုရီးယား  ထိပ်တန်း ဘဏ္ဍာရေး ကြီး ကြပ်မှုအဖွဲ့ကပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။

Monday, 8 Aug 2016

     မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေမှာ အလုပ်သမား သပိတ်များ  အဆက်မပြတ်  ဖြစ်ပွားခဲ့ တဲ့အတွက် တောင်ကိုရီးယား ရဲ့ဇူလိုင် ပို့ကုန်က ယခင်နှစ်နဲ့နှိုင်းယှဉ်ရင် ဆက်လက်ကျဆင်းခဲ့တယ်လို့  ဇူလိုင် ၂၅ ရက် မှာ ကုန်သွယ်ရေးဝန်ကြီးက ပြောကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။ မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းကြီးဖြစ်တဲ့ ဟွန်ဒိုင်းမော်တာကုမ္ပဏီနဲ့ ကီးယာမော်တာကုမ္ပဏီ တွေမှာ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ် ေ ပါ် လာတဲ့ အတွက်  ဇူလိုင် မော်တော် ကားထုတ်လုပ်မှုက ကားစီးရေ ၁၆၀၀၀ ထိ ကျဆင်းနိုင်ကြောင်း ဆီဂျောင်းမြို့မှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ကုန်သွယ် ရေးဝန်ကြီး ဂျူးဟွန်ရှန်က  သတင်း ထောက်တွေကို ပြောပါ တယ်။

Pages