Main menu

Background

Wednesday, 8 Jun 2016

            အမေရိကန်နိုင်ငံရဲ့ စီးပွားရေးက ဧပြီမှ မေလအထိအနည်းငယ်တိုးတက် မှုရှိခဲ့ကြောင်းနဲ့ အလုပ်သမားဈေးကွက် အကျပ်အတည်းကြောင့် လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းများကို မြင့်တက်စေခဲ့ ကြောင်း ဇွန် ၁ ရက်က  ထု တ်ပြန်တဲ့ အမေရိကန်ဗဟိုဘဏ် စစ်တမ်းမှာ ဖော်ပြပါတယ်။ စားသုံးသူသုံးစွဲမှုနဲ့ အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုကြောင့် ခရိုင် အများစုမှာ ဧပြီမှ မေလလယ်အထိ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနည်းငယ် ရှိခဲ့ကြောင်း ခရိုင် ၁၂ ခရိုင်ရဲ့ စီးပွားရေး အခြေအနေကို ဆန်းစစ်ဖော်ပြတဲ့ နောက်ဆုံးထုတ် Beige Book မှာ ဖော်ပြ ထားတာကိုရှင်ဝှာသတင်းက ကိုးကား ဖော်ပြပါတယ်။

Wednesday, 8 Jun 2016

           ယခုအချိန်မှစပြီး နှစ်အကုန်အထိချမှတ်ဆောင် ရွက်မယ့် ငွေကြေးမူဝါဒတွေမှာ ဘဏ်လုပ်ငန်းစနစ် ဘေးကင်းလုံခြုံရေးနဲ့ ငွေကြေးဖောင်းပွမှု တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်ရေးလုပ်ငန်းများကို ဦးစားပေး အဖြစ် ဆောင်ရွက်ကာ စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ဖို့လိုကြောင်း ဗီယက်နမ် ဗဟိုဘဏ် ညွှန်ကြားချက်အမိန့်ကို ကိုးကားပြီး ဗီယက်နမ် သတင်း အေဂျင်စီရဲ့သတင်းမှာ ဖော်ပြပါ တယ်။

Tuesday, 7 Jun 2016

             ကောင်းမွန်သော မက်ခရိုစီးပွားရေးမူဝါဒများနှင့်အတူ လျှပ်စစ် မီးနဲ့ငွေရေးကြေးရေး လက်လှမ်းမီခြင်းစသော အခြေခံ ပြုပြင်ပြောင်း လဲမှုများကြောင့် မြန်မာနိုင်ငံရဲ့   စီးပွားရေးအလားအလာသည် အနာဂတ်ကာလ တွင် ဆက်လက်ခိုင်မာမှုရှိလာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်အုပ်စုရဲ့ မေ ၃၁ ရက်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ မက်ခရိုစီးပွားရေး  တည်ငြိမ်ခဲ့ပြီးနောက် နှစ်နှစ်ကြာ စီးပွားရေးခိုင်ခိုင်မာမာ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ပိုမိုခက်ခဲသောစီးပွားရေးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၆ ခုနှစ် မေလထုတ် ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာအရ ၂၀၁၄-၂၀၁၅ဘဏ္

Friday, 3 Jun 2016

စိန်တစ်လုံးသရက်သီးများကို အလုံးလိုက်အဖြစ်လည်း ကောင်း၊ အစိတ်များစိတ်ခွဲ၍လည်းကောင်း၊ သရက်သီးအနှစ် (Paste)   အဖြစ်  လည်းကောင်း၊ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရောင်းချသွားရန

Friday, 3 Jun 2016

၂၀၂၅ ခုနှစ်မှာ စင်ကာပူနိုင်ငံရှိ အီး-ကောမတ်ဈေးကွက်က   အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ (စင် ကာပူဒေါ်လာ ၇ ဒသမ ၄၆ ဘီလီယံ) အထိရှိမယ်လို့   ခန့်မှန်းထားကြောင်း တီးမားဆက်နဲ့
 ဂူးဂဲတို့ရဲ့ မေ ၂၄ ရက် ကထုတ်ပြန်တဲ့ အစီရင်ခံစာကို ကိုးကား ပြီး  ချန်နယ်နယူးအေးရှ   သတင်းမှာ ဖော်ပြပါတယ်။ ဖော်ပြပါ   ပမာဏက ၂၀၁၅ ခုနှစ်က အမေရိကန်ဒေါ်လာ ၄ ဘီလီယံအထိရောက်ရှိ

Friday, 3 Jun 2016

စင်ကာပူတွင် လုပ်ငန်းဆောင်ရွက်နေတဲ့ ဆွစ်ဇာလန်မBSI ဘဏ်ကို ပိတ်သိမ်းဖို့ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့ (MAS)  က မေ ၂၄ ရက်မှာ အမိန့်ထုတ်ပြန်ခဲ့ကြောင်း ရှင်ဝှာ သတင်းမှာ ဖော်ပြပါတယ်။
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစည်းမျဉ်းများကို ချိုး ဖောက်ခြင်း၊ ဘဏ်လုပ်ငန်းများကို   ကြီးကြပ်ရာတွင် စီမံခန့်ခွဲ မှုညံ့ဖျင်းခြင်းနဲ့ အချို့သောဘဏ်ဝန်ထမ်းများရဲ့ အကျင့် သိက္ခာပျက်ပြားမှု
တို့ကြောင့်  ကုန်သွယ်မှုဘဏ်အဖြစ် စင်ကာပူ ရှိ ဆွစ်ဇာလနBSI  ဘဏ်က ဆောင်ရွက်နေခြင်းကို   ရပ်ဆိုင်းဖို့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

Wednesday, 1 Jun 2016

 ပြီးခဲ့တဲ့ မေတတိယပတ်အတွင်းက  ရွာသွန်းခဲ့တဲ့ မုန်တိုင်းမိုးနဲ့အမီ မုံရွာ ဒေသခံတောင်သူတွေ ဒီနှစ်အတွက် ပဲစင်းငုံနီတွေ စတင်ပျိုးကြဲစိုက်ပျိုးလျက်ရှိ တယ်လို့ သိရပါတယ်။ ယခုနှစ်ငုံနီဈေးကွက်မှာ
  ပဲစတင်ပေါ်ချိန်မှ ယနေ့အထိ တစ် တင်း အနိမ့်ဆုံးကျပ် ၄၃၀၀၀ အထိ ပေါက်ဈေးမာခဲ့လို့ တောင်သူတွေ  တွက်ခြေ ကိုက်တဲ့အတွက် ယခုနှစ်မှာ စိုက်ဧက အနည်းငယ်တိုးလာဖွယ်ရှိတယ်လို့ စိုက်ပျိုး ရေး
ဦးစီးဌာနက ဆိုပါတယ်။

Wednesday, 1 Jun 2016

ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့  မေ ၂၇ ရက် လက်ကားဆန်ဈေးနှုန်းများမှာ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ၃၄၅၀၀ ကျပ်၊ လတ်စ ဆန်တစ်အိတ် ၃၃၀၀၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်န

Thursday, 26 May 2016

မန္တလေးမြို့အတွက်ဆက်သွယ်ရေး ဝန်ဆောင်မှုဆိုင်ရာ သီးသန့်အလုပ် အကိုင်ပြပွဲကြီးကို လာမည့်မေ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း  ယင်းအလုပ်အကိုင်ပြပွဲကို ဦး ဆောင်ကျင်းပမည့် work.com.mm  ၏ သတင်းထုတ်ပြန် ချက်များအရသိရသည်။အဆိုပါ အလုပ်အကိုင်ပြပွဲကြီးကို work.com.mm    နှင့်မြန်မာနိုင်ငံ၏ အကြီးဆုံးဆက်သွယ်ရေးကွန်ရက် ကုမ္ပဏီ ကြီးတစ်ခုဖြစ်သည့်  Ooredoo  တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး Ooredoo Contact Center Mandalay Recruitment Day ဟုအမည်ပေးထားကြောင်း သိရသည်။

Pages