Background
နိုဝင်ဘာ ၂၇ ရက် ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့ လက်ကားဆန်ဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း၊ ဆန်ဟောင်း ဈေးထိပ်စ တစ်အိတ် ၃၈၅၀ဝ ကျပ်၊ လတ်စ တစ်အိတ် ၃၆၀ဝ၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တ စ်အိတ်ကို ကျပ် ၁၅၀ဝ ခန့်ဈေးကျလာပြီး မြောင်းမြ၊ ပုသိမ်၊ ပေါ်ဆန်းဆန် ဟောင်းဈေး ထိပ်စ တစ်အိတ် ၄၁၀ဝ၀ ကျပ်၊ လတ်စ တစ် အိတ် ၃၉၀ဝ၀ ကျပ်ဖြစ်လို့ ယခင်တစ်ပတ်ထက် တစ်အိတ် ကျပ် ၁၀ဝ၀ ခန့် ဈေးကျလာပြီး နယ် စုံပေါ်ဆန်း ဆန်ဟောင်း ဈေးကတော့ ထိပ်စတစ်အိတ် ၃၆၀ဝ၀ ကျပ်၊ လတ်စ တစ် အိတ် ၃၄၅၀ဝ ကျပ်ဖြစ်လို့ ယခင်ပတ်ထက် တစ်အိတ်ကို ၅၀ဝ ကျပ်ခန့်ဈေးကျလာတာ တွေ့ရပါတယ်။ မြောင်းမြ/ပုသိမ်ပေါ်ဆန်း ဆန်အသစ်ေ ဈးက ထိပ်စ တစ်အိတ် ၂၇၅၀ဝ ကျပ်၊ လတ်စ တစ
ဒေသတွင်းပေါင်းစည်းရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများ မြင့်တက်လာချိန်မှာ အာရှဒေသတွင်းမှာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ဖို့ ရှာဖွေနေကြတဲ့ ကုမ္ပဏီများအတွက် စင်ကာပူနိုင်ငံက ယုံကြည်စိတ်ချရတဲ့ အြေ ခစိုက်စခန်းအဖြစ် အရေးပါတဲ့အခန်းက ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ စင်ကာပူဘဏ္ဍာရေးဝန်ကြီး ဟန်ဆွီကိတ် ကပြောကြောင်း စီအင်န်အေသတင်းမှာ ဖော်ပြပါတယ်။ ဒေသတွင်းမှာ အစုစပ်လုပ်ငန်းတွေ ထူထောင်ခြင်းအားဖြင့် ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်း တွေ ပိုမိုဖန်တီးနိုင်မှာဖြစ်ကြောင်း နိုဝင် ဘာ ၂၆ ရက်ကကျင်းပတဲ့ ၂၀၁၅ ခုနှစ် အာရှယှဉ်ပြိုင်မှု စွမ်းရ ည် မြှင့်တင်ရေး သိပ္ပံကွန်ဖရင့် (2015 Asia Compe
ဧရာဝတီတိုင်းဒေသကြီး ပြည်ပပို့ကုန်များတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ မြန်မာ့လက်မှုရိုးရာ ပုသိမ်ထီးမှာ ယခုပွင့်လင်းရာသီတွင် အရောင်းအဝယ်သွက် လျက်ရှိကြောင်း၊ ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာစွာရရှိထားသော ပုသိမ်ထီး များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ တောင်ကြီး၊ အင်းလေး၊ မော်လမြိုင်မြို့များရှိ ဟိုတယ်များတွင်အသုံးပြုရန် ဝယ်ယူလျက်ရှိပြီး၊ ငွေဆောင်၊ ချောင်းသာ၊ ငပလီ စသည့် ကမ်းခြေဒေသများတို့မှလည်း အမှာစာများရရှိထား ကြောင်း ဈေးကွက်မှသိရပါတယ်။
ပြည်တွင်းမှာ အီးကောမတ်စ် လုပ် ငန်း ဆောင်ရွက်နေသူများအတွက် ငွေကြေးရရှိစေရန် စီမံချက်တစ်ရပ် အဖြစ် အထူးသဖြင့် အင်ဒိုနီးရှားမှာ ထူထောင်ပြီးဖြစ်တဲ့ နိုင်ငံခြားအီးကော မတ်စ်ကုမ္ပဏီများ နိုင်ငံတွင်းမှာ စီးပွား ရေးလုပ်ငန်းများ ဆောင်ရွက်လာ အောင် အားပေးမှုအဖြစ် အစိုးရက ရင်းနှီးမြှုပ်နှံမှုအတွက် လျှောက်ထားရ မည့်စာရင်း"Negative Investment List" ကို ပြုပြင်ပေးမှာဖြစ်ကြောင်း ဂျကာတာ ပို့စ်သတင်း မှာ ဖော်ပြပါ တယ်။ဆက်သွယ်ရေးနဲ့ ပြန်ကြား ရေးဝန်ကြီး ဂူဒီယာနာရာ၊ ကုန်သွယ် ရေးဝန်ကြီးသောမတ်လမ်ဘောင်း၊ ရင်း နှီးမြှုပ်နှံမှု ပေါင်းစပ်ညှိနှိုင်းရေးဘုတ် အဖွဲ့(BKPM) ဥက္ကဋ္ဌ ဖရန်ကီဆီဘာရာ နီတိ
အာဆီယံ စီးပွားရေးအသိုက် အဝန်း(အေအီးစီ)ကို အပြည့်အဝအကောင်အထည်ဖော်တော့မှာဖြစ်တဲ့ အတွက် ထိုင်းနိုင်ငံမှာ ကုမ္ပဏီသစ်မှတ်ပုံ တင်မှုက ၂၀၁၆ ခုနှစ်မှာ ၆၅၀၀၀ အထိ တိုးတက်လာမှာဖြစ်ကြောင်း နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။အာဆီယံ ပေါင်းစည်းမှုကြောင့် ဖွံ့ဖြိုးတိုးတက်မည့် အခွင့် အလမ်းတွေ ပိုမိုတွေ့မြင်ရခြင်းနဲ့ ထိုင်းနိုင်ငံ စီးပွားရေး ခိုင်မာလာခြင်း စတဲ့ အချက်တွေကြောင့် ၂၀၁၆ ခုနှစ်မှာ ဆောက် လုပ်ရေး၊ ကုန်သွယ်ရေးနဲ့ ဝန် ဆောင်မှုလုပ်ငန်းတွေအပါအဝင် စက်မှု လုပ်ငန်းကဏ္ဍအသီးသီးမှာ လုပ်ငန်း သစ်တွေ ထူထောင်ကြမှာဖြစ်ကြောင်း စီးပွားရေး ဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ပွန်းပန်ဂီယာရ
၂၀၁၅ခုနှစ်တွင် အခမဲ့ကြော်ငြာဝက်ဘ် ဆိုက်များအတွင်း ကြော်ငြာများ ၇၀ ရာခိုင် နှုန်းခန့် တိုးတက်လာကြောင်း Ads.com.mm ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။မြန်မာပြည်အတွင်း အခမဲ့ကြော်ငြာ ဝက်ဘ်ဆိုက် ကို ၂၀၁၂ နှစ်လည်ပိုင်းလောက် တွင် စတင်အသုံးပြုလာခြင်းဖြစ်သည်။ လက် ရှိမြန်မာနိုင်ငံတွင် အခမဲ့ကြော်ငြာဝက်ဘ်ဆိုက် ပေါင်း မြောက်များစွာ ပေါ်ပေါက်လာပြီး ယင်း ဝက်ဘ်ဆိုက်ကိုအသုံးပြုမူနှုန်းမှာလည်း သိသိ သာသာ တိုးမြင့်လာကြောင်းကိုလည်း တွေ့ရှိ ရသည်။''လက်ရှိ ကျွန်တော်တို့ဝက်ဘ်ဆိုက်မှာ နေ့စဉ်နဲ့အမျှရောင်းချမူဟာ ၂၀၁၅ နှစ်ကစပြီး ၇၀ ရာခိုင်နှုန်းလောက်အထိ တိုးတက်လာ ပါတယ်။လက်ရှိကျွန်တော်တို့ ဝက်ဘ်ဆိုက်မှာ Facebook ကနေတစ်ဆင
မုံရွာမြို့နယ်ရဲ့ နှစ်စဉ်ကြက်သွန်နီစိုက်ပျိုးမှုအနေနဲ့ ဆောင်းစိုက်ဧက ၅၅၀၀ ခန့်နဲ့ မိုးစိုက်ဧက ၁၀၀၀ ဝန်းကျင်ရှိပြီး ဒေသတွင်း စားသုံးမှုပိုလျှံရုံမျှမက မန္တလေး၊ ရန်ကုန်ဈေးကွက်များကိုပါတင်ပို့နိုင်မှုရှိပါတယ်။ ဈေးကွက်အားဖြင့် ကြက်သွန် ပေါ်ချိန်မှာ အနိမ့်ဆုံး ၁၈၀ ကျပ်-၂၀၀ ကျပ်မှ ၂၅၀ ကျပ်-၃၀၀ ကျပ်အထိ ပေါက် ဈေး ဖြစ်ပေါ်တတ်ပြီး၊ ကြက်သွန်ရှားချိန် နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ တစ်ပိဿာ ၁၀၀၀ ကျပ်-၁၅၀၀ ကျပ်ထက် မကျော်တတ်ပေမယ့် ယခုနှစ်မှာတော့ ဈေးကွက် ထဲကြက်သွန် သိသိသာသာပြတ်လပ်ခဲ့တဲ့အတွက် ဝယ်လိုအား မြင့်မားနေတာ ကြောင့် တစ်ပိဿာ ၂၀၀၀ ကျပ်-၂၅၀၀ ကျပ်အထိ အမြင့်ဈေးဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ ဒါဟာ ကုန်သည်တွေ ဈေး ကစာ
မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယပတ် ပဲဈေးကွက်မှာ ပဲမျိုးစုံထက် မြေပဲ ဆန်ဈေးကွက် အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်ပဲဈေး ကွက်မှာ နထစသမအ ဈေးကွက်ပဲတွေဖြစ်ကြတဲ့ ငုံနီ၊ စိမ်းသေးနဲ့ မတ်ပဲတို့မှာ ပေါက်ဈေး သာဖွင့်နိုင်ခဲ့ပြီး အရောင်းအဝယ်မဖြစ်သလောက်ပါးခဲ့ကာ ဒေသသုံးပဲ တွေဖြစ်တဲ့ စွန်တာနီ၊ ပဲနီလုံးကြား၊ ပဲပုပ်၊ စားတော်ပဲနဲ့ ပဲယင်းဝါတို့ အရောင်းအဝယ်အနည်းငယ်ဖြစ်ခဲ့ပါတယ်။ကုလားပဲ မျိုးစုံဈေး ကွက်မှာတော့ ထိုင်ဝမ်တစ်တင်း ၃၈၂၀၀ ကျပ်၊V2 တစ် တင်း ၃၉၀၀၀ ကျပ်၊ 929 တစ်တင်း ၃၉၃၀၀ ကျပ် အသီးသီးပေါက်ဈေးဖြစ်ခဲ့ကြ ပြီး၊ ဒေသတွင်း ပဲခွဲစက်၊ အမှုန့်ကြိတ်စက်နဲ့ ကြာဆံစက်သမားတွေ မရှိမဖြစ် လုပ်ငန်းသုံးအဝယ်ရ
နိုဝင်ဘာလ ပထမပတ်အတွင်းမှာ မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၉ ဒသမ ၃၉၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၂၆၅ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့မှုများမှာ မူဆယ် (၁၀၅) မိုင်မှ ငစိန် ဆန် ၁၂၂၆၈ တန်ကျော်၊ ဧည့်မထဆန် ၁၀၁၂၁ တန်၊ ချင်းရွှေဟော်စခန်းမှ ငစိန်ဆန် ၂၀၉ တန်နဲ့ လွယ်ဂျယ်စခန်းမှ ငစိန်ဆန် ၂၆၆၆ တန်ကျော် တင်ပို့ခဲ့တာဖြစ်ပါတယ်။ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် ၉၄၄၄ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်အပြင် ကန်ဒေါ်လာ ၁ ဒသမ ၄၂၇ သန်းဖိုး ရှိ ဆန်ကွဲကို မူဆယ် ၁၀၅ မိုင်မှ ၄၃၇၈ တန်ကျော် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် ၁၆၈၈ တန်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ပင်လယ်ရေကြောင်းမှ တင်ပိ