Main menu

Background

Thursday, 24 Aug 2017

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Government of Victoria ၏ Small Business, Innovation and Trade Minister ဖြစ်သူ Mr. Philip Dalidakis ဦးဆော င်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၁၅ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံခဲ့သည်။

Tuesday, 22 Aug 2017

    မအူပင်မြို့နယ်တွင် ၂၀၁၇ ခုနှစ် မိုးစပါးရာသီ စိုက် ဧက ၁၄၁၂၉၃ စိုက်ပျိုးခဲ့ပြီး ပဲခူးစုကျေးရွာ၊ လက်ပံချောင်း ကျေးရွာ၊ တရော်ဒေါင့်ကျေးရွာ၊ ကမာချိန်ကျေးရွာများတွင်  စိုက်ပျိုးလျက်ရှိသော ရက်(၉၀)မိုးဆင်းသုခ စပါးများကို ဇူလိုင်လ ဒုတိယပတ်တွင် စတင်ရိတ်သိမ်းလျက်ရှိရာ သြဂုတ် လ ၁၂ ရက်ထိ မိုးစပါးဧက ၁၅၀၀-၂၀၀၀ ခန့် ရိတ်သိမ်းပြီး ကြောင်း တောင်သူဦးမြင့်ဝေ၊ ဦးဝတုတ်၊ ဦးမျိုး၊ ဦးမြင့်စိုးတို့ထံမှ သိရသည်။ စပါးအထွက်နှုန်းမှာ တစ်ဧ ကလျှင် အစို ၅၅-၆၀ တင်း နှင့် ၆၀-၆၅ တင်း ဝန်းကျင်ရှိပြီး တောင်သူရောင်းဈေးမှာပေါင် ၁၀၀ ၊ တင်း ၁၀၀ ကိုကျပ် ၄၆၀၀၀၀ ဈေးနှုန်းဖြစ်ပြီး မြို့ပေါ် အရောက် သယ်ယူစရိတ်ပါ ကျပ် ၄၈၀၀၀၀ ဝန်းကျင်ရှ

Tuesday, 22 Aug 2017

          လူ့အဖြစ်ကို လွန်စွာရခဲလှပေသည်။ လူ့ပြည်က အပ်တစ်စင်းနှင့် နတ်ပြည်က အပ်တစ်စင်း ထိပ်တိုက်ဆုံဖို့ရာ လွယ်ချင်လွယ်လိမ့်မည်။ ပင်လယ်ထဲမှ လိပ်ကန်းတစ်ကောင်သည် နှစ်တစ်ထောင် ကြာမှ ရေပေါ်သို့ တစ်ခါ တက်၍ အသက်ရှူချိန် တွင် ရေပေါ်၌ ပေါလောမျောနေသော ထမ်းပိုးရှိ အပေါက်၌ စွတ်မိခြင်းသည် လွယ်ကောင်း လွယ် လိမ့်မည်။ လူ့အဖြစ်ကိုရရန်မူ လွန်စွာ ခဲယဉ်းပေ သည်ဟုဆိုကြသည်။ လူ့အဖြစ်ကို လွန်စွာ ရခဲ ကြောင်း ဆိုလိုခြင်းဖြစ်သည်။ ယနေ့သည် ခေတ်မီ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှလုံခြုံ စိတ်ချရမှု မရှိသော အစားအသောက်များ၊ အသုံးအဆောင် များ၊ လူသုံးကုန်ပစ္စည်းများကြောင့် ရခဲလှသော လူ့ဘဝကို များစွာ အန္တရာယ်ပေးလျက် ရှိနေပါ သည်။ စာ

Tuesday, 22 Aug 2017

      အာဆီယံဒေသတွင်းရှိ မဲခေါင်ဒေသ (Greater Mekong Sub-Region,GMS)ကြီးတွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ၊ဗီယက်နမ်နှင့် တရုတ်နိုင်ငံရှိ ယူနန်ဒေသနှင့် ဂေါင်ဇီဇူယန်း ဒေသတို့ ပါဝင်ဖွဲ့စည်းထား ပါသည်။ ဤဒေသကြီးသည် လက်ရှိကမ္ဘာပေါ်တွင် အလျင်မြန်ဆုံး တိုးတက်နေသည့် ဒေသတစ်ခုအဖြစ်လည်းကောင်း၊ သယံဇာတအပေါများဆုံး ဒေသအဖြစ်လည်းကောင်း တစ်ကမ္ဘာလုံးက အသိအမှတ်ပြုအာရုံစိုက်ခံရသည့် ဒေသတစ်ခု ဖြစ်လာပါသည်။ ယင်းသို့လျင်မြန်စွာတိုး တက်လာသည့် မဲခေါင်ဒေသကြီးတွင် စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ လျင်မြန်စွာ တိုးတက်စေရေးနှင့် ဒေသကြီးအတွင်း ပညာရေးကဏ္ဍတိုးတက်စေရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်လ

Friday, 18 Aug 2017

        မနီနိုင်ငံ၏ အကြီးဆုံးတစ်ပိုင်းလျှပ် ကူးပစ္စည်းများထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Infineon နည်းပညာကုမ္ပဏီက မလက်ကာရှိ လျှပ်စစ် ဓာတ်အားပေးရေးလုပ်ငန်းအတွက် ရင်းဂစ်သန်း ၂၄၀ ရင်းနှီးမြှုပ်နှံ မည်ဖြစ် ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။ ဂျာမနီနိုင်ငံမှ Infineon နည်းပညာကုမ္ပဏီသည် မလေးရှားနိုင်ငံတွင် ရုံးခွဲ တစ်ခုလာရောက်ဖွင့်လှစ်ပြီး မလက်ကာရှိ လျှပ်စစ်ဓာတ်အားပေးရေး လုပ်ငန်းတွင် ရ င်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Thursday, 17 Aug 2017

        ဥရောပနိုင်ငံအနှံ့အပြားနှင့် ဟောင်ကောင်တို့တွင် ပိုးသတ်ဆေးသင့်ကြက်ဥများ ပျံ့နှံ့ရောက်ရှိနေကြောင်း ဘီဘီစီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဥရောပနိုင်ငံများတွင် ဖြန့်ချိလျက်ရှိသည့် ကြက်ဥများတွင် Fipronil ဟုခေါ်သည့် တိရစ္ဆာန်များတွင် တွယ်ကပ်တတ်သည့် သန်းများ သတ်ရာတွင် အသုံးပြုသည့် ပိုးသတ်ဆေးများကို ကြက်ဥပြုတ်များတွင် တွေ့ရှိရကြောင်း ဒိန်းမတ်နိုင်ငံမှ တာဝန် ရှိသူများကပြောကြားခဲ့သည်။ ဒိန်းမတ်နိုင်ငံတွင် အဆိုပါကြက်ဥ တန်ချိန် ၂၀ ကို ရောင်းချခဲ့ပြီးဖြစ်သည်ဟုဆိုသည်။

Thursday, 17 Aug 2017

       ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ယခုနှစ်ဆန်တင်ပို့ မှုအား တန်ချိန် ၁၁ သန်းအထိ ရောက်ရှိပြီး အမြင့်ဆုံး စံချိန်တင်နိုင်မည်ဖြစ်ကြောင်း၊ ဒုတိယ နှစ်ဝက်အတွင်း သဘာဝဘေးအန္တရာယ် တွေ့ကြုံ ရသောနိုင်ငံများမှ ဝယ်လိုအားအသစ်များမြောက် မြားစွာရရှိခဲ့၍ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မစ္စအပီရာဒီတန်တရာဘွန်းက ဝန်ကြီးဌာနအနေဖြင့် ယခင် ခန့်မှန်းထားသည့် တန်ချိန် ၁၀ သန်းအစား တိုးမြှင့်ခန့်မှန်းထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံအများစုမှ ထိုင်းဆန်ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြကြောင်း ပြောကြားခဲ့ပါသည်။ အချို့သော  ရိုးရာဓလေ့အရ ဝယ်ယူသူများမှာ

Wednesday, 16 Aug 2017

         ယခုတစ်ပတ်အတွင်း ပြည်တွင်းငွေလဲနှုန်းများသည် အတက်အကျ အနည်း ငယ်ဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ငွေလဲနှုန်း များသည် အတက် အကျအနည်းငယ်ဖြင့် အရောင်းအဝယ်အေးခဲ့သည်။ သို့သော် ယခုတစ်ပတ် ဈေးစ ဖွင့်ရက်ဖြစ်သည့် သြဂုတ် ၇ ရက်တွင် အနိမ့်ဈေးဖြင့် ဈေးဖွင့်ခဲ့သော်လည်း သြဂုတ် ၈ ရက်တွင် နှစ်ကျပ်ခန့်မြင့်တက်ခဲ့သည်။ နောက်ပိုင်းရက်များတွင်မူ ဈေးပြန် လည်ကျဆင်းခဲ့ကာ ယခင်တစ်ပတ်ကဈေးအတိုင်း ရှိခဲ့သည်။

Tuesday, 15 Aug 2017

     ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးများ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်းက ကမ္ဘာ့ရွှေဈေးများ ငြိမ်သက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ငြိမ်သက်ခဲ့သည်။ သို့သော်ယခုတစ်ပတ်တွင်မူ ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံးဈေးအဖြစ် တစ်အောင်စလျှင် ၁၂၈၅ အမေရိကန် ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ "ဒီတစ်ပတ်ရွှေဈေး ကတော့ စံချိန်တင်လောက်တယ်။ သြင်္ကန်မတိုင်ခင်နဲ့ သြင်္ကန်အပြီးတုန်းက ဖြစ်ပေါ်ခဲ့တဲ့ဈေးလောက်ကို ရောက်လာတယ်။ ဒီထက်ထပ်တက်မယ်ဆိုရင်ဈေးက စံချိန်တင်အမြင့်ဆုံးဈေးကို ရောက်သွားနိုင်တယ်။ အခုဈေးက နှစ် ဆန်းတစ်ရက်နေ့

Tuesday, 15 Aug 2017

      ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၅ ရက်အထိ  သီတင်းပတ်အတွင်း နနွင်း ၂၈၃ ဒသမ ၉၉၅ တန်ကို ပင်လယ်ရေ ကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါ တယ်။ ဒီတစ်ပတ် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ တန်ချိန် ၉၀၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၈၄ တန်၊ သီရိ လင်္ကာနိုင်ငံသို့တန်ချိန်၂၀နဲ့ အိန္ဒိယနိုင်ငံ သို့၈၉ ဒသမ ၉၉၅ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်က နနွင်းတစ်တန်သာ တင်ပို့နိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ နနွင်းတန်ချိန် ၂၈၀ကျော် တင်ပို့မှုပိုခဲ့တယ်လို့ သိရပါ တယ်။ နနွင်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁၉၉၇၅၆ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်နှစ်က နနွင်းတစ်တန်ကိုပျမ်းမျှအမေရိကန်ဒေါ်လာ ၇၅၀- ၇၇၀ ဝန်းကျင်ရ

Pages