Main menu

Background

Monday, 14 Aug 2017

         ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး အားထုတ်နိုင်ရန်အတွက်  ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံခြားကုန်သွယ် မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ အဒူချိုတီနီဆခွန်းက ခရီးစဉ်အား သြဂုတ် ၇  ရက်မှ၁၂ ရက်အထိ သွားရောက်ရန် စီစဉ်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များကို လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ရန်ေ ဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ  နယ်စပ်ကုန်သွယ်မှု ပမာဏအား ငါးရာခိုင်နှုန်း မြင့်တက်ပြီး  တန်ဖိုး ဘတ် ၁ ဒသမ ၈ ထရီလီယံရရှိရန် မျှော်မှန်းထားပါသည်။

Monday, 14 Aug 2017

      စီးပွားရေးးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သည် အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.

Friday, 11 Aug 2017

       ချက်နိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်  နိုင်ငံ  ကုန်သွယ်ရေးပူးပေါင်းဆောင် ရွက်မှုအစီအစဉ်အရ ကုန်တင်ရထား ဖြင့် ကုန်သွယ်မှုပြုလျက်ရှိရာ ချက်နိုင်ငံ မှ ကုန်ပစ္စည်းများကို တင်ဆောင်ခုတ် မောင်းလာသည့် ကုန်တင်ရထား သည် တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့    ပြန်လည်ဆိုက်ရောက်လာခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ အဆိုပါ ကုန်တင်ရထားသည် ပရာ့ဂ်မြို့မှ ဇူလိုင် ၂၀ ရက်က ထွက် ခွာလာခဲ့ခြင်းဖြ စ်ပြီး တရုတ်နိုင်ငံ၊ ဂျေးဂျန်းပြည်နယ်၊ Yiwu မြို့သို့ သြဂုတ်လ ၄ ရက် နံနက် ၁၁ နာရီတွင် ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည်  ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု  အစီအစဉ်ဖြင့် ဥရောပနိုင်

Friday, 11 Aug 2017

       Smart Business Group မှ ကြီးမှူး၍ Yangon Expo & Thai Products Fair 2017 ကုန်စည်ပြပွဲကို ရန်ကုန်မြို့၊ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် သြဂုတ် ၄ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည်။ ပြပွဲတွင် နိုင်ငံ တကာမှ ကုန်ပစ္စည်းများအပြင် ထိုင်းနိုင်ငံရှိ ပင်ရင်းကုမ္ပဏီများ၊ စက်ရုံကြီးများ၊ လက်ကားလုပ်ငန်းရှင်များ၊ မြန်မာ နိုင်ငံတွင် ကုန်ပစ္စည်းဖြန့်ဖြူးရန်အတွက် ကိုယ်စားလှယ်ပေးလိုသည့်လုပ်ငန်းရှင်များက ပြခန်းပေါင်း ၁၅၀ ကျော်ြ ဖင့် လာရောက်ပြသ ရောင်းချကြမည်ဖြစ်သည်။ အဆိုပါပြပွဲတွင်ရောင်းချကြသည့် ကုန်ပစ္စည်းများအား အထူးလျှော့ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြပွဲသို့လာရောက်ကြသည့် ပြည်

Friday, 11 Aug 2017

         ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် တစ်သန်းဝယ်ယူ ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ၊စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး Pan Sorasak နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီး Qamrul Islam တို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် သြဂုတ်လ ၂ ရက်က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြောင်း ဆင်ဟွာသတင်း တွင် ဖော်ပြထားသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စားသောက်ကုန်ဝန်ကြီးဌာနဝန်ကြီးက မိမိတို့အနေဖြင့် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်တန်ချိန် နှစ်သိန်းနှင့် ပေါင်းဆန်တန်ချိန်ငါးသောင်းတို့ကို အမြန်ဆုံးဝယ်ယူလို

Wednesday, 9 Aug 2017

          ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြားရှိ စီးပွားရေး၊ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသောကဏ္ဍများစွာအား  ပူးပေါင်းမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံရှိ Export-Import ဘဏ်(EXIM Thailand) နှင့် ဇူလိုင် ၃၀ ရက်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ကမ္ဘောဇဘဏ်၏သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုStrand Square ရှိ ကမ္ဘောဇဘဏ်၏ International Banking Division ၌ကျင်းပခဲ့ရာ ကမ္ဘောဇဘဏ် International Banking Division ၏ Managing Director ဖြစ်သူ ဦးဝင်းလွင်နှင့် EXIM Thailand ဘဏ်မှ Mr.

Wednesday, 9 Aug 2017

          ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံများ ပါဝင်သော BRICS နိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၏ နှစ်ပတ်လည်အစည်းအဝေးကို သြဂုတ်လ ၁ ရက်က ရှန်ဟိုင်းတွင် ကျင်းပခဲ့သည်။ ၎င်းအစည်း အဝေးတွင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံစုံကုန်သွယ်မှုစနစ်တို့နှင့်စပ်လျဉ်း ၍ အဓိကထားဆွေးနွေးကြမည်ကြောင်း ရှန်ဟိုင်းတွင် နှစ်ရက်ကြာ ကျင်းပခဲ့သော ခုနစ်ကြိမ်မြောက် ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  မစ္စတာကျုံရှန်

Tuesday, 8 Aug 2017

        ပခုက္ကူကုန်စည်ဒိုင်မှ ကြီးမှူး၍ "ပဲမျိုးစုံနှင့် နှမ်းထုတ်လုပ်ခြင်း စီမံကိန်းအဖွဲ့ခွဲ ဆောင်ရွက်ခြင်းအတွက် ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်နိုင်မှုများနှင့် သင့်လျော်သော လျှော့ချနိုင်ရေး ဆောင်ရွက်ချက်များ (CFAVC , PPTA 8897 ,MYA )"ဟူသည့် လူထုအစည်းအဝေးတစ်ရပ်ကို ပခုက္ကူ ကုန်သည်ပွဲစားများအသင်းမှာ သြဂုတ် ၂ ရက်က ကျင်းပခဲ့ပါတယ်။ အဆိုပါလူထုအစည်းအဝေးသို့ Pakokku Dragon Trading Co;Ltd နှင့် ADB မှ တာဝန်ရှိသူများ၊ စီမံကိန်းနှင့်သက်ဆိုင်သော ပြည်တွင်း/ပြည်ပမှပညာရှင်များ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပါတယ်။

Tuesday, 8 Aug 2017

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ကြီးမှူး၍နှုၤ အစီအစဉ်ဖြင့်ဝါ၊ ကြံ၊ သကြား ပြည်ပပို့ကုန်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲအား မန္တလေးတိုင်းဒေသကြီး၊  မန္တေ လးမြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း  (ြျွဃဃှု) အစည်းအဝေး ခန်းမ၌ သြဂုတ်လ ၄  ရက်တွင် ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး၊  စိုက်ပျိုးရေးနှင့်မွေးမြူ ရေး၊ ဆည်မြောင်းဝန်ကြီး ဒေါက်တာစိုးသန်း၊မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးနှင့် မြန်မာနိုင်ငံကြံနှင့် ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းဥက္ကဋ

Tuesday, 8 Aug 2017

        ပြည် ကြက်သွန်နီဈေးကွက်တွင် ယခုတစ်ပတ်အတွင်း လက်လီရော လက်ကားပါဈေးဆက်လက်မြင့်တက်လျက်ရှိပါတယ်။ ယခုလိုဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် ဈေးကွက်အတွင်း ဝယ်လိုအားသိသိသာသာ နည်း သွားကြောင်းဈေးကွက်မှ သိရပါတယ်။ ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်းအတွင်းရှိ ကြက်သွန်နီ ကုန်စည်ဒိုင်များသို့ တာချီလိတ်၊ မြဝတီဘက်များမှ ဝယ်လက်များ ကိုယ်တိုင်ကွင်း ဆင်းကာ ဈေးကောင်းပေးဝယ်ယူမှု များကြောင့် ပြည်တွင်းလက်ကျန်နည်းကာ ဈေး နှုန်းများ မြင့်တက်ရခြင်းဖြစ်ကြောင်း၊ ပြည်ပွဲရုံ လုပ်ငန်းရှင်များရဲ့ ပြောကြားချက်အရသိရှိရပါတယ်။ ဈေးနှုန်းလည်းမြင့်တက်သလို ပြည်တွင်းလက်ကျန်လည်း နည်းနေသဖြင့် ပြည်ေ ဈးကွက်အတွင်းသို့ နေ့စဉ် ပိဿာ

Pages