Main menu

Background

Monday, 19 Jun 2017

        ဇွန် ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄၆၇သန်း တန်ဖိုးရှိ ဆန်နဲ့ကောက်ညှင်းဆန် ၃၀၄၂၃ တန် တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ် ရေးဇုန်မှ ငစိန်ဆန် ၃၀၇၇ တန်၊ ဧည့်မထဆန် ၁၄၄၁၁ တန်နဲ့ ကောက်ညှင်းဆန် ၃၉၆ တန်ကျော်၊ ချင်းရွှေဟော်ကုန် သွယ်ရေးစခန်းမှ ငစိန်ဆန ၆၈တန်နဲ့ ဧည့်မထဆန် ၃၉၄ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၂၀၂၇တန် ကျော်တင်ပို့ခဲ့ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  မောင်တောကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် တန် ၅၀ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က ၃၆၂၇၁ တန်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၅၈၄၈ တန်လျော့နည်းတင်ပို့ခဲ့ပ

Thursday, 15 Jun 2017

         ထုတ်လုပ်မှုကို ပြန်လည်ထိန်းချုပ်ထားခြင်းဖြင့် ရေနံတင်ပို့သောနိုင်ငံ များအဖွဲ့(အိုပက်) က ဈေးကွက်ကို ထိန်းချုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းလျက် ရှိသော်လည်း ရေနံစိမ်းရောင်းလိုအား ဆက်လက်မြင့်တက်နေသည်ကို တွေ့ရသည့်အတွက် ဇွန် ၉ ရက်တွင် ရေနံစိမ်းဈေးနှုန်းများ ဆက်လက်ကျဆင်းလျက် ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဘရင့်ရေနံစိမ်း ကြိုရောင်းဈေးနှုန်းများမှာ ဇွန် ၉ ရက်ဂရင်းနစ်စံတော် ချိန် နံနက် ၃၉ မိနစ်က တစ်စည်ကို အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၆၇ နှုန်းသို့ရောက်ရှိခဲ့ရာ ယမန်နေ့ဈေးပိတ်ချိန်က ဈေးနှုန်းအောက် သုည ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိုပက်အဖွဲ့က ခေါင်းဆောင်ပြီး ရေနံထုတ်လုပ်မှုကို ၂၀၁၈ ခုနှစ် ပထ

Thursday, 15 Jun 2017

      ဗီယက်နမ်နိုင်ငံ၏ ခြံမွေးတိရစ္ဆာန် လုပ်ငန်းမှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိနေ သော်လည်း ပြည်ပသို့ တင်ပို့မှုကို ကောင်းစွာ  ဆောင်ရွက်နိုင်ခြင်းမရှိ သေးကြောင်း ဗီယက်နမ်နယူးစ်သတင်း တွင် ဖော်ပြထားသည်။ ဗီယက်နမ်နို င်ငံမှ ထွက်ရှိသော ခြံမွေးတိရစ္ဆာန်  ထွက်ကုန်အများစုမှာ ပြည်တွင်း ဈေးကွက်များတွင်သာ ရောင်းချလျက်ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်အောက်ရှိ တိရစ္ဆာန် ကျန်းမာရေးဌာန ညွှန် ကြားရေးမှူး ဖမ်ဗန်ဒေါင်းကပြောသည်။ ဒေါင်း၏ အဆိုအရ သားသတ်ရုံ များ၊ တိရစ္ဆာန် မွေးမြူရေးခြံများ၏ အရည်အသွေး  နိမ့်ကျမှုနှင့်  ရောဂါ အန္တရာယ်များကြောင့် ပြည်ပသို့ ခြံ မွေးတိရစ္ဆာန် ထွက်ကုန်တင

Thursday, 15 Jun 2017

         ဆန်အဓိကတင်သွင်းသော နိုင်ငံများ၏ ဝယ်လိုအား မြင့်တက်လာမှုကြောင့် ထိုင်းဆန် ဈေးနှုန်းသည် လေးနှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ ရောက်ရှိပြီး ဗီယက်နမ်ဆန်ဈေးမှာလည်း နှစ်နှစ်အတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိ ခဲ့ကြောင်း ဇွန် ၈ ရက် တွင် ကုန်သည်များက ပြောကြားခဲ့သည်ကို ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုင်းငါးမှတ်ဆန်၏  အခြေခံစံထားဈေး နှုန်းမှာ ဗန်ကောက်အက်ဖ်အိုဘီဈေးနှုန်းအရ တစ်တန်ကို  အမေရိကန်ဒေါ်လာ  ၄၄၀ မှ ၄၅၇ အကြားရှိခဲ့ရာ ယခင်ရက်သတ္တပတ်က ရှိခဲ့သော ဈေးနှုန်းဖြစ်သည့် တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၃၀ မှ မြင့်တက် လာခြင်းဖြစ်သည်။

Wednesday, 14 Jun 2017

        အိန္ဒိယဗဟိုဘဏ်က ငွေကြေး ဖောင်းပွမှုနှုန်းကို  လျှော့ချခန့်မှန်းပြီး ဗဟိုဘဏ်၏ ရည်ညွှန်း အတိုးနှုန်းကို  ၆ ဒသမ ၂၅ နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးသော အတိုးနှုန်းကိုလည်း ခြောက်နှစ်ခွဲအတွင်း အနိမ့်ဆုံးနှုန်းအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ရာ ထိုဆုံး ဖြတ်ချက်မှာ ငွေကြေးမူဝါဒကော်မတီ အစည်းအဝေး မတိုင် မီ ရိုက်တာသတင်း ဌာနက လေ့လာဆန်းစစ်ရေးမှူး ၆၀ ဦး ၏ သဘောထားကို စစ်တမ်းကောက်ယူ ခဲ့ရာ ၅၆ ဦး၏ သဘောထားနှင့်ကိုက်ညီ မှုရှိသည်ကို တွေ့ရသည်။

Tuesday, 13 Jun 2017

       ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာများအား အနိမ့်ဈေးဖြင့်ပင် အရောင်းအဝယ်ပြုလုပ်လျက်ရှိ ကြောင်း YSX ၏ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန် စတော့အိတ် ချိန်းတွင် အစုရှယ်ယာကုမ္ပဏီလေးခုက အရောင်းအဝယ်များ ပြုလုပ်လျက်ရှိရာ အစုရှယ် ယာလေးခုစလုံးပင် အကျဈေးဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ ယခုတစ်ပတ်အတွင်း အစုရှယ် ယာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကျပ် သန်းသုံးရာနီးပါးရှိခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Tuesday, 13 Jun 2017

        ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၄၀၀၀ သို့ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့သည်။ အဆိုပါဈေးသည် ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမြင့်ဆုံးဈေးအဖြစ်  အမေရိကန် ၁၂၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးများလည်း ပြန်လည် ကျ ဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး မြင့်တက်လာတယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက အမြင့်ဆုံး ကျပ် ၉၁၄၀၀၀ အထိ ရောက်ရှိခဲ့သလိ

Tuesday, 13 Jun 2017

      ပြီးခဲ့သည့်ရက်သတ္တပတ်များက ဈေးငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲ နှုန်းများသည် ယခုတစ်ပတ်တွင် ဈေးအနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း အမေရိက န်ဒေါ်လာနှင့် ဖလှယ်နှုန်းများ ကျဆင်းနေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေရခြင်းဖြစ် ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ "ဒီတစ်ပတ်မှာ ငွေလဲနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် နည်းနည်းကျ သွား တယ်။ ဈေးကျသွားပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီးမှာလည်း အမေရိကန်ဒေါ်လာနဲ့ဖလှယ်နှုန်းက ကျဆင်းသွားတဲ့ အတွက် ပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းရတာဖြစ်ပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရော

Monday, 12 Jun 2017

     ပြည်ပဝယ်လက် ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ယခုနှစ်အတွင်း ဈေးအေးခဲ့တဲ့အတွက်  လှောင်လက်သမားများ အရှုံးပေါ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လည်း တွက်ခြေမကိုက်သလောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံသည်လည်း ယခုကာလတွင် ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက် သာ အဝယ်ရှိခဲ့ပါတယ်။ သို့ သော်လည်း နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ်ခဲ့ပြီးဝယ်လို အားရှိတဲ့ရက်မှာ အိတ် ၃၀၀ ကျော်ခန့်ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ပဲဈေးမှာ တစ်တင်း နှစ်သောင်းအောက်ဖြင့်ဈေး ငြိမ်လျက်ရှိသလို မတ်ပဲဈေးထက်လည်း လျော့နည်းလျက်ရှိ ကြောင်းသိရပါတယ်။

 

Monday, 12 Jun 2017

    မေ ၂၇ ရက်မှ  ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၃၆၂၇၁ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှု များမှာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၂၈တန်ကျော်နဲ့ဧည့် မထဆန်တန်ချိန် ၁၉၈၀၀ ကျော် ၊ချင်းရွှေ ဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၂၄ တန်ကျော်နဲ့ ဧည့်မထဆန် ၂၁၃ တန် ကျော်၊ လွယ်ဂျယ် ကုန်သွ ယ်ရေးစခန်းမှ ငစိန်ဆန်တန်၁၅၀၅၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၇တန်ကျော် တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် ကောက်ညှင်းဆန် ၅၀၄တန်ခန့်ကို မူဆယ် (၁၀၅)မိုင်ကုန်သွယ

Pages