Main menu

Background

Wednesday, 14 Jun 2017

        အိန္ဒိယဗဟိုဘဏ်က ငွေကြေး ဖောင်းပွမှုနှုန်းကို  လျှော့ချခန့်မှန်းပြီး ဗဟိုဘဏ်၏ ရည်ညွှန်း အတိုးနှုန်းကို  ၆ ဒသမ ၂၅ နှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဗဟိုဘဏ်မှ ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ထုတ်ချေးသော အတိုးနှုန်းကိုလည်း ခြောက်နှစ်ခွဲအတွင်း အနိမ့်ဆုံးနှုန်းအတိုင်း ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ရာ ထိုဆုံး ဖြတ်ချက်မှာ ငွေကြေးမူဝါဒကော်မတီ အစည်းအဝေး မတိုင် မီ ရိုက်တာသတင်း ဌာနက လေ့လာဆန်းစစ်ရေးမှူး ၆၀ ဦး ၏ သဘောထားကို စစ်တမ်းကောက်ယူ ခဲ့ရာ ၅၆ ဦး၏ သဘောထားနှင့်ကိုက်ညီ မှုရှိသည်ကို တွေ့ရသည်။

Tuesday, 13 Jun 2017

       ယခုတစ်ပတ်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ရောင်းဝယ်လျက်ရှိသည့် အစုရှယ်ယာများအား အနိမ့်ဈေးဖြင့်ပင် အရောင်းအဝယ်ပြုလုပ်လျက်ရှိ ကြောင်း YSX ၏ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ရန်ကုန် စတော့အိတ် ချိန်းတွင် အစုရှယ်ယာကုမ္ပဏီလေးခုက အရောင်းအဝယ်များ ပြုလုပ်လျက်ရှိရာ အစုရှယ် ယာလေးခုစလုံးပင် အကျဈေးဖြင့် ရောင်းဝယ်နေကြခြင်းဖြစ်သည်။ ယခုတစ်ပတ်အတွင်း အစုရှယ် ယာ အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ ကျပ် သန်းသုံးရာနီးပါးရှိခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Tuesday, 13 Jun 2017

        ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ် ၉၁၄၀၀၀ သို့ရောက်ရှိခဲ့ပြီး ပြန်လည်ကျဆင်းလာခဲ့သည်။ အဆိုပါဈေးသည် ယခုတစ်ပတ်အတွင်း အမြင့်ဆုံး ဈေးဖြစ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည်လည်း အမြင့်ဆုံးဈေးအဖြစ်  အမေရိကန် ၁၂၉၃ ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်လာရခြင်းဖြစ်ပြီး ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာချိန်တွင် ပြည်တွင်းရွှေဈေးများလည်း ပြန်လည် ကျ ဆင်းလာခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ "ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီး မြင့်တက်လာတယ်။ ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက အမြင့်ဆုံး ကျပ် ၉၁၄၀၀၀ အထိ ရောက်ရှိခဲ့သလိ

Tuesday, 13 Jun 2017

      ပြီးခဲ့သည့်ရက်သတ္တပတ်များက ဈေးငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲ နှုန်းများသည် ယခုတစ်ပတ်တွင် ဈေးအနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း အမေရိက န်ဒေါ်လာနှင့် ဖလှယ်နှုန်းများ ကျဆင်းနေသဖြင့် ပြည်တွင်းငွေလဲနှုန်းများ ကျဆင်းနေရခြင်းဖြစ် ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရသည်။ "ဒီတစ်ပတ်မှာ ငွေလဲနှုန်းက ပြီးခဲ့တဲ့တစ်ပတ်ကနဲ့ နှိုင်းယှဉ်ရင် နည်းနည်းကျ သွား တယ်။ ဈေးကျသွားပေမယ့် အရောင်းအဝယ်က ပုံမှန်အတိုင်းပါပဲ။ ကမ္ဘာ့ နိုင်ငံအသီးသီးမှာလည်း အမေရိကန်ဒေါ်လာနဲ့ဖလှယ်နှုန်းက ကျဆင်းသွားတဲ့ အတွက် ပြည်တွင်းငွေလဲနှုန်းတွေပါ လိုက်ပါကျဆင်းရတာဖြစ်ပါတယ်"ဟု ဈေးကွက် အတွင်း ဝယ်ရော

Monday, 12 Jun 2017

     ပြည်ပဝယ်လက် ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံများ ယခုနှစ်အတွင်း ဈေးအေးခဲ့တဲ့အတွက်  လှောင်လက်သမားများ အရှုံးပေါ်သကဲ့သို့ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ လည်း တွက်ခြေမကိုက်သလောက် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံသီးနှံသည်လည်း ယခုကာလတွင် ပဲအဝင်မရှိဘဲ လက်ကျန် ပဲများဖြင့်သာ ရောင်းချခဲ့ကြပြီး ရန်ကုန်ဝယ်လက် သာ အဝယ်ရှိခဲ့ပါတယ်။ သို့ သော်လည်း နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ရက်ခြားသာ အရောင်း အဝယ်ဖြစ်ခဲ့ပြီးဝယ်လို အားရှိတဲ့ရက်မှာ အိတ် ၃၀၀ ကျော်ခန့်ရောင်းချခဲ့ရကြောင်း သိရပါတယ်။ ပဲဈေးမှာ တစ်တင်း နှစ်သောင်းအောက်ဖြင့်ဈေး ငြိမ်လျက်ရှိသလို မတ်ပဲဈေးထက်လည်း လျော့နည်းလျက်ရှိ ကြောင်းသိရပါတယ်။

 

Monday, 12 Jun 2017

    မေ ၂၇ ရက်မှ  ဇွန် ၂ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၂၈ သန်းတန်ဖိုးရှိ ဆန်နဲ့ ကောက်ညှင်းဆန် ၃၆၂၇၁ တန်တင်ပို့ခဲ့ပါတယ်။ မြန်မာ-တရုတ်နယ်စပ်မှ တင်ပို့မှု များမှာ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၂၈တန်ကျော်နဲ့ဧည့် မထဆန်တန်ချိန် ၁၉၈၀၀ ကျော် ၊ချင်းရွှေ ဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၁၂၄ တန်ကျော်နဲ့ ဧည့်မထဆန် ၂၁၃ တန် ကျော်၊ လွယ်ဂျယ် ကုန်သွ ယ်ရေးစခန်းမှ ငစိန်ဆန်တန်၁၅၀၅၀ ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ ဧည့်မထဆန် ၃၇တန်ကျော် တင်ပို့ခဲ့ပါတယ်။ ဆန်အပြင် ကောက်ညှင်းဆန် ၅၀၄တန်ခန့်ကို မူဆယ် (၁၀၅)မိုင်ကုန်သွယ

Thursday, 8 Jun 2017

        "အသီးများ၏ဘုရင်" ဟုတင်စားခေါ်ဝေါ်သော အိန္ဒိယ သရက်သီးသည် မေ ၂၈ ရက်တွင် ကုန်ဆုံးသော ရက်သတ္တပတ်ကုန်ဆုံးချိန်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့ကြောင်း ယွန်းဟပ် သတင်းတွင် ဖော်ပြသည်။ အိန္ဒိယနိုင်ငံ ဟိုဒ္ဒရာဘတ် မင်ဇီလေကြောင်း ကုန်စည်ဌာန၏ဆောင်ရွက်ချက်ဖြင့် သရက်သီး ၂ ဒသမ ၅ တန်ကို ရာဂျစ်ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တောင်ကိုရီးယားနိုင်ငံသို့ ပထမဦးဆုံး အကြိမ် အဖြစ် ပို့ဆောင် ပေးခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသို့  သရက်သီးများ တင်ပို့နိုင်ရေးအတွက် အခက်အခဲများကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ တောင် ကိုရီးယားသံအမတ် ချိုဝှန်က ၂၀၁၆ ၊ ဇွန်လအ တွင်

Thursday, 8 Jun 2017

        ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာအလုပ် သမားများအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံကြား  ယုံကြည်စိတ်ချစွာ ငွေလွှဲနိုင်စေရန်အတွက် Myanmar Remit Card (မြန်မာငွေလွှဲကတ်) ဝန် ဆောင်မှုအသစ်ကို ထိုင်းနို င်ငံရှိ Kasikorn ဘဏ် (KBank) နှင့်ပူးပေါင်း၍ စတင်လုပ်ဆောင်လျက်ရှိ နေပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ သတင်းထုတ် ပြန်ချက်များအရ သိရသည်။ ထိုင်းနိုင်ငံမှ ထုတ်ပေးထားသော ကတ်များ နှင့် ထိုင်းနိုင်ငံတစ်ဝန်းရှိ KBank ATM စက်များမှ တစ်ဆင့် ဘားကုဒ်အား Scan ဖတ်စစ်ဆေးခြင်း ဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား များအနေဖြင့် လက်ခံအကောင့်တစ်ခုဆီသို့ တစ် နေ့လျှင်တစ်ကြိမ်နှုန်းဖြင့် ထိုင်းဘတ်ငွေ ၁၀၀ç၀၀၀

Thursday, 8 Jun 2017

     MMK Supporting Consultant Co,Ltd သည် ဂျပန်နိုင်ငံမှ မျိုးစေ့ ယူဆောင်လာ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ပြင်ဦးလွင်မြို့၊ ဗိုလ်ချုပ်ရွာ B2 တွင် Bupleurum Root (ဂျပန်စမုံစပါး) ၊Saposhnikovia Divaricata (Boufu) (တရုတ် နံနံပင်)၊  Scutellaria Baicalensis (Ougon) (မွန်ဂိုလီယံပင်ပွ)၊ Platycodon Grand- iflorus (ဘောလုံးပန်း) တို့အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာခန့်မှစ၍ မြေစမ်းစတင်စိုက်ပျိုးခဲ့ပြီး၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဆေးမြစ်များတူးဖော်၍  သဘာဝနည်းဖြင့် အခြောက်ခံကာ ၂၀၁၇ ခုနှစ် ဇွန်လတွင် အဆိုပါဆေးမြစ်များအား ဈေးကွက်သစ် ရရှိရေးအတွက် စမ်းသပ်ကာလအဖြစ် အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၈၀ တန် ဖိုးရှိ ဆေးမြစ်

Thursday, 1 Jun 2017

     ယခုတစ်ပတ်အတွင် ပြည်တွင်းရွှေဈေးများ ပြန်လည်ကျဆင်းလာသော်လည်း ကျပ်ကိုးသိန်းအထက်တွင်သာရှိနေသေးကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းလာမှုကြော င့် ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် လိုက်ပါမြင့်တက်ခဲ့သဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၉၁၀၀၀၀ သို့ ရောက်ရှိခဲ့သည်။

Pages