Main menu

Background

Tuesday, 6 Feb 2018

          ကမ္ဘာပေါ်တွင်စားအုန်းဆီဒုတိယအများဆုံးထုတ်လုပ် လျက်ရှိသော မလေးရှားနိုင်ငံ၏ စားအုန်းဆီပြည်ပတင်ပို့မှု သည် ဇန်နဝါရီတွင် ၈ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။ ထိုသို့ စားအုန်းဆီတင်ပို့မှုကျဆင်းကြောင်း ကိန်း ဂဏန်းအချက်အလက်များ ထွက်ပေါ်ခဲ့ပြီးနောက် ဖေဖော် ဝါရီ ၂ ရက်က  စားအုန်းဆီကြိုရောင်းကြိုဝယ်ဈေးမှာလည်း ကျဆင်းလာခဲ့သည်။ ဘာဆာမလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange)၏  ဧပြီတွင်ဖြန့်ဝေရန် ချုပ်ဆို သော ပဋိညာဉ်စာချုပ်အရ  စားအုန်းဆီ၏အခြေခံ စံထား ဈေးနှုန်းမှာ ဖေဖော်ဝါရီ ၂ရက်  နေ့လယ်ဈေးကွဲချိန်က တစ်တန် ကို ၂၄၇၂ ရင်းဂစ်(အမေရိကန်ဒေ ါ်လာ ၆၃၅ ဒသမ ၉၇) နှု

Wednesday, 3 Jan 2018

    မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးကွက်၌ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဈေးများကျဆင်းလာခဲ့ သည်။ ယခုကဲ့သို့ ကျဆင်းခြင်းသည် လေးရက်မြောက်နေ့ အဖြစ် ကျဆင်းခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်း တွင် ဖော်ပြထားသည်။

Wednesday, 27 Dec 2017

         စားအုန်းဆီကုန်သွယ်မှုပြုရာတွင်အသုံးပြုသည့် ရင်းဂစ် ငွေကြေးခိုင်မာနေမှုကြောင့် မလေးရှားစားအုန်းဆီ ဈေးနှုန်း များသည် ဒီဇင်ဘာ ၂၀ ရက်အထိ ဈေးကျဆင်းလျက်ရှိ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ  ထားသည်။ ရင်းဂစ်ငွေကြေးခိုင်မာမှုသည် အမေရိကန်ဒေါ်လာကို ကိုင်ဆောင်၍ ဝယ်ရောင်းပြုလုပ်သူများအတွက် စားအုန်းဆီ ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဒီဇင်ဘာ ၂၀ ရက် ဈေးကွက်ပိတ်ချိန်တွင် သုည ဒသမ ၂ ရာခိုင်နှုန်းမြင့် တက်ပြီး အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၇၁၀ ရင်းဂစ်နှုန်းရှိခဲ့သည်။ ယင်းပမာဏသည် ၁၄ လအတွင်း အမြင့်ဆုံးဖြစ်ခဲ့သည်။

Wednesday, 20 Dec 2017

      စားအုန်းဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေသော်လည်း ဒီဇင်ဘာလအတွင်းတွင် ဝယ်လိုအားများ အနည်း ငယ်မြင့်တက်လာခြင်းကြောင့် ဈေးပြန်လည်မြင့်တက်လာနိုင် ကြောင်း  စားအုန်းဆီထုတ်လုပ်သူ ကုန်သည်တ စ်ဦးက ပြော ကြားခဲ့သည်။ တရုတ်နိုင်ငံတွင် လူနာနှစ်သစ်ကူးပွဲတော်ကြောင့် စား အုန်းဆီလက်ကျန်များ လျော့နည်းသွားနိုင်သဖြင့် ဇန်နဝါရီ လတွင် စားအုန်းဆီဈေးနှုန်းများ ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာနိုင်သည်ဟု သုံးသပ်ရခြင်းဖြစ်ကြောင်း အဆိုပါ ကုန်သည်က စတားအွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။

Friday, 15 Dec 2017

     ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ ဖလှယ်နှုန်းများ မြင့်တက်လာမှုကြောင့်  စားအုန်းဆီဈေးနှုန်းများလည်း  ဆက်လက်ကျဆင်းခဲ့ကြောင်း၊ ယင်းကဲ့သို့ ကျဆင်းမှုသည် လေးလကျော်အတွင်း ဆက်လက်ကျဆင်းခြင်းဖြစ်ေ ကြာင်း၊ စားအုန်းဆီ ကြိုရောင်းကြိုဝယ်ကုန်သည်တစ်ဦးက စတား အွန်လိုင်းသတင်းသို့ ပြောကြားခဲ့သည်။စားအုန်းဆီကို ကုန်သွယ်မှုပြုနေသည့် ရင်းဂစ်ငွေကြေး  တန်ဖိုးသည် ဒီဇင်ဘာလ ၅ ရက်က ဆက်လက်မြင့်တက်ခဲ့သ ည်။ သို့သော် အမေရိကန်ဒေါ်လာနှင့် ဖလှယ်ရာတွင်မူ ရင်းဂစ်တန်ဖိုးသည် သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၆၆၀ ရင်းဂစ်ရှိ ခဲ့သည်။

Wednesday, 6 Dec 2017

          ရင်းဂစ်နှင့် အမေရိကန်ဒေါ်လာတို့၏ လဲလှယ်နှုန်းများ ပြန်လည်ကျဆင်းလာသဖြင့် မလေးရှားစားအုန်းဆီဈေးကွက် တွင် စားအုန်းဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြ ထားသည်။အမေရိကန်ဒေါ်လာနှင့် ရင်းဂစ်ငွေလဲနှုန်းသည် တစ် နှစ်တာအတွင်း အမြင့်ဆုံးနှုန်းသို့ရောက်ရှိခဲ့ပြီးနောက်  နိုဝင် ဘာ ၂၉ ရက်က သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၈၇၅ ရင်းဂစ်ရှိခဲ့ သည်။ ဘာဆာမလေးရှား ကုန်စည်ဒိုင်တွင် ဖေဖော်ဝါရီလ အတွက် စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက် တိုဘာ ၂၃ ရက်ကတည်းကမြင့်တက်ခဲ့ရာ နိုဝင်ဘာ ၃၀ရက် ဈေးကွက်ပိတ်ချိန်တွင် ၁ ဒသမ ၆ ရာ ခိုင်နှုန်းမြင

Friday, 1 Dec 2017

        မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် လေးပတ်မြောက်အဖြစ် ဆက်လက်ကျဆင်းခဲ့သည်။ ရင်းဂစ်ငွေတန်ဖိုးမြင့်တက်လာ မှုနှင့် ထုတ်လုပ်မှုမြင့်တက်လာမှုတို့ကြောင့်   စားအုန်းဆီဈေး နှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း စတားအွန်လိုင်း သတင်းတွင် ဖော်ပြထားသည်။ ရင်းဂစ်ငွေနှင့်အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက် တွင် ဆက်လက်မြင့်တက်ခဲ့ရာ တစ်နှစ် တာ အတွင်း အမြင့်ဆုံးနှုန်းဖြစ်ခဲ့သည်။ အမေရိကန်ဒေါ်လာ နှင့်ရင်းဂစ်တို့၏ ဖလှယ်နှုန်းသည် နိုဝင်ဘာ ၂၃ ရက်မတိုင် မီက အမေရိကန်တစ်ဒေါ်လာလျှင် ၄ ဒသမ ၀၉၅၀ ရင်းဂစ် ရှိခဲ့ရာမှ  နိုဝင်ဘာ ၂၃ ရက် ညနေပိုင်းတွင် သုည ဒသမ ၁ ရာခိုင်န

Thursday, 16 Nov 2017

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်တွင် ဝယ်လိုအား ကျဆင်းလာမှုကြောင့် ဈေးနှုန်း များမြင့်တက်နေရာမှ ပြန်လည်ကျဆင်းလာခဲ့ကြောင်း စတား အွန်လိုင်းသတင်းတွင် ဖော်ပြထားသည်။
နိုဝင်ဘာ ၉ ရက်က စားအုန်းဆီ ကြိုရောင်းကြိုဝယ် ပမာဏသည် တစ်ဝက်ခန့်ကျဆင်းခဲ့ရာ နိုဝင်ဘာ ၁၀ ရက် တွင်ထုတ်ပြန်ခဲ့သည့် ကုန်သေတ္တာစာရင်းများအရ ပြည်ပ သို့တင်ပို့သည့် ပမာဏနည်းပါးခဲ့ကြောင်း သိရသည်။
ဘာဆာမလေးရှားကုန်စည်ဒိုင်တွင်  ဇန်နဝါရီလအတွက် စားအုန်းဆီစာချုပ် ချုပ်ဆိုဈေးနှုန်းများသည် သုညဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ရင်းဂစ် ၂၈၀၉ (အမေရိကန်ဒေါ်လာ ၆၆၈ ဒသမ ၀၁)ရှိခဲ့သည်။

Tuesday, 31 Oct 2017

       မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် အောက်တိုဘာ ၂၆ ရက်တွင် ထုတ်လုပ်မှု ကျဆင်းလာခြင်း ကြောင့် ဈေးပြန်လည်မြင့်တက်လာခဲ့ကာ အမြတ်အစွန်းများ ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ရေး သားဖော်ပြခဲ့သည်။ ယခုနှစ်ကုန်ပိုင်းတွင် ဖြစ်ပေါ်လာမည့် ထုတ်လုပ်မှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေခြင်းနှင့် ပို့ကုန်ပမာဏပိုမိုတင် ပို့နိုင်မည်ဟူသည့် မျှော်လင့်ချက်ကြောင့် ဈေးမြင့်တက်လာ သကဲ့သို့ ပဲပုပ်ဆီဈေး အားကောင်း လာခြင်းကလည်း စားအုန်းဆီ ကြိုရောင်းကြိုဝယ် ဈေးနှုန်းများမြင့်တက်မှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။

Tuesday, 24 Oct 2017

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးများသည် ဈေးကွက်အတွင်း ဝယ်လိုအား ကျဆင်းလာမှုကြောင့်အောက် တိုဘာ ၁၇ ရက်က ဈေးများ ပြန်လည်ကျဆင်းလာခဲ့ကြောင်း၊ အောက်တိုဘာ ၁၈ ရက်သည် ဒီပါဝလီနေ့ဖြစ်၍ ဈေးကွက် ပိတ်ရက်ဖြစ်ကြောင်း၊ ဈေးကွက်ပိတ်ရက်မတိုင်ခင်ကတည်း က ဝယ်လိုအားများကျဆင်းခဲ့သဖြင့် ကြိုရောင်းကြိုဝယ်ဈေး များ ကျဆင်းခဲ့ရခြင်းဖြစ်ကြောင်း စတားအွန်လိုင်းသတင်း တွင် ဖော်ပြထားသည်။

Pages