Main menu

Background

Sunday, 29 Jul 2012

    ပြည်ပဲပုပ်ဈေးကွက် ဈေးငြိမ်နေ သလို အရောင်းအဝယ်မှာလည်း ငြိမ် နေပါတယ်။ လက်ကျန် ပဲဟောင်းများ သာ ရှိနေတာကြောင့် ပဲပုပ်ဈေးမှာ တစ်တင်း ၁၆၀၀၀ ကျပ်နဲ့ငြိမ်နေခြင်း ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး (ပြည်) မြို့နယ်အတွင်း ရှိ ပေါင်း တည်၊ ပေါက်ခေါင်းနဲ့ ပန်းတောင်းမြို့နယ်များမှာ မိုးပဲပုပ်များစတင်စိုက်ပျိုးနေကာ ဧက ၁၀၀ ခန့်စိုက်ပျိုးပြီးဖြစ်သလို မိုးပဲပုပ် ထွက် ရှိပြီး ဈေးဖွင့်ချိန်မှာ ဈေးကောင်း ရရန်တောင်သူများမျှော်လင့်နေကြောင်း သိရပါတယ်။                ဆုမွန်ဆွေ

Sunday, 22 Jul 2012

    မလေးရှားစားအုန်းဆီကြမ်းဈေးဟာ သီတင်း ၃ ပတ်အတွင်း နိမ့်ကျနေခဲ့ရာမှ အမေရိကန်ပြည်ထောင်စုမှာ ၁၉၅၆ ခုနှစ် နောက်ပိုင်း မိုးခေါင်ခြောက်သွေ့မှု အပြင်း ထန်ဆုံးဖြစ်နေတဲ့အတွက် ကမ္ဘာ့ဆီထွက်သီးနှံ ရောင်းချမှုကို ခြိမ်းခြောက်လျက်ရှိ တာကြောင့် မလေးရှားစားအုန်းဆီကြမ်း ကြိုပွိုင့်ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ အမေရိကန်မှာ ပူပြင်းခြောက်သွေ့ခြင်းကြောင့် သီးနှံဈေးနှုန်းက ယခုတစ်ပတ် အတွင်း  စံချိန်တင်မြင့်တက်ခဲ့ကာ ပဲပုပ်ဆီရောင်းချမှုနည်းတဲ့အပေါ် စိုးရိမ်မှုတွေရှိ လာတဲ့ အတွက် ဈေးသက်သာတဲ့ စားအုန်းဆီကို ပြောင်းလဲဝယ်ယူလာကြပါတယ်။

Sunday, 22 Jul 2012

    တောင်ကိုရီးယားမှ နှမ်းတန်ချိန် ၁၂၀၀၀ ဝယ်ယူဖို့ တင်ဒါခေါ်လိုက် ရာ ကမ္ဘာ့နှမ်းဈေးနှုန်းတွေနဲ့ အပြိုင် အိန္ဒိယနှမ်းဈေးနှုန်းေ တွက လွန်ခဲ့တဲ့ ၄ ရက်အတွင်း ၁၈ ရာခိုင်နှုန်းမြင့်မား လာတယ်။ ဇူလိုင် ၄ ရက်က ကီလို ၂၀ ကို ၁၃၇၅-၁၄၀၀ ရူပီး (တစ်တန် ကို ကန်ဒေါ်လာ ၁၂၅၀-၁၂၇၃ ဝန်း ကျင်) သာရှိတဲ့ နှမ်းဈေးနှုန်းတွေက ဇူလိုင် ၇ ရက်မှာ ၁၆၀၀-၁၆၅၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၁၄၅၅-၁၅၀၀ ဝန်းကျင်)အထိရောက်ရှိလာ တယ်။

Sunday, 22 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်နယ်စပ် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၄၉၅ သန်း တန်ဖိုးရှိ နှမ်းနက် ၃၁၇ တန်ကျော်ကို ဇူလိုင်လ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်းမှာ တင်ပို့မှု ရှိခဲ့ရာ ယခင်အပတ် တင်ပို့မှုထက် ၇၂ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၈၁၉ သန်းတန်ဖိုးရှိ နှမ်းဖြူ ၆၃၁ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၆ သန်း တန်ဖိုးရှိ နှမ်းနီ ၅ တန်လည်း တင်ပို့မှုရှိခဲ့ရာ ယခုအပတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၈၄ သန်း တန်ဖိုးရှိ နှမ်းရောင်စုံ ၉၅၃ တန်ကျော် တင်ပို့ခဲ့ပါတယ်။ နှစ်ဖက် မြေပြင်နှမ်းဈေး များ နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-

Sunday, 22 Jul 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း တန်ချိန် ၃၄၀ ခန့်နဲ့ တင်ပို့မှုရှိနေဆဲဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ကိုရီးယား၊ စင်ကာပူ၊ ကူဝိတ်နဲ့ ယူအေအီးတို့ကို တင်ပို့မှုရှိခဲ့ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇူလိုင်လ ၁၃ ရက်နေ့အ ထိ နှမ်းစုစုပေါင်း တင်ပို့ပြီးစီးမှုမှာ တန်ချိန် ၁၅၀၀၀ ကျော်ရှိတဲ့အတွက် ယခင်ဘဏ္ဍာနှစ် ကာလထက် နှစ်ဆ တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ပတ်မှာ ပင်လယ်ရေကြောင်းက မြေပဲဆန် တင်ပို့မှု မရှိပေမဲ့ နယ်စပ်လမ်းကြောင်းမှ ပမာဏ အနည်း ငယ် တင်ပို့မှုရှိ တာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မြေပဲဆန် စုစုပေါင်း တင်ပို့ပြီးစီးမှုမှာတန်ချိန် ၃၂၀၀၀ ကျော်ပြီ ဖြစ်ကြောင်း သိရပါ တယ်။MIRT - MAPT

Wednesday, 18 Jul 2012

                              ပြည်တွင်းဆီဈေးနှုန်း (၁၃-၇-၂၀၁၂)      ကျပ်/ပိဿာ           မြို့အမည်                ပဲဆီ                နှမ်းဆီ             စားအုန်းဆီ ယခင်  ယခု နှိုင်းယှဉ်ချက်  ယခင်    ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3800  4000  2800  2800  1850 1850  ရန်ကုန် 4600 4600  3600  3600  1760 1745  မန္တလေး 3600 3600  3000 2900  1880 1890  ပဲခူး 3500  3500  3300  3400  1870 1800  မကွေး 4000  4000  3000 2925  1870 1900  မုံရွာ 3850  3950  3100 3100  1960 1930  တောင်ကြီး 3500  3500  2500  2500  2000 2000  စစ်တွေ  3400 3400   3200 3200  2000 2000  

Wednesday, 18 Jul 2012

        စားအုန်းဆီဈေးနှုန်းများ(၉-၇-၂၀၁၂ မှ ၁၃-၇-၂၀၁၂ နေ့ထိ)                            ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ  CIF (ရန်ကုန်)      Cloud Point 10.C Max   (1)  ၉-၇-၂၀၁၂           1080 (2)  ၁၀-၇-၂၀၁၂           1080 (3)  ၁၁-၇-၂၀၁၂           1075 (4)  ၁၂-၇-၂၀၁၂           1045 (5)  ၁၃-၇-၂၀၁၂           1050                    Source: ဆီကုန်သည်များအသင်း   

Wednesday, 18 Jul 2012

        မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း              13-7-2012                                                      US$Ton    ဇွန်လစတုတ္ထပတ် ဇူလိုင်လပထမပတ်နှိုင်းယှဉ်ချက်  RBD P.Oil    966.50     1011.50  RBD P.Olein    979.5     1016.00  RBD P.Strarin   912.00     936.00  Source: econ.mpob

Wednesday, 18 Jul 2012

    အမေရိကန်ပဲပုပ်ထုတ်လုပ်ရာဒေသမှာ မိုးခေါင်ခြောက်သွေ့နေရာမှ မိုးရွာသွန်း မယ့် ခန့်မှန်းချက်တွေအရ မလေးရှား စားအုန်းဆီကြိုပွိုင့်ဈေး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် ဆီထွက်သီးနှံ ရောင်းချမှုနည်းတဲ့ အတွက် ဈေးနှုန်း ကျဆင်း မှု ပြန်လည်ကန့်သတ်နိုင်တယ်လို့ခန့်မှန်းကြပါတယ်။

Wednesday, 18 Jul 2012

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ဇူလိုင်လ ၄ ရက်မှ ၁၀ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၄၆ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၁၀၀၈ တန်ဝန်းကျင်အပို့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အရောင်အလိုက်ယခုအပတ် တင်ပို့မှုတွေကတော့ နှမ်းနက် ၂၄၅ တန်ခန့်၊  နှမ်းဖြူ ၇၄၃ တန်ကျော်နဲ့  နှမ်းညို တန် ၂၀အသီးသီး ဖြစ်ပါတယ်။ ယခင်အပတ် ကထက် နှမ်းရောင်စုံ တန် ၅၀ ဝန်း ကျင် အပို့ပိုခဲ့ပါတယ်။ ဇွန်လမှာ တန်ချိန် ၃၃၀၀ ကျော်  အပို့ရှိပြီး ယမန်နှစ် ကာလတူထက် တန် ၂၅၅၀ ကျော်နဲ့ အနီးစပ်ဆုံးကာလ မေလတန် ၁၃၄၀ ကျော် အပို့ပိုခဲ့ပါတယ်။ ယခုဘဏ္ဍာနှစ်မှ ဆီထွက်သီးနှံဝယ်လိုအား များခဲ့ခြင်း၊ မြေပဲ လက်ကျန် နည်းပါးလာခြင်းတို့ကြောင့် တင်ပို့မှုပိုမိုခဲ့တာဖြစ်ပါတယ်။ မိမိဘက် မြေပြင်နှမ်းဈေးများ အနည်းငယ်ပိုမို ခဲ့ပါတယ်။

Pages