Main menu

Background

Monday, 28 May 2012

    ဈေးကွက်တွေမှာ နှမ်းလက်ကျန်လျော့နည်းလာပြီဖြစ်ပေမဲ့ ပြည်ပကို ဆက်လက်တင်ပို့မှုရှိနေတာ တွေ့ရပါတယ်။ မေလ ၁၄ ရက်မှ ၁၈ ရက်အတွင်း ပင်လယ်ရေကြောင်းက နှမ်းတန်ချိန် ၃၀၀ ကျော်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ လည်း တရုတ်၊ ကိုရီးယားနဲ့ စင်ကာပူကို တင်ပို့တာ တွေ့ရပါတယ်။ ဂျပန်နိုင်ငံကိုတော့ ယခင်တစ်ပတ်မှစပြီး တင်ပို့ခြင်းမရှိတာ တွေ့ရပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၁၈ ရက်နေ့အထိ နှမ်းစုစုပေါင်း တင်ပို့မှုမှာ တန်ချိန် ၅၂၀၀ ခန့် ရှိပြီး ကန် ဒေါ်လာ ၈ သန်းနီးပါးရရှိထားပြီးဖြစ်ရာ ယခင်ဘဏ္ဍာနှစ်ကာလ တူတင်ပို့ခဲ့တဲ့တန်ချိန် ၃၂၀၀ ကျော်၊ ကန်ဒေါ်လာ ၅ သန်း ကျော်ဖိုးထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ MIRT - MAPT

Monday, 21 May 2012

    အီးယူဇုန်မှ ဂရိထွက်ခွာဖွယ်ရှိခြင်းနဲ့အတူ အီးယူအကြွေးပြဿနာ ပိုမိုဆိုးဝါး လာခြင်းတို့အရ ကုန်စည် ဝယ်လိုအားကျဆင်းမှုကို စိုးရိမ်ဖွယ်ရှိတာကြောင့် စားအုန်း ဆီကြိုပွိုင့်ဈေး ၁၄ လကျော်အတွင်း အများဆုံး ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှား ကုန်စည်ဒိုင်မှာ ဇူလိုင်လပို့ရမယ့် ကြိုပွိုင့်ဈေးဟာ ၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလို့ ၂၀၁၁ ဖေဖော်ဝါရီ ၂၃ ရက်နောက်ပိုင်း အကြီးမားဆုံး ကျဆင်းကာ တစ်တန် ရင်းဂစ် ၃၀၉၃ (ကန်ဒေါ်လာ ၉၉၂) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဈေး နှုန်းဟာ ဖေဖော်ဝါရီ ၃ ရက်နောက်ပိုင်း အနိမ့်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။

Monday, 21 May 2012

    တောင်ကြီးဈေးကွက်မှာ သြင်္ကန်ပြီးနောက်ပိုင်း ဆီထွက်သီးနှံဈေးများ နည်း နည်းလှုပ်လာပါတယ်။ သြင်္ကန်ရှေ့ပိုင်းကာလ ပန်းနှမ်းဈေးမှာ ၉၀၀ ကျပ်-၉၅၀ ကျပ်ကြားမှာဈေးငြိမ်နေခဲ့ပြီး သြင်္ကန်ပြီးနောက်ပိုင်းမှာတော့ တဖြည်းဖြည်း ဈေး တက်လာပြီး ဒီတစ်ပတ်မှာ ပန်းနှမ်းတစ်ပိဿာ ၁၀၀၀ ကျပ် ဈေးရှိခဲ့ပါတယ်။ ဆီစက်များကလည်း အဝယ်လိုက်တဲ့အတွက် အဆွဲများလာပါတယ်။

Monday, 21 May 2012

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာသုညဒသမ ၆၃၅ သန်းတန်ဖိုးရှိ နှမ်းနက် နဲ့ နှမ်းဖြူ တန် ၄၇၀ ကျော်ကို မူဆယ်နယ်စပ်မှ အပို့ ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၄၈ တန်ကျော်အပို့ပိုခဲ့ပါတယ်။ နှမ်းတင်ပို့နိုင် မှုတွေကတော့ နှမ်းနက် ၁၅၇ တန်ခန့်နဲ့ နှမ်းဖြူ ၃၁၄ တန်ကျော် ဖြစ်ပါတယ်။

Monday, 21 May 2012

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၂၃၀ ကျော် ကို လျော့ကျတင်ပို့ခဲ့ရာမှ မေလ ၇ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန် ၆၃၀ ထိပြန်တက်လာခဲ့တာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာလည်း စင်ကာပူ၊ မလေးရှားနဲ့ ကိုရီးယားကို တင်ပို့တာ တွေ့ရပါတယ်။

Monday, 21 May 2012

    အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ တန်ချိန် ၅၈ သန်းအထိ ရှိလာနိုင်လို့ ယခင်နှစ် တင်သွင်းမှု တန်ချိန် ၅၂ ဒသမ ၃၄ သန်းထက် ၁၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့   တရုတ်နိုင်ငံတော် သီးနှံနဲ့ ဆီသတင်းဌာနမှ  မေ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ ယခု ခန့် မှန်းချက်ဟာ ဧပြီလအတွင်း  ခန့်မှန်း ပမာဏတန်ချိန် ၅၅ သန်းမှ ၃ သန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။

Monday, 21 May 2012

    ဧပြီ ၉ ရက်မှ  ၁၅ ရက်ထိကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၄၉ သန်းတန်ဖိုးရှိ ပဲပုပ်စေ့ ၇၃ တန် ခန့်ကို မူဆယ်နယ်စပ်မှ  အပို့ရှိခဲ့ပါ တယ်။ ယခင်အပတ် တင်ပို့မှုနဲ့ ပမာ ဏ သိပ်မကွာလှပါ။  ပဲပုပ်စေ့မြေပြင် ဈေးများ နှစ်ဖက်လုံး မှာ  ပြောင်းလဲမှု မရှိဘဲ ငြိမ်နေတယ်လို့ သိရပါတယ်။ ယခုအပတ် မိမိမြေပြင်ဈေးမှာ ကျပ် ၅၂၀၇၀၀ နဲ့ တစ်ဖက်နိုင်ငံဈေး ၆၆၇ ဒေါ်လာ ပေါက်လျက်ရှိပါတယ်။MIRT(DOBT)

Monday, 21 May 2012

                              ပြည်တွင်းဆီဈေးနှုန်း (၁၈-၅-၂၀၁၂)      ကျပ်/ပိဿာ           မြို့အမည်                ပဲဆီ                နှမ်းဆီ             စားအုန်းဆီ ယခင်  ယခု နှိုင်းယှဉ်ချက်  ယခင်    ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3500  3500  2800  2800  2200 2100  ရန်ကုန် 3800 3800  3000  3000  1860 1830  မန္တလေး 3200 3200  2900 2900  2020 1980  ပဲခူး 3400  3200  2700  2900  2000 1900  မကွေး 3600  3600  2900 2900  2100 2100  မုံရွာ 3550  3550  3100 3000  2060 2000  တောင်ကြီး 3000  3100  2500  2500  2200 2100  စစ်တွေ 3200  3200  3000  3000  2000 2100   

Monday, 21 May 2012

        စားအုန်းဆီဈေးနှုန်းများ(၁၄-၅-၂၀၁၂ မှ ၁၈-၅-၂၀၁၂ နေ့ထိ)                            ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ  CIF (ရန်ကုန်)      Cloud Point 10.C Max   (1) ၁၄-၅-၂၀၁၂           1140 (2) ၁၅-၅-၂၀၁၂           1115 (3) ၁၆-၅-၂၀၁၂           1115 (4) ၁၇-၅-၂၀၁၂           1110 (5) ၁၈-၅-၂၀၁၂           1110                    Source: ဆီကုန်သည်များအသင်း   

Monday, 21 May 2012

        မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ (FOB)ဈေးနှုန်း              18-5-2012                                                      US$Ton  ဇန်နဝါရီလဒုတိယပတ် ဇန်နဝါရီလတတိယပတ် နှိုင်းယှဉ်ချက်  RBD P.Oil      1131.50      1092.00  RBD P.Olein      1148.50      1116.50  RBD P.Strarin     1120.50      1053.50  Source: econ.mpob

Pages