Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ကနေ ကန် ဒေါ်လာ ၃ ဒသမ ၁၁၇ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၂၆၃ တန်ကို နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိကာလအတွင်းတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၄၀၀ ကျော်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်တင်ပို့မှုတန် ၂၀၀ ခန့် လျော့နည်း ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ် ပမာဏလိုပဲ ယခု တစ်ပတ် (နိုဝင်ဘာလ ၂၈ ရက်မှ ဒီဇင်ဘာလ ၂ ရက်) အတွင်းမှာလည်း တန် ၇၀၀ ခန့်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ဖြစ်ပြီး ဂျပန်ကို တန် ၃၀၀ ကျော်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။
ရေတွက်ပုံ - ဒေါ်လာ စဉ် နေ့စွဲ CIF (ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max (၁) ၅-၁၂-၂၀၁၁ ၁၁၂၅ ၁၁၄၀ (၂) ၆-၁၂-၂၀၁၁ ၁၁၂၅ ၁၁၄၀ (၃) ၇-၁၂-၂၀၁၁ ၁၁၃၀ ၁၁၄၅ (၄) ၈-၁၂-၂၀၁၁ ၁၁၃၀ ၁၁၄၅ (၅) ၉-၁၂-၂၀၁၁ ၁၁၃၀ ၁၁၄၅Source:ဆီကုန်သည်များအသင်း
၉-၁၂-၂၀၁၁ US$/Ton နိုဝင်ဘာလပဉ္စမပတ် ဒီဇင်ဘာလပထမပတ် နှိုင်းယှဉ်ချက် RBD P.Oil ၁၀၄၆ .၅၀ ၁၀၄၇ .၅၀ RBD P.Olein ၁၀၇၂ .၀၀ ၁၀၇၁ .၀၀ RBD P.Strarin ၉၇၇ .၅၀ ၉၄၇ .၅၀Source: econ.mpob
ရာသီဥတုအပြောင်းအလဲများအရ ကမ္ဘာ့ထိပ်တန်းစားအုန်းဆီထုတ်လုပ်နိုင်ငံမှ ထွက်ရှိမှုလျော့နည်းမှုအပေါ် စိုးရိမ်မှုများနဲ့ အခြားကုန်စည်ဈေးနှုန်းအခြေအနေများ အရ ဒီဇင်ဘာ ၇ ရက် မလေးရှားကုန်စည်ဒိုင်မှာ စားအုန်းဆီကြမ်းဈေးအမြင့်နဲ့ ပိတ်ခဲ့ပါတယ်။ ယခုသီတင်းပတ်မှာကျင်းပတဲ့ အီးယူထိပ်သီးညီလာခံမှာ ဥရောပ ကြွေးမြီ အကျပ်အတည်းကိုဖြေရှင်းဖို့ ဥရောပခေါင်းဆောင်များ ရန်ပုံငွေတိုးမြှင့်ဖို့ သဘောတူနိုင်တဲ့ အလားအလာများ အရ ရင်းနှီးမြှုပ်နှံသူများမှ တိုးတက်လာခဲ့တယ် လို့ သိရပါတယ်။
ပြည်တွင်းဆီဈေးနှုန်း (၂-၁၂-၂၀၁၁) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2800 2800 1900 1900 ရန်ကုန် 3700 3700 2700 2700 1665 1645 မန္တလေး 3000 3000 2450 2400 1800 1780 ပဲခူး 3300 3300 2800 2800 1700 1750 မကွေး 3400 3300 2500 2450 1825 1780 မုံရွာ 3400 3350 2450 2300 1840 1830 တောင်ကြီး 3000 3000 2700 2700 2000 2000 စစ်တွေ 3600 3600 3200 3200 2200 2000
စားအုန်းဆီဈေးနှုန်းများ(၂၈-၁၁-၂၀၁၁ မှ ၂-၁၂-၂၀၁၁ နေ့ထိ) စဉ် နေ့စွဲ CIF (ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max(၁) ၂၉-၁၁-၂၀၁၁ ၁၁၁၅ ၁၁၃၀(၂) ၃၀-၁၁-၂၀၁၁ ၁၁၁၅ ၁၁၂၅(၃) ၁-၁၂-၂၀၁၁ ၁၁၂၀ ၁၁၃၅(၄) ၂-၁၂-၂၀၁၁ ၁၁၁၅ ၁၁၃၀Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၂-၁၂-၂၀၁၁ US$/Ton နိုဝင်ဘာလတတိယပတ် နိုဝင်ဘာလပဉ္စမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၀၆၄ .၅၀ ၁၀၆၄ .၅၀RBD P.Olein ၁၀၈၁ .၅၀ ၁၀၇၂ .၀၀RBD P.Strarin ၉၈၁ .၀၀ ၉၇၇ .၅၀Source: econ.mpob
ကမ္ဘာ့အကြီးဆုံး ပဲပုပ်စားသုံးတဲ့ တရုတ်နိုင်ငံဟာ စိုက်ပျိုးထုတ်လုပ်သူများ သီးနှံရောင်းချမှုကို အကူအညီ ပေး ဖို့ ပြည်တွင်းထွက်ရှိတဲ့ ပဲပုပ်များ သိုလှောင်မယ်လို့ နိုင်ငံကောက်ပဲသီးနှံ စီမံ ခန့်ခွဲတဲ့ အေဂျင်စီမှ ပြောကြားပါတယ်။ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်များမှ တောင်သူများထံက ပဲပုပ် တစ်တန် ယွမ် ၄၀၀၀ (ကန်ဒေါ်လာ ၆၂၇) ဈေးနဲ့ နိုဝင်ဘာလ ၂၃ ရက်မှ ဧပြီလ ၃၀ ရက်အထိ အစိုးရမှ ဝယ်ယူ မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရ အနေနဲ့ သိုလှောင်ဖို့ ပမာဏကို ကန့် သတ်မှာမဟုတ်ဘူးလို့လည်းဆိုပါတယ်။ ဝယ်ယူတဲ့ကာလရှည်တဲ့အတွက် ဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းမှု ကိုလည်း ကန့်သတ်စေမှာဖြစ် တယ်လို့ Guoxin Futures ကုမ္ပဏီမှ သုတေသနမန်နေဂျာ Cau Yanhui မှ ပြောကြားပါတယ်။ တောင်သူတွေ အနေနဲ့ သင့်တင့်တဲ့ ဈေးနဲ့ရရှိမှာဖြစ်ပြီး၊ အစိုးရ မှ တန်ချိန် ၄ သန်း - ၅ သန်းခန့် ဝယ် ယူနိုင်တယ်လို့လည်း ဆိုပါတယ်။ ချီကာဂိုမှာ ဇန်နဝါရီ ပို့ရမယ့် ပဲပုပ်ဈေးဟာ ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်ဘူရှယ်ကို ကန်ဒေါ် လာ ၁၁ ဒသမ ၂၅ (တစ်တန်ကို ၄၁၆) ဈေးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဥရောပ ဇုန်ပြဿနာကြောင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးပြီး၊ ကုန်စည်ဝယ်လို အားကျဆင်းတဲ့အတွက် ပဲပုပ်ကြိုပွိုင့်ဈေးဟာ ယခုလအတွင်း ၇ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လာမယ့်နှစ် ပထမနှစ်ဝက် အတွင်း ရောင်းချသွားမယ့် ၂၀၀၈ ခုနှစ် ကသိုလှောင်ထားတဲ့ပြည်တွင်းပဲပုပ်တန် ချိန် ၄ သန်း - ၅ သန်းခန့် အစိုးရ သိုလှောင်မှုရှိနေသေးတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Bloomberg
ပြည်ဈေးကွက်သို့ နှမ်းအိတ်များကို မင်းတုန်းနဲ့ ပေါက်ခေါင်းဘက်မှ တစ်နေ့ အိတ် ၇၀၀ ခန့် ဝင်ရောက်လာပါတယ်။ ယခင်အပတ်ကတစ်နေ့ အိတ် ၅၀၀ ခန့် သာ ဝင်ရောက်လာလို့ နှမ်းဈေးမာနေပေမဲ့ ယခုအပတ်မှာ တစ်နေ့အိတ် ၇၀၀ခန့် ဝင်ရောက်လာလို့ နှမ်းဈေးအေးလာပါတယ်။ နှမ်းဝင်ရောက်မှုပေါ်မူတည်ပြီး ဈေးအတက် အကျဖြစ်နေတာကြောင့် ဆီစက်သမားများမှလည်း နှမ်းဈေးအတက် အကျပေါ်မူတည်ပြီး အဝယ်ရှိတာတွေ့ရ ပါတယ်။ နှမ်းနီ ၄၅ ပိဿာတစ်အိတ် ၆၀၀၀၀ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာတစ်အိတ် ၇၀၀၀၀ ကျပ်ဈေးနဲ့ ယခုအပတ်မှာ တစ်နေ့အိတ် ၇၀၀ ခန့် အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ ဝေေ၀မင်း