Background
အောက်တိုဘာလ ၂၆ ရက်မှ နိုဝင်ဘာလ ၁ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၃၅၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ ၂၄၈၅ တန်ခန့် အပို့ရှိခဲ့ပြီး ယခင်အပတ်က တင်ပို့ မှုထက် ၈၅၁ တန်ကျော် လျော့နည်းခဲ့ပါတယ်။နှမ်းအရောင်အလိုက် တင်ပို့မှုတွေကတော့ နှမ်းဖြူ ၁၂၉၄ တန်ကျော်၊ နှမ်းနက်တန် ၈၉၀ ခန့်၊ နှမ်းဖြူ အခွံချွတ် ၂၁၁ တန်ကျော် ၊ နှမ်းညို ၇၆ တန်နဲ့ နှမ်းနီ ၁၃ တန်ခန့် ဖြစ်ပါတယ်။ ယခင်အပတ်ထက် နှမ်းဖြူ တင်ပို့မှုသာ ၃၆ တန်ပိုမိုခဲ့ပြီး နှမ်းနက် ၅၁၃ တန်၊ နှမ်းဖြူအခွံချွတ် ၅ တန်ခန့် ၊ နှမ်းညို ၃၂၅ တန်နဲ့ နှမ်းနီ ၄၃ တန် လျော့နည်း တင်ပို့ခဲ့ပါတယ်။ မိမိဘက် နှမ်းဖြူနဲ့ နှမ်းနက် ဈေးများ ကျနေပြီး တစ်ဘက်နိုင်ငံမှာ နှမ်းဖြူဈေးမြင့်သော်လည်း နှမ်းနက်ဈေး အနည်းငယ် ကျနေပါတယ်။ မိမိဘက်နဲ့ တစ်ဖက်နိုင်ငံ မြေပြင်နှမ်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၅၀၉၃၃ ၉၇၆၆၅၁ ၂၅၆၇၁၇ ၃ ၁၂၉၆ ၁၂၈၉ ၇ ၀ .၅နှမ်းနက် ၁၂၁၅၉၈၀ ၁၂၃၂၁၀၆ ၁၆၁၈၀ ၁ .၃ ၁၅၀၆ ၁၅၄၀ ၃၄ ၂MIRT(DOBT)
ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၁၁၀၀ ကျော်နဲ့ အားကောင်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က ဂျပန်ကို တင်ပို့တဲ့ ပမာဏများပြီး ယခုတစ်ပတ်တင်ပို့တဲ့နိုင်ငံများဖြစ်တဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနဲ့ စင်ကာပူတို့အနက်မှာ စင်ကာပူကို တင်ပို့တဲ့ ပမာဏပိုမိုတာတွေ့ရပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၈ ရက်နေ့အထိ ပြည်ပကို နှမ်းတင်ပို့မှုမှာ စုစုပေါင်းတန်ချိန် ၆၂၉၀၀ ခန့်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၈၈ သန်းခန့် ရှိပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၄၇၀၀၀ ကျော် ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၆၅ သန်းကျော်ရှိလို့ ယခုနှစ်မှာပိုမိုတင်ပို့နိုင်ပါတယ်။ ရန်ကုန် FOB ဈေးများအနေနဲ့ ပြောင်းလဲ ခြင်းမရှိဘဲ နိုဝင်ဘာလ ၄ ရက်မှာလည်း သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက် ရိုးရိုးတစ်တန် ကန်ဒေါ်လာ၁၄၅၀-၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅- ၁၂၇၅ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT-MAPT
စားအုန်းဆီဈေးနှုန်းများ(၃၁-၁၀-၂၀၁၁ မှ ၄-၁၁-၂၀၁၁ နေ့ထိ) စဉ် နေ့စွဲ CIF(ရန်ကုန်) CIF(ရန်ကုန်) Cloud Point 10.C Max Cloud Point 8.C Max(၁) ၃၁-၁၀-၂၀၁၁ ၁၀၇၀ ၁၀၈၅(၂) ၁-၁၁-၂၀၁၁ ၁၀၆၅ ၁၀၈၅(၃) ၂-၁၁-၂၀၁၁ ၁၀၆၅ ၁၀၈၅(၄) ၃-၁၁-၂၀၁၁ ၁၀၆၀ ၁၀၇၅(၅) ၄-၁၁-၂၀၁၁ ၁၀၆၀ ၁၀၈၅Source: ဆီကုန်သည်များအသင်း
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း ၄-၁၁-၂၀၁၁ US$/Ton အောက်တိုဘာလစတုတ္ထပတ် နိုဝင်ဘာလပထမပတ် နှိုင်းယှဉ်ချက်RBD P.Oil ၉၆၆ .၅၀ ၁၀၀၄ .၀၀RBD P.Olein ၉၉၁ .၀၀ ၁၀၂၆ .၀၀RBD P.Strarin ၈၄၀ .၀၀ ၈၈၈ .၀၀Source: econ.mpob
ကမ္ဘာ့စီးပွားရေးအပေါ် စိုးရိမ်မှုများအရ ဈေးနှုန်းမြင့်တက်မှု ကန့်သတ်ခဲ့ပေမဲ့ အရှေ့တောင်အာရှ စားအုန်းဆီ အဓိကထုတ်လုပ်တဲ့နိုင်ငံများအတွင်း လာနီညာ ရာသီဥတုဖြစ်စဉ် တစ်ဖန်ပြန်လည်ဖြစ်လာနေတဲ့အပေါ် စိုးရိမ်မှုတွေကြောင့် မလေးရှား စားအုန်းဆီကြမ်းကြိုပွိုင့်ဈေးဟာ နိုဝင်ဘာ ၂ ရက်မှာ အမြင့်ဈေးနဲ့ ပိတ်ခဲ့ပါတယ်။ ဘာစာမလေးရှားကုန်စည်ဒိုင်မှာ ဇန်နဝါရီလ စာချုပ်အခြေခံဈေး တစ်တန် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာပြီး ရင်းဂစ် ၂၉၅၈ (ကန်ဒေါ်လာ ၉၃၉) ဈေးဖြစ်ခဲ့ပါတယ်။ ချီကာကိုမှာ ဒီဇင်ဘာလ ပဲပုပ်ဆီဈေးကလည်း တစ်ပေါင် သုည ဒသမ ၅ ရာခိုင်နှုန်းပိုမိုလာပြီး၊ ကန်ဒေါ်လာ ၅၁ ဒသမ ၀၇ (တစ်တန်ကန်ဒေါ်လာ ၁၁၂၆) ဈေးဖြစ်ခဲ့ပါတယ်။ လာနီညာဖြစ်စဉ်ကြောင့် အရှေ့တောင်အာရှမှာ ပုံမှန်မိုးရေချိန် ထက် ပိုမိုရွာသွန်းခဲ့တဲ့အတွက် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်း ထုတ်လုပ်နေတဲ့ မလေးရှားနဲ့အင်ဒိုနီးရှားတို့မှာ ရိတ်သိမ်းမှု နှေးကွေးလာနိုင်ပါတယ်။ ယေဘူယျအားဖြင့် ရာသီဥတုစိုစွတ်တဲ့ကာလမှာ ဝတ်မှုန်ကူးမှုနည်းပြီး သီးနှံဖွံ့ဖြိုးမှုကို ထိခိုက်တဲ့အတွက် အထွက်နှုန်းကို ထိခိုက်စေပါတယ်။ ဈေးကွက် အနေနဲ့ ကမ္ဘာ့စီးပွားရေးတိုးတက်မှုရဲ့ အခြေအနေပေါ် မူတည်နေပေမဲ့ ယခုတစ်ပတ် ကျော်မှာ ရာသီဥတုအပေါ် စိုးရိမ်မှုတွေအရ ဈေးနှုန်းကို ထိန်းချုပ်လိမ့်မယ်လို့ စင်ကာပူအခြေစိုက် ပွဲစားတစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့လည်း ဆောင်းရာသီအတွင်း စားအုန်းဆီဟာ အေးခဲတတ်တဲ့အတွက် နှစ်ကုန်ပိုင်းမှာ ဝယ်လက်များ အခြားဆီကို ပြောင်းလဲဝယ်ယူနိုင်တဲ့အတွက် ရာသီဥတုအပေါ် စိုးရိမ်ပေမဲ့ ဝယ်လိုအားနည်းခြင်းက ဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ် နိုင်မယ်လို့လည်းဆိုပါတယ်။ စားအုန်းဆီကြမ်းဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၀၀၀ (ကန်ဒေါ်လာ ၉၅၃)အထိ မြင့်တက်နိုင်ပြီးနောက် ယခုနှစ်ကုန် မုတ်သုန်မိုးပြင်း ထန်မယ်ဆိုရင်ကာလတိုအတွင်းရင်းဂစ် ၃၂၀၀ (ကန်ဒေါ်လာ ၁၀၁၆ )အထိ မြင့်တက်နိုင်တယ်လို့ ဂျာကာတာရှိ ကုန်သည်တစ်ဦးမှ ပြောကြားပါတယ်။ တတိယအများဆုံးဝယ်လက်ဖြစ်တဲ့ ပါကစ္စတန်မှာ ဝါစေ့ဆီထွက်ရှိမှု တိုးတက် တာကြောင့် နိုဝင်ဘာနဲ့ ဒီဇင်ဘာလ တင်သွင်းမှုဟာ တန်ချိန် ၁၅၀၀၀ ကို ၂၅ ရာခိုင်နှုန်း ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ အောက်တိုဘာလမှာ ပါကစ္စတန်ကို စားအုန်းဆီတန်ချိန် ၂၀၁၇၀၀ တင်ပို့ခဲ့တယ်လို့ SGS မှ ပြောကြား ပါတယ်။ ယုဇန၊Source: palmoilhq.com
ပြည်တွင်းဆီဈေးနှုန်း (၄-၁၁-၂၀၁၁) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3400 3400 2700 2700 1900 1900 ရန်ကုန် 3600 3600 2700 2700 1620 1645 မန္တလေး 2900 2900 2400 2400 1800 1790 ပဲခူး 3400 3400 2700 2800 1750 1750 မကွေး 3250 3200 2500 2400 1750 1700 မုံရွာ 3150 3150 2450 2450 1850 1830 တောင်ကြီး 3000 3000 3200 3000 2000 2000 စစ်တွေ 3600 3600 3200 3200 2400 2400
ပြည်တွင်းဆီဈေးနှုန်း (၂၈-၁၀-၂၀၁၁) ကျပ်/ပိဿာ မြို့အမည် ပဲဆီ နှမ်းဆီ စားအုန်းဆီ ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် ယခင် ယခု နှိုင်းယှဉ်ချက် နေပြည်တော် (ပျဉ်းမနား) 3600 3400 2700 2700 1900 1900 ရန်ကုန် 3600 3600 2700 2700 1615 1620 မန္တလေး 2900 2900 2450 2400 1760 1800 ပဲခူး 3300 3400 2700 2700 1750 1750 မကွေး 3400 3250 2500 2500 1725 1750 မုံရွာ 3050 3150 2450 2450 1700 1850 တောင်ကြီး 3000 3000 3200 3200 2000 2000 စစ်တွေ 3600 3600 3400 3200 2200 2400
တရုတ်နိုင်ငံရဲ့ ယခုသီးနှံရာသီ အတွင်း ပဲပုပ်တန်ချိန် ၅၆ သန်းအထိ တင်သွင်းရဖွယ်ရှိပြီး၊ ၂၀၁၀-၁၁ ခုနှစ် ထက် ၇ ရာခိုင်နှုန်း မြင့်တက်နိုင် တယ် လို့ တရုတ်နိုင်ငံတော် ကောက်ပဲသီးနှံနဲ့ ဆီ သတင်း အချက်အလက်ဌာန (CNGOIC) မှ အောက်တိုဘာလ ၂၇ ရက်က ပြောကြားပါတယ်။ အဓိက အားဖြင့် တိရစ္ဆာန်အစာ ထုတ်လုပ်မှု အတွက် အဓိကဝယ်လိုအားရှိတာ ကြောင့် ယခုလို တိုးမြှင့်ခန့်မှန်းခြင်းဖြစ် ကြောင်း သိရပါတယ်။ စက်တင်ဘာလ ၃၀ ရက်မှာ ကုန်ဆုံးတဲ့ ယခုနှစ်အတွင်း တရုတ်နိုင်ငံမှ ပဲပုပ်တန်ချိန် ၅၂ ဒသမ ၃၄ သန်း တင် သွင်းခဲ့လို့ ၂၀၀၉-၂၀၁၀ စံချိန်တင်မြင့် တက်မှု တင်သွင်းခဲ့တာနဲ့ နှိုင်းယှဉ်ရင် ၄ ရာခိုင်နှုန်း ပိုမိုတယ်လို့ (CNGOIC) မှ ပြောကြားပါတယ်။ အမေရိကန်နိုင်ငံ ဟာ တရုတ်ပဲပုပ်ဝယ်ယူမှုမှာ အဓိက အကျိုး အမြတ်ဆက်လက်ရယူနေဦးမှာ ဖြစ်ပြီး၊ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပဲပုပ် တင်သွင်းမှုရဲ့ ၄၈ ရာခိုင်နှုန်းကို အမေ ရိကန်က တင်သွင်းနေရတာ ဖြစ်တယ် လို့ သိရပါတယ်။ ဘရာဇီးနိုင်ငံက ပဲပုပ်တင်သွင်းမှု ဟာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို သုည ဒသမ ၂၄ ရာခိုင်နှုန်းမြင့်တက် ခဲ့ပြီး၊ အာဂျင်တီးနားပဲပုပ် တင်သွင်းမှု ကတော့ ၁၀ ဒသမ ၁ ရာခိုင်နှုန်းကျ ဆင်းခဲ့ပါတယ်။ စက်တင်ဘာလ အတွင်းမှာ တရုတ်နိုင်ငံက ပဲပုပ်တန်ချိန် ၄ ဒသမ ၁၃ သန်းတင်သွင်းခဲ့ပြီး၊ အောက်တိုဘာလမှာ တန်ချိန် ၄ သန်း ဝန်းကျင် တင်သွင်းရဖွယ် ရှိတယ်လို့ သိရပါ တယ်။ ယမင်းခင် Source: dowjones.com
မြန်မာတရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ အောက်တိုဘာ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ ၄ ဒသမ ၄၇၉ သန်းတန်ဖိုးရှိ နှမ်းဖြူ၊ နှမ်းနီ၊ နှမ်းညို၊ နှမ်းနက်နဲ့ နှမ်းဖြူအခွံချွတ် ၃၃၃၆ တန်ကျော် အပို့ရှိတယ်လို့ သိရပါတယ်။ နှမ်းအရောင်အလိုက် တင်ပို့မှုတွေကတော့ နှမ်းဖြူ ၁၂၅၈ တန်ကျော်၊ နှမ်းနီ ၅၆ တန်၊ နှမ်းညို ၄၀၀ တန်ခန့်၊ နှမ်းနက် ၁၄၀၃ တန်ခန့်နဲ့ နှမ်းဖြူအခွံချွတ် ၂၁၇ တန် အသီးသီး ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးရုံးရဲ့ အမိန့်အမှတ် ၁/၂၀၁၁အရ နှမ်းဖြူ၊ နှမ်းညိုများပါ တင်ပို့ခွင့်ပြုတဲ့ သြဂုတ် ၂၉ ရက် နောက်ပိုင်း နယ်စပ်မှ နှမ်းနီနဲ့ နှမ်းညိုများ ပထမဆုံး တင်ပို့မှုရှိလာတာပဲ ဖြစ်ပါတယ်။ နှမ်းဖြူနဲ့ နှမ်းဖြူအခွံချွတ် ယခင်အပတ်တင်ပို့မှုများထက် လျော့နည်းခဲ့ပြီး နှမ်းနက်တင်ပို့မှုက တော့ ပိုမိုခဲ့တာ ဖြစ်ပါတယ်။ နှမ်းဖြူနဲ့ နှမ်းနက် မိမိဘက်မြေပြင် ဈေးများကျနေပြီး တစ်ဖက်နိုင်ငံဈေးကတော့ မြင့်လျက်ရှိပါတယ်။ နှမ်းနီ၊ နှမ်းညိုများကို တစ်ဖက် နိုင်ငံမှာ ၁ ကီလိုကို ၇ ဒသမ ၅၆ ယွမ်ဈေးပေါက်နေပြီး မန္တလေးဈေးကတော့ ၄၅ ပိဿာ ၁ အိတ်ကို ၅၅၀၀၀ မှ ၅၈၀၀၀ ကျပ်ဝန်းကျင် ဈေးရလျက် ရှိတယ်လို့ သိရပါတယ်မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းဖြူ ၉၇၆၆၅၁ ၁၀၀၃၈၆၉ ၂၇၂၁၈ ၃ ၁၂၈၉ ၁၂၈၆ ၃ ၀ .၂နှမ်းနက် ၁၂၃၂၁၀၆ ၁၂၇၅၉၉၅ ၄၃၈၈၉ ၃ ၁၅၄၀ ၁၅၀၆ ၃၄ ၂MIRT (DOBT)
ဂျပန်က အဆွဲကောင်းနေတာကြောင့် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ တစ်ပတ်ထက်တစ်ပတ် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၁၂၅၀ ထိ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (အောက်တိုဘာလ ၁၇ ရက်မှ ၂၁ ရက်) အတွင်းမှာလည်း တန်ချိန် ၁၈၂၀ ခန့်ထိ တိုးတက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှား၊ စင်ကာပူနဲ့ ဗီယက်နမ် တို့ဖြစ်ပါတယ်။ ပမာဏအများဆုံး တင်ပို့တဲ့နိုင်ငံကတော့ ဂျပန်ကိုပဲဖြစ်ပါတယ်။ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် အောက်တိုဘာလ ၂၁ ရက်နေ့အထိ စုစုပေါင်း နှမ်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၈၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၄၃၀၀၀ ကျော်သာရှိလို့ ယခုနှစ်မှာ တန်ချိန် ၁၅၀၀၀ ကျော်ပိုမို တင်ပို့ပြီးကြောင်း သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သိပ္ပံနှမ်းနက် တစ်တန် ကန်ဒေါ်လာ ၁၈၀၀-၁၉၀၀၊ နှမ်းနက်ရိုးရိုး တစ်တန် ကန်ဒေါ်လာ ၁၄၅၀- ၁၅၀၀၊ နှမ်းဖြူ တစ်တန် ကန်ဒေါ်လာ ၁၃၀၀-၁၃၅၀၊ နှမ်းနီနဲ့ နှမ်းညို တစ်တန် ကန်ဒေါ်လာ ၁၂၂၅-၁၂၇၅ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT- MAPT