Background
မလေးရှားစားအုန်းဆီအပတ်စဉ်ပျမ်းမျှ(FOB)ဈေးနှုန်း၁၇-၆-၂ဝ၁၁ US$/Ton ဇွန်လပထမပတ် ဇွန်လဒုတိယပတ် နှိုင်းယှဉ်ချက်RBD P.Oil ၁၂ဝ၉ .၅ဝ ၁၁၇၂ .ဝဝRBD P.Olein ၁၂၂၉ .၅ဝ ၁၁၈၂ .၅ဝRBD P.Strarin ၁ဝ၉၉ .ဝဝ ၁ဝ၇၂ .၅ဝSource: econ.mpob
ပြည်ပဲပုပ်လည်း လက်လီသမားများသာ အရောင်းအဝယ်ဖြစ် ပြည်ဈေးကွက်တွင် ပဲပုပ်မှာ လက်လီဈေး ၁၇၅ဝဝ ကျပ်၊ လက်ကားဈေး ၁၆၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေပါတယ်။ နေ့စဉ်လက်လီ ဝယ်ယူ သူများရှိတာကြောင့် တစ်နေ့ကို ၄ အိတ်မှ ၆ အိတ်အတွင်း အရောင်း အဝယ် ဖြစ်ပါတယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်လက်ကျန်နည်းနေပြီး လက်ကျန် ရှိသည့် ကုန်သည်အချို့မှ ထုတ်ရောင်း ခြင်းဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာ မိုးပဲပုပ်ဧက ၂ဝဝ ကျော် စိုက်ပိုျးပြီးပြီလို့လည်း သိရပါ တယ်။ ဆုမွန်မွန်ဆွေ
လက်လီသမားများသာ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းပဲပုပ် ယခုအချိန်က မိုးသီးနံှများ စိုက်ပျိုးတဲ့ ကာလဖြစ်လို့ စစ်ကိုင်းတိုင်းဒေသ ကြီးရဲ့ ၂ဝ၁၁-၁၂ ခုနှစ် မိုးပဲပုပ် စိုက် ပျိုးဖို့ လျာထားဧက ၂ ထောင်ကျော် ကိုအားလုံးစိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ယခု ရောင်းဝယ်နေတာက ဆောင်းမှာ စိုက်ခဲ့တဲ့ ပဲပုပ်များဖြစ်ပြီး မြောင်မြို့နယ် လှေဦးတင်ကျေးရွာ၊ နဘက်ကျေးရွာ၊ ပရိမ္မကျေးရွာများမှ ပဲပုပ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက် လာပြီး လက်လီသမားများသာ ရက်ခြား အရောင်းအဝယ်ဖြစ်ကြောင်း၊ အရောင်း အဝယ်ဖြစ်တဲ့ နေ့များမှာ ပဲပုပ်တင်း ၁ဝဝ၊ ၂ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇွန်လ အတွင်း ပဲပုပ်စေ့တစ်ပိဿာ အနိမ့်အမြင့်ဈေးမှာ ၇၅ဝ ကျပ်-၇၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး ယခင်နှစ်ကာလတူ ဈေးမှာ ၈၃၃ ကျပ်-၈၆၁ ကျပ်ဈေး ပေါက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
အဝယ်လိုက်တဲ့ စစ်ကိုင်းမြေပဲ စစ်ကိုင်း၊ မြင်းမူ၊ မြောင်မြို့နယ်များမှ မြေပဲများ မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပါတယ်။ တရုတ်ဝယ်လက်ရှိလို့ မုံရွာကုန်စည်ဒိုင်မှာ မြေပဲအဝယ်လိုက်လာကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို မြေပဲဆံနီ၊ ဖြူနဲ့ မြေပဲလုံးဆံ တင်း ၇ဝဝ ကျော်အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာကုန်စည်ဒိုင်မှာ မြေပဲတစ်ပိဿာပေါက်ဈေး အနိမ့်အမြင့်မှာ မြေပဲဆံနီ ၁၉၅ဝ ကျပ်-၂၁၅ဝ ကျပ်၊ မြေပဲဆံဖြူ ၁၇ဝဝ ကျပ်-၁၇၅ဝ ကျပ်၊ မြေပဲလုံးဆံ ၂ဝ၃၆ ကျပ်-၂၂၁၄ ကျပ်၊ ပဲဖတ် ၅၄ဝ ကျပ်-၅၅ဝ ကျပ်၊ ပဲဆီ လက်ကားတစ်ပိဿာ ၃၇၅ဝ ကျပ်၊ လက်လီ ၄ဝဝဝ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ စီးထွက်မှုအနေနဲ့ ဇွန်လ ၁၅ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မန္တလေးသို့ မြေပဲဆံနီ၊ ဖြူနဲ့ မြေပဲလုံးဆံတင်း ၃ဝဝဝ ခန့်စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
ကျောက်ဆည်ဆီထွက်သီးနံှနှင့် ဆီဈေးကွက် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်မှ ဆီထွက်သီးနံှဈေးနှုန်းဟာ အနည်းငယ် ကျဆင်းလျက်ရှိပါတယ်။ ဇွန်လ ပထမပတ်မှာ နှမ်းဖြူ တစ်တင်းကို ၂၄၅ဝဝ ကျပ်၊ နှမ်းညို တစ်တင်း ၂၂၅ဝဝ ကျပ်၊ နှမ်းနက်တစ်တင်း ၂၄ဝဝဝ ကျပ်ဈေးနှုန်းနဲ့ နှမ်းဆီ တစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပဲဆီတစ်ပိဿာ ၄ဝဝဝ ကျပ်၊ စားဆီ တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးနှုန်းရှိခဲ့ပြီး ယခုဇွန်လ ဒုတိယပတ်မှာ ဆီထွက်သီးနံှ ဈေးနှုန်းဟာ နှမ်းဖြူ တစ်တင်းကို ၂၁၅ဝဝ ကျပ်၊ နှမ်းညိုတစ်တင်း ၂၁၅ဝဝ ကျပ်၊ နှမ်းနက် တစ်တင်း ၂၁ဝဝဝ ကျပ်ဈေးနှုန်းရှိ၍ ယခင်ပတ်ထက် အနည်းငယ်ကျဆင်းလျက် ရှိပြီး နှမ်းဆီတစ်ပိဿာ ၃ဝဝဝ ကျပ်၊ ပဲဆီတစ်ပိဿာ ၄ဝဝဝ ကျပ်နဲ့ စားအုန်းဆီ တစ်ပိဿာ ၂၄ဝဝ ကျပ်ဈေးနှုန်းရှိတဲ့အတွက် ယခုတစ်ပတ်အတွင်းမှာ ဆီထွက် သီးနံှဈေးနှုန်းများဟာ အနည်းငယ် ကျဆင်းသော်လည်း ဆီဈေးကွက်မှာ ဈေးငြိမ် နေကြောင်း သိရပါတယ်။ နှင်းလဲ့
မုံရွာဆီထွက်သီးနံှဈေးအေးပေမဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် မုံရွာကုန်စည်ဒိုင်ဇွန်လဒုတိယပတ် ဆီထွက်သီးနံှဈေးကွက်မှာ ယခင်တစ်ပတ် ကထက် ကျဈေးအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် ပုံမှန်ရှိခဲ့တယ်လို့ဆိုပါတယ်။ ပစ္စည်းအဝင်အနေနဲ့နယ်စုံကမြေပဲတွေ ခပ်ကဲျကဲျဝင်လျက်ရှိပြီး မိုးဦးနှမ်းသစ်အချို့ ဈေးကွက်ထဲစတင်ဝင်လာနေတယ်လို့ ပွဲရုံရပ်ကွက်ကကြားသိရပါ တယ်။ ပေါက်ဈေးအနေနဲ့ မြေပဲဆံအနီတစ်ပိဿာ ၁၉၅ဝ ကျပ်၊ မြေပဲဆံဖြူတစ် ပိဿာ ၁၇ဝဝ ကျပ်နဲ့ မြေပဲလုံးဆံတစ်တင်း ၂၈၅ဝဝ ကျပ် အသီးသီးဈေးတန့်နေပြီး နှမ်းဈေးတွေကတော့ ယခုပတ်မှာနှမ်းညိုတစ်တင်း ၂၁ဝဝဝ ကျပ်၊ နှမ်းဖြူ တစ်တင်းအဟောင်း ၂၂၅ဝဝ ကျပ်၊ အသစ် ၂၂၃ဝဝ ကျပ် အသီးသီးကျဈေးဖြစ် ပေါ်ခဲ့ပါတယ်။ စားသုံးဆီဈေးကတော့ ပဲ ဆီတစ်ပိဿာ ၃၆၅ဝ ကျပ်၊ ၃၇ဝဝ ကျပ်၊ နှမ်းဆီတစ်ပိဿာ ၂၉ဝဝ ကျပ်၊ ၃ဝဝဝ ကျပ် နဲ့ စားအုန်းဆီတစ်ပိဿာ ၂၂ဝဝ ကျပ်၊ ၂၂၃ဝ ကျပ် အသီးသီးကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ဆီထွက် သီးနံှဝယ်လက် အနေနဲ့ ဒေသတွင်းဆီစက်လုပ်ငန်းရှင်များ လက်လီသမားပဲကြော်ဖို များနှင့် မန္တလေးဝယ်လက်ပုံမှန်ရှိခဲ့လို့ နေ့စဉ် အရောင်းအဝယ်ပုံမှန်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်ရပ်ကွက်ကသိရပါတယ်။ ထွန်းလှိုင်
ဈေးဆက်လက်ကျဆင်းနေသော ပြည်နှမ်းဈေးကွက် ပြည်ဈေးကွက်တွင် နှမ်းဈေးမှာ တစ်ပတ်ထက်တစ်ပတ် ဈေးကျနေတာတွေ့ရ ပါတယ်။ ယခုအပတ်တွင် မိုးရွာသွန်းနေတာကြောင့် ပွဲရုံများနဲ့ ဆီစက်များမှ အရောင်းအဝယ်မဖြစ်သဖြင့် နှမ်းဈေးမှာ ဆက်လက်ကျဆင်းနေတာဖြစ်ပါတယ်။ နှမ်းဈေး ကျသလို နှမ်းဆီဈေးမှာလည်း ယခင်အပတ်ထက် ဈေးကျလာတာ တွေ့ရပါတယ်။ ဆီကြိတ်နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၇ဝဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၇၅ဝဝဝ ကျပ်ဖြစ်ပြီး နှမ်းဆီတစ်ပိဿာကို ၃၅ဝဝ ကျပ်ဖြင့် နှမ်းဈေးရော နှမ်းဆီဈေးပါ ယခင်အပတ်ထက် ဈေးကျလာတာတွေ့ရပါတယ်။ ဝေဝေမင်း
နှမ်းနက်အပို့ အနည်းငယ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိကာလ အတွင်း ကန်ဒေါ်လာ ဝ ဒသမ ဝ၅၂ သန်းတန်ဖိုးရှိ နှမ်းနက် ၃၅ တန် တင်ပို့မှု ရှိခဲ့ပါတယ်။ယခင်အပတ်ကထက် ၂၃ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မိမိ ဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %နှမ်းနက် ၁ဝ၈၆ဝ၅၉ ၁၁၃၉၆၉၁ ၅၃၆၃၂ ၅ ၁၄၃၁ ၁၄၃၂ ၁ ဝ .ဝ၆MIRT (DOBT)
်ပဲပုပ်ဆီဈေး နဲ့ ကွာခြားမှုကြီးမားလာတာကြောင့် အဝယ်တက်ပြီး စားအုန်းဆီဈေးမြင့်တက်လာနိုင် ၃ နှစ်နီးပါးအတွင်း ပဲပုပ်ဆီဈေး အမြင့်ဆုံးကို ရောက်ရှိလာလို့ စားအုန်းဆီနဲ့ ဈေးနှုန်းကွာခြားမှု ကြီးမားလာတာကြောင့် စားသောက်ကုန်တွေမှာ စားအုန်းဆီကို အသုံးများလာပြီး မကြာခင်က ဈေးနှုန်းကျဆင်း ခဲ့ရာမှ ယခုအခါ ပြန်လည်မြင့်တက်လာတယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လ ပို့ရမယ့် စာချုပ် ဈေးဟာ ဝ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်တန်ကို ရင်းဂစ် ၃၂၆၇ (ကန်ဒေါ်လာ ၁ဝ၇၈ )ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ ၁ဝရက်နေ့က ရင်းဂစ် ၃၂၃၉ (ကန်ဒေါ်လာ ၁ဝ၆၉) ဖြစ်ခဲ့လို့ မေလ ၁၂ ရက် နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်း ခဲ့တာ ဖြစ်ပါတယ်။ ဇွန်လ ၁ဝ ရက်နေ့မှာ ပဲပုပ်ဆီဈေးဟာ စားအုန်းဆီဈေးထက် တစ်တန်ကို ကန်ဒေါ်လာ ၂၁၄ ဒသမ ဝ၃ ပိုမိုမြင့်မားနေတာကြောင့် ၂ဝဝ၈ ခုနှစ် သြဂုတ်လ နောက်ပိုင်းဈေး ၂ ခုအကြား အမြင့်ဆုံး ကွာဟနေတယ်လို့ သိရပါတယ်။ အခုလို ဈေး ၂ ခုအကြား ကွာဟမှု ကြီးမားလာရခြင်းဟာ မကြာခင်က စားအုန်းဆီဈေး ကျဆင်း လာတာကြောင့်လည်း ဖြစ်တယ်လို့ RHR သုတေသန တက္ကသိုလ်မှ လေ့လာဆန်းစစ်သူ Hoe Lee Long မှပြောကြားပါတယ်။ ပဲပုပ်ဆီဈေး၊ မုန်ညှင်းဆီ ဈေးများပိုမိုမြင့်မားနေခြင်းက စားအုန်းဆီကို ပိုမိုဝယ်ယူ လာလိမ့်မယ်လို့လည်း ၎င်းကထပ်လောင်းပြောကြားပါတယ်။ စားအုန်းဆီဟာ မုန်ညှင်းဆီဈေးထက် လွန်ခဲ့တဲ့လက တစ်တန် ကန်ဒေါ်လာ ၂၈၂ လျော့ခဲ့ပေမဲ့ ယခုအခါ ကန်ဒေါ်လာ ၃၃၃ ထိ ပိုမိုလျော့ကျကွာခြားလာတယ် လို့ သိရပါတယ်။ မလေးရှားနိုင်ငံရဲ့ ဇွန်လပထမ ၁၅ ရက်အတွင်း စားအုန်းဆီတင်ပို့မှု ဟာ မေလ ကာလတူထက် ၂၅ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၆၇၁၃၁၄ တင်ပို့ခဲ့တယ်လို့ ကုန်ပစ္စည်းစစ်ဆေးတဲ့ Intertek မှ ပြောကြားပါတယ်။ မေလ စားအုန်းဆီထွက်ရှိမှုက ဧပြီလထက် ၁၃ ဒသမ ၇ ရာခိုင်နှုန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၇၄ သန်းရှိခဲ့လို့ ၁၉ လအတွင်း အမြင့်ဆုံးပမာဏကို ရောက်ရှိခဲ့တယ်လို့ မလေးရှားစားအုန်းဆီအဖွဲ့က ဇွန်လ ၁ဝ ရက်နေ့က ပြောကြားပါတယ်။ ချီကာကိုမှာ နိုဝင်ဘာလပို့ရမယ့် ပဲပုပ်ဈေးဟာ ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက် ပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၁၃ ဒသမ ၆၈၇၅ (တစ်တန်ကို ကန်ဒေါ်လာ ၅ဝ၆) ဖြစ်ပြီး ဒီဇင်ဘာလပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ ၅၈ ဒသမ ၃၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၁၂၈၆) ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလ ပို့ရမယ့် စားအုန်းဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ယွမ် ၉၂၂၆ (ကန်ဒေါ်လာ ၁၄၂၄) ရှိပြီး ဇန်နဝါရီပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ယွမ် ၁ဝ၂၇၂ (ကန်ဒေါ်လာ ၁၅၈၆) ဈေးရှိတယ်လို့ သိရပါတယ်။ ယုဇန၊Source: bloomberg .net