Main menu

Background

Monday, 8 Jul 2013

စဉ်    အမျိုးအစား/MDL                အက္ခရာ           ဈေးနှုန်း    မှတ်ချက်
၁။    ကိုရိုလာဗင် (97)                        ဘီဘီ             ၁၄၅ သိန်း    ၂။    ကိုရိုလာဗင် (99)                         ၅င               ၁၆၅ သိန်း    ဓာတ်ဆီ၃။    တိုယိုတာ (ဝှစ်ရှ်) (2003)              ၃စ               ၂၂၀ သိန်း    ၁ .၈ ဓာတ်ဆီ၄။    စူပါကပ်စတန် (97) ပုံစံ                ၈ည              ၁၄၅ သိန်း     စက်မှုဇုန်၅။    စူပါကပ်စတန် (2000) ပုံစံ             ၈ဈ              ၁၈၅ သိန်း     စက်မှုဇုန်၆။    အားမာန်သစ် ဝက်ဂွန် (စက်မှုဇုန်)    ၈ည               ၇၀ သိန်း    ၇။    ဟိုင်းလက်ဆပ်(ဖ်) (95)                ၃ဂ               ၁၄၀ သိန်း    ဒီဇယ်၈။    မတ်(ခ်)တူး (2000)                      ၄ဂ              ၁၃၅ သိန်း     ဒီဇယ်၉။    တိုယိုတာ (ရက်တစ်) (2007)           ၉င             ၁၁၈ သိန်း    ၁၀။    ဟွန်ဒါဖစ် (2008)                      ၁စ              ၁၂၅ သိန်း

Monday, 8 Jul 2013

ဘိလပ်မြေအဝင်လျော့
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၂၂ ရက်မှ ၃၀ ရက်အတွင်း ဘိလပ်မြေ ၁၃၄၆၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ တစ်ဆယ့်နှစ်သိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ TPI   တံဆိပ်ဘိလပ်မြေနဲ့ဆင်တံဆိပ် ဘိလပ်မြေများ အဝင်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတန်ချိန် နှစ်သောင်းကျော်အဝင်ရှိတာကြောင့် ဒီတစ်ပတ်မှာတန်ချိန်ခြောက်ထောင့် ကိုးရာကျော်အဝင်ေ လျာ့ခဲ့တယ်လို့သိရပါတယ်။

Monday, 1 Jul 2013

ရေကြောင်းလမ်းမှ ဘိလပ်မြေတန်ချိန်နှစ်သောင်းကျော်ဝင်
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်နေ့တာကာလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုလမ်းမှ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀၃၆၃ တန်ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံ မှ ဘိလပ်မြေ ၈၈၈၈ တန်နဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၁၁၄၇၅ တန်တင်သွင်းခဲ့တယ် လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် ရှစ်ထောင်ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်းနှစ်ထောင်ကျော် အဝင်ပိုခဲ့တယ် လို့ သိရပါတယ်။              MIRT (DOT)

Wednesday, 12 Jun 2013

မြေသြဇာ အဝင်များ
 
ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းမှ မေလနောက်ဆုံးသီတင်းပတ်မှာ ကန်ဒေါ်လာ သုံးဆယ့်ရှစ် သိန်းကျော်တန်ဖိုးရှိ မြေသြဇာ ၁၂၅၂၀ တန်ကို တင်သွင်း ခဲ့ပါတယ်။ ဒီသီတင်းပတ်ထိုင်းနိုင်ငံမှ NPK  မြေသြဇာ ၈၅၂၀ တန်၊ ဘယ်လ်ဂျီ ယံနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၂၀၀ ၊ ဂျာမဏီနိုင်ငံမှ ကွန်ပေါင်း မြေသြဇာ တန်ချိန် ၂၀၀ ၊ ကနေဒါနိုင်ငံမှ ပိုတက်မြေသြဇာ တန်ချိန် ၆၀၀၊ အင်ဒိုနီးရှားနိုင်ငံ မှ ပိုတက်မြေသြဇာတန်ချိန် ၃၀၀၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ် မှာ ထိုင်းနိုင်ငံမှ မြေသြဇာအများဆုံး ဝင်လာတာ တွေ့ရပါ တယ်။ ယခင်သီတင်းပတ် မြေသြဇာအဝင်က တန်ချိန် ငါးရာကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ မြေသြ ဇာအဝင်ပိုခဲ့ပါတယ်။

Wednesday, 12 Jun 2013

ဘိလပ်မြေ အဝင်နည်း ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေလနောက်ဆုံးသီတင်း ပတ်မှာ ကန်ဒေါ်လာ နှစ်သိန်း ငါးသောင်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၃၀၂၁ တန် တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာတင်သွင်းခဲ့တဲ့ နိုင်ငံတွေမှာ စင်ကာပူနိုင်ငံမှ ၂၁ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၃၀၁၀ ဖြစ်ပါတယ်။ မေလ ဘိလပ်မြေတင်သွင်းမှု ထဲမှာ ဒီတစ်ပတ်ဘိလပ်မြေအနည်းဆုံးဝင်လာခဲ့တာဖြစ်ပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလအတွင်း ဘိလပ်မြေမျိုးစုံအဝင်တန်ချိန် မှာ တန်ချိန် တစ်သိန်းတစ်သောင်းကျော်ရှိခဲ့ပြီး မေလ ဘိလပ်မြေအဝင်မှာ တန် ချိန် ခြောက်သောင်း သုံးထောင်ကျော် သာရှိခဲ့တာကြောင့် မေလမှာ တန်ချိန် ငါး သောင်းလေးထောင်ကျော်အဝင်လျော့ခဲ့ပါတယ်။           MIRT (DOT)

Wednesday, 12 Jun 2013

စဉ်    အမျိုးအစား/MDL                   အက္ခရာ           ဈေးနှုန်း    မှတ်ချက်
၁။    ကိုရိုလာဗင် (97)                      ဘီဘီ           ၁၄၅ သိန်း    ဒီဇယ် ၂။    ကိုရိုလာဗင် (97)                     အေအေ        ၁၇၅ သိန်း    စီအန်ဂျီ      ၃။    ကိုရိုလာဗင် (2000)                  ယာယီ         ၁၇၀ သိန်း    ဓာတ်ဆီ    ၄။    ပါဂျဲရိုး (97)                             ယာယီ        ၂၄၀ သိန်း     လူရုပ်ဒီဇယ် ၅။    စူဇူကီး(ဆွစ်ဖ်) (2008)                ၅ဃ          ၁၁၅ သိန်း     ၆။    မာဇဒါဒီပီယို (2008)                    ၃င            ၉၅ သိန်း     ၇။    တိုယိုတာပက်ဆို (2007)              ၂င             ၉၃ သိန်း        ၈။    မစ်ဆူဘီရှီ(တခန်းခွဲ) (2007)       ယာယီ        ၁၇၅ သိန်း    ဒီဇယ်၉။    စူပါကပ်စတန် (97)                    ဂည         ၁၄၅ သိန်း    ဒီဇယ်၁၀။    ဟိုက်ဂျက် (2006)                 ယာယီ          ၆၅ သိန်း    ဓာတ်ဆီ

Wednesday, 12 Jun 2013

ရေနံချောင်းမြို့ စက်မှုဇုန်တွင် မြေဈေး၊တည်တည်ငြိမ်ငြိမ်ရှိနေကြောင်း တာဝန်ရှိသူအမျိုးသားတစ်ဦးက ပြော သည်။ "ဒီမှာက စက်မှုဇုန် မြေဈေးပေါ့ နော် ပေ ၁၀၀ ပတ်လည်တွင်ကျပ် ၁၀ သိန်းဈေးပေါက်နေပါတယ်။ဒါပေမယ့် ဝယ်ရောင်းကမဖြစ်ဘူး။ဈေးတည် တည် ငြိမ်ရှိတယ်။ဈေးနှုန်းကတော်တော် တန် တယ်။လုပ်ငန်းလုပ်ကိုင်သူ အတွက်ပေါ့"ဟုပြောဆိုသည်။

Wednesday, 5 Jun 2013

အိန္ဒိယနဲ့ထိုင်းမှဘိလပ်မြေတန်ချိန်နှစ်သောင်းခြောက်ထောင်ကျော်ဝင် ပြည်တွင်းကို မေလ ၁၉ ရက်မှ ၂၅ ရက်နေ့တာကာလအတွင်း ကန်ဒေါ်လာ နှစ်ဆယ့်နှစ်သိန်းကျော်တန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၆၂၄၈ ဒသမ ၆၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၃၀၀ ဝင်ခဲ့သလို အခြားဘိလပ်မြေများလည်း တန် ချိန် ၂၂၆၅၈ ဒသမ ၄ တန်ဝင်လာတယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံမှ ဘိလပ် မြေတန်ချိန် ၃၂၅၀ ဒသမ ၂၂ နဲ့ အာရပ်နိုင်ငံမှလည်း တန် ၄၀ ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေမှာ တန်ချိန် တစ်သောင်းလေးေ ထာင် ကျော်သာ အဝင်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်သောင်း တစ်ထောင် ကျော်အဝင်ပိုခဲ့ ပါတယ်။     MIRT (DOT)

Wednesday, 5 Jun 2013

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်မှာ ၂၀၁၃-၂၀၁၄ မိုးသီးနှံအစေ့ထုတ် ပြောင်း စိုက်ပျိုးရာမှာ ယခင်စိုက်ပျိုးခဲ့တဲ့ ၈၈၈ စပ်မျိုးစိုက်ပျိုးခြင်းထက် ရေဆင်း စပ်မျိုးအစေ့ထုတ်ပြောင်း စိုက်ပျိုးသူ ပိုမိုများလာကြောင်း သိရပါတယ်။ ဒီလိုရေဆင်း ပြောင်း မျိုးစေ့များကို မျိုးပြောင်းလဲစိုက်ပျိုးခဲ့ခြင်းမှာ အစေ့ထုတ်ပြောင်း တစ်ဧက အထွက်နှုန်းနဲ့ မျိုးစေ့ကုန်ကျစရိတ်များ၊ သွင်းအားစုကုန်ကျစရိတ်များ ကွာခြားလာ ခြင်းကြောင့်ဖြစ်ပါ တယ်။ ပြောင်းစိုက် တောင်သူများရဲ့ အဆိုအရ ၈၈၈ စပ်မျိုး စိုက်ပျိုးရာမှာ တစ်ဧကအတွက် မျိုးစေ့တန်ဖိုးမှာ ၁၆၂၀၀ ကျပ်ဖြစ်လို့ အထွက်နှုန်း မှာ တစ်ဧကကို ၄၀-၄၅ တင်း (ပိဿာ ၆၀၀ မှ ၇၅၀)ခန့် အထိသာ ထွက်ရှိပြီး၊ ရေဆင်းစပ်မျိုးမှာ တစ်ဧကအတွက် မျိုးစေ့တန်ဖိုးမှာ ၈၀၀၀ ကျပ်နဲ့ အထွက်နှုန်းမှာ တင်း ၆၀ (ပိဿာ ၉၀၀)ခန့် အထွက်ရှိတဲ့အပြင် သွင်းအားစုဓာတ်မြေသြဇာ သုံးစွဲ ရမှုမှာလည်း လျော့နည်းမှုရှိကြောင်းနဲ့ ကလောမြို့နယ်မှာ ၂၀၁၃-၂၀၁၄ ပြောင်း စိုက်ဧက ၃၁၂၇ ဧကခန့်ရှိပြီး၊ ၇၅ ရာခိုင်နှုန်းမှာ ရေဆင်း စပ်မျိုးကို ပြောင်းလဲစိုက်ပျိုး မှုရှိကြောင်း၊ အောင်ပန်းမြို့ အခြေစိုက် စိုက်ပျိုးရေးသုတေသနတာဝန်ခံနဲ့ မြို့ပေါ်ရှိ သီးနှံမျိုးစေ့အရောင်းဆိုင်အချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။မင်းအောင် - တောင်ကြီး

Wednesday, 5 Jun 2013

စဉ်    အမျိုးအစား/MDL                    အက္ခရာ           ဈေးနှုန်း       မှတ်ချက်
၁။    တိုယိုတာကရောင်း (97)                 ယာယီ           ၁၇၅ သိန်း    ဒီဇယ်၂။    မစ်ဆူဘီရှီ(၁ ခန်းခွဲ) (2006)            ယာယီ           ၁၇၀ သိန်း    ဒီဇယ်၃။    တိုယိုတာ (ဘယ်လ်တာ) (2008)        ၉ဃ            ၁၃၀ သိန်း    ၄။    နီဆန်း (တီဒါ)(2008)                      ၉ဃ            ၁၅၃ သိန်း     ၅။    ပါဂျဲရိုး (ဠ-၄၆) (97)                         ၅င            ၂၃၅ သိန်း     ၆။    ပရီမီယိုဆလွန်း (2000)                    ၂င             ၁၈၅ သိန်း    1.8 ဓာတ်ဆီ်၇။    ပရီမီယိုဆလွန်း (2008)                 ယာယီ            ၃၅၀ သိန်း    ၈။    အာလ်ဖတ် (2002)                      ယာယီ             ၂၆၅ သိန်း     2.4 ဓာတ်ဆီ၉။    ဟွန်ဒါဖစ် (2009)                        ယာယီ             ၁၃၅ သိန်း    ၁၀။    မာဇဒါ^ဒီမီယို (2006)                  ၅င                ၉၅ သိန်း

Pages