Background
တံတားဦး ဟိုတယ်ဇုန်စီမံကိန်းကို တံတားဦးမြို့နယ် ကတိုးဆိပ်ကျေးရွာ အနီးမှာ ရက်ပိုင်းအတွင်း အကောင် အထည်ဖော်ဖို့ စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံဟိုတယ်ဆိုင် ရာ လုပ်ငန်းရှင်များအသင်း (မန္တလေး ဇုန်) ဥက္ကဋ္ဌဦးမြင့်အောင်က "အများပိုင် ကုမ္ပဏီဖွဲ့စည်းခွင့်ရရှိပြီး အစုရှယ်ယာ ခေါ်ဖို့ စီစဉ်နေပါတယ်။ ဟိုတယ်ဇုန်စီမံ ကိန်းကို ရက်ပိုင်းအတွင်း အကောင် အထည်ဖော်မယ်။ အသင်းက ရေ၊ မီး၊ လမ်းအတွက် တာဝန်ယူပေးမယ်။ အစုရှယ်ယာ ဝင်တဲ့သူတွေက စီမံကိန်း မှာပါဝင်လို့ရပါတယ်။ ဘယ်သူမဆို ရှယ်ယာဝယ်ယူလို့လည်း ရပါတယ်။ ဟိုတယ်ဇုန် စီမံကိန်းအတွင်းမှာ အများ ပြည်သူတည်းခိုနိုင်တဲ့ တည်းခိုခန်း အဆင့်ကနေ နိုင်ငံခြားသားတည်းခိုနိုင် မယ့် 5 Star အဆင့်ရှိ ဟိုတယ်ပါတည် ဆောက်သွားမယ်" လို့ ပြောပါတယ်။
အစုရှယ်ယာများကို အစုတစ်စုကို အနည်းဆုံးကျပ်တစ်သောင်းမှ အများ ဆုံး ကျပ်သိန်းပေါင်းတစ်သောင်း ထိရောင်းချပေးမှာဖြစ်ပါတယ်။ ဟိုတယ် ဇုန်စီမံကိန်းမှာ ပြည်ပနိုင်ငံများမှ ရင်းနှီး မြှုပ်နှံမှုပြုလုပ်ဖို့ ကမ်းလှမ်း ထားကြောင်း သိရပါတယ်။ ဇူးဇူး - မန္တလေး
နိုင်ငံစုံမှ မြေသြဇာများအဝင်ပို ပြည်တွင်းမှာအသုံးပြုရန် ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဧပြီလ ၇ ရက် မှ ၁၃ ရက်နေ့အတွင်း ကန်ဒေါ်လာ ရှစ်သိန်း နှစ်သောင်းကျော်တန်ဖိုးရှိ မြေသြဇာ ၂၅၀၇ ဒသမ ၁၅ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီသီတင်းပတ် ဝင်ခဲ့တဲ့ မြေသြဇာများက မလေးရှားနိုင်ငံမှ ကွန်ပေါင်းမြေသြဇာတန်ချိန် ၉၄၀ ၊ ထိုင်းနိုင်ငံမှ မြေသြဇာ ၄၁၈ ဒသမ ၇၅ တန်၊ ရုရှားနိုင်ငံမှ မြေသြဇာ ၅၃၅ ဒသမ ၄၀တန် ၊ စင်ကာပူနိုင်ငံမှ မြေသြဇာ တန်ချိန်၂၅၀၊ အီရန်နိုင်ငံမှ ပိုတက် ဆီယမ်နိုက်တြိတ်မြေ သြဇာ ၃ တန်၊ တရုတ်နိုင်ငံမှ နိုက်တြိုဂျင်အမျိုးအစား မြေသြဇာတန်ချိန် ၁၀၀ နဲ့ ကောမတ် မြေသြဇာတန်ချိန်၂၆၀ တင်သွင်းလာ တယ်လို့ သိရ ပါတယ်။ ဧပြီလ လဆန်းပိုင်း မြေသြဇာတင်သွင်းမှုမှာ တန်ချိန်တစ်ထောင့်နှစ်ရာ ကျော်ရှိတာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် တစ်ထောင်ကျော် အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)
အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ ဘိလပ်မြေများဝင် သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်သိန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၂၀၆၈၅ ကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၆၇၅၅ တန်နဲ့ ထိုင်းနိုင်ငံမှ တန်ချိန် ၁၃၉၁၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ မှတင်သွင်းလာတဲ့ ဘိလပ်မြေများမှာ မောင်းတိန်းဘိလပ်မြေ တန်ချိန် ၇၄၀၀၊ ဆင်တံဆိပ်ဘိလပ်မြေ ၂၁၀ တန်၊ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၄၄၀၀ နဲ့အခြား ဘိလပ်မြေတန်ချိန် ၁၉၀၀ တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်က တန်ချိန် တစ်သောင်းငါးထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ငါး ထောင်နီးပါးအဝင်ပိုခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ရော်ဘာလေ့လာရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး Stephen Evans က လာမဲ့ ၁၀ စုနှစ်အတွင်း တာယာလိုအပ်ချက်များ ကမ္ဘာနဲ့ အဝှမ်း မြင့်မားလာနိုင်တယ်လို့ ဟောကိန်းထုတ်ပြောကြားလိုက် ပါတယ်။
ယခုနှစ်ဆန်းမှာ မန္တလေးကားဈေး ကွက်အတွင်း အရောင်းအဝယ်ဖြစ်လာ ပြီး၊ ကားဈေးတက်ရိပ်ပြလာပါတယ်။ လမ်း ၆၀ကားဝိုင်းမှ ကားဝယ်ရောင်း လုပ်သူ ဦးဝင်းမြင့်ဝင်းက "နှစ်ကုန်ပိုင်း ကထက် ယခုနှစ်ဆန်းမှာ အရောင်း အဝယ် ပြန်ဖြစ်လာပြီး၊ လူကြိုက်များတဲ့ ကားတွေဆို ကျပ် ၅ သိန်းနဲ့ ၁၀ သိန်း ကြားဈေးတက်တယ်။ အပ်ကားတွေ တောက်လျှောက် အပ်ခံနေတော့ ကား အပ်တဲ့သူတွေကပြန်ဝယ်ကြတဲ့အတွက် အရောင်းအဝယ်ဖြစ်နေ တာ။ ကားသွင်း ရတဲ့ အခွန်အခလျှော့မယ်ဆို လမ်းပေါ် မှာတွေ့နေရတဲ့ကားဟောင်းတွေပျောက် သွားမယ်။ နယ်စပ်အရောက်ကားဈေးနဲ့ စလစ်ဈေးက တန်ဖိုးမကွာဘူးဖြစ်နေ တယ်။ ကားတစ်စီး ကျပ်သိန်း ၂၅၀ လောက်ဖြစ်တဲ့ ကားက နယ်စပ် အရောက် ကျပ်သိန်း ၁၀၀ လောက်ပဲ ရှိတာ။ အခွန်အခနဲ့ သယ်ယူစရိတ်က ကျပ်သိန်း ၁၅၀ လောက်ရှိနေတယ်။ အခွန်အခတွေ လျှော့မယ်လို့လည်း ကြားပါတယ်။ လျှော့လိုက်ရင် ကားတန် ဖိုးကျပြီး လူတိုင်းကားစီးနိုင်မယ်။ ကား ဈေးကျပြီး အရောင်းအဝယ်ကလည်း ဆက်ရှိနေဦးမှာပါလို့ ပြောပါတယ်။
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်
၁။ တိုယိုတာကိုရိုလာ (၉၀) ၅က ၁၅၀ သိန်း ဒီဇယ် (ကားကောင်း) ၂။ တိုယိုတာ ကိုရိုနာဆလွန်း (၉၄) ၉က ၁၃၀ သိန်း ဒီဇယ် (ဆပ်ခေါင်း) ၃။ ကာလ်ဒီးနား (၉၇) (ဓာတ်ဆီ) ၉ဃ ၁၆၀ သိန်း ၄။ ဟွန်ဒါ (စီအာဗီ) (၉၉) ၉ဃ ၁၈၀ သိန်း ၅။ ဟွန်ဒါ (စီအာဗီ) (၂၀၀၁) ၉ဃ ၂၁၀ သိန်း ၆။ ပါဂျဲရိုး (အိုင်အို) (၉၉) ၃ဃ ၁၇၀ သိန်း ၇။ အာအေဗီ (ဖိုး) (၉၉) ၃ဃ ၁၉၀ သိန်း ၈။ တိုယိုတာ/ပက်ဆို (၂၀၀၇) ၃င ၁၀၅ သိန်း ၉။ တိုယိုတာ/ ဘီဘီ (၂၀၀၇) ၃င ၁၂၅ သိန်း ၁၀။ တိုယိုတာ^ ရက်အစ် (၂၀၀၇) ၂င ၁၂၀ သိန်း
သြင်္ကန်ပွဲတော်နီးကပ်လာသည့် နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများ ဖြစ်သဖြင့် ရန်ကုန်မြို့တွင်းနေရာ အသီးသီးရှိ ပွဲစားတန်းများတွင် ရာသီဥတု ပူပြင်းမှုကြောင့် လူအဝင်ကျဲပါးနေပြီး နံနက်ခင်းပိုင်းနှင့် ညနေခင်းမှာ လူပြန်စည် ကားလာကြောင်း ပွဲစားတန်းမှ အကျိုးဆောင်များအပြောအရ သိရသည်။
ရေလမ်းမှ ဘိလပ်မြေအဝင်လျော့ ပြည်တွင်းမှာ ဘိလပ်မြေ ရောင်းအားများနေတာကြောင့် နယ်စပ်ရော ရေ လမ်းကပါ ဆက်တိုက်ဆိုသလို အဝင်များနေပါတယ်။ ဒါပေမဲ့ မတ် ၁၇ ရက်မှ ၂၃ ရက်အတွင်းမှာ ဘိလပ်မြေ အဝင်နည်းခဲ့ပါတယ်။ အဲဒီရက်များမှာ ကန်ဒေါ်လာ တစ်ဆယ့်သုံးသိန်းကျော် တန်ဖိုးရှိ ဘိလပ်မြေ တန်ချိန် ၁၅၆၀၆ ဒသမ ၈၀ ကိုသာ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဗီယက်နမ်၊ ထိုင်းနဲ့ ကိုရီးယားနိုင်ငံများမှ ဘိလပ် မြေများ ဝင်လာခဲ့သလို တင်သွင်းလာခဲ့တဲ့တန်ချိန်မှာ ဗီယက်နမ်မှ ဘိလပ်မြေ တန်ချိန် ၆၀၊ ထိုင်းနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၁၅၅၄၂၊ ကိုရီးယားနိုင်ငံမှ ဘိလပ်မြေ တန်ချိန် ၄ဒသမ ၈တန်တင်သွင်းလာခဲ့ကြောင်း သိရ ပါတယ်။ ယခင်သီတင်းပတ်မှာ ဘိလပ်မြေအဝင်က တန်ချိန် သုံးသောင်းငါးထောင် ကျော်ရှိတာကြောင့် ဒီတစ်ပတ် တန်ချိန် တစ်သောင်းကိုးထောင်ကျော် အဝင်လျော့ ခဲ့ပါတယ်။ MIRT (DOT)
နိုင်ငံစုံမှ ဘိလပ်မြေများဝင်ဖေဖော်ဝါရီနောက်ဆုံးပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ ဘိလပ်မြေတန် ချိန် ၃၂၀၆၇ တန် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ နှစ်ဆယ့်ခုနှစ်သိန်းကျော်ဖိုးကို တင်သွင်းလာခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ထိုင်းနိုင်ငံမှ ဘိလပ်မြေ ၃၁၇၉၇ တန်၊ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၂၅ တန်၊ စင်ကာပူနိုင်ငံမှ ဘိလပ်မြေ ၁၈ တန်၊ အိန္ဒိယနိုင်ငံမှ ဘိလပ်မြေ ၁၃၇ တန်၊ မလေးရှားနိုင်ငံမှ တန် ၉၀ တင်သွင်းခဲ့ပါ တယ်။ ဖေဖော်ဝါရီလအတွင်း ဘိလပ်မြေအဝင်က တန်ချိန် တစ်သိန်းကျော်ရှိခဲ့ပါ တယ်။ ဇန်နဝါရီလအတွင်း ဘိလပ်မြေအဝင်က တန်ချိန် ရှစ်သောင်းခြောက်ထောင် ကျော်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ဘိလပ်မြေအဝင် က တန်ချိန် တစ်သောင်း သုံးထောင်ကျော်အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်
၁။ စူပါဆလွန်း (၈၆) သ ၇၀ သိန်း ကားပျော့၂။ ကိုရိုလာဗင် (၈၈) ၂က ၈၅ သိန်း ဓာတ်ဆီ ၃။ ကိုရိုလာဗင် (၉၀) ၅က ၉၅ သိန်း ဒီဇယ် ၄။ တောင်းအေ့(စ်) (စက်မှုဇုန်) စ ၆၅ သိန်း ဒီဇယ် ရိုက်လုံး ၅။ ဆူဇူကီး ပစ်ကပ်R (-) ၄ခ ၅၀ သိန်း ဓာတ်ဆီ၆။ ဆူဇူကီးR (+) ၅ခ ၈၀ သိန်း ၇။ ချယ်ရီဝက်ဂွန် (၂၀၁၂) ၉ဃ ၇၅ သိန်း ၈။ တိုယိုတာမတ်(ခ်)တူး (၂၀၀၂) - ၂၁၀ သိန်း 2.5 ဓာတ်ဆီ ၉။ တိုယိုတာပရီမီယို (၂၀၀၂) ၄င ၁၈၅ သိန်း ဓာတ်ဆီ ၁၀။ ကာလ်ဒီးနား (၉၇) အေအေ ၂၁၀ သိန်း (စီအန်ဂျီ ၇၀ အိုး)