Main menu

Background

Thursday, 17 May 2012

             ရန်ကုန်မြို့တော်နှင့် မန္တလေးမြို့တို့ တွင် ခရီးသည်တင် ဘတ်စ်ကားများ နည်းပါးမှု၊ ညံ့ဖျင်းမှုနှင့် နေ့စဉ်ကြုံတွေ့ နေရသဖြင့်  လူစီးဘတ်စ်ကားများကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း နေပြည်တော်တွင်ပြုလုပ် သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏လုပ်ငန်းအကောင်အ ထည် ဖော်ဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပွဲအခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

Thursday, 17 May 2012

အမရပူရမြို့  မြေအုပ်စု အဆင့် အတန်းအား မန္တလေးမြို့တော်စည် ပင်သာယာရေးကော်မတီမှ  A1 ၊ A2 အဆင့်နှစ်မျိုးတည်းသာ သတ်မှတ်ထား ကြောင်း သိရပါတယ်။

Thursday, 17 May 2012

      အမရပူရမြို့နယ် နယ်နိမိတ်ရှိ မြေ များအား မန္တလေးမြို့တော်  စည်ပင် သာယာရေးကော်မတီ  (Mandalay City Development Committee) MCDC  မှ မြေရာဇဝင်ငယ် စာရင်းရှိ မယ့်နေရာသိရှိပါက ကူညီဆောင်ရွက် ပေးမှာဖြစ်ကြောင်း မြို့မြေဌာနမှ ဝန် ထမ်းတစ်ဦးက ပြောပါတယ်။

Wednesday, 16 May 2012

ဘိလပ်မြေတန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ဝင်ဧပြီ ၂၉ ရက်မှ မေ ၅ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၁၂၁၂၀ ဒသမ ၁၅ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ကိုးသိန်းနှစ်သောင်းကျော်ဖိုးကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ ဆင်တံဆိပ် ဘိလပ်မြေ ၆၄၂၀ ဒသမ ၁၅ တန်နဲ့ အခြားဘိလပ်မြေမျိုးစုံတန်ချိန် ၅၇၀၀ တင် သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သောင်း တစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေတင်သွင်းမှု အနည်းငယ် လျော့ခဲ့ပါတယ်။ ဧပြီလအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ် သောင်းကျော်ရှိခဲ့ပြီး မတ်လအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် သုံးသိန်းနှစ် သောင်းကျော်ရှိခဲ့တာကြောင့် ဧပြီလမှာ ဘိလပ်မြေတင်သွင်းမှုက မတ်လဘိလပ်မြေ တင်သွင်းမှုထက် နှစ်ဆကျော်လောက် လျော့နည်းခဲ့ပါတယ်။       MIRT (DOT)

Tuesday, 15 May 2012

    မန္တလေးမြို့တွင်   မြေအရောင်း အဝယ် အေးခြင်းကြောင့် မြေဝယ်ယူ ထားသူများမှာအရောင်းအဝယ် စာချုပ် ချုပ်၍ ပေါင်နှံမှုများ ပြုလုပ်မှုများ လာ ကြောင်း သိရပါတယ်။မြေပေါင်နှံရာတွင် မြို့သစ်ရှိ ထန်း ကိုးပင်ရပ်၊   အောင်ပင်လယ်ရပ်နဲ့ မနော်ဟရီတောင်ဘက်ခြမ်းရှိ   မြေ ကွက်များကို  အများဆုံး ပြု လုပ်နေ ကြောင်း  မြေအကျိုးဆောင်များထံမှ သိရပါတယ်။

Tuesday, 15 May 2012

     နိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်မြို့နဲ့ မန္တလေးမြို့များမှာ ကားအရောင်းပြခန်းများ  (Used  Car  Sale  Centre) ဖွင့်လှစ်ပြသရောင်းချ ခွင့်ပြုပေးလျက်ရှိရာ မန္တလေးမြို့မှာလည်း ၂၀၁၂ ခုနှစ် မေ ၄ ရက် Best  Auto  Services  Co.,Ltd   ရဲ့ ကားအရောင်းပြခန်း ဖွင့်လှစ်ခဲ့ပါတယ်။       လက်ရှိပြခန်းမှာ ကား ၁၆ စီးပြသထားပြီး ဂျပန်နိုင်ငံထုတ်  Toyota, Nissan, Mitsubishi   လူစီးယာဉ်ငယ် အမျိုးမျိုးပါဝင်ပါတယ်။ ဝယ်ယူသူ လိုအပ်ချက်များအရ ကုန်တင်ယာဉ်များကိုလည်း မှာယူရောင်းချပေးနိုင်ကြောင်းနဲ့ ဖွင့်ပွဲနေ့မှာ ၂၀၀၂ ခုနှစ်ထုတ် Toyota  Caldina စက်ရုပ်ကားတစ်စီး ရောင်းချရကြောင်း ပြခန်းတာဝန်ခံ မန်နေဂျာ ဦးဇော်မင်းလှိုင်က ပြောကြားပါတယ်။ မန္တလေးမြို့မှာThemis  Services  Co.,Ltd နဲ့ Best  Auto  Services  Co.,Ltd   တို့ရဲ့ ကားအရောင်းပြခန်းနှစ်ခန်း ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရပါတယ်။    ဇေယျာဆွေ

Tuesday, 15 May 2012

    ရန်ကုန်မြို့ ကားဈေးကွက်၏ မေလဆန်းပိုင်းအခြေအနေမှာ ရောင်း လိုအားများနေပြီး ဝယ်လိုအားနည်းနေသဖြင့် ဈေးတန်းများအကျဖက်သို့ ဦးတည်နေကြောင်း သိရသည်။ ကဏ္ဍစုံ  တင်သွင်းရောက်ရှိလာသော အင် ဂျင်ပါဝါအမျိုးမျိုး၊ မိုဒယ်(လ်)အမျိုးမျိုးကားများ စုံလင်စွာဝိုင်းထဲတွင် လက် ရှိရောက်ရှိနေပြီး ဝယ်သူဈေးကွက်ဖြစ်လာကာ ဈေးတန်းမှာလည်း တဖြည်း ဖြည်း ကျဆင်းလာကြောင်းသိရသည်။

Tuesday, 15 May 2012

စဉ်    အမျိုးအစား/MDL               အက္ခရာ           ဈေးနှုန်း                 မှတ်ချက် ၁။    ဆူဇူကီး (R+)                     ၂ဂ/၃၈           ၁၇၀/၁၉၀ သိန်း     ၂။    ဆူဇူကီး (R-)                        ၉ခ               ၁၄၀ သိန်း         ၃။    ကိုရိုလာဗင် (၈၇)                  ၁က               ၁၄၅ သိန်း               ဓာတ်ဆီ ၁ .၃၄။    စူပါဆလွန်း (၈၅)                ၁က/၂က         ၁၆၀ သိန်း         ၅။    တောင်းအေ့(စ်) (စက်မှုဇုန်)      ၈ဃ             ၁၈၀ သိန်း                ၉၇ ပုံစံ    ၆။    မြန်မာမီနီ                             ၆ဂ               ၁၅၅ သိန်း     ၇။    ချယ်ရီဝက်ဂွန်                       ၆ဂ                ၁၆၅ သိန်း     ၈။    လော်ရယ်ဆလွန်း                  ၅က               ၁၇၀ သိန်း    ၉။    မတ်(ခ်)တူး (၉၅)                  ၃ခ                 ၂၃၀ သိန်း             ဒီဇယ်    ၁၀။    မတ်(ခ်)တူး (၉၉)                ၇ဂ                   ၂၄၅ သိန်း         ဓာတ်ဆီ   

Tuesday, 15 May 2012

ဆင်၊ မောင်းတိန်းနဲ့ စိန်တံဆိပ်ဘိလပ်မြေများ တင်သွင်းခဲ့ဧပြီပထမပတ်အတွင်း ဘိလပ်မြေ တန်ချိန် ကိုးသောင်းကျော်တင်သွင်းခဲ့ပြီး ဒုတိယ ပတ်မှာ အဝင်နားခဲ့ပါတယ်။ ဧပြီစတုတ္ထပတ်မှာတော့ ဘိလပ်မြေတန်ချိန် ၁၁၉၁၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ဆယ်သိန်းကျော်ဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ စတုတ္ထပတ်အတွင်း တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ဆင်တံဆိပ် ဘိလပ်မြေ တန် ၂၁၀၊ မောင်းတိန်း ဘိလပ်မြေ တန် ၅၇၀၀၊ စိန်တံဆိပ်ဘိလပ်မြေတန်ချိန် ၆၀၀၀ မှာယူတင်သွင်းခဲ့ပါတယ်။ ဧပြီ ပထမပတ်အတွင်း တန်ချိန်ကိုးသောင်းကျော်တင်သွင်း ခဲ့တာကြောင့် စတုတ္ထပတ် တင်သွင်းမှုနဲ့ယှဉ်ရင် စတုတ္ထပတ်မှာ ဘိလပ်မြေအဝင်လျော့နည်းခဲ့ပါတယ်။                             MIRT (DOT)

Monday, 14 May 2012

စဉ်    အမျိုးအစား/MDL        အက္ခရာ           ဈေးနှုန်း    မှတ်ချက် ၁။    ကိုရိုလာဗင် (၉၀)             ၉က          ၂၀၀ သိန်း၂။    ကိုရိုလာဗင် (၈၉)            ၅က           ၁၇၅ သိန်း        ၁ .၅ ဓာတ်ဆီ    ၃။    ဆူဇူကီး (R+)               ၂ဂ/၃ဂ       ၁၈၀/၂၀၀ သိန်း    ၄။    ဆူဇူကီး (R-)                  ၉ခ           ၁၄၀ သိန်း          ဓာတ်ဆီ     ၅။    အပ်ကား (ဆလွန်း)            ပ           ၁၄၅ သိန်း      ၆။    တောင်းအေ(စ့်)(စက်မှုဇုန်) ၈ဂ          ၂၀၀ သိန်း        ပုဇင်းခေါင်း         ၇။    ဒဂုံဂျစ် (စက်မှုဇုန်)            ၈ဃ         ၆၅ သိန်း            အမိုးမာ၈။    တိုယိုတာဗစ်စတာ (၉၃)      ၃ခ         ၁၉၀ သိန်း       ၉။    မတ်(ခ်)တူး (၉၂)              ၉က       ၂၁၀ သိန်း       ဘောင်ပါ/ဒီဇယ် ၁၀။    မတ်(ခ်)တူး (၉၄)            ၂ခ        ၂၄၅ သိန်း          ဒီဇယ်         

Pages