Main menu

Background

Tuesday, 13 Mar 2012

    ယခု ရက်သတ္တပတ်အတွင်း ရန် ကုန်မြို့ ကားဈေးကွက်အတွင်းရှိ ကား ပွဲစားတန်းများရဲ့  အခြေအနေမှာ လူ စည်ကားနေသော်လည်း အပေါ်ကား များ ထင်သလောက်အရောင်းအဝယ် မဖြစ်ပဲ သိန်း ၁၀၀ ကျော်အောက်ကား များနှင့် သိန်း ၂၀၀ အောက် အလယ် ကားများသာ  အရောင်းအဝယ်ရှိနေ ကြောင်း သိရသည်။

Monday, 12 Mar 2012

ဒီတစ်ပတ် ဘိလပ်မြေ တန်လေးသောင်းကျော်ဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၂၆ ရက်မှ မတ်လ ၃ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၄၃၃၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သုံးဆယ့်ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ထိုင်းနိုင်ငံ မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၃၄၀၀ တန်နဲ့ အခြား ဘိလပ်မြေမျိုးစုံ ၂၉၉၀၀ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။၊

Monday, 5 Mar 2012

စဉ်    အမျိုးအစား/MDL    အက္ခရာ           ဈေးနှုန်း    မှတ်ချက် ၁။    ဆူဇူကီး (R+)             ၂ဂ/၃ဂ            ၁၈၀ သိန်း ၂။    ဆူူဇူကီး (R+)                ၅ခ              ၁၅၅ သိန်း        ၃။    ဆူူဇူကီး (R-)                 ၇ခ              ၁၂၀ သိန်း    ဓာတ်ဆီ်၄။    စူပါဆလွန်း (၈၆)       လ/သ/အ          ၁၂၅ သိန်း     ၅။    စူပါဆလွန်း (၉၀)           ၃က             ၁၆၅ သိန်း     ၆။    ကိုရိုလာဗင် (၈၉)           ၅က              ၁၆၅ သိန်း     ၇။    ကိုရိုလာဗင် (၉၀)           ၉က              ၂၀၀ သိန်း     CE-96    ၈။    ကာ(လ်)ဒီးနား (၂၀၀၀)     ၉ဂ            ၂၆၅ သိန်း         ၉။    ပါဂျဲရိုး (စက်မှုဇုန်)            ၇ခ              ၃၅၀ သိန်း     ၁၀။    တောင်းအေ့(စ်) (စက်မှုဇုန်)     ၈ခ      ၁၁၀ သိန်း     (၉၇)

Monday, 5 Mar 2012

ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံရ မယ့်ကားများအားရောင်းပြီး တင်သွင်း လာတဲ့  မော်ဒယ်လ်မြင့်ကားများအား ငွေဖြည့်ပြီး ဝယ်ယူလျက်ရှိနေကြောင်း၊ မန္တလေးလမ်း ၆၀ ရှိ ကားရောင်းဝယ် ရေးစခန်းမှ သိရပါတယ်။

Monday, 5 Mar 2012

    ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် ယာဉ် အို^ဟောင်း လဲလှယ်ရေးစီမံချက်ဝင်  တင်သွင်းကားများ  ဈေးအနည်းငယ် ကျကာ ဈေးကွက်အေးနေပြီး ယခင်ရှိ ရင်း ကားများနှင့် ယာဉ်အို/ဟောင်း အချို့  အရောင်းအဝယ်ရှိနေကြောင်း  သိရသည်။

Monday, 5 Mar 2012

ပြည်တွင်းကိုဂျပန်နိုင်ငံထုတ်မော်ဒယ်လ်မြင့်ကားများ ဆက်တိုက်တင်သွင်းလျက် ရှိရာ တင်သွင်းပြီးကားများမှာ မော်ဒယ်လ်နိမ့်ပြီး ဈေးနှုန်းကျဆင်းလာခြင်းကြောင့် ကားတင်သွင်းရာတွင် ချိန်ဆပြီး၊ တင်သွင်းနေရကြောင်း Ever  Top  Trading  Co.,Ltd မှ မန္တလေးမြို့မှာဝန်ဆောင်မှုပေးနေတဲ့ ကိုကျော်ကျော်မြင့်က ပြောပါတယ်။

Monday, 5 Mar 2012

မန္တလေးမြို့သစ်မြေဈေးကွက်များ အရောင်းအဝယ်အေးနေသည်မှာ ကြာမြင့်ပြီဖြစ်လို့ မြေ အကျိုးဆောင်များ အလုပ်ပါးနေကြောင်း သိရပါတယ်။     "မြေကွက်အရောင်းအဝယ်အေးနေတော့ အောက်ဈေးနဲ့  ဈေးချပြီးရောင်းရင် ဝယ်မယ့် သူရှိပါတယ်။ မြေတစ်ကွက် ကျပ်သိန်း ၅၀၀ ပေါက်ရင် ကျပ်သိန်း ၄၀၀ အောက်ဆို ဝယ်မယ့်သူရှိ တယ်။ ဈေးနှိမ်ဝယ်တော့ ရောင်းမယ့်သူလည်းမရှိဘူး။ မြေဈေးက အမှန်တကယ်တော့ အရောင်း အဝယ်မရှိဘူး။

Monday, 5 Mar 2012

ဒီတစ်ပတ် ဘိလပ်မြေမျိုးစုံဝင်ပြည်တွင်းကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၅၄၆၇၈ ဒသမ ၉၅ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ လေးဆယ့်လေးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ် ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၉၇၁၅ ဒသမ ၉၅ တန်၊ စိန် တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇၃၀၀၊ မောင်းတိန်းတံဆိပ် ဘိလပ်မြေတန်ချိန် ၇၆၀၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ ၆၃ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။၊ ဒီတစ်ပတ် တင်သွင်းမှုထဲမှာ ဆင်တံဆိပ်ဘိလပ်မြေက တန်ချိန်အများဆုံးဖြစ်ပါ တယ်။ ယခင် သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုက တန်ချိန် ခုနှစ်သောင်းရှစ် ထောင်ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်ဘိလပ်မြေတင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် နှစ်သောင်းလေး ထောင်ကျော်လောက် လျော့နည်းပြီး တင်သွင်းခဲ့တာတွေ့ရပါတယ်။MIRT (DOT)

Monday, 27 Feb 2012

ဘိလပ်မြေ ဝင်အားကောင်းခဲ့ပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက်တာကာလအတွင်း ဘိလပ်မြေတန်ချိန် ၇၈၈၇၈ ဒသမ ၂၈ တန်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ခြောက်ဆယ့်ငါးသိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေ ၂၁၁၆၀ တန်၊ TPI တံဆိပ် ဘိလပ်မြေ ၆၁၂၁ ဒသမ ၃၅တန်နဲ့ အခြားတံဆိပ် ဘိလပ်မြေမျိုးစုံ ၄၁၀၉၆ ဒသမ ၉၃ တန်၊ အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဘိလပ်မြေတန်ချိန် ၁၀၅၀၀ မှာယူတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် ခုနစ်ထောင်ကျော်သာ တင်သွင်းနိုင်ခဲ့တာ ကြောင့် ဒီတစ်ပတ်ဝင်အားကောင်းခဲ့တယ်လို့ ဆိုရပါမယ်။MIRT (DOT)

Pages