Background
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက် ၁။ စူပါဆလွန်း (၈၆) လ/သ/အ ၇၅ သိန်း ၂။ စူပါဆလွန်း (86/87) ၃က/၅က ၈၅ သိန်း ၃။ ကိုရိုလာဗင် (92) ၇က ၁၂၅ သိန်း ဒီဇယ်ပြောင်း၊ ကားပျော့ ၄။ ပရိုဘောက် (2007)1.5 ၃ဃ ၁၆၀ သိန်း ၅။ စီအာဗီ (99) ၉ဂ ၂၀၅ သိန်း ဓာတ်ဆီ ၆။ မတ်(ခ်)တူး (99) ၂ဃ ၁၇၅ သိန်း ၂ .၅ ဓာတ်ဆီ ၇။ အာ(လ်)ဖတ် (2002) ၂ဃ ၂၉၀ သိန်း ဓာတ်ဆီ ၈။ ပရီမီယို (2002) ယာယီ ၂၁၀ သိန်း ဓာတ်ဆီ ၉။ ပရာဒို (T2) (97) ယာယီ ၃၁၀ သိန်း ၁၀။ ဂျစ်ပု (စက်မှုဇုန်) ဃ ၄၀ သိန်း ပစ္စည်းစုံ
စစ်ကိုင်းတိုင်း ဒေသကြီးရဲ့ အနောက်ခြမ်းကထွက်သမျှ ပဲမျိုးစုံဟာ မုံရွာကုန်စည်ဒိုင်ကို ဗဟိုပြုပြီး ပြည် တွင်းကုန်သည်တွေရှိရာ မြို့ကြီးများကို ထပ်ဆင့်စီးဆင်းခြင်းအားဖြင့် မုံရွာမြို့ ရဲ့ ကုန်စည်ပို့ဆောင်ရေး ကဏ္ဍဟာ တစ်စတစ်စ ကြီးမားကျယ်ပြန့်လာ လျက် ရှိပါတယ်။ အထူးသဖြင့် ပဲမျိုးစုံတွေကို ရန်ကုန် တင်ဖို့ မုံရွာကနေ ရန်ကုန်ထိ ကုန်စည် သယ်ရာလမ်းကြောင်း သုံးခုရှိပါတယ်။
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း အပေါ်ကား အရောင်းအဝယ်အေး နေသော်လည်း အင်ဂျင်ပါဝါသေးသည့် ကားလေးများ အရောင်းအဝယ်အသင့် အတင့်ရှိနေကြောင်း သိရသည်။ မေလ လဆန်းပိုင်းကထုတ်ပြန်ခဲ့သည့် ယာဉ် တင်သွင်းမှု စနစ်သစ်အရ ၂၀၀၇ ခုနှစ် မိုဒယ်နှင့်အထက်ကားများ တင်သွင်း ခွင့်ပြုခြင်းအား အများပြည်သူ နှစ်ခြိုက် ကြသဖြင့် တစ်လမပြည့်မီ ကာလ အတွင်း ပြည်ပမှ လူစီးယာဉ်ငယ်တင် သွင်းထားမှုမှာ ၁၁၅၄ စီးရှိကြောင်း သိ ရသည်။
ယခုလဆန်းပိုင်းမှာ ကားဟောင်းပါမစ်ဈေးနှုန်း ကျပ်သိန်း ၇၀ ထိ ဈေးမြင့်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာ ကျပ်သိန်း ၆၀ ဝန်းကျင်နဲ့ ဈေးပြန်ငြိမ် နေပါတယ်။ အပ်ကားများ ကုန်သလောက်ရှိပြီး၊ လက်ကျန်နည်းနေခြင်းနဲ့ ၂၀၀၇ မော်ဒယ်အထက်ကားများ တင်သွင်းမှုဆိုင်းငံ့နေခြင်းကြောင့် ကား ပါမစ်ဈေး မြင့်တက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။
ရေကြောင်းလမ်းမှ ဘိလပ်မြေတံဆိပ်မျိုးစုံဝင်သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန် ၃ ရက်မှ ၉ ရက်တာကာလအတွင်း ဘိလပ် မြေ တန်ချိန် ၂၄၉၄၉ ဒသမ ၈၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ သိန်းနှစ်ဆယ် ကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံဘက်မှ ဘိလပ် မြေများသာ တင်သွင်းခဲ့ပါတယ်။ ဆင်တံဆိပ်ဘိလပ်မြေ ၄၈၈၄ ဒသမ ၈၅ တန်၊ ကျောက်ဆူးတံဆိပ် ဘိလပ်မြေ ၅၇၀ဝ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၅၇၀ဝ တန်နဲ့ အခြားတံဆိပ်မျိုးစုံ တန်ချိန် ၈၅၅၆ တင်သွင်းခဲ့ပါတယ်။ ယခင်သီ တင်းပတ်မှာ ထိုင်းနိုင်ငံမှသာမက တရုတ်၊ ဗီယက်နမ်နိုင်ငံတို့ဘက်မှပါ တင်သွင်းခဲ့ပေမဲ့ ဒီတစ် ပတ်မှာတော့ ထိုင်းတစ်နိုင်ငံမှပဲတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်လေး သောင်းကျော်တင်သွင်းခဲ့ပေမဲ့ ဒီတစ်ပတ်မှာတော့ တန်ချိန် တစ်သောင်းကျော် အဝင်လျော့ခဲ့ပါတယ်။ MIRT(DOT)
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ကိုရိုလာဗင် (1.3) (89) ၃က ၁၁၅ သိန်း၂။ ကိုရိုလာဗင် (1.8) (88) ဒီဇယ် ၁က ၁၄၀ သိန်း ကားကောင်း ၃။ ဆူဇူကီး (R+) ၉ခ ၁၂၀ သိန်း ၄။ ချယ်ရီဝက်ဂွန် ၁ဃ ၁၁၀ သိန်း ၅။ မတ်(ခ်)တူး (99) ၂ဃ ၁၇၀ သိန်း ၆။ မတ်(ခ်)တူး (2001) ၂ဃ ၂၂၀ သိန်း 2.0 ၇။ ဒီအာဗီ (ဟွန်ဒါဝက်ဂွန်) (2001) ၁ဃ ၂၃၀ သိန်း ၈။ စူပါဆလွန်း (90) ၃က ၉၀ သိန်း ၉။ စူပါဆလွန်း (86) ၇က ၇၅ သိန်း ၁၀။ ဒဂုံဂျစ် (အမိုးပါ) ၇ခ ၄၀ သိန်း
၂၀၁၂-၁၃ ဘဏ္ဍာနှစ် တရားမဝင် တင်သွင်းထားတဲ့ မော်တော်ဆိုင်ကယ် များအပေါ် စည်းကြပ်တန်ဖိုးများ သတ် မှတ်ကောက်ခံပြီး လိုင်စင်အသစ်ပြုလုပ် ပေးခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကားကြီးဝင်းအနီး စည်ပင်ကွင်း သို့ ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်မှ စတင် ပြီး စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ပေး လျက်ရှိရာ ဇွန် ၇ ရက်အထိ မော်တော် ဆိုင်ကယ်စီးရေ ၅၀၉ စီး မှတ်ပုံတင်ပြီး စီးကြောင်းသိရှိရပါတယ်။
မေ ၃၀ ရက်မှ ဇွန် ၅ ရက်ထိ ရက်သတ္တပတ်မှာ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်နဲ့ ရော်ဘာသယ်ယူခများ တစ်ပိသာကို ၁၀ ကျပ်စီမြင့်တက်ခဲ့ပြီး သွင်း ကုန်သယ်ယူခမှာ တစ်ပိသာကို ၅ ကျပ်စီ မြင့်တက်လာတယ်လို့ သိရပါတယ်။ ဖရဲသီး ၁ တန်သယ်ယူစရိတ်မှာတော့ ၁၀၅၀၀၀ ကျပ်ဖြစ်ပြီး ပြောင်းလဲမှု မရှိဘူးလို့ဆိုပါတယ်။ သယ်ယူပို့ဆောင်ခများကိုဖော်ပြပေးလိုက်ရပါတယ်-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ်တစ်သောင်းတန် ငွေစက္ကူအမျိုးအစားသစ် ကို ၂၀၁၂ခုနှစ် ဇွန်လ ၁၅ ရက်နေ့မှ စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယခုထုတ်ဝေခဲ့သည့် ကျပ်တစ်သောင်းတန်သည် အစိုးရသစ်လက် ထက် ပထမဦးဆုံးထုတ်ဝေသည့်ငွေစက္ကူအမျိုးအစားဖြစ်သည်။
ဘိလပ်မြေအဝင်ပိုပြည်တွင်းကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မေ ၂၇ ရက်မှ ဇွန် ၂ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၄၀၇၀၉ ဒသမ ၃၃ တန်၊ တန်ဖိုးအား ဖြင့် ကန်ဒေါ်လာ သုံးဆယ့်သုံးသိန်းကျော်ဖိုးကို ပင်လယ်ရေကြောင်းမှ တင် သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၅၆ ဒသမ ၁၈တန်၊ ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတန်ချိန် ၆၆၀၀ နဲ့ ထိုင်းနိုင်ငံမှ ၃၄၀၅၃ ဒသမ ၁၅ တန် အသီးသီးမှာယူတင်သွင်းခဲ့ပါတယ်။ ယခင်သီတင်း ပတ်ဘိလပ်မြေ တင်သွင်းမှုက တန်ချိန် တစ်သောင်းနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေအဝင် ပိုခဲ့ပါတယ်။လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဧပြီလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ်သောင်းကျော်ရှိခဲ့ပြီး မေလ ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ် သိန်းနှစ်သောင်းခုနှစ်ထောင်ကျော်ရှိခဲ့တာကြောင့် မေလမှာ တန်ချိန်ခုနှစ်ေ ထာင် ကျော်အဝင်ပိုခဲ့ပါတယ်။ MIRT (DOT)