Background
ဂျပန်ခေတ်က ဖောက်လုပ်ခဲ့သည့် သေမင်းတမန်ရထားလမ်းဟုခေါ်သည့် သံဖြူဇရပ်-ဘုရားသုံးဆူ ရထားလမ်း အား ပြန်လည်ဖောက်လုပ်မည်ဖြစ် ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း က နေပြည်တော် စက်မှုဝန်ကြီးရုံးတွင် ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ စက်မှုဇုန်မြေကွက်ဈေးနှုန်းများသည် အဆမတန်မြင့်မား လျက်ရှိရာ အာရှတွင် ဈေးအမြင့်ဆုံးအခြေအနေတွင် ရှိနေသည့်အတွက် အညင်သာဆုံးဖြစ်အောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနို င်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားသည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် နှင့် သမဝါယမဘဏ် လီမိတက် (CB Bank) တို့တွင် နိုင်ငံခြားသုံးငွေစာရင်း ကို ဇူလိုင် ၉ရက်မှ စတင်၍ ဖွင့်လှစ် နိုင်ပြီဖြစ်ကြောင်း သိရသည်။နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်လိုသူ များအနေဖြင့် အမေရိကန်ဒေါ်လာ၊ စင်ကာပူဒေါ်လာနှင့် ယူရိုငွေကြေးများ ဖြင့် ဖွင့်လှစ်နိုင်ကြောင်း သိရသည်။
စိန်တံဆိပ်၊ ဆင်တံဆိပ်ဘိလပ်မြေများဝင်ခဲ့ပြည်တွင်းဈေးကွက်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန် ၂၄ ရက်မှ ၃၀ ရက်တာကာလအတွင်း ဘိလပ်မြေ ၂၂၄၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၈ သိန်းကျော်ဖိုးကို တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေများနဲ့ တန်ချိန်က ဆင်တံဆိပ်ဘိလပ်မြေ ၅၂၅၀ တန်၊ စိန်တံဆိပ်ဘိလပ်မြေ ၄၄၀၀ တန်နဲ့ အခြားတံဆိပ်မျိုးစုံ ၁၂၇၅၀ တန်အသီးသီးမှာယူ တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ်က တန်ချိန်ခြောက်ထောင်ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ် မှာ ဘိလပ်မြေတန်ချိန် တစ်သောင်းကျော်ပိုမို တင်သွင်းနိုင်ခဲ့ပါတယ်။ လချုပ်အနေ နဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်း ဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းငါး သောင်းကျော်ရှိပြီး မေလဘိလပ်မြေတင်သွင်းမှုက တန်ချိန် တစ်သိန်းနှစ်သောင်း ကျော်ရှိခဲ့တာကြောင့် ဇွန်လမှာ တန်ချိန် သုံးသောင်းကျော် လောက်ပိုမိုတင်သွင်းနိုင် တာ တွေ့ရပါတယ်။ MIRT(DOT)
စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက် ၁။ ပရိုဘောက်ဝပ် (2007) (1.3) ၃ဃ ၁၄၀ သိန်း ၂။ စီအာဗီ (99) ၁ဃ ၁၈၀ သိန်း ၃။ မတ်(ခ်)တူး (99) ၃ဃ ၁၆၀ သိန်း၄။ မတ်(ခ်)တူး (2001) (2.0)G - ၁၈၀ သိန်း ၅။ ပရီမီရို (2002) (1.8) ဓာတ်ဆီ ၅ဃ ၁၈၀ သိန်း ၆။ ကာ(လ်)ဒီးနားဗင်း (2001) (2.0) ၄ဃ ၁၈၀ သိန်း ၇။ မတ်(ခ်)တူး (90) (ဒီဇယ်) ၉က ၁၀၀ သိန်း ၈။ စူပါဆလွန်း (90) (ဓာတ်ဆီ) ၇က ၇၀ သိန်း ၉။ ဒဂုံဂျစ် (ဒီဇယ်) ၈ဂ ၄၀ သိန်း ၁၀။ တောင်းအေ့(စ်) (စက်မှုဇုန်) (97) ၈စ ၁၂၀ သိန်း
ရန်ကုန်မြို့၏ ကားဈေးကွက် အခြေအနေမှာ တစ်ပတ်နှင့်တစ်ပတ် မတူဘဲ ဈေးတန်းများမှာ အကျဘက် သို့သာ ဦးတည်နေကြောင်း တွေ့ရှိရ သည်။ ယခုလဆန်းပိုင်းခန့်က ယာဉ် အို/ယာဉ်ဟောင်းများနှင့် ပတ်သက် သည့်စည်းမျဉ်းသစ် များပြင်ဆင်သတ်မှတ် ပြီး အခွန်နှုန်းထား လျှော့ပေါ့ခဲ့ခြင်း ကြောင့် ဈေးတန်းများ ပို၍ကျဆင်းလာ ပြီး ယာဉ်အို/ဟောင်း အပ်နှံပြီးပြေစာ စလစ်ဈေးမှာ ကြေညာချက်ထွက်ပြီး စကာလတွင် ၅ သိန်း ၁၀သိန်းခန့် ပြန် တက်လာကြောင်း၊ ယခုလက်ရှိအခြေ အနေမှာမူ သိန်း ၅၀ ကျော်နှင့် သိန်း ၆၀ကြားဈေးတန်းရှိကြောင်း သိရသည်။
ပို့ကုန်သွင်းကုန်ကုမ္ပဏီများအား Bus ကားနှင့် Truck ကားများ ပြည်ပမှလွတ်လပ်စွာ တင်သွင်းခွင့်ပြုလျက် ရှိပြီး ပုံမှန်သွင်းကုန်လိုင်စင်ဖြင့် ၂၀၀၇ ခုနှစ်အထက် (ဘယ်မောင်း) Bus ကားများတင်သွင်းရန် သွင်းကုန်လိုင်စင် ထုတ်ပေးမှုမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုမ္ပဏီ ၈၈ ခုမှ စီးရေ ၄၇၅ စီး၊ တန်ဖိုး ၂၃ ဒသမ ၈၂ ဒေါ်လာသန်းဖိုး ဖြစ်ပါသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဇွန်လ ၂၈ ရက်နေ့ထိ) တွင် ကုမ္ပဏီ ခုနစ်ခုမှ စီးရေ ၅၁ စီး၊ တန်ဖိုး ၂ ဒသမ ၁၅ သန်းဖိုး တင်သွင်းခွင့်ပြုခဲ့ပါသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲကို ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ အဆိုပါရန်ကုန် တိုင်းဒေသကြီးရုံးခွဲ တွင် ရုံးခွဲတာဝန်ခံ အဖြစ် ဒေါ်စန်းနွဲ့ (ဒုတိယညွှန်ကြား ရေးမှူး)က တာဝန်ခံ၍ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရေကြောင်းလမ်းမှ ဘိလပ်မြေအဝင်နည်းထိုင်းနိုင်ငံထုတ် ဘိလပ်မြေများကို ပင်လယ်ရေကြောင်းလမ်းမှတစ်ဆင့် ဆင် တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၁၀ နဲ့ အခြားဘိလပ်မြေမျိုးစုံ တန်ချိန် ၆၃၄၇၊ စုစု ပေါင်းတန်ချိန် ၆၅၆၇ ဒသမ ၈၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ငါးသိန်း ခုနစ် သောင်းကျော်ဖိုးကို ဇွန်လ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း တင်သွင်းခဲ့ပါ တယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် ကိုးသောင်းကျော် တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ ဘိလပ်မြေ တော်တော်လေးအဝင်နည်းခဲ့တာတွေ့ ရပါတယ်။ MIRT(DOT)
မန္တလေးမြို့ပြဖွံ့ဖြိုးမှု Supporting ဇုန်ကိုဆီးဂိမ်းပွဲတော်အမီ တည်ဆောက် ရန် မန္တလေးမြို့တော် စည်ပင် သာယာ ရေးကော်မတီမှ တာဝန်ရှိသူများနဲ့ မန္တလေးမြို့မှ လိုင်စင်ရဗိသုကာလုပ် ငန်းရှင်များတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။