Background
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ဆူဇူကီး (R+) ၉ခ ၁၄၀ သိန်း၂။ ဆူဇူကီး (R-) ၉ခ ၁၀၀ သိန်း၃။ ကိုရိုလာဗင် (88) ၅က ၁၅၀ သိန်း ဒီဇယ်၄။ စပူ ါကပစ် တန ် (97) ၈ဇ ၁၉၀ သိန်း ဒီဇယ်၅။ အက်(စ်)အီးဆလွန်း (86) သ ၉၀ သိန်း၆။ စူပါဆလွန်း (86) ၁က ၁၅၀ သိန်း၇။ ကိုရိုလာဗင် (88) ၃က ၁၃၅ သိန်း ဓာတ်ဆီ (၁ .၅)၈။ မတ်(စ်)တူး (99) ၃ဂ ၃၈၀ သိန်း ဒီဇယ်၉။ မတ်(စ်)တူး (2004) ၃ဂ ၅၈၀ သိန်း ဒီဇယ်၁၀။ အီဒီဆလွန်း (88) လ ၉၅ သိန်း ဓာတ်ဆီ
နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန် စီစဉ်နေသည့်သတင်း မဟုတ်မမှန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန်စီစဉ် နေသည့်သတင်းများ မဟုတ်မမှန် ကြောင်း မန္တလေးမြို့မှ စာနယ်ဇင်း ဆရာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့ပါတယ်။ မှတ်ပုံတင်သက်တမ်း ကြာမြင့်သည့် ယာဉ်အို၊ ယာဉ်ဟောင်းများကို ဖျက်သိမ်း၍ ယာဉ်အစားထိုးလဲလှယ်ရေး အစီအစဉ်အရ ယာဉ်များအပ်နှံလက်ခံ နေတဲ့ အချိန်ကာလဖြစ်သော်လည်း အမှတ် ၆ မော်တော်ယာဉ်အသင်း အနေဖြင့် လိုင်းပြေးဆွဲမှုခရီးစဉ်များ ရပ် ဆိုင်းသွားမှုမရှိဘဲ ဂိတ်စ၊ ဂိတ်ဆုံးပြေး ဆွဲလျက်ရှိကြောင်း၊ အမှတ် ၆ မော် တော်ယာဉ်အသင်းဝင် ယာဉ်များအနေ ဖြင့် နှစ် ၄၀ ကျော်ကြာမြင့်ပြီဖြစ်သော စ၊ ဆ၊ ဇ CHEV: ယာဉ်ကြီး ၄၃ စီးနှင့် ဏ မှ ပ အထိ ဒိုင်နာ၊ ဟိုင်းလတ် ၂၃ စီးတို့အားလုံး အကျုံးဝင်နေရာ ပထမ အသုတ် စ၊ ဆ၊ ဇ CHEV: ယာဉ်ကြီး ပိုင်ရှင်များမှ အချို့ကို နိုင်ငံတော်သို့ ကားဟောင်းအပ်နှံပြီး အစားထိုးကား သစ် တင်သွင်းရန် စီစဉ်နေကြောင်း၊ အချို့သည် CHEV: ယာဉ်ကြီးအား ရောင်းချ၍ ''ပ'' အက္ခရာအထက် အဆင့်မြင့်ယာဉ်အား ဝယ်ယူအစားထိုး လဲလှယ်ရန် စီစဉ်နေကြောင်း၊ အချို့ သည် ငွေကြေးအခက်အခဲ အကျပ် အတည်းကြောင့် မတတ်နိုင်တော့ သဖြင့် ရောင်းချလိုက်ရခြင်း အခြေ အနေများ ဖြစ်ပေါ်လျက်ရှိကြောင်း နှစ် ၅၀ ကျော်ကြာ မန္တလေး အမှတ် ၆ ယာဉ်လိုင်းအား ဖျက်သိမ်းရန် စီစဉ်နေသည့ ်သတင်း မဟုတ်မမှန်ကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ် ယာဉ်လိုင်းအတွင်းရေးမှူး ဦးမင်းဒင်က ပြောပါတယ်။ အသင်းအနေဖြင့်လည်း အသင်းပိုင် ယာဉ် CHEV: ခြောက်စီးရှိရာ စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင် သက်တမ်းကုန်ဆုံးတော့မယ့် CHEV: သုံးစီးကို တစ်စီးလျှင် ကျပ်သိန်း ၇၀ဖြင့် ရောင်းချကာ ကျပ်သိန်း ၂၁၀ ကို ဘဏ် သို့ အပ်နှံထားပြီး ကျန် CHEV: သုံးစီး ကို နိုင်ငံတော်သို့အပ်နှံ၍ ယာဉ်အစား ထိုးလဲလှယ်တင်သွင်းနိုင်ရေးကို စီစဉ် ထားပြီး ''ပ'' အက္ခရာအထက် အဆင့် မြင့်ယာဉ်များ ဝယ်ယူရေးအတွက် စီစဉ် လျက်ရှိကြောင်း သိရပါတယ်။ အသင်းမှအပ်ခြင်း၊ ရောင်းချခြင်းမပြု ရသေးသော သက်တမ်းလွန်ယာဉ်များ အား လိုင်းပုံမှန်ပြေးဆွဲစေရေး၊ အသင်း ပိုင်ငွေကြေးဖြင့် ''ပ'' အက္ခရာအထက် လိုင်း ပြေးဆွဲရန် သင့်တော်သောယာဉ် များကိုဝယ်ယူသွားရန်၊ အသင်းကြီး ခိုင် မြဲရေးအတွက် လိုအပ်ပါက အသင်းပိုင် ငွေနဲ့ အဆောက်အအုံကို အများ သဘောဆန္ဒဖြင့်ရောင်းချကာ အဆင့် မြင့်ယာဉ်များဝယ်ယူပြေးဆွဲနိုင်ရန်ဆောင် ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အသင်းဥက္ကဋ္ဌ ဦးဟန်က ''အသင်း ဝင်အချို့က ကားအသင်းဝင်ပြီး ဒီကား ကရတာလေးနဲ့ အဆင်ပြေနေတာ။ အချို့လည်း ကားအပေါ်မှာ သံယောဇဉ်ဖြစ်နေတာပေါ့။ လောလောဆယ် ကညနက ပြေးဆွဲလို့ရတယ်ဆိုလို့ ပြေး ဆွဲနေတယ်။ တစ်နှစ်၊ နှစ်နှစ်နေလို့ မဆွဲ ရတော့ဘူးဆိုရင် ယာဉ်ပိုင်ရှင်အတွက် ဆုံးရှုံးမှုဖြစ်မှာ စိုးရတယ်။ ရာသက်ပန် သုံးလို့ရသလားဆိုတာ သေသေချာချာ မသိရသေးဘူး'' လို့ ပြောပါတယ်။ အမှတ် ၆ မော်တော်ယာဉ်လိုင်း အသင်းတွင် စက်တင်ဘာ ၁၁ ရက် အထိ အသင်းဝင်ယာဉ် ၆၆ စီးရှိရာမှ စက်တင်ဘာ ၂၅ ရက်အထိ ၃၅ စီးသာ ကျန်ရှိကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် မြို့တွင်းယာဉ်လိုင်း ၇၇ လိုင်းအနက် ယာဉ်ကြီး ၉၉ စီး၊ ယာဉ်လတ် ၅၇၂ စီး၊ ယာဉ်ငယ် ၂၆၈ စီးပြေးဆွဲလျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
ကားဈေးနှုန်းများ ကျဆင်းကာ အရောင်းများ အဝယ် နည်းလာသော်လည်း ကားပါမစ်များ အရောင်းအဝယ်ဖြစ်နေ စက်တင်ဘာလ တတိယပတ်ခန့်မှစတင်ခဲ့သော မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းလွန် ယာဉ်အိုယာဉ်ဟောင်းများ အဆင့်ဆင့်ဖျက်သိမ်းကာ ပြည်ပမှယာဉ် သစ်များ သတ်မှတ်စည်းကမ်းနှင့်အညီ တင်သွင်းမည့်အစီအစဉ်သည် စက်တင်ဘာ နောက်ဆုံးပတ်တွင် အတော်ပင် ခရီးရောက်လာပြီဖြစ်ပြီး အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ မော်တော်ယာဉ်ဈေးကွက်များအတွင်း ပါမစ်ရောင်းဝယ်ဖောက် ကားမှုများ တစ်ပတ်ထက်တစ်ပတ် ဈေးနှုန်းနှင့်အတူ မြင့်တက်လာခဲ့သည်။ ပထမဆင့်အနေဖြင့် နှစ် ၄၀ နှင့် နှစ် ၄၀ အထက် သက်တမ်းလွန်ဖြစ်သည့် စ၊ ဆ၊ ဇ အက္ခရာပေါက် ယာဉ်ဟောင်းများအား အောက်တိုဘာလကုန်အထိ ပယ်ဖျက်ကာလသတ်မှတ်ကာ ဆောင်ရွက်ပေးနေမှုကြောင့် ပြီးခဲ့သည့်အပတ်က ကားဈေးကွက်ထဲတွင် ဂျစ်ကား၊ လေးဘီး၊ ဖယ်မလီယာ၊ ဆီဒင်၊ ဖိုဒ့်ကားများအား တစ်ဆင့်ဝယ်ယူသူများက ဦးစားပေးဝယ်ယူကြကာ ဈေးတန်းများမှလည်း ကြေညာ ချက်ထွက်ပြီးနောက်ပိုင်း ဈေးထက်ဝက်ခန့်မြင့်ကာ လေးဘီး ကျပ်သိန်း ၈၀၊ ၉၀ ခန့်၊ ဆလွန်းများမှာ ကျပ်သိန်း ၁၀၀၊ ၁၁၀ ခန့် ဈေးဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။စီမံချက်စသည့် ပထမပတ်အတွင်း ကညန (ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန) သို့ သတင်းပို့သည့် ကားစီးရေ အများဆုံးဖြစ်ခဲ့ပြီး သတ်မှတ်စည်းကမ်း ညီညွတ်ကားများ ဆက်တိုက်ပင်ပါမစ်ရရှိလာသဖြင့် ဈေးကွက်တွင်းသို့ ပါမစ် တစ် စောင် ကျပ်သိန်း ၈၀ ဖြင့်စခဲ့ရာမှ ဒီဘက်ကာလတွင် ကျပ် ၁၂၅ သိန်း၊ ၁၃၀ ထိ ဈေးပေါက်လာကြောင်း သိရသည်။ မြို့တွင်းပွဲစားတန်းများရှိ ကာဈေးကွက်အခြေအနေမှာ မကြုံစဖူးဈေးများကျ ဆင်းကာ ပြီးခဲ့သည့်အပတ်က အဝယ်ရှိသော်လည်း ယခုအဝယ်နည်းသွား ကြောင်း၊ ယခုကာလမှာ ကောလာဟလများကြောင့် ရောင်းမည့်ကားများလာပြီး ဝယ်လက် နည်းသွားကြောင်း၊ အရောင်းအဝယ်ဖြစ်ပါက ကြိုက်ရောင်းကြိုက်ဝယ်သာဖြစ် ကြောင်း၊ လတ်တလော အရောင်းအဝယ်ရှိသည်မှာ ကားပါမစ်စာရွက်စာတမ်းများ နှင့် ဒုတိယအဆင့် စီမံချက်ဝင်ယာဉ်ဟောင်းများသာဖြစ်ကြောင်း အပေါ်ဝိုင်းမှ ဝါရင့်ယာဉ်အကျိုးဆောင်တစ်ဦးက ပြောသည်။ SN
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ပါဂျဲရိုး (97) ၁ဂ ၆၅၀ သိန်း၂။ ဆပ်(ဖ်) (95) ၁ခ ၄၈၀ သိန်း၃။ ဆပ်(ဖ်) (97) ၅ဂ ၅၆၀ သိန်း၄။ မတ်(ခ်)တူး (99) ၃ဂ ၄၀၀ သိန်း၅။ တိုယိုတာ (အိပ်စစ်ဆလွန်း) (91) ၁၅၀ သိန်း၆။ ကိုရိုလာဗင် (88) ၅က/၆က ၁၇၀ သနိ း ဒီဇယ်၇။ စူဇူးကီး (R-) ၉ခ ၁၂၀ သိန်း ဓာတ်ဆီ၈။ တောင်းအေ့(စ်) (စက်မှုဇုန်) ၈ဃ ၁၄၅ သိန်း ပုဇင်းခေါင်း၉။ စူဇူကီး (R-) (စက်မှုဇုန်) ၈ဂ ၄၅ သိန်း၁၀။ ကိုရိုလာဗင် (၈၈) ၃က/၄က ၁၄၀ သိန်း ဓာတ်ဆီ
အတက် အကျများနဲ့ မန်းဘိလပ်မြေ ဈေးကွက် အိမ်ဆောက်ပစ္စည်းများမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မန္တလေးဘိလပ်မြေဈေးဟာ အတက်အကျတွေ ရှိခဲ့ပါတယ်။ နယ်စပ် ဒေသတွေမှာ ဘိလပ်မြေအဝင်နည်းပြီး ပင်လယ်ရေကြောင်းမှ အဝင်များတာကို တွေ့ရပါတယ်။ သြဂုတ်လလယ်မှာရှိတဲ့ ဘိလပ်မြေဈေးနှုန်းနဲ့ ယခုလလယ်ဘိလပ်မြေဈေးနှုန်း နှိုင်းယှဉ်ကြည့်ပါက ပြည်တွင်း ဖြစ် ဘိလပ်မြေဈေးဟာ ၂၀၀ ကျပ်မှ ၄၀၀ ကျပ်ထိကျဆင်းတာကို တွေ့ရပြီး ၁၀၀ ကျပ် မှ ၃၀၀ ကျပ်အထိ မြင့်တက်သွားတဲ့ အမျိုးအစားလည်းတွေ့ရပါတယ်။ ထိုင်းနိုင်ငံကတင်သွင်းတဲ့ (စိန်)တံဆိပ်ဘိလပ်မြေဟာ ယခင်လမှာ ဈေးကွက်တွင်ဝင်ရောက်မှုမရှိဘဲ ယခုလမှာ ပြန်လည် ဝင်ရောက်ပြီး၊ ဈေးနှုန်းကွာဟချက်နည်းတာကိုတွေ့ရပါတယ်။ (ဆင်)တံဆိပ် ထိုင်းဘိလပ်မြေ ဈေးကတည်ငြိမ်ပြီး အတက်အကျ ၁၀၀ ခန့်သာ ရှိပါတယ်။ မိုးရွာသွန်းမှုနည်းလာတဲ့အတွက် အရောင်းအဝယ်ပုံမှန်ပြန်ဖြစ်လာပြီး ပြည်ပကတင်သွင်းတဲ့ ဆင်တံဆိပ် (ထိုင်း)၊ စိန်တံဆိပ် (ထိုင်း) ဘိလပ်မြေဈေးကွာရခြင်းမှာ လမ်းခရီးသယ်ယူမှုစရိတ်များကြောင့်ဖြစ်ကြောင်း သိရပါတယ်။ ယခုနှစ် ယခင်လနဲ့ ယခုလပြည်တွင်းဖြစ် ဘိလပ်မြေဈေးကို ဖော်ပြလိုက်ပါတယ်- သြဂုတ် ၂၀ ရက် စက်တင်ဘာ ၂၀ ရက် အတိုး/အလျော့(၁) အေသုံးလုံးတံဆိပ် ၅၄၅၀ ၅၂၀၀ ၂၅၀ ကျပ်(၂) မြန်မာဆင် ၄၈၅၀ ၅၀၀၀ ၁၅၀ ကျပ်(၃) ဆင်မင်း ၄၃၀၀ ၄၀၀၀ ၃၀၀ ကျပ်(ကျောက်ဆည်)(၄) မြင်းခေါင်း ၄၆၀၀ ၄၂၀၀ ၄၀၀ ကျပ်(၅) ကျားခေါင်း ၅၂၀၀ ၅၀၀၀ ၂၀၀ ကျပ် မြန်မာဆင်တံဆိပ် တစ်မျိုးတည်းသာ ဈေးအနည်းငယ်မြင့်ပြီး ကျန်တံဆိပ် ဘိလပ်မြေများ ဈေးနှုန်းကျဆင်းတာကို တွေ့ရပါတယ်။ လွင်လွင်အေး
ရိုးရွာ လယ်ယာသုံးပစ္စည်းလုပ်ငန်း ဈေးကွက် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ညောင်ဦးဖီးအုပ်စု ရိုးရွာကျေးရွာ ဟာ ဝမ်းတွင်းမြို့အရှေ့ဘက် ၄ မိုင်ခန့်ကွာဝေးပြီး လယ်ယာသုံးပစ္စည်းများ ထုတ်လုပ်တဲ့ကျေးရွာဖြစ်ပါတယ်။ ထုတ်လုပ်တဲ့ပစ္စည်းများကတော့ လှည်းအိမ်၊ လှည်းဘီး၊ လှည်းတံ၊ လှည်းဝင်ရိုး၊ ဇင့်တုံး၊ ဆောင်ပန်း၊ ထမ်းပိုးတုံး၊ စွယ်မြှောင်၊ ငှက်ရုပ်၊ ထွန်တုံး၊ ထယ်ဒူး၊ ပွတ်လုံးတို့ဖြစ်ပါတယ်။ ကျေးရွာအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးခေတ်နိုင်က မိမိတို့ရွာဟာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ နည်းပါးကြောင်း၊ မိရိုးဖလာဖြစ်တဲ့ လယ်ယာသုံးပစ္စည်း လုပ်ကိုင်သူများကြောင်း၊ ကိုယ်ပိုင်အရင်းအနှီး မရှိသူများက အရင်းအနှီးရှိသူများထံ နေ့စား၊ ပုတ်ပြတ်အနေဖြင့် လုပ်ကိုင်ကြကာ၊ နေ့စားတစ်နေ့ ၁၅၀၀-၂၅၀၀-၃၀၀၀ ကျပ်ဖြင့် လည်းကောင်း၊ ပုတ်ပြတ်က လုပ်ကိုင်တဲ့ပစ္စည်းအလိုက် ရရှိကြကြောင်း၊ ဈေးကွက်လိုအပ်ချက်အရ မန္တလေး၊ မြင်းခြံ ဒေသသုံး လိုက်ပြီးထုတ်လုပ်ကြကြောင်း၊ ထုတ်လုပ်တဲ့သစ်သားပေါ်မူတည်ပြီး ဈေးအမျိုးမျိုးရှိကြောင်း၊ ကုန်ချောပစ္စည်းများကို သဲတော ၅ ရက်ဈေးသို့လည်းကောင်း၊ အော်ဒါလက်ခံ၍ လည်းကောင်း၊ မန္တလေး၊ ကျောက်ဆည်၊ မြစ်သား၊ နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ သာစည်၊ မိတ္တီလာမြို့များသို့လည်းကောင်း တင်ပို့ရောင်းချကြကြောင်း ပြောပါတယ်။ လယ်ယာသုံးပစ္စည်းဈေးနှုန်းများမှာ လှည်းတစ်စီး ကျပ် ၄ သိန်း၊ လှည်းအိမ် ၄၀၀၀၀ ကျပ်၊ လှည်းဝင်ရိုး ၆၅၀၀ ကျပ်၊ လှည်းတံတစ်စုံ ၂၅၀၀၀ ကျပ်၊ ဆောင်ပန်း ၅၀၀၀ ကျပ်၊ ထမ်းပိုးတုံး ၇၀၀၀ ကျပ်၊ ဇင့်တုံး ၅၀၀၀ ကျပ်၊ ထွန်တုံး ၆၅၀၀ ကျပ်၊ ငှက်ရုပ် ၂၅၀၀ကျပ်၊ စွယ်မြှောင် ၇၀၀၀ ကျပ်၊ လှည်းဘီး ကျပ် ၁ ဒသမ ၅ သိန်း၊ ထယ်ဒူး ၉၀၀၀ ကျပ်တို့ဖြင့် ရိုးရွာလယ်ယာသုံးပစ္စည်းများကို ဝယ်ယူရရှိနိုင် ကြောင်းသိရပါတယ်။ အောင်မြိုင်
ယခုအပတ် မူဆယ်မှ ရော်ဘာပိုမိုတင်ပို့နိုင် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၆ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ရော်ဘာအဆင့်စုံတင်ပို့မှု ယခင် အပတ်ကထက် ၉၇ တန်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် မူဆယ်မှ ရော်ဘာတင်ပို့နိုင်မှုတွေကတော့ ကန်ဒေါ်လာ သုည ဒသမ ၉၄၅ သန်း တန်ဖိုးရှိ RSS-3 တန် ၂၁၀ ၊ ကန်ဒေါ်လာ ၀ ဒသမ ၁၆၀ သန်း တန်ဖိုးရှိ RSS-5 ၃၅ တန်ခွဲ၊ ကန်ဒေါ်လာ ၀ ဒသမ ၉၃၅ သန်း တန်ဖိုးရှိMSR-20 ၂၁၁ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၅၉၆ သန်းတန်ဖိုးရှိ MSR-50 ၁၃၇ တန်အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက် ျွှ-၃ ၄၅ တန်၊MSR-20 ၈၄ တန်ခန့် တင်ပို့မှု ပိုမိုခဲ့တဲ့အပြင် ယခင်အပတ်က တင်ပို့နိုင်မှု မရှိခဲ့တဲ့ MSR-50 ၁၃၇ တန်တင်ပို့နိုင်ခဲ့တာမို့ မူဆယ်မှ ရော်ဘာတင်ပို့မှု ယခင်အပတ်ကထက် ၉၆ တန် ပိုမိုခဲ့ပါတယ်။ မန္တလေး-မူဆယ် ကုန်သယ်ယူစရိတ်မှာ ၁ ပိသာ ၂၈ ကျပ်ဖြစ်ပြီး ယခင်အပတ် အတိုင်း ပြောင်းလဲမှုမရှိပါဘူး။ ယခုအပတ်မှာ မူဆယ်အပြင် ချင်းရွှေဟော်မှလည်း ကန်ဒေါ်လာ ၀ ဒသမ ၃၃၈ သန်း တန်ဖိုးရှိ RSS-3 ၇၅ တန်အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်များမှ ရော်ဘာတင်ပို့မှု ၉၇၃ တန်ကျော် အပို့ရှိခဲ့ပြီး ယခုအပတ်မှာ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်နှစ်ခုမှ ၆၆၉ တန်ခန့်သာ အပို့ရှိခဲ့တဲ့အတွက် နယ်စပ်စခန်းများရဲ့ ယခုအပတ် တင်ပို့မှုကတော့ ယခင်အပတ်တင်ပို့မှုထက် တန် ၃၀၀ ကျော်လျော့နည်းခဲ့ပါတယ်။ ရော်ဘာ ဈေးများကိုကြည့်လျှင် မိမိဘက်မြေပြင်ဈေးပြောင်းလဲမှု မရှိသော်လည်း ငွေဈေးအတက်အကျအရ တစ်ဘက်နိုင်ငံ မြေပြင် ဈေးအနည်းငယ်မြင့်နေပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၃၄၁၃၈၀၀ ၃၄၁၃၈၀၀ - - ၄၄၆၃ ၄၃၀၁ ၁၆၂ ၄RSS - 5 ၃၃၀၀၃၁၉ ၃၃၀၀၃၁၉ - - ၄၃၀၇ ၄၁၄၅ ၁၆၂ ၄MIRT (DOBT)
သိုလှောင်မှုကျဆင်းခြင်းကြောင့် အိန္ဒိယရော်ဘာအလားအလာကောင်း ရောင်းလိုအားကျဆင်းမှုကြောင့် အိန္ဒိယရဲ့ ရော်ဘာအလားအလာက သြဂုတ်လမှာ မှတ်တမ်းတင်လောက်အောင် ကောင်းမွန်ခဲ့ကြောင်းသိရပါတယ်။ မိုးကောင်းတာကြောင့် ရော်ဘာစိုက်ပျိုးတဲ့ ဒေသတွေကနေ ရော်ဘာအရောက်နှေးနေ ကြောင်းသိရပါတယ်။ မကြာတော့မယ့် ကာလမှာ အိန္ဒိယအမျိုးသားကုန်စည်ဒိုင် (NMCE) ဈေးဆက်လက် ကောင်းနေ ဦးမှာဖြစ်ပြီး ပစ္စည်းသစ်မရောက်တာကြောင့် ယခင်လကတည်းက အရောင်းပါးနေကြောင်းသိရပါတယ်။ သိုလှောင်ရုံတွေမှာ သိုလှောင်မှု ကျဆင်းတာကြောင့် ဈေးတက်ဖွယ်ရှိကြောင်း သိရပါတယ်။ Source:Commodity online,KZW
မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ ဖွင့်လှစ် ဒိုင်းမွန်းပလာဇာကို မန္တလေးမြို့ ၇၈ လမ်းနဲ့ ၃၃ လမ်းထောင့်တွင် စက်တင်ဘာ ၅ရက်က စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒိုင်းမွန်းပလာဇာတာဝါ ဗတွင် ဆိုင်ခန်းပေါင်း ၆၀၀ ကျော်ပါဝင်ပြီး ၃၀ ရာခိုင်နှုန်းသာ ဖွင့်လှစ်ရောင်းချလျက်ရှိပါတယ်။ ပလာဇာတာဝါ A အောက်ထပ်တွင် ကားအစီးရေ ၃၀၀၊ ဆိုင်ကယ် အစီးရေ ၇၀၀ ရပ်နားရန် ကားပါကင်၊ မြေညီထပ်တွင် Branded ဖက်ရှင် ပစ္စည်းများ၊ ရတနာဆိုင်များ၊ ပထမထပ် နဲ့ ဒုတိယထပ်မှာ လူသုံးကုန်ပစ္စည်း၊ တတိယထပ်တွင် ဗြူတီဆလွန်းနဲ့ ဖက်ရှင်ဆိုင်များ၊စတုတ္ထထပ်တွင်စားသောက် ဆိုင်များ၊ အလှပြင်ဆိုင်များနဲ့ ပရိဘောဂ ဆိုင်များ၊ Top Flow တွင် စတုရန်းပေ ၅ သောင်းအကျယ်အဝန်းရှိ ပရိုမိုးရှင်း ဧရိယာ ပါဝင်ပါတယ်။ ဒိုင်းမွန်းပလာဇာကို နံနက် ၉ နာရီမှ ည ၉ နာရီထိ ဖွင့်လှစ်မှာဖြစ်ပြီး၊ အပတ်စဉ် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲအထိမ်းအမှတ်အနေ နဲ့ စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ နာမည်ကြီးအဆိုတော်များဖြင့် ဧည့်ခံ ဖျော်ဖြေ၍ တင်မိုးလွင်ဦးစီးသော Model Show အစီအစဉ်များရဲ့ အက၊ အလှများဖြင့် တင်ဆက်ခဲ့ပါတယ်။ ပရို မိုးရှင်းဧရိယာ ငှားရမ်းလိုပါက ၂၅ သိန်း ဖြင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီ အတွင်း ငှားရမ်းနိုင်ပြီး အနည်းဆုံး စတုရန်းပေ၂၅၀၀၀ ငှားရမ်းနိုင်ကြောင်း သိရပါတယ်။ ဒိုင်းမွန်းပလာဇာတွင် ၂၄ နာရီ မီးတပ်ဆင်ထား၍ ဈေးဝယ်များ လုံခြုံမှုရှိ စေရန် CCTV ကင်မရာများ တပ်ဆင် ထားကြောင်း၊ ဒိုင်းမွန်းပလာဇာဧရိယာမှာ ၅ ဧကကျယ်ဝန်း၍ မန္တလေးမြို့တွင် အကြီးဆုံး ပလာဇာကြီးဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
ရန်ကုန်မြို့တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ဆူဇူကီး (R+) ၂ဂ ၂၉၅ သိန်း၂။ ဆူဇူကီး (R-) ၇ခ ၁၁၅ သိန်း ဓာတ်ဆီ၃။ စူပါဆလွန်း (85) ၂က ၁၈၀ သိန်း၄။ တိုယိုတာကာဆပ်(ဖ်) (95) ၉က ၆၀၀ သိန်း၅။ အက်(စ်)အီးဆလွန်း (86) သ ၁၆၅ သိန်း၆။ ကိုရိုလာဗင် (90) (CNG) အနီ(ကက) ၂၅၀ သိန်း ၁.၃ ဓာတ်ဆီ၇။ ကိုရိုလာဗင် (86) ၁က/၂က ၁၇၅/၁၈၀ သိန်း ဘောင်ပါ၊ ဒီဇယ်၈။ မတ်(ခ်)တူး (92) ၇က ၂၉၅ သိန်း၉။ ဒဂုံဂျစ် ၇ခ ၇၅ သိန်း၁၀။ တောင်းအေ့(စ်) စက်မှုဇုန် ၈ဃ ၁၂၅ သိန်း ရိုးရိုး