Main menu

Background

Sunday, 25 Sep 2011

ဒိုင်းမွန်းပလာဇာတာဝါ B ရှိ ဆိုင်ခန်းများကို ယခုလကုန်တွင် စတင်ငှားရမ်းပေးမည်                       ဒိုင်းမွန်းပလာဇာတာဝါ B ကို နိုဝင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်ရာ ဆိုင်ခန်းများကို ယခုလကုန်ပိုင်းတွင် စတင်ငှားရမ်းမည်ဖြစ်ကြောင်း သိရပါတယ်။ ဆိုင်ခန်း အကျယ်အဝန်းမှာ ၁၂ ပေ×၁၅ ပေခန်း၊ ၁၂ပေ×၁၈ ပေခန်း၊ ၁၂ ပေ ×၂၄ ပေခန်း၊ ၁၂ ပေ × ပေ ၃၀ ခန်းနဲ့ ၁၀ ပေပတ်လည်အခန်းများဖြင့် ဖွဲ့စည်းထားပြီး စတုရန်း တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀၀ နဲ့အထက်ဖြင့် ငှားရမ်းပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။                        "Tower B မှာ အောက်ထပ်က အိုးရှင်းစူပါမားကက်ရှိမယ်။ ပထမပတ်မှာ Branded ဖက်ရှင်ဆိုင်များ၊ ဒုတိယထပ်နဲ့ တတိယထပ်မှာ Fashion  ဆိုင်များ၊ စတုတ္ထထပ်မှာ စားသောက်ဆိုင်များ၊ ပဉ္စမထပ်မှာ ရုပ်ရှင်ရုံ သုံးရုံ၊ ကစားကွင်း၊ Kid Zone တို့ထားရှိမယ်။ ဆိုင်ခန်းတွေကို ၃ နှစ်ငှားရမ်းမှာဖြစ်ပြီး ပထမတစ်နှစ်မှာ ငွေအပြည့်သွင်းရမယ်။ နောက် နှစ်နှစ်မှာ ၆ လတစ်ရစ်နဲ့သွင်းရမယ်။ ဆိုင်ခန်း ငှားပြီး လက်လွှဲငှားရမ်းရင် ပြန်လည်သိမ်းဆည်းသွားမယ်" လို့ မားကက်တင်း မန်နေဂျာ ကိုမင်းဇော်က ပြောပါတယ်။                     Tower A  ရှိ ဆိုင်ခန်းများ ၁၀ ရာခိုင်နှုန်း ငှားရမ်းရန်ကျန်ရှိရာ ယခုလ ၈ ရက်နေ့နောက်ပိုင်း ငှားရမ်းပေးမှာဖြစ်ကြောင်း၊ ငှားရမ်းလိုပါက ၀၉ ၆၈၀၁၉၀၄၊ ၀၉ ၆၈၀၁၉၀၅ နဲ့ ၀၉ ၂၀၁၅၂၈၇ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်းသိရပါတယ်။ ဇူးဇူး

Sunday, 25 Sep 2011

ဈေးနှုန်းကျဆင်းလျက် အရောင်းအဝယ်အေးနေသော ပုသိမ်ဆိုင်ကယ်ဈေးကွက်                      ပြောင်းလဲလာသော ခေတ်နဲ့အညီ ယခင် ၄-၅ နှစ်ခန့်က ပုသိမ်မြို့တွင်းသွားလာရာတွင် စက်ဘီးများကိုသာ အဓိကအသုံးပြုလျက်နေရာမှာ ယခုအချိန်တွင် အချိန်ကုန်သက်သာပြီး၊ ခရီးတွင် ကျယ်မှုရှိသော မော်တော်ဆိုင်ကယ်များကို ပုသိမ်မြို့တွင်း မြို့နယ်များနဲ့ ကျေးရွာများတွင်လည်း နေရာအနှံ့အသုံးပြုလျက်ရှိပါတယ်။ ပုသိမ်ဈေးကွက်တွင် တရုတ်နိုင်ငံမှထုတ်လုပ်၍ လူကြိုက်များသော ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ရိုးမရာဇာ Stream 110 ဆိုင်ကယ်ဈေးနှုန်းများမှာ ဇူလိုင်-သြဂုတ်လပိုင်းဈေးနှုန်းမှ ယခုစက်တင်ဘာလမှာ ဆိုင်ကယ်တစ်စီး ကျပ် နှစ်သိန်းခန့် ဈေးနှုန်း ကျဆင်းပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ တရုတ်နိုင်ငံထုတ် ကမ်ဘို ၁၁၀ လိုင်စင်ပါ ဆိုင်ကယ် တစ်စီးလျင် ယခင် ကျပ် ရှစ်သိန်းခွဲမှ ယခု ကျပ် ၆ သိန်း ၈သောင်း၊ လော်ဂျား ၁၁၀ မှာ ကျပ် ၈ သိန်း၊ ၈ သိန်းခွဲမှ ယခု ၆ သိန်း ၈ သောင်းကျပ်၊ ကမ်ဘိုဆူပါကပ် ယခင် ကျပ် ၇ သိန်းမှ ယခု ၅ သိန်းခွဲ၊ ၅သိန်း ၈ သောင်းဈေးနဲ့ ပခုက္ကူစက်မှုဇုန်ထုတ် ရိုးမရာဇာ Stream 110 ဆိုင်ကယ်မှာ ယခင် ကျပ် ၈ သိန်း ၃ သောင်းမှ ၇ သိန်း ၇ သောင်း ဈေးကျဆင်းပြီး ယခုအချိန် ၇ သိန်းဈေးသာရှိ ကြောင်းသိရပါတယ်။ ယိုးဒယားနိုင်ငံထုတ် Shogun Suzuki ဆိုင်ကယ်ဈေးနှုန်းမှာ ယခင် ကျပ် ၂၃ သိန်းမှ ယခုရောင်းဈေး ၁၇ သိန်းခွဲ၊ ၁၈ သိန်းဈေးနဲ့ ဈေးနှုန်းကျဆင်းလျက်ရှိပြီး၊ လူကြိုက်နည်းတဲ့ မာဘို၊ တွန်ဟွန်း၊ တိုယို၊ ဖီးလင်းဆိုင်ကယ်ဈေးနှုန်းမှာ ယခင်လိုင်စင်ပါ ကျပ် ၆ သိန်း၊ ၆ သိန်းခွဲမှ ယခုအချိန် ၄ သိန်းခွဲ၊ ၅ သိန်းကျပ်ဈေး အတွင်းသာရှိကြောင်း သိရပါတယ်။                  ပုသိမ်ဈေးကွက်တွင် ကမ်ဘို ၁၁၀၊ လော်ဂျား ၁၁၀၊ ဆူပါကပ်၊ ရိုးမရာဇာStream 110၊ Shogun Suzuki ဆိုင်ကယ်နဲ့ အခြားဆိုင်ကယ်မျိုးစုံ ရောင်းချလျက်ရှိတဲ့ Suzuki အရောင်းဆိုင်မှ ယခင် ပွင့်လင်းရာသီမှာ တစ်နေ့ ဆိုင်ကယ်အစီးရေ ၈၀-၁၀၀ ရောင်းချရသော်လည်း ယခုဆိုင်ကယ်ဈေးနှုန်းကျဆင်းချိန်မှာ တစ်နေ့အစီးရေ ၃၀-၄၀ခန့်သာရောင်းချမှုရှိကြောင်း၊ အရောင်းဆိုင်မှလည်း ဆိုင်ကယ် အသစ်များကို တစ်ဝက်လက်ငင်းချေ၊ တစ်ဝက် ၆ လအတွင်းပေးချေ ရသောစနစ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လောလောဆယ် ဆိုင် ကယ်ဈေးနှုန်းကျဆင်းချိန် ဝယ်လိုအား လျော့နည်းနေသော်လည်း ပွင့်လင်းရာသီမှာ ဆိုင်ကယ်ဈေးကွက် ပြန်လည်သွက်လက်လာတယ် လို့ ခန့်မှန်းကြောင်း ဈေးကွက်မှသိရပါတယ်။ မင်းမင်းဦး 

Sunday, 25 Sep 2011

ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL                    အက္ခရာ        ဈေးနှုန်း          မှတ်ချက်၁။ ကိုရိုလာဗင် (90)                     ၅က/၆က       ၁၅၀ သိန်း      CE-96 ၂။ ကိုရိုလာဗင် (92) ဖင်ကောက်     ၂ခ               ၂၅၀ သိန်း       ဒီဇယ်၃။ ကိုရိုလာဗင် (94) ဖင်ကောက်      ၃ဂ               ၃၀၀ သိန်း      ဒီဇယ်၄။ စူပါဆလွန်း (86)                        သ               ၁၀၀ သိန်း၅။ စူပါဆလွန်း (90)                       ၉က              ၁၅၀ သိန်း၆။ မတ်(စ်)တူး (2004)                   ၄ဂ                ၆၀၀ သိန်း    (ရွှေငါး)၇။ ပါဂျဲရိုး (97)                              ၁ဂ                ၅၅၀ သိန်း၈။ မတ်(ခ်)တူး (99)                       ၄ဂ                ၄၅၀ သိန်း     ဓာတ်ဆီ၉။ တောင်းအေ့(စ်) (စက်မှုဇုန်)        ၈ခ                  ၇၅ သိန်း      (၉၇)၁၀။ ပါရာဒို (97)                           ၁ဂ                ၆၀၀ သိန်း

Sunday, 25 Sep 2011

မော်တော်ယာဉ်သက်တမ်း နှစ် ၄၀ အထက်ရှိ မော်ဒယ်အနိမ့်ကားများအား သတ်မှတ်ထားသော မော်ဒယ်မြင့်ကားများနှင့် အစားထိုးလဲလှယ်ပေးမယ့် အစီအစဉ်စတင်ချိန်တွင် ပုသိမ်ကားဟောင်းဈေးကွက် ဈေးမြင့်တက်လျက်ရှိ                     နိုင်ငံတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ သက်တမ်းအနှစ် ၄၀ အထက်ရှိ မော်ဒယ်နိမ့်ကားများအား သတ်မှတ်ထားသောမော်ဒယ်မြင့်ကားများနဲ့ လဲလှယ်ပေးမယ့် အစီအစဉ်ကို စတင်ကြေညာတဲ့နေ့မှစ၍ ပုသိမ်ဈေးကွက် သို့ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ဟင်္သာတမြို့နယ်များမှ ဝယ်လက်များက မော်ဒယ်နိမ့်ကားများကို လိုက်လံ၍ ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။                   ပုသိမ်ဈေးကွက်အတွင်းရှိ မော်ဒယ်အနိမ့် ဒတ်ဆန်းကားဈေးမှာ ယခင် ကျပ် ၁၆-၁၈ သိန်းဈေးမှ ယခုကျပ် ၄၈ သိန်းဝန်းကျင်၊ ဖယ်မလီယာ တံခါးနှစ်ပေါက်မှာ ယခင်ကျပ် ၁၈ သိန်းမှ ယခု ကျပ် ၅၅-၆၀ သိန်း၊ အမေရိကန်ဂျစ် မှာ ယခင်ကျပ်သိန်း ၂၀ ဝန်းကျင်မှ ယခုကျပ်သိန်း ၄၀ နဲ့ မာစတာဘီ ၆၀၀ ကားများမှာ ယခင်ဈေး ကျပ် ၁၆-၁၇ သိန်းမှ ယခုကျပ် ၃၅ သိန်းဝန်းကျင်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပုသိမ်ကားဈေးကွက်မှ သိရပါတယ်။ မင်းမင်းဦး

Sunday, 25 Sep 2011

မှတ်ပုံတင်သက်တမ်းလွန်ယာဉ်များ ပယ်ဖျက်ပြီး သတ်မှတ်မော်တော်ယာဉ်သစ်များ အစားထိုးလဲလှယ်ပေးမည့် အစီအစဉ်ကြောင့် ကားဈေးကွက်တစ်ခုလုံး လှုပ်ရှားမှုများစွာဖြစ်ပေါ်နေ                       မှတ်ပုံတင်သက်တမ်းလွန်ယာဉ်များအား နှစ် ၄၀ ကျော်ယာဉ်မှစ၍ သက်တမ်း အလိုက် အဆင့်အဆင့်ပယ်ဖျက်စေပြီး သတ်မှတ်မော်ဒယ်မြင့်ယာဉ်များအား ပြည်ပ မှ အစားထိုးတင်သွင်းစေမည့်အကြောင်း နိုင်ငံပိုင်သတင်းစာများတွင် စက်တင်ဘာ ၁၁ ရက်တွင် ထည့်သွင်းကြေညာခဲ့ရာ အကျုံးဝင်အောက်ကားများအားလုံး ဈေး များစွာထိုးတက်ကာ လာမည့်ကာလများတွင် ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ် ရောင်းချခွင့်ပေးမည်ဆိုသည့် နောက်ဆက်တွဲသတင်းကြောင့် ကားဈေးကွက်တစ်ခု လုံး လှုပ်ရှားမှုများစွာ ဖြစ်ပေါ်နေခဲ့သည်။                           ဤသတင်းမကြေညာမီ ရက်သတ္တတစ်ပတ်ခန့်မှစ၍ အောက်ကားများ အရောင်းအဝယ် အနည်းငယ်ပြန်ဖြစ်နေပြီး ထိုစဉ်က အောက်ကားပိုင်ရှင်အချို့ မှာ "နယ်နှင်မှာလား"ဆိုသည့် သံသယဖြင့် ပေးသည့်ဈေးဖြင့် ရောင်းချမှုများရှိခဲ့ကြောင်း၊ တရားဝင်ကြေညာချက်ထွက်လာမှသာ အောက် ကားဈေးနှုန်း တစ်ရှိန်ထိုး ထိုးတက်ကာ အဝယ်များပြီး အရောင်းမရှိသည့်အခြေအနေသို့တိုင် ရောက်ရှိကာ ရောင်းချခဲ့သော အောက်ကားပိုင်ရှင်များ အမြတ်စွန်းပိုရခဲ့ကြောင်း သိရသည်။                          အဆိုပါသတင်းကြေညာချက်ကြောင့် ကားဈေးကွက်အတွင်း ပြောင်းလဲမှုများ စွာဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်မှစ၍ အပေါ်ကားများ တအိအိဖြင့် ဈေးဆင်းလာရာ တစ်ပတ်အတွင်း ဈေးနှုန်းများပို၍လျော့ကျလာပြီး ဝယ်စီးအကြိုက် တွေ့မည့်ဈေးအထိ ကျဆင်းလာနိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့်ယာဉ်ဝယ်ရောင်းများ မှ ပြောသည်။                         ဈေးကျဆင်းရာတွင် အပေါ်ကားများ အများဆုံးဖြစ်ပြီး ယခင် သိန်း ၁၂၀၀ ဖြစ်ခဲ့သည့် ၂၀၀၄ ခုနှစ်ထုတ် မတ်(ခ်)တူး (ရွှေငါး)ဆိုလျင် ယခု ကျပ်သိန်း ၆၀၀ လည်းကောင်း၊ ယခင် ကျပ်သိန်း ၇၅၀ ခန့်ဈေးပေါက်ခဲ့သည့် ၉၉ ခုနှစ်ထုတ် မတ်(ခ်)တူးဆိုလျင် ကျပ်သိန်း ၄၅၀ နှင့် ၄၅၀ အောက်သို့ လည်းကောင်း၊ ယခင် သိန်းထောင်ကျော် ရောင်းချခဲ့သည့် ၉၇ ခုနှစ်ထုတ် ပါရာဒိုဆိုလျင် ကျပ်သိန်း ၆၀၀ ဝန်းကျင်သို့ လည်းကောင်း၊ ယခင်က ကျပ်သိန်း ၅၀၀ ဝန်းကျင်ရောင်းချခဲ့သည့် ၉၄ ခုနှစ်ထုတ် ကိုရိုလာဗင်ဆိုလျင် ကျပ်သိန်း ၃၀၀ ဝန်းကျင်ဖြင့်လည်းကောင်း ရောင်းချလာကြောင်း သိရသည်။ ယခုလတ်တလော ရန်ကုန်မြို့ရှိ ကားပွဲစာတန်းများတွင် နေ့စဉ်နေ့တိုင်း လူစည် ကားနေပြီး ဟောင်းနွမ်းနေသည့် (ဖိုဒ့်၊ ချက်ပလက်၊ ဆီဒင်၊ လေးဘီး) စသည့် အောက်ကားပေါင်းစုံလည်း ဝိုင်းထဲတွင် ထူးခြားမှုတစ်ရပ်အဖြစ် မြင်တွေ့ရကာ ဈေးလျော့ရောင်းလာသည့် အပေါ်ကားများနှင့် အလယ်အလတ်ကားများလည်း လျော့ဈေးနှင့်ပင် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ SN 

Sunday, 25 Sep 2011

ကလေးတက္ကသိုလ်များအနီးရှိ အိမ်ခြံမြေများ ဈေးကောင်းရလာ                     ကလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်အနီးရှိ အိမ်ခြံမြေများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဘော်ဒါဆောင် ဆောက်လုပ်နေပြီဖြစ်တဲ့အတွက် မြေဈေးများ တန်ဖိုးးမြင့်လာကြောင်းသိရပါတယ်။ အရင်ကတော့ မြေဈေးက ခပ်အေးအေးပါ။ အခုတစ်လ၊ နှစ်လအတွင်း စီးပွားရေးလုပ်ငန်းရှင်များ၊ ဘောဒါဆောင်ဆောက်ဖို့ မြေကွက်များ လာရောက်ဝယ်ယူမ ှုရှိလို့ မြေဈေးကောင်းလာတာပါ။ အရင် သိန်း ၅၀ တန်ဖိုးရှိတဲ့မြေကွက်က အခုသိန်း ၈၀ လောက်ရောက်လာတယ်လို့ တက္ကသိုလ် အနီးက မြေကွက်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။                   ကလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်မှာ ကျောင်းသူ၊ ကျောင်းသား ၅၀၀၀ ခန့်နဲ့ နည်းပညာတက္ကသိုလ်မှာ ကျောင်းသား ၂၀၀ ခန့်ရှိနေပြီး၊ ကျောင်းသားကျောင်းသူများ သွားလာမှုလွယ်ကူစေရေးနဲ့ ကျောင်းဖယ်ရီကားကိစ္စ အဆင်ပြေစေရန် သြဂုတ်လ ၁၆-၁၇ ရက်နေ့က တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ လမ်းညွှန်မှာကြားမှုအပေါ် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားမှုရှိကြပြီး တက္ကသိုလ် နှစ်ခုအနီးရှိမြေကွက်များ ဝယ်ယူပြီး ဘော်ဒါဆောင်များ ဆောက်လုပ်လာကြတဲ့အတွက် ယခုအခါ ဘော်ဒါဆောင် ၂၀ ခန့်ရှိလာကြောင်း သိရပါတယ်။ အောင်မင်း 

Monday, 5 Sep 2011

ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL          အက္ခရာ           ဈေးနှုန်း            မှတ်ချက်၁။ စူပါဆလွန်း (86)           လ/သ/အ          ၁၇၅ သိန်း၂။ စူပါဆလွန်း (90)                သ               ၂၁ဝ သိန်း၃။ စူဇူကီး (R+)                     ၉ခ              ၂၅ဝ သိန်း၄။ စူဇူကီး (R-)                     ၂ဂ               ၁၈ဝ သိန်း        ၂ တပေ၅။ တောင်းအေ(စ်)(စက်မှုဇုန်)  ၈ဂ              ၁၂ဝ သိန်း၆။ ရိုးရိုးဂျစ်ပု(စက်မှုဇုန်           ၈ဂ               ၄၅ သိန်း၇။ မြန်မာမီနီ (2011)            ၅ဂ/၆၈    ၂၄၅/၂၅၅ သိန်း၈။ ကိုရိုလာဗင် (86)                 လ              ၁၇ဝ သိန်း        ၁.၃ ဓာတ်ဆီ၉။ ကိုရိုလာဗင် (90)                ၅က             ၂၄ဝ သိန်း       ၁.၅ ဓာတ်ဆီ၁ဝ။ ဆန်နီပစ်ကပ် (82)            စ                  ၇၅ သိန်း

Monday, 5 Sep 2011

အရောင်းကဲျ ဈေးပါး ပြန်ဖြစ်လာသည့ ် ရန်ကုန် ကားဈေးကွက်                     စက်တင်ဘာလဆန်းပိုင်း၏ ရန်ကုန်မြို့ကားဈေးကွက် အခြေအနေမှာ ယခင်လဆန်းပိုင်း အလယ်ပိုင်းခန့် အခြေအနေနှင့် မတူတော့ဘဲ အရောင်း အဝယ် အတော်အေးသွားပြီး ဈေးတန်း လည်း တဖြည်းဖြည်း ပြန်ဆင်းလာ ကြောင်း သိရသည်။                  ယခင်လများက အရောင်းအဝယ် အသင့်အတင့်ရှိခဲ့သော စက်မှုဇုန်ထုတ် အဆင့်မြင့် အမ်ပီဗီယာဉ်များမှာ အခွန်ကြေးငွေ ဒေါ်လာဖြင့် ပြင်ဆင်သတ် မှတ်ချက်များကြောင့် လည်းကောင်း၊ စက်မှုဇုန်ကားလုပ်ငန်းရှင်နှင့် ဝယ်ယူစီး နင်းသူ၊ တစ်ဆင့်ရောင်းချသူတို့၏ အခွန်နှင့် အခြားသောအကြောင်းကိစ္စ ရပ်များကြောင့်လည်းကောင်း၊အရောင်း အဝယ်ပင် မရှိသလောက် ဖြစ်ခဲ့ရ ကြောင်း သိရသည်။                   ရန်ကုန်မြို့တွင်းရှိ ကားပွဲစားတန်း နေရာအသီးသီးတွင် ကားများ၊ လူများ အသင့်အတင့် စည်ကားမှုရှိသော်လည်း အရောင်းအဝယ်အေးသွားပြီး ဈေးများ လည်း ကျဆင်းလာရခြင်းမှာ ယခု တလော ထွက်ပေါ်လာသော အတည်မပြုနိုင်သေးသည့် အကြားသတင်းများ ကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ပေါ်ပေါက်လာမည့် အခြေအနေကို စောင့်ကြည့်နေသဖြင့် အရောင်းအေး၊ အဝယ်အေး၊ ဈေးကျဆင်းသည်အထိ ရောက်ရှိသွားခြင်း ဖြစ်နိုင်ကြောင်း အပေါ်ဝိုင်း ဝါရင့် ယာဉ်ဝယ်/ရောင်း ကိုမြင့်ကျော်မှ ပြောသည်။                    ကားများ ဈေးအေး၊ ဈေးဆင်း သည်နှင့် ရောင်းမည့်သူ များပြားလာ သဖြင့် ယခင်လလယ်ခန့်က ခေါ်ဈေး ထက် သိသာစွာဈေးဆင်းရောင်းချလာ သည်မှာ မြန်မာမီနီဆလွန်းများဖြစ်ပြီး ၁၉၅ သိန်းထိခေါ်ခဲ့သော ကားများမှာ ယခုအခါ အက္ခရာတန်း နိမ့်မြင့်လိုက်၍ ၁၄၅ သိန်း၊ ၁၅၅ သိန်းစသည်ဖြင့် ဈေး ပြင်ဆင်ရောင်းချလာကြောင်း၊ ၎င်း ကားများမှာ ဈေးကွက်ထဲ အနည်း အကျဉ်းသာ ရောက်ရှိနေသေးသော် လည်း ယခုရက်ပိုင်းအတွင်း ''လစဉ် ထုတ် စီးရေတိုးမြှင့်ပြီး ရောင်းချပေးသွားမည်''ဆိုသည့်သတင်းများ ထွက်ပေါ် လာပြီးနောက်ပိုင်း လူကြိုက်များခဲ့သော် လည်း ဈေးကျဆင်းမှုဂယက်ထဲ ရောက်ရှိလာရခြင်းဖြစ်ကြောင်း ဝါရင့် ယာဉ် အကျိုးဆောင်များမှ ပြောသည်။ SN

Monday, 5 Sep 2011

မြို့သစ်မြေရောင်းပြီး မြို့တွင်းမြေပြန်ဝယ်တဲ့ မန်းမြေဈေးကွက်                 လက်တလောတွင် မြေအရောင်း အဝယ်အေးသော်လည်း ကြိုက်ဈေး ဖြစ်ပါက အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ယခင်က မြို့တွင်းနေထိုင် သူများမှာ မြို့သစ်သို့ ပြောင်းရွှေ့ဝယ်ယူ မှုရှိခဲ့သော်လည်း ယခုအခါ မြို့သစ် အဓိကလမ်းမကြီးများ၊ ထောင့်အကွက် များမှာ ဈေးမြင့်တက်လာလို့ ပြန်ရောင်း ပြီး မြို့တွင်းသို့ ပြန်လည်ဝယ်ယူမှုရှိလာ ကြောင်းသိရပါတယ်။                  အိမ်ခြံမြေအကျိုးဆောင် ကိုလင်း က '' မြို့သစ်က အဓိကကျတဲ့လမ်းမ ကြီးတွေမှာ စီးပွားရေးလုပ်လို့လည်း ကောင်း၊ လမ်းလည်းကောင်းတော့ မြို့ထဲထက် ဈေးမြင့်တဲ့အတွက် တချို့ ပြန်ရောင်းပြီး မြို့ထဲပြန်ဝယ်ကြတယ်။ အဓိက လမ်းမကြီးတွေက ၆ လမ်း၊ သိပ္ပံလမ်း၊ မနော်ဟရီလမ်းမှာ ပေ ၄ဝx ပေ ၆ဝ တစ်ကွက်ကို သိန်း ၄ဝဝဝ ကနေ သိန်း ၁ဝဝဝဝ အထက်မှာရှိတဲ့ အတွက် ပြန်ရောင်းကြတယ်။ မြို့တွင်း မှာ အောင်တော်မူရပ်၊ နယူးစီပီလိုင်း၊ မဟာဇေယျာဘုံရပ်နဲ့ နန်းရှေ့ဘက်မှာ ပြန်ဝယ်ကြတယ်။ မြို့ထဲမှာ အရောင်း အဝယ်ဖြစ်နေတယ်။ မြို့သစ်က အရင် အရောင်းအဝယ်ကောင်းခဲ့တဲ့ ''လလ'' အကွက်တွေဆို အေးနေပြီ။ ''လလ'' အကွက်တွေက ဝယ်ရောင်းသမားလက် ထဲရောက်ကုန်တော့ ပြန်မထုတ်ကြ တော့ဘူးလို့ ပြောပါတယ်။                 မြေကွက်ဈေးနှုန်းများမှာ အောင် တော်မူရပ်တွင် ၆၂လမ်း ၂၇x၂၈ ကြား ၂၅ ပေ x ၆ဝ ပေ တစ်ကွက်လျင် ကျပ် သိန်း ၃ဝဝဝ၊ ၂၈x၂၉ လမ်းကြား ၂၃ ပေ x ၆ဝ ပေ တစ်ကွက်လျင် ကျပ်သိန်း ၂ဝဝဝ၊ ၂၉ လမ်းx၃ဝ လမ်းကြား ၄ဝ ပေx ၉ဝ ပေတစ်ကွက်လျင် RC  ၃ ထပ်ပါ ကျပ်သိန်း ၁၃ဝဝဝ ခေါ်ဈေး ရှိ၍ ၆၃ လမ်းမေးတင် ၂၆ နဲ့ လမ်း ၃ဝ အတွင်း ကျပ်သိန်း ၃ဝဝဝ ကျော်၊ လမ်းသွယ်ကျပ်သိန်း ၁၅ဝဝ နဲ့ ၂၅ဝဝ ကြားဈေးရှိကြောင်း သိရပါတယ်။ နယူး စီပီရပ်မှာ အောင်တော်မူရပ်နဲ့ ဈေးနှုန်းမကွာဘဲ ၃၂ လမ်းမေးတင် ၄ဝ ပေ x ၁ဝဝ ပေတစ်ကွက်လျင် သိန်း ၆ဝဝဝ ကျော်ရှိပါတယ်။ နန်းရှေ့အကွက်များမှာ ဈေးထက်ဝက် လျှော့၍ ၁၉ လမ်း မြောက်ဘက် ၆၂x ၆၄ လမ်းကြား ၂၅ ပေ x ၆ဝ ပေ တစ်ကွက်လျင် သိန်း ၈ဝဝ ဝန်းကျင်ရှိ၍ ၁၉ လမ်းမေးတင် ၂ဝ ပေx ၆ဝပေ တစ်ကွက်လျင် ကျပ် သိန်း၂ဝဝဝ ကျော်ကာ ပေအကျယ် အဝန်းပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိပါတယ်။ မဟာဇေယျာဘုံရပ်မှာ အောင်တော်မူ ရပ်ထက်ဈေးနှုန်း သုံးပုံ တစ်ပုံလျော့နည်းကြောင်း သိရပါတယ်။ ဇူးဇူး 

Monday, 5 Sep 2011

ဗီယက်နမ်က ကားတင်သွင်းမှု မြင့်တက်               ဗီယက်နမ်နိုင်ငံက သြဂုတ်လအတွင်း ကားအစီးရေ ၄ဝဝဝ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၇၈ သန်ဖိုး တင်သွင်းခဲ့လို့ ယခုနှစ် ပထမ ရှစ်လ အတွင်း စုစုပေါင်းကားအစီးရေ ၄၂ဝဝဝ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၈၂ သန်းဖိုးတင်သွင်းထားကြောင်း အထွေထွေစာရင်းအင်းရုံးမှ သိရှိရပါတယ်။ ၂ဝ၁ဝ ခုနှစ်နဲ့ယှဉ်ရင် တင်သွင်းမှုပမာဏ ၃ဝ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ဖိုး အားဖြင့် ၃၂ ရာခိုင်နှုန်း တိုးတက်တယ်လို့ သိရပါတယ်။                  ဒါပေမယ့် သြဂုတ်လအတွင်း ဆိုင်ကယ်အစီးပေါင်း ၅ဝဝဝ ကန် ဒေါ်လာ ခုနစ်သန်းဖိုးတင်သွင်းခဲ့မှုဟာ ယခင်လထက် အစီးရေ ၁ဝဝဝ လျော့ကျတယ်လို့ သိရပါတယ်။ ယခုနှစ် ပထမ ၈ လအတွင်း ဆိုင်ကယ် ၄၉ဝဝဝ ကန်ဒေါ်လာ ၆၇ သန်းဖိုး တင်သွင်းပြီးဖြစ်လို့ ယခင်နှစ်ကာလတူနဲ့နှိုင်းယှဉ် ရင် ပမာဏအားဖြင့် ၂၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၁၈ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျတယ်လို့ သိရပါတယ်။                  ကားနဲ့ဆိုင်ကယ်အများစုကို ကိုရီးယား၊ တရုတ်ပြည်မ၊ ဂျပန်၊ တရုတ် (တိုင်ပေ)၊ အမေရိကန်နဲ့ ဂျာမဏီတို့က တင်သွင်းပါတယ်။ ပြည်တွင်းဝယ်ယူမှု အား ကျဆင်းခြင်းဟာ တင်သွင်းမှုကိုသာ ထိခိုက်ရုံမက ပြည်တွင်းထုတ်လုပ် မှုကိုပါ ထိခိုက်စေခဲ့ရာ ပြည်တွင်း ဆိုင်ကယ်ထုတ်လုပ်မှုများအနေနဲ့ ယခုနှစ် ပထမ ရှစ်လအတွင်း သိုလှောင်မှုညွှန်းကိန်းဟာ ၄ဝ ထိရှိလာခဲ့တယ်လို့ သိရပါတယ်။                    ဘဏ္ဍာရေးဝန်ကြီးဌာနမှ လွန်ခဲ့တဲ့ ၂ နှစ်က သတ်မှတ်ခဲ့တဲ့ ယာဉ်သုံးစွဲ မှု အခွန်စည်းမျဉ်းများက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့တဲ့အတွက် ပြန်လည်သုံးသပ်ဖို့ စည်းမျဉ်းအကြမ်းများ ရေးဆွဲနေတယ်လို့ သိရပါတယ်။ စည်းမျဉ်းအသစ်အရ နိုင်ငံတော်ကာကွယ်ရေးယာဉ်၊ စီးပွားရေးဇုန်သုံးယာဉ်နဲ့ အပန်းဖြေဧရိယာသုံး ကားတို့လို ယာဉ်အမျိုးအစားများကို အခွန်မှ ကင်းလွတ်ပေးသွားမယ်လို့ သိရပါတယ်။ ယခင်းးခင်၊Source:vov

Pages