Background
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ကိုရိုလာဗင် (88) ၉က ၁၉၀ သိန်း ဒီဇယ်၂။ ကိုရိုလာဗင် (94) ၂ဂ ၃၈၀ သိန်း၃။ မတ်(ခ်)တူး (92) ၄၈ ၃၂၀ သိန်း၄။ မတ်(ခ်)တူး (2002) ၄၈ ၅၅၀ သိန်း၅။ မတ်(ခ်)တူး (99) ၄၈ ၄၂၀ သိန်း၆။ စူပါကပ်စတန် (97) ၈ဇ ၁၉၀ သိန်း၇။ ဆူဇူကီး (R+) ၁၈ ၁၆၀ သိန်း၈။ ဆူဇူကီး (R-) ၉ခ ၁၁၀ သိန်း၉။ စူပါဆလွန်း (86) လ/သ/အ ၁၂၀ သိန်း၁၀။ စူပါဆလွန်း (90) ၃က ၁၆၀ သိန်း
ကူးပါးတာယာနဲ့ ရော်ဘာကုမ္ပဏီက ယခုနှစ်ကုန်ပိုင်းမှာ တာယာဈေးနှုန်းတွေ မြှင့် တင်မယ်လို့သိရပါတယ်။ ဒီဈေးနှုန်း မြှင့်တင်ခြင်းကို ဒီဇင်ဘာ ၁ ရက်ကစပြီး အကျုံးဝင် မယ်လို့သိရပြီး ဘယ်တာယာအမျိုးအစားဈေးနှုန်း တိုးမြှင့်တင်မယ်ဆိုတာတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။ ၎င်းကုမ္ပဏီအနေနဲ့ နောက်ဆုံးဈေးနှုန်းမြှင့်ခဲ့တာက ယခုနှစ် မတ်လ ၁၅ ရက်ကဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ထုတ်ကုန်အမျိုးအစားပေါ်မူတည်ပြီး ၈ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းထိ ဈေးမြင့်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ကုန်ကြမ်းစရိတ် မြင့်တက်တာကြောင့်အထိနာနေကြောင်းသိရပါတယ်။ Source:Tire Busines,KZW
မန္တလေးမြေဈေးကွက်မှာ အရောင်းအဝယ် ပြန်လိုက်လာခြင်းကြောင့် ဈေး ပြန်လိုက်လာသော်လည်း ယခင်နှစ်က ဈေးနှုန်းထိမရောက်ကြောင်း သိရပါတယ်။အရောင်းအဝယ်ဖြစ်တဲ့ မြေကွက် များမှာ မြို့ထဲပိုင်းထက် မြို့သစ်ပိုင်းရှိ 'လလ'၊ 'ဖဖ'၊ 'ပပ'၊ 'နန' ဖရိန်ရှိအကွက် များမှာ ပို၍အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ မြေဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူများ၊ ရောင်းဝယ်သူများနဲ့ မြေအကျိုးဆောင် လုပ်ကိုင်သူများမှာ ကားဟောင်းဈေးကွက်ဘက် စိတ်ဝင်စားခြင်းကြောင့် ယခင်လပိုင်းက မြေဈေးကွက်အေးသွား ခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်တွင် မြေဘက် ပြန်လှည့်လာခြင်းကြောင့် အရောင်းအဝယ်ပြန်လိုက်လာရာ မြေ တစ်ကွက်လျှင် ထောင်ဘရိတ်တန်းဈေး ထက် ရာဘရိတ်တန်းရှိမြေကွက်များမှာ ပို၍အရောင်းအဝယ်သွက်လာပါတယ်။ မြေအကျိုးဆောင် ဦးမြင့်လွင်က "အရောင်းအဝယ် ပြန်လိုက် လာတာ တစ်ပတ်လောက်ရှိပြီ၊ အရင်ရက်တွေ က အရောင်းအဝယ် အေးနေတယ်ဆို ပေမယ့် ကြိုက်ရောင်းကြိုက်ဝယ်နဲ့တော့ သူ့ဈေးတန်းနဲ့ဖြစ်လာပါတယ်။ ဒီတစ် ပတ်မှာ ကားဟောင်း အရောင်းအဝယ် လုပ်တာတွေ၊ ဝယ်ယူတာတွေကလည်း ပြီးသလောက်ရှိနေတော့ မြေဘက်ကို ပြန်လှည့်လာကြတာ။ လလ၊ ဖဖ၊ ပပ၊ နနဖရိန်မှာ ၅၄ လမ်း ၅၅ လမ်းကြား ကွက်တွေဆို သိန်း ၁၉၀၊ ၂၀၀ ကြား၊ အနောက်ခြမ်းဆို သိန်း ၂၂၀၊ အရှေ့ ခြမ်းဆို သိန်း ၁၆၀၊ ၁၇၀ ဝန်းကျင်ဖြစ် လာတယ်။ လမ်းပေါ် မေးတင်အကွက် တွေဆို ကြားကွက်ထက် နှစ်ဆပိုတယ်။ မနှစ်ကနှစ်ကုန်ပိုင်းကပေါက်ခဲ့တဲ့ ဈေး ထိတော့ မရောက်သေးဘူး"လို့ ဆိုပါတယ်။ မြေအရောင်းအဝယ်ပြန်လိုက်လာလို့ ယခင်လကထက် ပေ ၄၀ _ ပေ ၆၀ တစ်ကွက်လျင် ကျပ်သိန်း ၃၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊ သီတင်းကျွတ်ပြီးနောက် မြေဈေးကွက်မှာ ထပ်မံတက်လာဖွယ် ရှိကြောင်းသိရပါတယ်။ ဇူးဇူး
ပြည်တွင်းထုတ် မော်တော်ယာဉ် များကို ဘယ်မောင်းထုတ်ရန် သတ်မှတ် ထားခြင်းကြောင့် တင်သွင်းယာဉ်များကို လည်း တစ်တန်းစားတည်း သတ်မှတ်မှ သာ မော်တော်ယာဉ် ထုတ်လုပ်သူများ အတွက် အဆင်ပြေမှာ ဖြစ်ကြောင်း၊ မန္တလေးစက်မှုဇုန် မော်တော်ယာဉ်ထုတ် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ''မန္တလေးစက်မှုဇုန်မှာ ကားထုတ် လုပ်တဲ့ လုပ်ငန်းရှင် ၂၇ ဦးရှိတယ်။ ပြည်တွင်းထုတ်တွေကို ဘယ်မောင်းသတ် မှတ်လိုက်တဲ့အတွက် ၁ တန် TRUCK ပဲ ထုတ်လုပ်မှုရှိတယ်။ ဘယ်မောင်း ပြောင်းလိုက်တဲ့အတွက် ဈေးမသတ် မှတ်ရသေးဘူး။ ဘယ် မောင်းဈေးကွက် မှာ တရုတ်ကားပဲရှိတော့ ကားသွင်းလာ ရင် ယှဉ်လို့မရဘူး။ ဇုန်ထုတ်ကားဈေး ကွက် ပျောက်နိုင်တယ်။ ကားထုတ် လုပ်သူတွေအတွက် ထွက်ပေါက် ပေး သင့်တယ်။ စည်းကမ်းနဲ့အတိုင်းအတာ တစ်ခု သတ်မှတ်သင့်တယ်။ ၂၀၁၅ မှာ AFTA ဖြစ်လာတော့မှာဆိုတော့ နိုင်ငံ ခြားကထုတ်တဲ့ ကုမ္ပဏီတွေဝင်လာရင် အခွင့်အရေး နည်းသွားနိုင်တယ်။ ဒီ ဘက်က မယှဉ်နိုင်တောင် ယုံယုံကြည် ကြည်နဲ့ ရှင်သန်နိုင်မယ်ဆို သူတို့နဲ့ လက်တွဲလို့ ရနိုင်တယ်။ ဒီဘက်က လုပ် ငန်းရှင်တွေအနေနဲ့ နိုင်ငံခြားကဝင်လာ မယ့် ကုမ္ပဏီတွေကအခြေအနေ စောင့် ကြည့်နေတာ။ အဲဒီ့အချိန်ထိ လုပ်ငန်း မပျက်ရပ်တည်နိုင်မှ သူတို့ကလည်း ယုံကြည်မယ်''လို့ အထက်ပါ လုပ်ငန်း ရှင်က ပြောပါတယ်။ ယခုအခါ မော်တော်ယာဉ်လုပ်ငန်း ရှင်များအတွက် နည်းပညာပံ့ပိုးမှု၊ စည်း ကမ်းကျနစွာ လုပ်ကိုင်ခွင့်နဲ့ နိုင်ငံခြားမှ လုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ရာတွင် တစ်ဦးချင်းချိတ်ဆက်မှုထက် နိုင်ငံတော် မှ ချိတ်ဆက်ဆောင်ရွက်ခွင့်ပေးပါက ပို၍ ထိရောက်နိုင်ကြောင်း သိရပါ တယ်။ ကားထုတ်လုပ်သူများမှာ စက် ယန္တရား၊ အလုပ်ရုံနဲ့နည်းပညာ အား နည်း၍ ကြပ်မတ်ဆောင်ရွက်သင့် ကြောင်း ကားထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။ ဇူးဇူး
မော်တော်ကားဈေးကွက်တွင် ကားဟောင်းများ အစားထိုး ကားတင်သွင်း ခွင့်ပြုခြင်းနဲ့ မော်တော်ကားသစ် Show Room များ ဖွင့်လာနိုင်လို့ မန္တလေးစက်မှု ဇုန်ထုတ် မော်တော်ကားဈေးကွက်မှာ ထုတ်လုပ်မှု ရပ်နားထားသလောက်နီးပါးရှိ ကြောင်း မော်တော်ယာဉ်ထုတ်လုပ်သူများထံမှ သိရပါတယ်။ ''ကားသစ်တွေ တင်သွင်းလာတော့မယ်ဆိုတော့ လူတွေက စောင့်ဆိုင်းနေ ကြတာ။ စက်မှုဇုန်မှာTRUCK ကားအများဆုံးထုတ်နေတာ။ ပြည်ပကTRUCK တွေဝင်လာရင် ပြည်တွင်းကဈေးနဲ့ယှဉ်ရင် ဈေးနှုန်းကွာခြားနိုင်တဲ့အတွက် စက်မှုဇုန် ထုတ်ကားတွေက ဈေးကွက်မှာ ရပ်သလိုဖြစ်သွားပြီ။ ၁ တန် TRUCK ု ကား လောက်သာ လက်ကျန်ရှိနေလို့ လက်စသတ်နေတာ။ ၂ တန်၊ ၆ တန်၊ ၁၀ တန်ကား တွေက ဈေးကွက်မရောက်သေးဘူး။ ဂျစ်ဈေးကွက်ကတော့ ပျောက်သွားပြီ''လို့ ကားထုတ်လုပ်သူတစ်ဦးက ပြောပါတယ်။ ကားပါမစ်ကိစ္စသတင်း ထွက်ပေါ်ပြီးနောက် စက်မှုဇုန်ထုတ်မော်တော်ကား ဈေးကွက်မှာ ကျဆင်းသွားခဲ့ရာ ယခင်က ၁ တန် ထရပ်ကားတစ်စီး သိန်း ၁၄၀ ကျပ် ဈေးပေါက်ခဲ့ရာမှ ယခုအခါ ကျပ်သိန်း ၁၂၀ တွင် ဝယ်ယူမှုမရှိကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန်တွင် မော်တော်ယာဉ်ထုတ်လုပ်သူ ၂၇ ဦးရှိကြောင်း၊ ယခုအခါလုပ်ငန်းရပ် နားထားရခြင်းကြောင့် အလုပ်သမားများမှာ အခြားလုပ်ငန်း များသို့ ရွေ့လျားသွားကြောင်း သိရပါတယ်။ ၂ တန်ယာဉ်ဈေးမှာ ယခင် ကျပ်သိန်း ၂၅၀ မှ ယခု ကျပ်သိန်း ၁၈၀ ဝန်းကျင်ရှိပြီး၊ ၁၀ ဘီးယာဉ် ကျပ်သိန်း ၈၅၀၊ ၉၀၀ မှ ကျပ်သိန်း ၇၀၀ ထိဈေးကျလာလို့ ထုတ်လုပ်မှုမရှိကြောင်း ဇုန်အတွင်း ဘယ်မောင်းသတ်မှတ်ပြီးနောက် ထုတ်လုပ်မှုနည်းလာကြောင်း သိရပါတယ်။ ဇူးဇူး
ဟွန်ဒါကုမ္ပဏီဟာ လာမယ့်ဆယ်စုနှစ်အတွင်း ဂျပန်နိုင်ငံကနေ ကားတင်ပို့တာကို ထက်ဝက်လောက် လျှော့ချမှာဖြစ်ကြောင်း၊ ယန်းငွေတန်ဖိုးမြင့်တက်တာကို ရင်ဆိုင်ကုစားတဲ့အနေနဲ့ အခုလိုဆောင်ရွက်တာဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ က အောက်တိုဘာ ၅ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဂျပန်မော်တော်ကားထုတ်လုပ်သူတွေဟာ ပြည်တွင်းအရောင်းပမာဏ (Domestic sales) ကို မြှင့်တင်ဖို့အတွက် ကားသေးတွေကို ပိုပြီးထုတ်လုပ်မှာဖြစ်ကြောင်းလည်း ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ''ယန်းငွေတန်ဖိုး အခုလို မြင့်တက် နေမယ်ဆိုရင်တော့ ဂျန်ပန်နိုင်ငံဟာ ကမ္ဘာမှာ မော်တော်ကားအများအပြားထုတ်လုပ်တင်ပို့တဲ့ နိုင်ငံအဖြစ် ကြာရှည် ရပ်တည်နိုင် မှာမဟုတ်ပါဘူး''လို့လည်း ကုမ္ပဏီဥက္ကဋ္ဌက ရှင်းရှင်းလင်းလင်းပြောကြားလိုက်ပါတယ်။ '' ဟွန်ဒါကုမ္ပဏီဟာ ပြည်တွင်းထုတ်လုပ်မှုရဲ့ ၃၀-၄၀ ရာခိုင်နှုန်းကို ပြည်ပ တင်ပို့နေတာပါ။ ဒါပေမယ့် ငွေတန်ဖိုးမြင့်တက်နေတာကြောင့် အဲဒီလောက် ဆက်လက်တင်ပို့ဖို့ဆိုတာ မလွယ်တော့ပါဘူး''လို့လည်း ၎င်းကသုံးသပ်ပြောကြားပါတယ်။ Source: channelnewsasia၊သိန်းမြင့်ဝေ
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများစဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ စူဇူကီး (R+) ၁ဂ ၁၆၀-၁၇၀ သိန်း၂။ စူဇူကီး (R-) ၉ခ ၁၁၅ သိန်း ၂ တပေ၃။ တောင်းအေ့(စ်)(စက်မှုဇုန်) ၈ဈ ၁၃၀ သိန်း (၂၀၀၂)၄။ တောင်းအေ့(စ်)(စက်မှုဇုန်) ၈ဂ ၈၅ သိန်း၅။ ဆူစူကီးပစ်ကပ်(စက်မူဇုန်) ၈ဂ ၇၅ သိန်း၆။ စူပါဆလွန်း (86) လ/သ/အ ၁၄၀ သိန်း၇။ ဆီဒင်ဆလွန်း(နှစ်လွန်) ဈ ၁၀၀ သိန်း၈။ ဆန်နီပစ်ကပ် (80) ထ ၉၀ သိန်း၉။ ကိုရိုလာဗင် (94) ၄ဂ ၄၂၀ သိန်း၁၀။ ကိုရိုလာဗင် (88) (၁.၅) ၃က ၁၅၀ သိန်း ဓာတ်ဆီ
ပြင်ဦးလွင်-ရန်ကုန် အဝေးပြေးယာဉ်လိုင်းတစ်လိုင်း တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်းသိရပါတယ်။ တိုးချဲ့ပြေးဆွဲမယ့် 'အာကာသ' ယာဉ်လိုင်းမှာ ပြင်ဦးလွင် မြို့ သီရိပဒေသာ အဝေးပြေးယာဉ်ရပ် နားစခန်းနဲ့ ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးကားဝင်းသို့ တိုက်ရိုက်ပြေးဆွဲမှာဖြစ်ပြီး လက်မှတ်မှာယူပါက အိမ်တိုင်ရာရောက် ပို့ဆောင်ပေးကြောင်း သိရပါတယ်။ ''အောက်တိုဘာ ၄ ရက်မှာ ရန်ကုန် ကစထွက်ပြီး ပြင်ဦးလွင်က ၆ ရက်နေ့ ညနေ ၆ နာရီမှာ စထွက်မယ်။ ကျွန် တော်တို့ အာကာသ ယာဉ်လိုင်းက ရန်ကုန်-မန်း၊ ရန်ကုန်-မုံရွာ-ရေဦး၊ ရန်ကုန် - ကျောက်ပန်းတောင်း - ရေနံ ချောင်း-မကွေး-မင်းဘူးကို ပြေးဆွဲ လျက်ရှိပါတယ်။ ယခုပြေးဆွဲမယ့် ပြင်ဦးလွင်လမ်းကြောင်းမှာ စတင်ဆွဲတဲ့ အထိမ်းအမှတ်အနေနဲ့ ကံစမ်းမဲဖောက် ပေးမယ်။ ယာဉ်လိုင်းနဲ့ လိုက်ပါစီးနင်း တာ (၁၀)ကြိမ်ပြည့်ရင် တစ်ကြိမ် အခမဲ့ ပေးမယ်။ အသွားအပြန် လက်မှတ် ဖြတ်ရင် ကျပ် ၁၀၀၀ လျှော့ပေးတယ်။ လက်မှတ်ခက တစ်ဦးကို ကျပ် ၁၁၄၀၀ ယူပါတယ်။ မုန့် ဒါမှမဟုတ် လက် ဆောင်ပစ္စည်းဝေမယ်။ ကားမူးတတ်တဲ့ သူတွေအတွက် အိမ်သုံးဆေးဝါးဆောင် ထားမယ်။ အအေးမခံနိုင်တဲ့ သူတွေ အနေနဲ့ စောင်လိုလို့တောင်းရင်လည်း ပေးပါတယ်။ ကားပေါ်ပါတဲ့ ဝန်ထမ်း တွေရဲ့ ဝန်ဆောင်မှုကို ကျေနပ်မှုမရှိရင် ၀၉-၅၁၁၇၆၄၄ကို ဖုန်းဆက်တိုင်ကြား နိုင်ပါတယ် '' လို့ အာကာသယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ပြင်ဦးလွင်-ရန်ကုန်သို့ အဝေးပြေး ယာဉ်လိုင်း ခုနစ်လိုင်း တိုးချဲ့ပြေးဆွဲ လျက်ရှိပြီး ထပ်မံတိုးချဲ့ပြေးဆွဲခြင်း ကြောင့် ယာဉ်လိုင်း ရှစ်လိုင်း တိုးချဲ့ ပြေးဆွဲပြီးဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
စစ်ကိုင်းတိုင်းဒေသကြီးမှာ အခြေစိုက်ထုတ်လုပ်သော ဟာဘယ်လ်ဂရင်း ငါးပရိုတိန်း သဘာဝမြေသြဇာ အရည်မှ မကြာမီ ဝက်ဘ်ဆိုက်လွှင့်တင်တော့မည်ဖြစ်သည်။ မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ သွင်းအားစုထုတ်ကုန်အသစ် ဖြစ်သော အမိုင်နိုအက်စစ်အမျိုးအစား ဤမြေသြဇာအရည်နှင့် ရွက်ဖျန်းကို သုံးစွဲခြင်းဖြင့်ရရှိနိုင်သော ကုန်ကျ စရိတ်သက်သာမှု၊ သီးနှံအရည်အသွေး ကောင်းမွန်မှုနှင့် မိမိတို့ပိုင်ဆိုင်သော လယ်ယာ၊ ဥယျာဉ်၊ ခြံမြေတို့ရဲ့(Soil Structure) အရည်အသွေး ကောင်းမွန်လာမှုတို့ကြောင့် ရေရှည်အောင်မြင်တိုးတက်သော စိုက်ပျိုးရေး (Sustainable Agriculture) ကဏ္ဍအပေါ် ယုံကြည်မှု ပိုမိုလာစေမည်ဖြစ်သည်။ သီးနှံအမျိုးအစားအလိုက် မြေသြဇာလိုအပ်ချက် သဘာဝကိုလည်း ထည့်သွင်းဖော်ပြပေးထားမည်ဖြစ်၍ မလိုအပ်ဘဲ မြေသြဇာအလွန်အကျွံသုံးစွဲခြင်းနှင့် သုံးစွဲမှုမပြည့်မီခြင်းအစရှိသည့် စိုက်ပျိုးသူတို့၏ လိုအပ်ချက်များ ကိုလည်း ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စီမံချက်ချမှတ် လုပ်ဆောင်နေသော သက်တမ်းလွန် ယာဉ်ဟောင်း အပ်နှံ၍ အစားထိုးယာဉ်တင်သွင်းခွင့်ပြု ရေးအစီအစဉ်သည်ယခုအခါ တတိယ ပတ်အတွင်း ရောက်ရှိနေပြီဖြစ်ပြီး အပ်နှံ နှုန်းထားမှာလည်း စီးရေ ၅၀၀၀ ကျော်ရှိလာကာ ကားဈေးကွက်အတွင်း ကားအပ်နှံမှု စလစ်များ (အမှန်မှာ ကား အပ်နှံပြီးစီးကြောင်း ကညနမှထုတ်ပေး သည့် အသိအမှတ်ပြု ထောက်ခံစာ) လည်းလှိုင်လှိုင်ဝင်ရောက်၍ ရောင်းဝယ် ဖောက်ကားလာပြီး ကားဈေးကွက်မှာ လည်း အခြေအနေ တစ်မျိုးပြောင်းပြီး သတင်းစာများထဲတွင် ကြေညာချက် ထွက်ပြီးစကာလဈေးထက် ဈေးများ ပြန်မာလာကြောင်း သိရသည်။ လတ်တလော ပွဲစားတန်းများတွင် ကားပါမစ်ဈေးနှုန်းမှာ ယခင်အပတ်က နှင့်စာလျှင် ၁၀ သိန်း ၁၅ သိန်းခန့် ကျ ဆင်းသွားကြောင်း၊ရန်ကုန်အပ်နှံပါမစ်ဆို လျှင် ၁၁၀ သိန်း ၁၁၅ သိန်း ဖြစ်ပေါ်နေပြီး နယ်ပါမစ်ဆိုလျှင် ၉၅ သိန်း ၁၀၀ သိန်းခန့်ပြန်လည် ရောင်းချကြကြောင်း၊ ရန်ကုန်ပါမစ်ပို၍ အရောင်းအဝယ်ဖြစ် ကြောင်း၊ နယ်ဆိုလျှင်လည်း ရန်ကုန် အနီးအနားတစ်ဝိုက် မြို့များဖြစ်သည့် ပဲခူး၊ပြည်၊ ပုသိမ် စသည့် ပါမစ်များသာ ရောင်းရကြောင်း အပေါ်ဝိုင်းဝါရင့် ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြော သည်။ အပေါ်ကားများ ၃၀ သိန်းမှ ၅၀ သိန်းအထိ ပြန်မာလာခြင်း၊ သိန်း ၁၅၀ နှင့် ၁၀၀ ကြားကားများ ၂၀ သိန်း၊ ၃၀ သိန်းပြန်မာလာခြင်း ဖြစ်စဉ်များမှာ လည်းယခုပြုလုပ်နေသည့်ယာဉ်ဟောင်း အပ်နှံစီမံချက်အား အခြေအနေလိုက် ၍ ဖြစ်ပေါ်နေသည့် သဘာဝသာဖြစ် ကြောင်း ၎င်းမှ ပြောသည်။ ယင်းစီမံချက်ကြောင့်ပင် ယာဉ် တင်သွင်းခွင့်လုပ်ငန်း ဆောင်ရွက်ပေး မည့် ကုမ္ပဏီများစွာ အသီးသီးပေါ် ပေါက်လာပြီး လုပ်ငန်းအဆင့်ဆင့်အား ငွေကြေးတန်းတစ်ရပ် သတ်မှတ်ကာ ဝန်ဆောင်မှုပေးကြကြောင်း၊ ငွေကြေး တတ်နိုင်သူများက ကုမ္ပဏီမှာ အပ်နှံ တင်သွင်းရေး ဆောင်ရွက်ကြကာ ငွေမလိုက်နိုင်သူများမှလည်း ၎င်းတို့ရောင်း ချခဲ့သည့် ဈေးတန်း(ဥပမာ ၈၀ သိန်း၊ ၉၀ သိန်း) အား အနည်းငယ် ထပ်ဆောင်းကာ သိန်း ၁၀၀ နှင့် သိန်း ၁၂၀ ဝန်းကျင်ဗင်ကားများ၊ လိုက်ထရပ်များ ပြန်လည်ဝယ်ယူစီးနင်း၊ စီးပွားရေးလုပ်ငန်းသုံး ပြုလုပ်ကြသဖြင့် ယခုကာလ ကားဝိုင်းများ ကားပွဲစားတန်းများ အတွင်း လူစည်ကားနေပြီး အရောင်း အဝယ်ရှိနေကြောင်း သိရသည်။ SN