Background
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အုတ်နီခဲအစား ဗြုန်းအုတ်အသုံးများလာ၍ ထုတ်လုပ်မှုတွင်ကျယ်လာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စီမံကိန်းလုပ်ငန်းများ၌ ဗြုန်းအုတ်အသုံးများလာ၍ ဗြုန်းစက်ထုတ်လုပ်မှုမှာ တစ်နှစ်ထက်တစ်နှစ် တွင်ကျယ်လာကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန် ၂၊ မက္ခရာလမ်း၊ လမ်း ၅ဝ နဲ့ ၅၁ လမ်းကြားရှိ တော်ဝင်စက်မှုလက်မှုလုပ်ငန်းရှင် ဦးတင်မောင်ကြည်က ''ကျွန်တော်တို့အလုပ်ရုံကနေ ၁၉၉၉ ခုနှစ်ကစပြီး ဗြုန်းအုတ်စက်ထုတ်လုပ်ခဲ့တာ ဒီနှစ်မှာ မှာယူမှုများလာတယ်။ အုတ်နီထုတ် လုပ်တဲ့ ကျောက်ဆည်ဘက်က လုပ်ငန်းရှင်ကလည်း ကျောက်မှုန့်နဲ့ အုတ်ထုတ်ဖို့ ကမ်းလှမ်းထားပြီး၊ လောလောဆယ်မှာ စီမံကိန်းလုပ်ငန်းလုပ်ဖို့ GE တပ်၊ ထူးကုမ္ပဏီ၊ အေဝမ်းကုမ္ပဏီ၊ အေးရှားဝေါကုမ္ပဏီတွေကလည်း ဝယ်ယူမှုရှိတယ်။ ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်၊ ကလော၊ လားရှိုး၊ မူဆယ်၊ သပိတ်ကျင်းဘက်ကလည်း ဝယ်ယူမှုရှိတယ်။ တရုတ်နိုင်ငံလုပ် ဗြုန်းအုတ် စက်ဝင်ပေမယ့် ဈေးနှုန်းက စက်ကြီးဆို ဈေးတော်တော်ကွာတယ်၊ မိုစက်လည်းပြန်ပြင်ပြီး အသုံးပြုလို့ရတော့ မန္တလေးစက်မှုဇုန် ထုတ်စက်ကို အသုံးများလာတာ'' လို့ ပြောပါတယ်။ တော်ဝင်စက်မှုလက်မှုလုပ်ငန်းမှ ဗြုန်းအုတ်စက် နှစ်မျိုးထုတ်လုပ်လျက်ရှိရာ အင်ဂျင်၊ ရိုက်စက်၊ အုတ်စက်၊ မွှေစက်၊ ဖရိန်၊ ခွာပုံနဲ့ ရှပ်တန်းပါပြီး၊ သိန်း ၆ဝတန် စက်မှာ ၈ နာရီလျင် အခဲ ၄ဝဝဝနှုန်းထွက်ရှိပါတယ်။ မော်တာပါဝင်တဲ့ Hydrolie စက်မှာ ၈ နာရီလျင် အခဲ ၁၂ဝဝဝ နဲ့အထက် ထွက်ရှိပြီး ဈေးနှုန်းမှာ ကျပ် ၁၇၅ သိန်းရှိကြောင်း သိရပါတယ်။ ဇူးဇူး
မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ်တိုး၍ မန်းမြေကွက် အရောင်းအဝယ်ပြန်ဖြစ် သြဂုတ် ၁၂ ရက်မှစ၍ မူလနှုန်းထားအတိုင်း မြေခွန်သက်တမ်း တစ်နှစ် တိုး၍ မန္တလေးမြေကွက်များ အရောင်း အဝယ်ပြန်ဖြစ်လာကြောင်း မြေအကျိုး ဆောင်များထံမှ သိရပါတယ်။ ''နှစ်ဆန်းပိုင်းက အရောင်းအဝယ် တော်တော်လေးဖြစ်ခဲ့တဲ့ မန္တလေးမြေကွက်က ဇူလိုင်လပိုင်းမှာ ပြန်အေးသွားခဲ့တယ်။ မြေအခွန်နှုန်းထား တိုးမယ် လို့ကြားလို့ အရောင်းအဝယ်မလုပ်ကြဘဲ စောင့်ကြည့်အနေအထားဖြစ်သွားတာ။ ဒီတစ်ပတ်မှာ အခွန်နှုန်းမပြောင်း လဲတော့ အရောင်းအဝယ် ပြန်စလာပြီ။ မြို့ထဲပိုင်းက ပြန်စတာပဲ။ မြို့သစ်ဘက်ပိုင်းမှာလည်း ကားကွင်းစီမံကိန်းနဲ့ ကုန်စည်ဒိုင်စီမံကိန်းကြောင့် လုပ်ငန်းသုံးလိုအပ်ချက်အရ အဲ့ဒီအနီးအနားက မြေကွက်တချို့ အရောင်းအဝယ် စဖြစ် တယ်။ ဝယ်လက်က ဈေးချရောင်းရင် တော့ဝယ်ကြတယ်။ ဒီလကုန်ရင် အရင် လို အရောင်းအဝယ် ပြန်သွက်လာမယ် ခန့်မှန်းတယ်''လို့ မြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။ မြေအခွန်နှုန်းထားမှာ ၂ဝ၁ဝ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၁ နှစ်အတွင်း ပေးဆောင်ရသည့် အခွန် နှုန်းထားအတိုင်း ရောင်းသူ ၁ဝ ရာခိုင် နှုန်း၊ ဝယ်ယူသူ ၁၅ရာခိုင်နှုန်းဖြင့် ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လမှ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လအတွင်း သက်တမ်း တစ်နှစ်တိုး၍ ပေးဆောင်ရန် သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ဇူးဇူး
ကားအရောင်းအဝယ် ကဲျသော်လည်း ဈေးမြှင့်ခေါ်နေသည့် ကားဈေးကွက် ရန်ကုန်မြို့ကားဈေးကွက်ဝယ် ယခုလတတိယပတ်အတွင်း အခြေအ နေမှာ အပေါ်ကားများသာမက အောက်ကားများပါ အရောင်းအဝယ် ထင်သလောက် မဖြစ်ဘဲ အဝယ်ကဲျနေသော်လည်း ဈေးမြှင့်ခေါ်ထားကြပြီး အမြင့်ဈေးများဖြင့်ပင် ဈေးတန်းနေကြောင်း သိရသည်။ ယခုအခါ ကားဈေးကွက်အတွင်း အပေါ်ကားများစွာ ဝင်ရောက်လာပြီး အပေါ်ကားများ စုဖွဲ့ရာ ဟံသာဝတီဝိုင်းတွင် မိုဒယ်မြင့်ဆလွန်းကားများ အမည်စုံဖြင့် ဝင်ရောက်လာပြီး အရောင်းအဝယ်လုပ်နေကြသော်လည်း လဆန်းပိုင်းကလောက် အရောင်းအဝယ်မဖြစ်ကြောင်း၊ ယခုရက်ပိုင်း တစ်စီ၊ နှစ်စီးသာ အရောင်းအဝယ် ဖြစ်ကြောင်း၊ အသစ်ဝင်အပေါ်ကားများ၏ ဈေးတန်းမှာလည်း စင်းလုံးချောကတစ်ဈေး၊ ဘယ်/ညာပြောင်းယာဉ်များက တစ်ဈေးဖြစ်ပြီး ဈေးကွာခြားလျော့နည်းသဖြင့် အပြောင်းကားများလည်း အဝယ်ရှိကြောင်းသိရသည်။ ၂ဝဝ သိန်းမှ ၃ဝဝ သိန်းကြား ဈေးတန်းရှိ ကားများထဲတွင် ဈေးပိုမြင့်လာ သည်မှာ စူဇူကီး(R+)များဖြစ်ပြီး ၃ဂ/၄ဂ ဆိုလျင် ၃ဝဝ သိန်းကျော် ခေါ်လာကြောင်း၊ ၇ခ/၉ခများပင် ၂၇ဝ သိန်း၊ ၂၈ဝ သိန်းခေါ်လာပြီး (R-)၊ဂငယ်တန်း (တူးဝေး)ဆိုလျင် ၁၈၅ သိန်းပင်ခေါ်လာကြောင်း၊ ၎င်းတို့မာနေ၍ မြန်မာမီနီဆလွန်း သည်လည်း ၁၈၅ သိန်း ၊၁၉ဝ သိန်းခေါ်လာကြောင်း၊ ယင်းတို့နှင့်လိုက်၍ အခြားရှိ ရင်းစွဲကားများပါ ဈေးတပ်မြှင့်ခေါ်လာပြီး စူပါဆလွန်း ၈၇ ထုတ် ကကြီးတန်းအမြင့် ဆိုလျင် ၂ဝဝ သိန်းအကျော် ခေါ်လာကြကြောင်း အပေါ်ဝိုင်းမှ ယာဉ်ဝယ်ရောင်း အကျိုးဆောင်ပုဂ္ဂိုလ် ကိုမြင့်ကျော်မှ ပြောသည်။ စက်မှုဇုန်ကားများမှာ ယခင်လိုင်စင်ကျပြီး ကင်းရှင်းပြီးသော လိုက်ထရပ် များသာအဝယ်ရှိနေပြီးအဆင့်မြင့် ဝက်ဂွန်ကားများမှာ အတက်မရှိဘဲ ဈေးပါးနေ ကာ အက္ခရာနံပါတ်ထွက်ပြီး ကားဖြစ်စေကာမူ အရောင်းအဝယ်သိပ်မဖြစ်ဘဲ စောင့် ကြည့်နေကြကြောင်း ၎င်းမှပြောသည်။ ှ
မန်းရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို မကြာမီ ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဈေးဆိုင်ခန်းများ ငှားရမ်းမှုရှိလာ မန္တလေးမြို့၊ ၇၇ လမ်းနဲ့ ၇၈ လမ်းကြား၊ ၃၃ လမ်းနဲ့ ၃၄ လမ်းကြား၊ ရတနာပုံဈေးနေရာရှိ ဒိုင်းမွန်းပလာဇာကို စက်တင်ဘာလဆန်းပိုင်းတွင် ဖွင့်လှစ်မည်ဖြစ်ရာ ပထမထပ်ရှိ ဆိုင်ခန်းများ ငှားရမ်းမှုရှိလာကြောင်း သိရပါတယ်။ ဒိုင်းမွန်းပလာဇာတွင် ဆိုင်ခန်းဝယ်ယူထားသူတစ်ဦးက'' ဒိုင်းမွန်း ပလာဇာ ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် ဆိုင်ခန်းအငှားလိုက်လာတယ်။ ဒီနေရာက အရင်ကတည်းက အရောင်းအဝယ်ရှိခဲ့တဲ့ နေရာဆိုတော့ တခြားဈေးမှာ ရောင်းနေတဲ့သူအတွက် ဈေးစုံစမ်းကြတယ်။ အရောင်း အဝယ်လည်းရှိပေမယ့် အငှားပိုလိုက်တယ်။ ဆိုင်ခန်းအကျယ်အဝန်း က တစ်ခန်းနဲ့ တစ်ခန်းမတူတော့ ဈေးလည်းမတူဘူး။ ၁၆ပေx၂၃ ပေ အခန်းကို တစ်လ ၁ဝ သိန်းအငှားရှိပြီး၊ အခန်းကျဉ်းရင် ၇ သိန်း၊ ၈ သိန်းလောက်ရှိတယ်''လို့ ပြောပါတယ်။ ဒိုင်းမွန်းပလာဇာရှိ ဆိုင်ခန်းပေါင်း ၆ဝဝ ကျော်တွင် ရုပ်ရှင်ရုံ ၃ ရုံ၊Food Center ၊ လူ ၄ဝဝဝ ဆံ့ State Show ၊ ကလေးကစားကွင်း (Kid Zone) ၊ ဂိမ်းစင်တာများပါရှိ၍ ပလာဇာအတွင်း အလွယ်တကူ သွားလာနိုင်ရန် ဓာတ်လှေကား ရှစ်စီး၊ စက်လှေကား လေးစီးနဲ့ ကုန်တင် ရွေ့လျားစက်လှေကား နှစ်ခုတို့ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဇူးဇူး
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ စူပါဆလွန်း (87) ၅က ၂ဝဝ သိန်း ကားသန့်၂။ စူပါဆလွန်း (85) ၁က ၁၆ဝ သိန်း၃။ အက်(စ်)အီးလီမိတက် (88) ၂က ၂၃ဝ သိန်း၄။ အက်(စ်)အီးလီမိတက် (93) ၉က ၃၅ဝ သိန်း ဖင်ပြတ်၊ ဓာတ်ဆီ၅။ ပါပလေကာ (81) ဒ ၈၅ သိန်း၆။ ဒဂုံဂျစ် (အမိုးမာ) ၇ ခ ၈ဝ သိန်း၇။ တိုယိုတာဆလွန်း (အက်စ်အီး) (၈၅) အ ၁၅ဝ သိန်း၈။ စူပါကပ်စတန် (2000) ၈ဈ ၄၅၅ သိန်း၉။ ကိုရိုလာဗင် (85) ဒီဇယ် ၁က ၂ဝဝ သိန်း၁ဝ။ ကိုရိုလာဗင် (1.5) (89) ၃က ၂၅ဝ သိန်း
အပေါ်ကားဈေးများ မာနေသဖြင့် အခြားအောက်ကားများပါ ပြန်မာလာ ရန်ကုန်ကားဈေးကွက်တွင် ဇူလိုင် တတိယအပတ်ခန့်မှစ၍ အပေါ်ကား များဈေးမာလာပြီး အခြားကားများ အောက်ကားများပါ သူ့ဈေးတန်းနှင့် သူ အသင့်အတင့် ဈေးမာလာကြောင်း ဝါရင့်ကားအကျိုးဆောင်များထံမှ သိရ သည်။ ယခုကာလသည် ယခင်နှစ်များ အရဆိုလျင် ကားဈေးအနည်းငယ် အေးသည့်ကာလဖြစ်သော်လည်း ယခု ကဲ့သို့ ပြန်မာနေရခြင်းမှာ အခြားအခြား သော အကြားသတင်းများ ပြန်ငြိမ် သွားသည်က တစ်ကြောင်း၊ အပေါ် ကားမိုဒယ်မြင့်များ ထပ်မံဝင်ရောက် လာသဖြင့် အပေါ်ကားဈေး မာလာ၍ အခြားကားများပါ ဈေးပြန်မာလာခြင်း ဖြစ်နိုင်ကြောင်း ဝါရင့်အကျိုးဆောင် များမှ သုံးသပ်သည်။ အပေါ်ကားများ ဈေးမာလာသ ဖြင့် ကျပ်သိန်း ၁ဝဝ မှ ၃ဝဝ အထိ ပတ်ချာလည်ကားများပါ ကျပ်သိန်း ၂ဝ၊ ၃ဝ ခန့် ပြန်မာလာပြီး ယခုရက်ပိုင်း အရောင်းအဝယ်လေးများ အတော်ဖြစ် လာကြောင်း ကျောက်မြောင်းဝိုင်းမှ အကျိုးဆောင်ကိုနိုင်က ပြောသည်။ လတ်တလော အရောင်းအဝယ်ဖြစ်သည့်အထဲတွင် ဗင်၊ စူပါဆလွန်း၊ လီမိ တက်၊ ဆူဇူကီး စသည့် ရောင်းလွယ်ဝယ်လွယ်ကားများ အများဆုံးဖြစ်ပြီး စီအန်ဂျီဓာတ်ငွေ့သုံး အငှားယာဉ် တက္ကစီများပါ အတော်ဈေးမာလာ ကြောင်း သိရသည်။ ယခုအခါ အပေါ်ဝိုင်းအတွင်းသို့ အဖွဲ့အစည်းသွင်း မိုဒယ်မြင့်၊ အဆင့် မြင့် ဆလွန်းများ ဝင်ရောက်လာပြီး ပါမစ်ဈေးပင် ဆလွန်းတစ်စီးလျှင် ကျပ် သိန်း ၇၅ဝ ၊ ၈ဝဝ ခန့် အမြတ်ပေး ဝယ်ယူလာကြသဖြင့် အပေါ်ကားဈေး ကွက် လှုပ်ခတ်စည်ကားနေကြောင်း၊ အသစ်သွင်းကားများ ဈေးမာလာ သဖြင့် ကျပ်သိန်း ၁ဝဝဝ အောက် ၄ဂ/၅ဂ ဆလွန်းများလည်း ကျပ်သိန်း ၅ဝ မှ ၁၅ဝ ထိ ဈေးပြန်မာလာကြောင်း သိရသည်။ SN
ကုန်ကျစရိတ်သက်သာသော အအေးပေါင်းစနစ်ဖြင့ ် ကားတာယာပန်းသားတင်ခြင်း (Retread Tyre)လုပ်ငန်းကို ပုသိမ်မြို့မှ ဝန်ဆောင်မှုပေးနေပြီ မျက်နှာပြင် ပန်းသားကုန်အောင် မောင်းနှင်ပြီးသော စတီး၊ နိုင်လွန် တာယာများကို စွန့်ပစ်ခြင်း၊ တာယာ ဖိနပ်၊ တာယာရေပုံးများ ပြုလုပ်အသုံးပြုခြင်းထက် စရိတ်သက်သာပြီး ပိုမို အကျိုးရှိစေရန်နဲ့ ကားတာယာကို ပြန် လည်အသုံးပြုနိုင်ရန် အသစ်ဝယ်ယူတဲ့ ကုန်ကျစရိတ်ထက် ထက်ဝက်ကျော် သက်သာပြီး ပြန်လည်အသုံးပြုနိုင်ရန် Retread Tyre အအေးပေါင်းစနစ်ဖြင့် ပန်းသားတင်ခြင်းကို ပုသိမ်မြို့၊ သီဟခရီးသွားလုပ်ငန်းမှ ဝန်ဆောင်မှုပေး လျက်ရှိရာ ၂ဝ၁၁ ဇန်နဝါရီလမှစ၍ ယခုအချိန်အထိ တာယာအလုံးရေ ၁၅ဝ ကျော်ကို ပြန်လည်ပြုပြင်အသုံး ပြုနိုင်ကြောင်း သိရပါတယ်။ အဆင့်မြင့် ဂျာမနီနည်းပညာကိုအသုံးပြုပြီး ပြည်ပ နိုင်ငံမှ ပညာရှင်များနဲ့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပူးပေါင်း၍ Retread Tyre အအေးပေါင်းစနစ်ဖြင့် ကားတာ ယာပန်းသားတင်ခြင်းကို ခေတ်မီစက် ကြီးများနဲ့ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်(၄)တွင် ပြုလုပ်ပေးလျက်ရှိရာ ၎င်းတာယာများကို ရန်ကုန်ဈေးကွက် တွင်လည်း အသုံးပြုလျက်ရှိကြောင်း သိရပါတယ်။ Retread Tyre မှာ အဖတ်လန်ခြင်း၊ ကွာခြင်း၊ ကွင်းလိုက် ကျွတ်ထွက်ခြင်း၊ အမှုန့်များထွက်ခြင်း မရှိတဲ့အတွက် သုံးစွဲသူယာဉ်ပိုင်ရှင်များ အကြိုက်တွေ့၍ ပုသိမ်မြို့ အတွင်းရှိ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ ဟင်္သာတ၊ ရေကြည်၊ ကန်ကြီးထောင့်၊ ငါးယားချောင်း၊ ငါးသိုင်းချောင်း၊ ဒေါင့်ကြီး၊ ရွှေသောင်ယံ မော်တော် ယာဉ်လိုင်း၊ ရန်ကုန်ယာဉ်လိုင်း (အချို့) နဲ့ ကုန်တင်ယာဉ်များတွင်လည်း အသုံး ပြုလျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး
မန္တလေးစက်မှုဇုန် လျှပ်စစ်မီး ၂၄ နာရီ အချိန်ပြည့်ပေး မန္တလေးစက်မှုဇုန်တွင် လျှပ်စစ်မီး ၂၄ နာရီအချိန်ပြည့် ဓာတ်အား ဖြန့်ဝေပေးခြင်းကြောင့် ကုန်ထုတ်စက်မှုစွမ်းအား လျင်မြန်စွာ လည်ပတ် လျက်ရှိကြောင်း သိရပါတယ်။ တော်ဝင်စက်မှုလက်မှုလုပ်ငန်းရှင်က ''မိုးရာသီမှာ လုပ်ငန်းပါးပေ မဲ့ မီးလင်းထိန်လို့ ပျော်ရတယ်။ ဒီကာလမှာ လျှပ်စစ်နဲ့ အသုံးပြုရတဲ့ သံရည်ကျိုလုပ်ငန်း၊ ချည်မျှင်စက်ရုံနဲ့ ဆီစက်လုပ်ငန်းတွေအတွက် အဆင် ပြေတယ်။ မိုးရာသီမှာ စီမံကိန်းရှိတဲ့အတွက် ဗြုန်းအုတ်စက်တွေ အမှာများလို့ ပုံမှန်လည်ချိန်ထက် ပိုပြီးအလုပ်လုပ်ရတယ်။ လျှပ်စစ်မီး အချိန် ပြည့်ရတဲ့အတွက် မီးစက်မသုံးရတော့ ကုန်ကျစရိတ်သက်သာတယ်။ ထုတ်လုပ်မှုလည်း တိုးလာတယ်''လို့ ပြောပါတယ်။ မန္တလေးစက်မှုဇုန်တွင် ဇူလိုင် ၂၂ ရက် ရှေ့ပိုင်းက တစ်ရက်ကို ၂၁ နာရီ လျှပ်စစ်ရရှိခဲ့ရာမှ ဇူလိုင် ၂၃ ရက်မှစ၍ ၂၄ နာရီ အချိန်ပြည့် မီးရရှိခဲ့ကြောင်း သိရပါတယ်။ မန္တလေးစက်မှုဇုန် ဧရိယာ ၁၂၅ဝ ဧက အကျယ်အဝန်းတွင် စက်ရုံအလုပ်ရုံပေါင်း ၁၄၈၉ ခုရှိပြီး အကြီးစားစက်မှု လုပ်ငန်း ၃၉၈ ခု၊ အလတ်စားစက်မှုလုပ်ငန်း ၃ဝ၇ ခု၊ အငယ်စားစက်မှု လုပ်ငန်း ၇၈၄ ခုရှိကြောင်း သိရပါတယ်။ ယခုကာလတွင် မိုးတွင်းကာလ ဖြစ်၍ ဆီစက်ပေါင်း ၄၁ ခု၊ သံရည်ကိုျလုပ်ငန်းပေါင်း ၃၂ ခု၊ ချည်မျှင် စက်ရုံ ရှစ်ရုံမှ လုပ်ငန်းလည်ပတ်မှုအများဆုံးဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး
ရန်ကုန်မြို့တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ စူပါဆလွန်း (၈၆) ၁က ၁၆ဝ သိန်း ၈၅ နှစ်ကုန်၂။ စူပါဆလွန်း (၈၇) ၃က ၁၈၅ သိန်း၃။ စူဇူကီး (R+) ၂၈ ၂၇၅ သိန်း၄။ စူဇူကီး (R-) ၄ခ ၁၁ဝ သိန်း ဓာတ်ဆီ၅။ ပါဂဲျရိုး (စက်မှုဇုန်) ၇ခ ၄၈ဝ သိန်း၆။ ကိုရိုလာဗင် (ဖင်ကောက်) ၉က ၄၃ဝ သိန်း ၉၂ ဒီဇယ်၇။ ကိုရိုလာဆလွန်း (ဖင်ထောင်) သ ၁၃၅ သိန်း ၈၅၈။ ကိုရိုလာဆလွန်း (CNG)) ဘ(အနီ) ၁၆ဝ သိန်း ၈၅၉။ မြန်မာမီနီဆလွန်း ၆ဂ ၁၆၅ သိန်း၁ဝ။ တောင်းအေ့(စ်)စက်မှုဇုန် ဂ ၂ဝဝ သိန်း
မန်းကားဈေးကွက်တွင် မော်ဒယ်မြင့်၊ ဈေးမြင့်သည့် ကားများ အရောင်းအဝယ်အေးပြီး ကျပ်သိန်း ၃ဝဝ အောက်ရှိကားများ အရောင်းအဝယ်ဖြစ် မန္တလေးလမ်း ၆ဝ ကားရောင်းဝယ်ရေးစခန်းတွင် မော်ဒယ်အမြင့် ဈေးအမြင့်ရှိ သည့် အပေါ်ကားများ အရောင်းအဝယ်အေးပြီး ကျပ်သိန်း ၃ဝဝ အောက်ရှိ ကား များ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ကားဝယ်ရောင်းသမားတစ်ဦးက ''ဒီတစ်ပတ်မှာ ဈေးကွက်က အရောင်းခက်၊ အဝယ်ခက်ဖြစ်နေတာ၊ ရောင်းမယ့်သူကလည်း ဈေးတင်ရမလား စောင့်နေတာ။ ဝယ်မယ့်သူကလည်း လိုင်စင်ချပေးမယ်ဆိုလို့ စောင့်နေတာ ဒါ့ကြောင့် ဈေးနှုန်း အမြင့်တန်းမှာရှိတဲ့ ကားတွေက အရောင်းအဝယ်အေးသွားပြီး ဈေးနည်းတာတွေ တော့ ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ တရုတ်ကားဈေးကွက်ကတော့ ပြန်အေး သွားတယ်။ စက်မှုဇုန်ထုတ် Light Truck ကား၊ ဂျစ်ကားနဲ့ ဆန်နီကားကိုပိုပြီး လူကြိုက်များတယ်။ စူပါဆလွန်း၊ လီမိတက်လည်း အရောင်းအဝယ်ရှိတယ်''လို့ ပြောပါတယ်။ အမြင့်တန်းရှိကားများမှာ အရောင်းအဝယ်အေး၍ ယခင်က ပါဂဲျရိုးတစ်စီးကို သိန်း ၁ဝဝဝ ကျော်မှ သိန်း ၉ဝဝ၊ ၉၅ဝ ကျပ်ဝန်းကျင်ထိ ဈေးကျဆင်းခဲ့ပါတယ်။ စူပါဆလွန်း လ၊ သ၊ 86,87 မော်ဒယ် ကားကောင်း သိန်း ၁၆ဝ၊ ၁၇ဝ ၊ ကားလျော့ သိန်း ၁၅ဝ၊ ၁၅၅ ၊ လီမိတက် လ၊ သ၊ အ၊ 89 မော်ဒယ်ကားကောင်း သိန်း ၂၂ဝ၊ ၂၃ဝ ကျပ်ဝန်းကျင်၊ ဆန်နီ လ၊ သ၊ အ ကားကောင်း 87,88 မော်ဒယ်မြင့် ကား ကောင်း သိန်း ၁ဝဝ၊ ၁၁ဝ ဝန်းကျင်၊ ဇုန်ထုတ် Light Truck ကားကောင်း သိန်း ၁၃ဝ နှင့် ၁၇ဝ ကြား၊ ဂျစ်ကျပ် ၄၅ သိန်းနှင့် ၆၅ သိန်းကြားဖြင့် ပုံမှန်အရောင်း အဝယ်ရှိကြောင်း သိရပါတယ်။ ဇူးဇူး