Background
မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင် မန္တလေးကားဈေးကွက်တွင် ကားအမျိုးအစားမျိုးစုံဝင်ပြီး လေလံကားဈေး ကျဆင်းခြင်းကြောင့် ကားဈေးနှုန်းကျဆင်း၍ အောက်ကားများ အသင့်အတင့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ ''အရင်တစ်ခေါက်က လေလံဈေးကျတော့ ကားဈေးကွက်က ပြန်လှုပ်လာတယ်။ ကားအမျိုးအစားကလည်း မျိုးစုံဝင်နေတာ။ ပြီးခဲ့တဲ့ ၅ လ၊ ၆ လက ဘောက်စ်ဝယ်ဂွန်ကားလေးတွေ ဆင်ခွာ၊ မြင်းခွာ၊ မျက်ပြူးဆိုပြီး ဝင်တာ။ ကား ပုံစံကြည့်ပြီး ခေါ်လိုက်တာပဲ။ လေလံကားနဲ့ ကားအသစ်နဲ့ချိန်းပြီး ဝယ်ရောင်းလုပ် ကြတယ်။ ဒါကြောင့် အောက်ကားအရောင်းအဝယ်ဖြစ်တယ်။ အရင်က အက်စ်အီး ကားလို အိမ်စီးကားသန့်ဆိုပြီး နာမည်ရှိခဲ့တာ ခုခေတ်က ကားမျိုးစုံဝင်နေတဲ့အတွက် အိမ်စီးကားအမျိုးစုံစီးလာကြတယ်။ မတ်တူး (ရွှေငါး)ဗင်၊ ပါဂဲျရိုး၊ စူပါဆလွန်းကား တွေ အစီးများလာတယ်''လို့ မန္တလေးကား ဈေးကွက်မှ ဦးဌေးဝင်းက ပြောပါတယ်။ မန္တလေးကားဈေးကွက်ရှိ ကားဈေးနှုန်းများမှာ စူပါဆလွန်းကားသန့် ၈၆၊ ၈၇ မော်ဒယ်၊ လ/သ/အ ကျပ်သိန်း ၁၅ဝ ဝန်းကျင်၊ လီမိတက် ၈၈၊ ၈၉ မော်ဒယ် ဘ/လ/သ/အ သိန်း ၂၁ဝ ဝန်းကျင် နောက်ဆဲွဲဗင် ၈၆-၈၇ မော်ဒယ် လ/သ/အ (၁.၃)အင်ဂျင်သန့် ကျပ်သိန်း ၁၇ဝ၊ ၁၈ဝ ဝန်းကျင်၊(၁.၅)အင်ဂျင် ကျပ်သိန်း ၂ဝဝ၊ ၂၁ဝ ဝန်းကျင်၊ ရှေ့ဆွဲဗင် ၁က၊ ၂က (၈၈၊ ၈၉ မော်ဒယ်) ကားသန့် ကျပ်သိန်း ၂၁ဝ၊ ၂၂ဝ ဝန်းကျင်၊ မှန်ခုံးဗင် (ဖင်ကောက်) ၄ဂ-၅ဂ (ဝ၁-ဝ၂ မော်ဒယ်) ကားသန့် ကျပ်သိန်း ၄၈ဝ၊ ၅ဝဝ ဝန်းကျင်၊ မတ်တူး (ရွှေငါး) ဝ၂-ဝ၃ မော်ဒယ် ၄ဂ-၅ဂ ကျပ်သိန်း ၈၅ဝ၊ ၉ဝဝ ဝန်းကျင်ရှိကြောင်း သိရပါတယ်။ ဇူူးးဇူူးး
ရန်ကုန်အိမ်ခြံမြေ မြို့လယ်မြေညီတိုက်ခန်းများကို ပိုငှားလာရ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အငှားဈေးကွက်တွင် မြို့လယ်ခေါင် (၆) မြို့နယ်၏ မြေညီတိုက်ခန်းများ အငှားပိုလိုက်လာကြောင်း အိမ်ခြံမြေ အကိုျးဆောင်ကုမ္ပဏီများထဲက ကြား သိရသည်။ ''အခုတလော အငှားဈေးကွက်မှာ မြို့လယ်ခေါင်ရဲ့ မြေညီထပ်တိုက်ခန်း တွေ အငှားပိုလိုက်လာတာ ဟုတ်ပါတယ်။ ငှားတဲ့လူတွေက စီးပွားရေးလုပ်ဖို့ အဓိက ငှားကြတာပါ။ သူတို့လုပ်မဲ့ စီးပွားရေးလုပ်ငန်းနဲ့ အပ်စပ်မဲ့နေရာ ဖြစ်အောင် ရွေးကြတာလည်းပါတယ်။ ဒီရက်ထဲမှာ ကျွန်တော်တို့ကုမ္ပဏီအနေ နဲ့ လသာမြို့နယ်ရဲ့ လမ်းမကြီးပေါ်မှာ Fashion Shop ဖွင့်ဖို့ 20' x 50' ကို တစ်လကျပ် ၁၅ သိန်းနဲ့ ငှားခဲ့သလို၊ စမ်းချောင်းမြို့နယ်ထဲက တိုက်ခန်းတစ် ခန်းကို ကျပ် ၁ သိန်းနဲ့၊ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်က တိုက်ခန်းတွေကို ကျပ် တစ်သိန်းနှစ်သောင်းနဲ့ရယ် ကျပ် တစ်သိန်းလေးသောင်းနဲ့ရယ် အငှား တည့်ခဲ့ပါတယ်။မရမ်းကုန်းမြို့နယ်ထဲက မြိုင်ဟေဝန်တိုက်ခန်းကို ကျပ် တစ်သိန်း နှစ်သောင်းနဲ့ အငှားတည့်အောင် ကျွန်တော်တို့ကုမ္ပဏီက ဝန်ဆောင်မှုပေးခဲ့ ပါတယ်''ဟု ယူနီတီကုမ္ပဏီမှ ဦးဇော်ဇော်က ပြောကြားသည်။ ခင်မျိုးသွယ်
နေပြည်တော်တွင် အိမ်စီးကား အနည်းဆုံးပါဝင်သည့ ် ကားလေလံပွဲ ကျင်းပမည် အက္ခရာ နေပြည်တော် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန တွင် ဒီဇင်ဘာ ၂ဝ ရက်၌ကျင်းပမည့် နိုင်ငံပိုင်မော်တော်ယာဉ်များ လေလံ တင်ရောင်းချပွဲတွင် အိမ်စီးကား လေး စီးသာပါဝင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လေလံပွဲတွင် ကားစီးရေ ၃၄ စီးပါဝင်ပြီး အများစုသည် ကုန်တင် ကားများဖြစ်ပြီး တရုတ်နိုင်ငံထုတ် ကား များဖြစ်ကြောင်း သိရသည်။ '' ကုန်တင် ကားတွေ များတယ်ဆိုတာကြောင့် ရန်ကုန်ကသွားတဲ့ သူနည်းနိုင်တယ်'' ဟု ကားလေလံပွဲစားတစ်ဦးက ပြောကြား သည်။ ယခုကျင်းပမည့် ကားလေလံပွဲ တွင်မော်တော်ဆိုင်ကယ်အစီးရေ ၄ဝဝ နဲ့ ထော်လာဂျီလေးစီး ပါဝင်ကြောင်း၊ ကုန်တင်ကားများတွင် ဂျပန်နိုင်ငံထုတ် ဒိုင်နာကားမှသည် တရုတ်နိုင်ငံထုတ် တိုင်ဖုန်းကားများပါဝင်မှု များပြား ကြောင်း၊ မော်တော်ဆိုင်ကယ်များမှာ လည်း အမိုျးအစားမသိ ဆိုင်ကယ်များ ပါပါဝင်လာပြီး ထိုင်းနိုင်ငံထုတ်များ လည်း ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံပိုင် သိမ်းဆည်းထားသည့် ကားများဖြစ်သ ဖြင့် ပြီးခဲ့သည့်ကားလေလံပွဲကဲ့သို့ လေ လံဈေးနှုန်း နည်းမည်မထင်ကြောင်း သိ ရသည်။ ယခုကျင်းပသည့် ကားလေလံပွဲ တွင် အောင်မြင်သည့် ကားများအား တစ်နေရာတည်းတွင်အပြီးအစီး ဆောင် ရွက်နိုင်သည့် One Stop Service ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။ '' လေလံပွဲသွားကြတဲ့သူတွေက နယ်မြို့ကဆိုင်ကယ်သမားတွေ များနိုင် တယ်၊ဆိုင်ကယ်တွေက လေလံတင်တာ တစ်အားများလာတယ်၊ လိုင်စင်လည်း တစ်ခါတည်းရမှာဆိုတော့ စိတ်ဝင်စား ကြတယ်''ဟု ပြောကြားသည်။ အဆိုပါ လေလံပွဲတွင် အောင်မြင်သည့်ကားများ သည် လက်ရှိ နောက်ဆုံးထုတ်ပေးနေ သည့် ၆ဂ/နံပါတ်များ ရရှိကြမည်ဖြစ် ပြီး ကုန်တင်ကားများသည် ကြားနံပါတ် သာ ရရှိနိုင်ကြောင်း သိရသည်။ လက်ရှိ ကားဈေးကွက်သည် အောက်ကားများ သာ အရောင်းအဝယ် ဖြစ်နေခြင်း ကြောင့် လေလံပွဲသို့ သွားရောက်သူ နည်းပါးနိုင်ပြီး လိုင်စင်မဲ့ကားများကိုသာ စိတ်ဝင်စားမှု များပြားလျက်ရှိကြောင်း သိရသည်။ ကိုဖြိုး
ရန်ကုန်မြို့တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ စဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက် ၁။ စူဇူကီးR(+) ၄ခ ၁၉ဝ သိန်း ၂။ စူဇူကီး R(-) ၇ခ ၁၂ဝ သိန်း ၃။ စူပါဆလွန်း (၈၆) ၅က ၁၈ဝ သိန်း ၄။ စူပါဆလွန်း (၉ဝ) ၄ဂ ၃ဝဝ သိန်း ၅။ အီဇူဇူး (၂ဝဝ၅) ၄ဂ ၆၁ဝ သိန်း ၆။ တိုယိုတာ ၂ ခန်းတွဲ (၉၃) ၄ဂ ၅ဝဝ သိန်း
အိမ်ခြံမြေကဏ္ဍစဉ် အိမ်/အခန်း တည်နေရာ အကျယ်အဝန်း ပါဝင်ပုံ ဈေးနှုန်း သီးခြားအချက် ဆက်သွယ်ရန်၁။ တိုက်ခန်း တာမွေမြို့နယ်၊ ကျောက်မြောင်း (၁၅ထ၆ဝ)ပေ (၃)လွှာပြင်ဆင်ပြီး ၃၂ဝ သိန်း ပါကေး/ေြွကပြား ၇ဝ၂၄ဝ၅ သတိပဌာန်လမ်း ၂။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊(၈၉)လမ်း (၁၂ထ၅ဝ)ပေ (ပ)ထပ်၊ပြင်ဆင်ပြီး ၁၈ဝ သိန်း အခန်းဖွဲ့ပြီး ၇ဝ၂၄ဝ၅ ၃။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂ .၅ထ၅ဝ)ပေ မြေညီထပ် ၂၃ဝ သိန်း ဝ၉/၅၁/၂၆၂၅၅ ဖဆပလအိမ်ရာ ၄။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၁၂ .၅ထ၅ဝ)ပေ (ပ)ထပ်၊အခန်းဖွဲ့ပြီး ၁၆ဝ သိန်း လျှာထိုးခင်း ၇ဝ၂၄ဝ၅ ဖဆပလအိမ်ရာ ၅။ တိုက်ခန်း အလုံမြို့နယ်၊ ဌာနာလမ်း (၂၅ထ၅ဝ)ပေ (ပ)ထပ်၊အခန်းဖွဲ့ပြီး ၄ဝဝ သိန်း လျှာထိုးခင်း ဝ၉-၅၁၂၆၂၅၅ ၆။ တိုက်ခန်း တာမွေ၊ကျောက်မြောင်း၊သီတာလမ်း (၁၇ထ၆ဝ)ပေ (၄)လွှာ၊အခန်းဖွဲ့ပြီး ၂၅ဝ သိန်း ဖုန်းပါ ၇ဝ၂၄ဝ၅ ၇။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ (၈၉)လမ်း (၁၅ထ၅ဝ)ပေ မြေညီထပ်နှင့်(ပ)ထပ်တွဲ ၃၅ဝ သိန်း ပြင်ဆင်ပြီး ၇ဝ၂၄ဝ၅ ၈။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်း (၃၀x၅၀)ပေ RC(ပ)ထပ်အိမ် ၃၆ဝ သိန်း ဂုတ်ကွက်/မြေပိုရှိ ၅၆၃ဝ၇ဝ ၉။ အိမ်/မြေ တောင်ဥက္ကလာပမြို့နယ်၊ဟင်္သာလမ်းသွယ် (၃၅ထ၅၅)ပေ (၁)ထပ်အိမ် ၃၈ဝ သိန်း မြေပိုပါ ၅၆၃ဝ၇ဝ ၁ဝ။ တိုက်ခန်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ဖဆပလ (၂၅ထ၂၅)ပေ မြေညီထပ်၊အခန်းဖွဲ့ပြီး တစ်လအငှားနှုန်း ၁၅၈ဝဝဝိ/- ၇ဝ၂၄ဝ၅
တစ်ပတ်အတွင်း အငှားသွက်တဲ့ ရတနာပုံတယ်လီပို့အနီးရှိ ကျေးရွာများ ပြင်ဦးလွင်မြို့နယ် ရတနာပုံတယ် လီပို့အနီးရှိ သုံးတောင်ရွာ၊ ပြင်စာရွာနဲ့ ကျောက်ဖျားဒိုး ကျေးရွာများရှိ ရွာခံ အိမ်များမှာ ယခုတစ်ပတ်အတွင်း အငှားသွက်လျက်ရှိပါတယ်။ ရတနာပုံတယ်လီပို့ နည်းပညာ တက္ကသိုလ်သို့ ရန်ကုန်၊မန္တလေးနဲ့ အခြား မြို့များမှ ကျောင်းတက်ရန်အတွက် ကြို တင်ငှားရမ်းကြခြင်း ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့မှ မြေအကျိုးဆောင် လုပ်ကိုင်သူ ဒေါ်ယဉ်ယဉ်နွဲ့က''ကျောင်း တက်ဖို့အတွက် ပြင်ဦးလွင်မှာ အိမ်ငှား ဖို့ ရှာခိုင်းတယ်။ တယ်လီပို့နဲ့ နီးတဲ့ရွာ တွေကတော့ ပိုပြီးငှားရတယ်။ အဲဒီ ဘက်ကနီးပေမယ့် အိမ်ကောင်းကောင်း တော့ နည်းတယ်။ အနီးစခန်းက ရွာ ကျယ်ပေမယ့် အငှားမရှိသလောက်ပဲ။ ဒါကြောင့် ကောင်းကောင်းလိုချင်တဲ့ သူက ပြင်ဦးလွင်မှာ လာငှားကြတယ်။ အခုရှာပေးထားတာ ဖုန်းပါတယ်၊ လုံး ချင်းအိမ် နံကပ် ၂ ထပ်ကို ၂ သိန်းခွဲနဲ့ ၆ ဦး နေတယ်ပြောတယ်။ ၁ ဦးမှ ၄ သောင်းကျော်ပဲကျတော့တယ်''လို့ ပြော ပါတယ်။ မန္တလေးမြို့မှ ကျောင်းသားမိဘ တစ်ဦးက ''ကျောင်းက ၁၈ ရက်နေ့ နောက်ပိုင်း ဖွင့်မယ်ကြားတယ်။ ဒါ ကြောင့်အခုကတည်းက ကြိုပြီးရှာထား ရတယ်။ ပြင်စာရွာမှာက ငှားဖို့မရှိ တော့ဘူး။ ပြည့်သွားပြီ၊ သုံးတောင်ရွာမှာ ငှားဖို့သွားရှာရတယ်၊ ၄ ယောက်ခန်း ၁ ခန်းရတယ်။ ကျောက်ဖျားဒိုးမှာလည်း ငှားကြတယ်။ အနီးစခန်းထက်စာရင် ပြင်ဦးလွင်ဘက်ကို သွားငှားကြတာ လည်းရှိတယ်။ ပြင်ဦးလွင်နဲ့ တယ်လီပို့က ၁၉ မိုင်ဝန်းကျင်၊ မန္တလေးကနေဆိုရင် ၂၄ မိုင်ကျော်ဝေးတော့ မန္တလေးကလူ လည်း နေ့စဉ်လာလို့ အဆင်မပြေဘူး။ ဒါကြောင့် အဲဒီဘက်မှာ ငှားနေပြီးမှ ကျောင်းတက်လို့ရမယ်''လို့ပြောပါတယ်။ ကျေးရွာများတွင် ၃ ခန်းပတ်လည် လုံးချင်း နံကပ်ငှားရမ်းခမှာ ၁ သိန်းနဲ့ ၁ သိန်းခွဲဈေးရှိ၍ ၁ဝ ပေ x ၁၂ ပေအခန်း အဆောင်ငှားရမ်းခမှာ ၁ သောင်းခွဲ၊ ၂သောင်းဈေးရှိကြောင်း သိရ ပါတယ်။ ဇူးဇူး
အိမ်ခြံမြေ ဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိနေ အိမ်ခြံမြေဈေးနှုန်းများ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိလာနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီများထံက သိရသည်။ ''လက်ရှိ အိမ်ခြံမြေတွေရဲ့ခေါ်ဈေးပေါက်ဈေးတွေက အမြင့်ဆုံးအနေအထား သို့ ရောက်ရှိနေတယ်လို့ ပြောလို့ရတယ်၊ နေရာကောင်း အကွက်ကောင်းတွေဆို လိုချင်သူတွေပဲရှိပြီး ရောင်းဖို့ပစ္စည်းမရှိသလိုဖြစ်လာတယ်။ ဒါ့ကြောင့် အိမ်ခြံမြေ ဈေးကွက် အေးသယောင်ဈေးရှိနေတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်အချို့ဟာ အမြင့်ဆုံးကို တက်သွားပြီးရင် ပြန်ဆင်းတတ်တဲ့ သဘောလေးတွေလည်း ရှိတတ် တာကြောင့် အရောင်းအဝယ်သမားတွေက ဒီအခြေအနေကို ရိပ်စားမိပြီး စောင့် ကြည့်နေကြတဲ့သူတွေလည်း ရှိတယ်။ ဆိုလိုတာက ဈေးကျမှပြန်ဝယ်မှဆိုပြီး ငွေ ထုပ်ပိုက်စောင့်ကြည့်နေသူတွေလည်း ရှိတယ်။ ဈေးနှုန်းခေါ်ဈေးတွေက အမြင့်ဆုံး အနေအထားတွေကြောင့် လန့်ပြီး မဝယ်ရဲတာလည်းပါတယ်။ ငွေမာနေတဲ့အချိန် မျိုးမှာ တန်ဖိုးကြီးတွေကို မကိုင်ချင်တာလည်းဖြစ်နိုင်တယ်။ ဝယ်လိုက်ပြီးမှ ဈေးကျ သွားမယ်ဆိုရင် နှစ်ခါနာဖြစ်မှာစိုးသူတွေလည်း ရှိတယ်''ဟု ဝါရင့်အိမ်ခြံ မြေလုပ်ငန်း ရှင်ကြီးတစ်ဦးက ဈေးကွက်ခပ်အေးအေးအနေအထားကို သုံးသပ်ပြောကြားသည်။ ခင်မျိုးသွယ်
ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများစဉ် အမျိုးအစား/MDL အက္ခရာ ဈေးနှုန်း မှတ်ချက်၁။ ကိုရိုလာဗင်(၈၈) ၁က ၁၈၅ သိန်း 1.3 ဓာတ်ဆီ၂။ ကိုရိုလာဗင်(၉ဝ) ၁ခ ၂၄၅ သိန်း CE-96 ၃။ တိုယိုတာ(ပုံဆန်းဝက်ဂွန်) ၄ဂ ၄ဝဝ သိန်း (YARIS)၄။ ဟွန်ဒါ(ပုံဆန်းဝက်ဂွန်) ၄ဂ ၃၈ဝ သိန်း (JAZZ) ၅။ ပါဂဲျရိုး(၉၅) (ဒီဇယ်) ၅ဂ ၃၈ဝ သိန်း တံခါး ၂ ပေါက်၆။ စူပါဆလွန်း(၈၆) သ ၁၅ဝ သိန်း၇။ စူပါဆလွန်း(၈၆) ၅က ၁၈ဝ သိန်း၈။ စူပါဆလွန်း(၉ဝ) ၃က ၂၁ဝ သိန်း၉။ ဆူဇူကီး(R+) ၅ခ ၂ဝဝ သိန်း
ရန်ကုန်အိမ်ခြံမြေ အငှားဈေးကွက်တွင် ကွန်ဒိုများ အငှားပိုလိုက်လာ ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း ကွန်ဒိုခန်းအငှားများ ပိုလိုက်လာကြောင်း အိမ်ခြံမြေ အကျိုးဆောင် ကုမ္ပဏီများထံက သိရသည်။ ''ဒီဇင်ဘာလဆန်း ၁ဝ ရက်အတွင်း အငှားဈေးကွက်ထဲမှာ ကွန်ဒိုတိုက်ခန်း အငှားတွေ ပိုလိုက်လာပါတယ်။ ကွန်ဒိုက လမ်းမကြီးတွေပေါ်မှာ တည်ရှိနေတာကြောင့် သွားရေး၊ လာရေး လွယ် ကူတယ်၊ လုံခြုံရေးကောင်းတယ် Shopping Mall တွေ ပါတဲ့အတွက် တစ်ကိုယ်ရေတစ်ကာယ သမားတွေ၊ မိသားစုသိပ်မများတဲ့ သူတွေအတွက် အဆင်ပြေတယ်။ ဒီအပတ်ထဲမှာ မြို့လယ်က ကွန်ဒိုတွေဖြစ်တဲ့ ကျောက်တံတား၊ ဗိုလ်တထောင်နဲ့ ဒဂုံမြို့နယ် တွေထဲက ကွန်ဒိုတွေ အငှားရှိခဲ့ပါတယ်၊ တစ်လကို အနိမ့်ဆုံး ကျပ် လေးသိန်း ခွဲကနေ ကျပ်ခုနစ်သိန်းအတွင်း အငှား တည့်ခဲ့ပါတယ်။ ဒေါ်လာနဲ့ အငှားဈေး က တစ်လကို ဒေါ်လာ ၉ဝဝ နဲ့ ၁ဝဝဝ ကြားမှာ တည့်ခဲ့ပါတယ်''ဟု မရမ်းကုန်း မြို့နယ် အခြေစိုက် အိမ်ခြံမြေကုမ္ပဏီ တစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ခင်မျိုးသွယ်
မန္တလေးမြို့သစ်ရှိ မြေကွက်အချို့ ဈေးမြင့ ်လာဖွယ်ရှိ မန္တလေးမြေဈေးကွက်တွင် စက်မှုဇုန်(၂) တောင်ဘက်ရှိ လက်ကားကုန်စည် ဒိုင်နဲ့ ကားကြီးကွင်း စီမံကိန်းအနီးရှိ ''လလ''နဲ့ ''ဝဝ'' မြေကွက်များမှာ စီမံကိန်းကြောင့် ဈေးမြင့်တက်ခဲ့ရာမှ လတ်တလောမှာ ဈေးတန့်လျက်ရှိပြီး စီမံကိန်းအကောင် အထည်ဖော်ပြီးပါက ဈေးမြင့်လာဖွယ်ရှိကြောင်း သိရပါတယ်။ မြို့သစ်ရှိ မြေအကျိုးဆောင်တစ်ဦးက''မြေကွက်ဈေး အတက်အကျက ရင်းနှီး မြုပ်နံှသူနဲ့ဆိုင်တယ်။ သူကမြေဝယ်မှုမရှိရင် ဈေးကျတာပဲ။ စီမံကိန်းအနီးက ''လလ'' နဲ့''ဝဝ'' အကွက် ဆို စီမံကိန်းစမယ်ဆိုတော့ ဈေးမြင့်တက်ခဲ့တယ်။ အခု အကောင် အထည်ဖော်နေတဲ့အတွက် အမြင့်ဈေးရောက်ခဲ့လို့ ဈေးတန့်နေတာ။ စီမံကိန်း အကောင်အထည်ဖော်ပြီးရင် ဈေးပြန်တက်လာနိုင်တယ်။ အရောင်းအဝယ်တော့ ရှိနေတယ်။ မအေးဘူး။ ဇဇ၊ ညည၊ ပပ၊ မမ အကွက်တွေက ရေကြီးပြီးကတည်းက အရောင်းအဝယ် မရှိသလောက်ဘဲ ဈေးကွက်အီနေတာ''လို့ ပြောပါတယ်။ မြေကွက်ဈေးနှုန်းများမှာ ''လလ'' အရှေ့ခြမ်း ပေ ၄ဝx ၆ဝ တစ်ကွက်ကို ၅၉ လမ်း၊ လမ်း ၆ဝပေါ်မှာ သိန်း ၂ဝဝ ကျပ်ဝန်းကျင်၊ ကြားကွက် သိန်း ၁ဝဝကျပ် အထက်၊ ၅၂ လမ်း ၅၃ လမ်းမပေါ် သိန်း ၁ဝဝ ကျပ်၊ ကြားကွက်သိန်း ၆ဝ၊ ၆၅ သိန်း ဝန်းကျင်ရှိ၍ ''လလ'' အနောက်ခြမ်း ၆၆ လမ်းနှင့် ၆၇ လမ်းမပေါ် သိန်း ၅၅ဝ၊ ၆၅ဝ ဝန်းကျင်၊ ၆၄ လမ်း၊၆၅လမ်းမပေါ် သိန်း ၄ဝဝ နဲ့ ၅ဝဝ ကြားရှိပြီး ကြားကွက် သိန်း ၂ဝဝ ကျပ်ဝန်းကျင်ရှိကြောင်းသိရပါတယ်။ '' ဝဝ''အကွက်များ မှာ သိန်း ၅၅ဝ၊ သိန်း ၆ဝဝရှိပြီး ၆၇လမ်း၊ ၆၈လမ်း ကျောကပ်မှာ သိန်း ၄၅ဝကျပ်၊ ကြားကွက် သန်း၃ဝဝ ကျပ ် ဈေးရှိကြောင်းသိရပါတယ။် ဇူူးးဇူူး